ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ပြီး ထပ်ဖြစ်နိုင်သေးသလား

အရင်လှိုင်းတွေတုန်းက ကိုဗစ်ဖြစ်ပြီး သား၊ ပြန်လည်း ကောင်းပြီးသား၊ ဒီတတိယလှိုင်းမှာ ပြန်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ အထူးသဖြင့် ခုလက်ရှိမှာ ဖြစ်နေတဲ့ ကူးစက်မြန်ဒယ်တာမျိုးကွဲ ထပ်ဖြစ်နိုင်သေးလားလို့ မေးစရာ ရှိပါတယ်။ ကိုဗစ်ပြန်ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာ အမေရိကန် ကူးစက်ရောဂါဗဟိုဌာနက လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ caseအသစ်တွေရဲ့ တစ်ဝက်နီးပါးလောက်က ဒယ်တာမျိုးကွဲကြောင့်ပါတဲ့။ ဒီလိုဆိုလို့ ကာကွယ်ဆေးတွေက မကောင်းဘူးလားလို့ မေးစရာ ရှိပါတယ်။ ကာကွယ်ဆေးတွေ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ထိုးတဲ့ဆေးတွေ)က လက်ရှိမျိုးကွဲတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ပြင်းထန်ကိုဗစ်တွေ၊ ဆေးရုံတက်ရနိုင်တဲ့ အခြေအနေတွေ၊ သေဆုံးနှုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အရင်က ကိုဗစ်ကူးထားတဲ့ သူတွေကလည်း ကာကွယ်ဆေးထိုးထားတဲ့ သူတွေလိုပဲ ခုခံအားရှိပါတယ်။ မသကာ ပြန်ကူးခံရရင်တောင် ရောဂါအပျော့စားလောက်ပဲ ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီး ပြန်ကူးနိုင်ခြေက တော်တော်နည်းပါတယ်။ ကိုဗစ်ဖြစ်ပြီးသားလူက ထပ်ဖြစ်နိုင်ခြေ နည်းပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

နှာခေါင်းစည်း နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

နှာခေါင်းစည်း တပ်တာက တခြားကာကွယ်ရေး နည်းလမ်းတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာတို့၊ ခပ်ခွာခွာနေတာတို့လိုပဲ အရေးပါပါတယ်။ အမေရိကန် ကူးစက်ရောဂါ ဗဟိုဌာနက အိမ်ပြင်ထွက်ပြီ၊ လူအများကြားသွားရပြီဆိုတာနဲ့ အသက်၂နှစ်အထက်ကစလို့ လူတိုင်း နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ခုထက်ထိ နှာခေါင်းစည်းတပ်တာနဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေပါသေးတယ်။ နေကောင်းနေလို့ နှာခေါင်းစည်း တပ်စရာ မလိုဘူး။ အရိုးဆုံး ပြောရရင်  နှာခေါင်းစည်းတပ်တာက သူများကို ကူးမှာရော၊ ကိုယ့်ကို ကူးလာမှာပါ ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ကိုဗစ်ပိုးရှိနေရဲ့သားနဲ့ လက္ခဏာမပြတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဒီလူတွေက ဘာမှမဖြစ်ဘူးဆိုပြီး နှာခေါင်းစည်းမတပ်ထားရင် သူတို့ စကားပြော၊ နှာချေ၊ ချောင်းဆိုး၊ အော်ဟစ်လို့ အမှုန်အမွှားတွေ ထွက်လာရင် အနီးအနားက လူကို ကူးသွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်း […]


ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာလည်း ကိုဗစ် ဖြစ်နိုင်လား……….

ကိုဗစ်က လူကြီးတွေမှာပဲ ဖြစ်တာလား…… ကလေးလေးတွေမှာရော မဖြစ်ဘူးလား…..ဆိုပြီး တွေးမိနေလား…….. တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ တစ်ခုကွာနေတာက ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ လူကြီးတွေလိုမျိုး မပြင်းထန်တာပါ။ တစ်ခါတလေမှာ လုံးဝ လက္ခဏာ မပြတာမျိုးလည်း ရှိနေတတ်ပါတယ်။ ဘေဘီလေးတွေမှာ ကိုဗစ်က မဖြစ်တာလား…………. ကလေးတွေမှာလည်း ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် COVID-19 ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ဘေဘီလေးတွေမှာ ကိုဗစ်ကူးစက်ခံရတဲ့အခါ လူကြီးတွေလို ဖျားနာတာမျိုး မရှိပါဘူး။ ကလေးအများစုမှာ COVID-19 ဗိုင်းရပ်စ်က မပြင်းထန်တာမျိုး ရှိနိုင်သလို လက္ခဏာ လုံးဝမပြတာမျိုးလည်း ရှိနေနိုင်ပါတယ်။ American Academy of Pediatrics and the Children's Hospital Association ရဲ့ ထုတ်ပြန်ချက်အရကတော့ အသက် ၁၀ […]


ကိုရိုနာဗိုင်းရပ်စ်

တရုတ် ကိုဗစ်ကာကွယ်ဆေး များအကြောင်း

မြန်မာနိုင်ငံအနေနဲ့ လတ်တလောမှာ အလွယ်တကူ လက်လှမ်းမှီနိုင်တာကတော့ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး တွေပဲ ဖြစ်ပါတယ်။ တရုတ်မှာ ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ။ ဘယ်လောက်အစွမ်းထက်သလဲ။ စိတ်ချရသလားဆိုတာတွေ ပြောပြပေးပါမယ်။ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ တရုတ်နိုင်ငံမှာ လက်ရှိကိုဗစ် ကာကွယ်ဆေး ၅မျိုးရှိပါတယ်။ Sinovac  Sinopharm (Beijing) Sinopharm (Wuhan) CanSino Zhifei, Longcom (China)  တို့ပဲ ဖြစ်ပါတယ်။ ဒီထဲမှာ နောက်ဆုံးသိပ်မတွင်ကျယ်သေးတဲ့အတွက် ဒါတွေကို ထည့်မပြောတော့ပါဘူး။ ပထမ၃မျိုး အကြောင်း ပြောပြပါမယ်။ Sinovac ကိုဗစ်ကာကွယ်ဆေး ဆေးအမျိုးအစား - ဗိုင်းရပ်စ်အသေမှ ထုတ်ထားသော ကာကွယ်ဆေး သိမ်းဆည်းအပူချိန် -၂-၈ ဒီဂရီ အကြိမ်အရေအတွက် - ၂ကြိမ် ဆေးအကြိမ်ကြား ကြာချိန် -၂-၄ပတ် WHOမှ အရေးပေါ်အသုံးပြုခွင့်ရသည့်ရက် - ဇွန်လ ၁ရက် ၂၀၂၁ ဆေးစွမ်းထက်မှု - ဘရာဇီးမှာ ဒုတိယအကြိမ်ထိုးပြီး […]


ကိုရိုနာဗိုင်းရပ်စ်

အောက်စီဂျင် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ခုလိုအချိန် အိမ်မှာ အောက်စီဂျင် စက်တွေ၊ စလင်ဒါတွေ ရှိလာကြပြီး ကိုဗစ်လူနာတွေက အိမ်မှာတင် အောက်စီဂျင် ရှူနေရပြီဆိုတော့ အောက်စီဂျင်နဲ့ ပတ်သက်ပြီး ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ထွက်လာပါပြီ။ ဒါလေးတွေကို ပြန်ရှင်းပြပေးချင်ပါတယ်။ အသက်လုပြီး အောက်စီဂျင်ရှူနေရတဲ့အချိန်မှာ မဟုတ်တဲ့ သတင်းစကားတွေက လူနာကုသမှုမှာ သိပ်ကို အနှောင့်အယှက်ဖြစ်လို့ပါ။ အောက်စီဂျင် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အောက်စီဂျင် ရှူရင် စွဲတတ်တယ်။ အဆုတ်မှာ ရောဂါတစ်ခုခုရှိလို့ ခန္ဓာကိုယ်က အောက်စီဂျင်လိုအပ်ချက်ကို မဖြည့်နိုင်တဲ့အခါ သွေးတွင်းအောက်စီဂျင် စကျလာပြီး ဆဲလ်တွေဆီကို အောက်စီဂျင်ရတာ နည်းလာပါတယ်။ ဒီလိုအခါမျိုးမှာ လူနာအနေနဲ့ ဒီတိုင်း လေထဲက အောက်စီဂျင်ကို ရှူနေလို့ မလုံလောက်တော့ပါဘူး။ အောက်စီဂျင်စက်တွေ၊ စလင်ဒါတွေကို အားကိုးလာရပါပြီ။ ဒါပေမယ့် လူတွေ ထင်နေတာက ဒီလို အောက်စီဂျင်ကို ကြာကြာရှူနေတာ၊ များများရှူနေတာက […]


ကိုရိုနာဗိုင်းရပ်စ်

အောက်စီဂျင် ရှူတာ စွဲတတ်လား

ခုဆိုရင်  အိမ်တိုင်းမှာ အောက်စီဂျင် စက်တွေ၊ စလင်ဒါတွေ ထားပြီး ရှူလာကြတဲ့အခါကျတော့ ကြားလာရတဲ့ စကားတစ်ခုရှိပါတယ်။ အောက်စီဂျင်တွေ မရှူနဲ့ စွဲတတ်တယ်ဆိုတာပါ။ အသက်လုဖို့ အောက်စီဂျင်ရှူနေရတဲ့အချိန်မှာ ဒီစကားတွေက လူနာတွေကို အများကြီး တွေဝေသွားစေပါတယ်။ ဒါနဲ့ အောက်စီဂျင်က တကယ်စွဲတတ်သလား။ ဘယ်အခါမျိုးမှာ အောက်စီဂျင် စပေးကြသလဲ။ ခုလို ကိုဗစ်ကာလမှာတော့ လူနာတစ်ယောက်က သွေးတွင်းအောက်စီဂျင် (လက်ထိပ်မှာ စက်နဲ့ တိုင်းတဲ့အဖြေအရ) ၉၂အောက်ရောက်တဲ့အခါ အောက်စီဂျင်ပေးဖို့ စဉ်းစားလာကြပါပြီ။ ၉၂နဲ့ အထက် တချို့တွေမှာ ၈၈နဲ့ ၉၂ကြားလောက်ရောက်အောင် ထိန်းထားတဲ့အနေနဲ့ အောက်စီဂျင်ပေးကြပါတယ်။ ဒီလိုပေးတဲ့ အောက်စီဂျင်ကို Supplemental oxygenလို့ ခေါ်ပါတယ်။ အပိုဆောင်းအောက်စီဂျင်ပေါ့။ လူနာက ကိုယ့်ဟာကိုယ် လုံလောက်အောင် မရှူနိုင်တဲ့အခါ အပြင်ကနေ အပိုဆောင်းပေးဖို့ လိုလာပါပြီ။ အောက်စီဂျင် ဘာကြောင့် ပေးရတာလဲ။ လူနာတွေက အောက်စီဂျင်ကျရင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………

ကိုဗစ်ကူးစက်ခံရသူ အများစုဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြည်းဖြည်းချင်း ပြန်လည် ကျန်းမာလာကြတယ် ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုဗစ်အလွန်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ကိုဗစ်အလွန်ဝေဒနာတွေဆိုတဲ့နေရာမှာ မျိုးစိတ်အသစ် ထပ်မံ ကူးစက်ခံရတာမျိုး ဖြစ်နိုင်သလို ခံစားခဲ့ရတဲ့ ကိုဗစ်ဗိုင်းရပ်စ် အမျိုးအစားကို တကျော့ပြန် ပြန်ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကူးစက်ခံရပြီး ၄ ပတ်ကနေ ၄ ပတ်အထက် ကာလအတွင်းမှာလည်း အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကိုဗစ်ကူးစက်ခံရပေမယ့် လက္ခဏာ မပြတဲ့သူတွေမှာလည်း ကိုဗစ်အလွန် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက အမျိုးအစား ကွဲပြားနိုင်သလို  ခံစားရတဲ့အချိန်ကာလလည်း ကွာခြားနိုင်ပါတယ်။ တစ်မျိုးမက ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ……… ကိုဗစ်က သက်သာလာပြီဆိုရင်တောင်မှ ကိုဗစ်အလွန် ဝေဒနာကို ရက်သတ္တပတ်နဲ့ချီပြီး ခံစားရတာမျိုး ရှိနိုင်သလို လနဲ့ချီပြီး ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေက […]


ကိုရိုနာဗိုင်းရပ်စ်

သိထားဖို့ လိုမယ့် Delta Plus မျိုးစိတ် အကြောင်း

ကမ္ဘာတလွှားမှာ ကိုဗစ်ဖြစ်ပွားမှုတွေ မြင့်တက်နေပြီး မျိုးစိတ်တွေကလည်း အမျိုးမျိုးပါ။ လူသားတွေက ကိုဗစ်ကို ဟန့်တားဖို့အတွက် ကာကွယ်ဆေးတွေ သုတေသနပြုဖန်တီးနေသလို ဗိုင်းရပ်စ်ကလည်း မျိုးဗီဇတွေ ပြောင်းလဲနေပါတယ်။ လက်ရှိမှာ Delta မျိုးစိတ်ကြောင့် ရောဂါကို ပိုမိုပြင်းထန်စွာ ခံစားနေကြရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မျိုးစိတ်က အစောပိုင်း ဖြစ်ပွားခဲ့တဲ့ Alpha မျိုးစိတ်ထက် ကူးစက်မှုနှုန်း ၅၀ ရာခိုင်နှုန်း ပိုမြန်သလို ပိုလည်း ပြင်းထန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က လက်ရှိမှာ လေ့လာနေရတဲ့ ကိုဗစ်မျိုးစိတ်ပေါင်းက ၁၁ မျိုးအထိ ရှိနေပြီဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံကျော်မှာ Delta မျိုးစိတ်ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Delta plus ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒီမျိုးစိတ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဆောင်းပါးထဲမှာ ပြောပြပေးသွားပါမယ်။ Delta […]


ကူးစက်ရောဂါများ

COVID-19 Delta မျိုးစိတ် နဲ့ပတ်သက်လို့ သိထားဖို့လိုမယ့် အချက်

COVID-19 ကပ်ရောဂါက နေ့စဉ်တိုင်းမှာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ မေးခွန်းများစွာကို ဖန်တီးနေပါတယ်။ နေ့စဉ်တိုင်း ကိုဗစ်ကြောင့် ခေါင်းထဲရောက်လာတဲ့ မေးခွန်းတွေကလည်း မနည်းမနောဖြစ်နေမှာပါ။ဒီလို များပြားလှတဲ့ မေးခွန်းတွေထဲမှာ လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 Delta မျိုးစိတ် အကြောင်းလည်း ပါမယ် ထင်ပါတယ်။ ဥပမာ - ဒီမျိုးစိတ်က နောက်ထပ် ကိုဗစ်လှိုင်း တစ်ခုကို ဖြစ်စေမလား။ နောက်ထပ် lockdown တွေ လာမလား။ လက်ရှိကာကွယ်ဆေးတွေကရော ဒီပိုးကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာမျိုးတွေပေါ့။ ဒီသိချင်နေမယ့် အချက်လေးတွေကို အခုဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ COVID-19 Delta မျိုးစိတ် ဆိုတာ ဘာလဲ…… COVID-19 Delta မျိုးစိတ် ကို B.1.617.2 လို့ သိကြပါတယ်။ အခြားမျိုးစိတ်တွေထက် ကူးစက်မှုနှုန်း မြန်တယ်လို့ CDC က ဆိုပါတယ်။ […]


ကူးစက်ရောဂါများ

ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

ကိုဗစ်ရောဂါ ခံစားနေရတဲ့အခါ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းတစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားသောက်တာပါ။ ကိုဗစ်ဖြစ်ပြီဆိုရင် အများစုက အစားအသောက် သေချာ ဂရုစိုက်ဖို့ကို မေ့နေတတ်ပြီး ဆေးဝါးတွေနဲ့ ဗီတာမင် အားဆေးတွေကိုပဲ အဓိကသောက်နေတတ်ကြပါတယ်။ တကယ်ကတော့ ကိုဗစ်ကို အနိုင်တိုက်နိုင်ဖို့အတွက် အာဟာရပြည့်ဝဖို့ အတော်လေး အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ် ဖြစ်နေပြီလို့ သံသယ ရှိရင်ဖြစ်ဖြစ် ကိုဗစ်ဖြစ်နေရင် ဖြစ်ဖြစ် အခုလိုလေး အာဟာရ ပြည့်ဝအောင် စားသောက်ကြဖို့ ပြောပါရစေ။ ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ အချက် အာဟာရ ပြည့်ဝမှုက ကိုဗစ် ခံစားနေရချိန်မှာ ခံနိုင်ရည် ရှိစေဖို့ရော ရောဂါကို ခုခံဖို့ပါ အတော်လေး အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာလည်း အတော်လေး အရေးပါပါတယ်။ ကိုဗစ် ရောဂါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း