သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်း လေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။ ဒီ ပန်းလှလှလေးက ကျန်းမာရေးကို ဘယ်လိုများ အားဖြည့်ပေးသလဲ......... ယုဇနပန်း နဲ့ ကျန်းမာရေး အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်း လေးက အသားအရေ ချောမွတ်စေတယ် ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်းကန်လုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။ သွားကိုက်တာကို သက်သာစေတယ် ယုဇနပန်း ရဲ့ အဆီအနှစ်က သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ယုဇနပန်းကို […]


သဘာဝဆေးဖက်ဝင်

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

အလှဆင်ဖို့ဖြစ်ဖြစ် အလှကြည့်ဖို့ ဖြစ်ဖြစ် အမြတ်တနိုး စိုက်ပျိုးထားကြတဲ့ သစ်ခွပန်း လေးက အဆင်းတင်လှတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။ ပန်းသစ်ခွဆိုတာ သစ်ခွက မျိုးစိတ် အမျိုးမျိုး ရှိသလို အရောင်အသွေး သွင်ပြင် အမျိုးမျိုးပါ။ သစ်ခွက ထိုင်းနိုင်ငံ၊ ဘရာဇီး၊ ဟာဝိုင်ယီ၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး တို့မှာ သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။ သစ်ခွတွေက တောတောင်တွေထဲမှာ ပေါက်ရောက်ကြပြီး စိုထိုင်းဆ မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာ အကောင်းဆုံး ဖူးပွင့်ကြပါတယ်။ ပန်းသစ်ခွ နဲ့ ကျန်းမာရေး အသွင်လှပတဲ့ ပန်းသစ်ခွ လေးတွေက စိတ်ဖိစီးမှု ပြေလျော့စေတယ် စိတ်ဖိစီးမှုက လူတိုင်း လိုလိုမှာ ရှိတတ်ကြပါတယ်။ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက နည်းည်းဆိုရင် ကိစ္စမရှိပေမယ့် […]


သဘာဝဆေးဖက်ဝင်

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့ ကွမ်းသီးက မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့ ကျန်းမာရေးဆိုးကျိုးတွေ များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့် မဟုတ်ပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးက ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ကွမ်းသီးကပေးတဲ့ ကျန်းမာရေး ကွမ်းသီးက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးပါတယ်။ လေဖြတ်တာကို သက်သာစေနိုင်တယ် ကွမ်းသီး ကနေရတဲ့ အဆီအနှစ်က လေဖြတ်ထားတဲ့ လူနာတွေကို ပြန်လည် သက်သာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ စကားပြန်ပြောနိုင်စေဖို့၊ ဆီးထိန်းနိုင်စေဖို့ နဲ့ ကြွက်သားတွေ ထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။ ခံတွင်း ကျန်းမာစေတယ် ကွမ်းသီးက ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားကို အကောင်းဆုံး တိုက်ဖျက်နိုင်ပါတယ်။ နောက်တစ်ခုက ကွမ်းသီးဝါးတာက သွားချေးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခံတွင်းခြောက်တာကို သက်သာစေနိုင်တယ် ကွမ်းသီးဝါးတာက တံထွေးထွက်ရှိမှု ကောင်းစေပြီး ခံတွင်းခြောက်တာ နဲ့ ခံတွင်းခြောက်တာကြောင့် ဖြစ်တဲ့ ဘက်တီးရီးယားတွေကို […]


သဘာဝဆေးဖက်ဝင်

ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး

ကူးစက်ရောဂါဆိုတာက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပါရာဆိုက်တွေကနေတဆင့် ကူးစက်ကပ်ငြိပြီး ဖြစ်ပွားတဲ့ရောဂါတွေပါ။ လက်ရှိကမ္ဘာတစ်လွှားမှာ ကပ်ဘေးအသွင်နဲ့ ပျံ့နှံ့နေတဲ့ COVID-19 ကနေစလို့ တုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးအဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောတွေဟာလည်း ကူးစက်ရောဂါအမျိုးအစားတွေပါပဲ။ တုပ်ကွေး၊ အဖျားစတဲ့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ အစားအသောက်ပျက်တာ၊ ချက်ခြင်းပြန်လည် အင်အားပြည့်ဖြိုးလာဖို့ အချိန်ကြန့်ကြာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် လူ့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အားဖြည့်ပေးပြီး ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်ရောက်အောင် ကူညီပေးမယ့် အစားအစာမျိုးတွေကို မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ သက်သာကာစ လူနာတွေကို recovery မြန်မြန်ပြန်ဖြစ်အောင် တွန်းအားပေးတဲ့အစားအစာတွေဟာ နာလန်ထူကာစလူနာတွေအတွက်တော့ အလိုအပ်ဆုံးအရာတွေပါပဲ။ ဒါပေမယ့် နာလန်ထခါစလူနာတွေတိုင်း အစားအသောက်ပျက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အစားအသောက်စားချင်စိတ် နည်းပါးနေတာကြောင့် ဘာမှမစားဖြစ်ကြတဲ့အခါ နဂိုအတိုင်း […]


သဘာဝဆေးဖက်ဝင်

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အပင်ကို ဟိုးအရင်နှစ်ပေါင်းထောင်ကျော်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရတာလည်း အလုပ်မရှုပ်သလို နေရာလည်းသိပ်မယူတဲ့ ရှားစောင်းလက်ပပ်ပင်တွေကို လူအတော်များများကတော့ အရေပြားအလှအပအတွက်ပဲ အသုံးပြုနေကြတာကို တွေ့ရတာမို့ တခြားအသုံးပြုနိုင်တဲ့ နေရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။ ၁။ ရှားစောင်းလက်ပပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပိုးမွှားတွေသေစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ် ရှားစောင်းလက်ပပ်ထဲမှာ ပါတဲ့ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါအချို့နဲ့ နှလုံးရောဂါကို အတိုင်းအတာတစ်ခုထိ တားဆီးပေးနိုင်ပြီး ကိုယ်တွင်းရောင်ရမ်းမှုကိုအနည်းငယ်သက်သာ အောင်လုပ်ပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ ပိုးမွှားတချို့ မပွားလာအောင်လည်း ရှားစောင်းလက်ပပ်က တားဆီးပေးနိုင်ပါသေးတယ်။ ၂။ သွေးတွင်း သကြားဓာတ် ကျစေတယ် တစ်ရက်ကို ရှားစောင်းလက်ပပ်အရည် စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက် သောက်ပေးရင် အမျိုးအစား (၂) ဆီးချိုဖြစ်နေသူတွေမှာ သွေးတွင်းအချိုဓာတ်ကျသွားအောင် လုပ်ပေးနိုင်စွမ်းရှိတာကို လေ့လာတွေ့ရှိထား ပါတယ်။ ဒါ့ကြောင့် အနာဂတ်ဆီးချိုရောဂါကုသဖို့ ဆေးတွေထုတ်လုပ်ရာမှာ ရှားစောင်းလက်ပပ်က […]


သဘာဝဆေးဖက်ဝင်

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့်အရာလေးတွေ အနည်ထိုင်စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄မျိုးရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီးအနည်ထိုင်ဖြစ်တည်လာတဲ့ ကျောက်သေးသေးလေးတွေဟာ များသောအားဖြင့် အန္တရာယ်မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ထုတ်လေ့ရှိပါတယ်။ သို့သော်လည်း ကျောက်ဟာ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။ Tea (လက်ဖက်ရည်ကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သောသူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည် […]


သဘာဝဆေးဖက်ဝင်

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

ရိုးတံဖြူဖြူ အရွက်ထူထူလေးနဲ့ အရွက်ပေါ်မှာ မွှေးညှင်းလေးတွေပါသလို အပွင့်လေးတွေ၊ လေပွအသီးလေးတွေပါနေတဲ့ အပူပိုင်းဒေသတွေမှာ အများဆုံးပေါက်ရောက်ကျတဲ့ အလေ့ကျပေါက်ပင် မုရိုးပင်လေးက ဘယ်လိုဆေးဖက်ဝင်လဲဆိုတာကို အတူတူကြည့်လိုက်ရအောင်လား။ မုရိုးပင်လေးရဲ့ ဆေးဖက်ဝင်မှုက မုရိုးပင်လေးတွေက စိုက်ထားတာထက် အလေ့ကျပေါက်တာက များပါတယ်။ တစ်ပင်လုံးနီးပါး အသုံးဝင်တဲ့ မုရိုးပင်လေးကို အဆူး စူးတာကို သက်သာစေတယ် အဆူးစူးမိတဲ့အခါ အတွင်းပိုင်းမှာ အစူးကကျိုးပြီးကျန်နေခဲ့ရင် ထုတ်ဖို့တော်တော်လေးခက်ပါတယ်။ အပ်နဲ့ထွင်ထုတ်ဖို့ကလည်း ခက်တယ်။ ဆီးချိုလိုမျိုး အနာကျက်မလွယ်တဲ့ ကျန်းမာရေး ပြဿနာမျိုး ရှိနေတယ်ဆိုရင် အနာကို ရေစင်အောင်ဆေးလို့ မုရိုးပင်ကနေထွက်တဲ့ အစေးကို အနာမှာလိမ်းပြီး ပတ်တီး ခပ်ပါးပါးလေးနဲ့ စည်းထားပေးလိုက်ပါ။ ၂ ရက် ကနေ ၃ ရက်လောက်ပုံမှန်လုပ်ပေးရုံနဲ့ အဆူးက သူ့အလိုလိုထွက်လာမှာပါ။ မွှေးကျွတ်နာ မွှေးကျွတ်နာဖြစ်တဲ့အခါ အနာကို ရေနွေးဂွမ်းလေးတို့နဲ့ သန့်စင်ပြီးရင် ရေစင်အောင်ဆေးထားတဲ့ မုရိုးအရွက်ကို မီးကင်ပေးလို့ ကပ်ပေးရင် အနာသက်သာစေမှာပါ။ တင်းတိပ် တင်းတိပ်သက်သာစေဖို့ဆိုရင် မုရိုးပင်အစေးကို သနပ်ခါးနဲ့ရောလို့ […]


သဘာဝဆေးဖက်ဝင်

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ တရုတ်စကားပန်း လေးက အရောင်အဆင်းအနံ့နဲ့တင်ပြည့်စုံတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ တရုတ်စကားပင် ဆိုတာ ဘာလဲ........... တရုတ်စကားပင် က အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့ မျိုးရင်းပင်တွေပါ။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။ တရုတ်စကားပန်း နဲ့ ကျန်းမာရေး အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးက ဆီးချို သက်သာစေတယ် ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့  ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။ ရောင်ရမ်းမှုကို သက်သာစေတယ် အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ […]


သဘာဝဆေးဖက်ဝင်

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်

ငယ်ငယ်က အဝတ်တွေမှာ ကြယ်သီး ဆိုပြီး ကပ်ပြီး ဆော့တတ်ကြတဲ့ အသီးလေးကို မှတ်မိကြလား.............. အစိမ်းရောင် လုံးလုံးလေး ပါ။ အပေါ်ယံမှာ အမွေး နုနုလေးတွေ ပါနေတာက အဝတ်တွေမှာ ကပ်တွယ် နိုင်စေဖို့ အားဖြည့် ပေးပါတယ်။ ပန်းရောင် ရင့်ရင့် အပွင့်လေးတွေ ရှိတဲ့ အလေ့ကျ ပေါက်ပင်လေး ဖြစ်တဲ့ ကြယ်သီးပင် (Urena lobata) က အပျင်းပြေ ဆော့ကစားလို့ ရရုံတင် မကပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါသတဲ့။ ဘာတွေများ ဆေးဖက်ဝင်လဲ ကြည့်ကြည့်ရအောင်။ ကြယ်သီးပင် ဆိုတာ မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး […]


သဘာဝဆေးဖက်ဝင်

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း ချင်း (ဂျင်း) လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ရော ဆေးဖက်ဝင်တဲ့ အရာတစ်ခု အနေနဲ့ရောပေါ့။ ဂျင်း ထည့်ခံရတာက ဆိုးပေမယ့် မနက်ခင်းစောစောမှာ ဆေးဖက်ဝင်တဲ့ ချင်း (ဂျင်း) ထည့်ခံတာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ကဲ ဘာတွေများ အကျိုးများတာလဲ..... တူတူဆက်ကြည့်လိုက် ကြစို့လား........... ချင်း (ဂျင်း) ချင်း (ဂျင်း) က တရုတ်၊ အိန္ဒိယ၊ အာဖရိက နဲ့ ကာရေဗီယန် အပါအဝင် အခြားပူနွေးတဲ့ ရာသီဥတု အခြေအနေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ချင်း (ဂျင်း) က ဟင်းလျာတွေကို အနံ့အရသာ တိုးစေတာကြောင့် ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် သိထားပြီးသားပါ။ ချင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း