သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ဗိုင်းရပ်စ်ဆန့်ကျင်သော ဂုဏ်သတ္တိရှိသည့် ဆေးဖက်ဝင်အပင်များ

ရှေးနှစ်ပေါင်းများစွာကတည်းက ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း အပါအဝင် ရောဂါမျိုးစုံအတွက် ကုသရာမှာ ဆေးဖက်ဝင်အပင်များကို အသုံးပြုခဲ့ကြပါတယ်။ အပင်တချို့ဆိုရင် သုတေသနများအရ ဗိုင်းရပ်စ်ဆန့်ကျင်နိုင်တဲ့ အာနိသင်တွေရှိကြောင်း အတည်ပြုနိုင်တဲ့အတွက် ယနေ့ခေတ်ကာလထိ တိုင်းရင်းဆေးပညာနယ်ပယ်များမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ယခုဆက်လက်ဖော်ပြမယ့် ဆေးဖက်ဝင်အပင်များမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ အာနိသင် ရှိနေပါတယ်။ ၁။ ကလျာဏီ ကလျာဏီဟာ ပူစီနံအုပ်စုဝင် အပင်တမျိုး ဖြစ်ပါတယ်။ ရနံ့မွှေးပျံ့ပြီး ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကုသရာမှာ အသုံးပြုကြပါတယ်။ အဓိကအားဖြင့် ကလျာဏီမှာပါဝင်တဲ့ safficinolide ဓာတ်ပစ္စည်းဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ HIV ရောဂါပိုးကိုပါ တိုက်ခိုက်နိုင်ခြင်း ရှိ၊မရှိ သုတေသနတွေ ထပ်မံလုပ်ဆောင်နေကြကြောင်း သိရပါတယ်။ ၂။ ပင်စိမ်း ပင်စိမ်းမှာ အမျိုးအစားပေါင်းစုံတော့ ရှိပါတယ်။ ပင်စိမ်းပင်တွေမှာ ပါဝင်တဲ့ apigenin နဲ့ ursolic အက်ဆစ်ဆိုတဲ့ ဓာတ်ပစ္စည်းများဟာ ရေယုန်ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်အသားဝါ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ဆိုတာ သက်ရှိတစ်ပိုင်း၊ အပင်တစ်ပိုင်း လို့ သိထားကြသလို တန်ဖိုးကြီးတဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်း လည်း ဖြစ်ပါတယ်။ တကယ်တော့ သူဟာ သက်ရှိသတ္တဝါ မဟုတ်ပါဘူး။ အာရှဒေသတွေရဲ့ မြင့်မားတဲ့တောင်ထိပ်တွေမှာ တွေ့ရှိရတတ်တဲ့ မှိုတစ်မျိုးသာ ဖြစ်ပါတယ်။ အင်းဆက်ပိုးလောင်းတွေရဲ့ ကိုယ်ပေါ်မှာ ရှင်သန်တဲ့ ကပ်ပါးမှိုတစ်မျိုး ဖြစ်ပြီး လက်ခံပိုးလောင်းကို ကပ်တွယ်သိမ်းယူပြီး ပိုးလောင်းခန္ဓာကိုယ်မှာ အပင်အဖြစ် ရှင်သန်လာခဲ့တာပါ။ ဒါ့ကြောင့် သူ့ကို ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ဆိုကြတာပေါ့။ ရှီးပဒီး ဖြစ်လာတဲ့အခါ ပိုးလောင်းလေးရဲ့ ခန္ဓာကိုယ်ကနေ အညှောင့်လေးထွက်လာပြီး အခုလို ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ ဒီအပင်တွေကိုမှ တူးယူပြီး အခြောက်ခံကာ တန်ဖိုးကြီးဆေးဝါးတွေ အဖြစ် ပြန်လည်ရောင်းချကြပါတယ်။ ရောဂါအစုံကို ကုသနိုင်တယ်၊ ခွန်အားတိုးတယ်ဆိုပြီး တရုတ်တိုင်းရင်းဆေးလောကမှာတော့ ရှီးပဒီးက ဆရာတစ်ဆူပါပဲ။ ဆေးဖက်ဝင်တာ […]


သဘာဝဆေးဖက်ဝင်

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း ဆိုတာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင် အပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးကြတဲ့ အပင်တစ်မျိုးပါ။ အညွန့်နဲ့ အရွက်နု စိမ်းစိမ်းလေးတွေကို ဒီတိုင်း ကြွပ်ကြွပ်လေး တို့စားမလား၊ မန်ကျည်းမှည့်လေးနဲ့ အချဉ်ပြုတ်ပြီး တို့စားမလား ဒါမှမဟုတ် ရေနွေးဖျောပြီးသုပ်စားမလား အမျိုးမျိုး စားသုံးကြပါတယ်။ မြန်မာ့ ထမင်းဝိုင်းတွေမှာ ချဉ်ရည်ဟင်းလေး၊ ငပိချက်လေးနဲ့ ဘောစကိုင်းရွက်လေး တို့စားလိုက်ရရင် ထမင်းသိပ်မြိန်စေတာပေါ့။ တခြားနိုင်ငံတွေမှာတော့ သူ့ရဲ့အစေ့နဲ့ ပင်စည်အခေါက် ကိုပါ ဆေးဖက်ဝင်ပစ္စည်းတွေ အဖြစ် အသုံးပြုကြပါတယ်။ ဘောစကိုင်းအစေ့က ဆိုရင် တညင်းသီးလိုလို မျောက်ငိုသီး လိုလို အနံ့အရသာ ရှိပါတယ်နော်။ ကဲ စားလို့ကောင်းတဲ့ ဘောစကိုင်း ရဲ့ အရွက်၊ အသီး၊ အစေ့နဲ့ အခေါက် တို့မှာ ဘာတွေ ဆေးဖက်ဝင်စေသလဲ ဆိုတာ လေ့လာကြည့်ရအောင်။ ဆေးဖက်ဝင်တဲ့ ဘောစကိုင်း ဘောစကိုင်း […]


သဘာဝဆေးဖက်ဝင်

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်လို့  ပြောလိုက်ရင် ထုပ်ပိုးစရာ တစ်ခုလို့ပဲ မြင်မယ်ထင်ပါတယ်။ တကယ်က ဗာဒံရွက် ဆိုတာက ငယ်ငယ်က အမြင်ရ များသလို မရမ်းသီး ဆေးသကြားစိမ် ထည့်စားရုံ၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက် စတာတွေကို ထည့်စားရုံလောက်ပဲ မဟုတ်ပါဘူး။ လမ်းပေါ်မှာ အမှိုက်လို ပြန့်ကျဲနေတဲ့ ဗာဒံရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗာဒံရွက် အပူပိုင်း ဒေသတွေမှာ ပေါက်ရောက်တဲ့ ဗာဒံပင်တွေက မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ အရွက်ဖားဖား အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အရိုးတံလေးတွေ အမြှောင်းလိုက် ဖြစ်နေတတ်ပါတယ်။ နုစဉ်မှာ မွှေးညှင်းလေးတွေ ပါတတ်ပေမယ့် ရင့်သွားတဲ့အခါ ပြောင်ချော နေတတ်ပါတယ်။ ဗာဒံရွက်ကို စားလို့ရလား......... ဗာဒံရွက်ကို စားစရာထည့်တာနဲ့ တိရစ္ဆာန် အစာ (အထူးသဖြင့် ဆိတ်စာ) အဖြစ် […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက်၏ ကျန်းမာရေး အကျိုးပြုပုံ

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ သစ်ကြံပိုးခေါက်ကို ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်အခါမှာလည်း သိပ္ပံနည်းကျ သုတေသနတွေ ပြုလုပ်ရာမှာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေတဲ့ အာနိသင်တွေရှိကြောင်း သိရှိလာရပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ သစ်ကြံပိုးခေါက်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်တတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာ ပေါ်လီဖီနောလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများဆုံး ပါဝင်ပါတယ်။ ရောင်ရမ်းမှု ကျဆင်းစေသော ပစ္စည်းများပါဝင်ခြင်း ရောင်ရမ်းမှုဟာ ရောဂါပိုးဝင်ခြင်းနဲ့ တစ်ရှူးများပြင်ဆင်ခြင်းအတွက် အရေးပါတဲ့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်ရမ်းမှုဟာ ကြာရှည်လာတဲ့အခါ ကိုယ်ခန္ဓာအတွက် မကောင်းပါဘူး။ သစ်ကြံပိုးခေါက်မှာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးခြင်း သစ်ကြံပိုးခေါက်ဟာ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ အကျိုးပြု HDL […]


သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက် သုံးစွဲလွန်းရင် ဘာတွေ ဖြစ်နိုင်သလဲ

သစ်ကြံပိုးခေါက်ကို သစ်ကြံပိုးပင်ရဲ့ အတွင်းပိုင်း သစ်ခေါက်လွှာကနေ ထုတ်လုပ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ သစ်ကြံပိုးခေါက်ကို အတန်အသင့်စားသုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် လိုတာထက် ပိုစားမိရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဓာတ်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ coumarin ဓာတ်ကို အလွန်အကျွံ စားသုံးမိရင် အသည်းကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေနိုင်ပါတယ်။ တခြားသော ကျန်းမာရေးပြဿနာတွေလည်း ရှိပါသေးတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သစ်ကြံပိုးခေါက်ကို လွန်ကဲစွာ သုံးစွဲမိတဲ့အခါ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ၁။ အသည်းကို ထိခိုက်စေနိုင်ပါတယ် သစ်ကြံပိုးခေါက် တစ်ဇွန်းစာ (၂.၆ ဂရမ်) […]


သဘာဝဆေးဖက်ဝင်

ကျွန်းရွက်လေး ကဆေးဖက်ဝင်ပါတယ်။

ကျွန်းလို့ ပြောလိုက်ရင် ကျွန်းသစ်၊ အိမ်ထောင်ပရိဘောဂတွေလုပ်မယ် အိမ်ဆောက်မယ် စတာတွေပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ အာဟာရတန်ဖိုး မရှိနိုင်သလို ကျန်းမာရေးကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ထင်မထားမိလောက်ပါဘူး။ တကယ်တော့ ကျွန်းသစ်ကို ထုတ်လုပ်နေတဲ့ ကျွန်းပင်တွေရဲ့ အရွက်တွေဖြစ်တဲ့ ကျွန်းရွက်လေး က အခြား ဆေးဖက်ဝင် အပင်တွေ နည်းတူ ကျန်းမာရေး အာနိသင်ရှိနေပါတယ်။ ကျွန်းရွက် ဆိုတာ အရွက်ခပ်ဖားဖား နဲ့ ကြီးကြီးပြန့်ပြန့် သဏ္ဍာန်ရှိပြီးစင်တီမီတာ ၂၀ ကနေ ၃၀ လောက်အထိရှည်လျားပါတယ်။ အရွက်က ခပ်ကြမ်းကြမ်းရှိပြီး အရွက်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ မီးခိုရောင် ဒါမှမဟုတ် အဝါရောင်သန်းသန်း အမွှေးနုလေးတွေ ပါပါတယ်။ နုစဉ်မှာ အနီရောင်သန်းပြီး အစိမ်းရောင် ဖြစ်လာတာက ရင့်လာတာပါ။ ကျွန်းရွက်လေး ကပေးတဲ့ ကျန်းမာရေး အရွက်ဖားဖားနဲ့ လက်မှာပွတ်လိုက်ရင် နီနီလေးဖြစ်သွားစေတဲ့ ကျွန်းရွက်လေး က ပန်းနာရင်ကျပ် […]


သဘာဝဆေးဖက်ဝင်

ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဝါးရွက်လေးတွေကို ပြာရည်ထုပ်။ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား........... ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးပါတယ်။ ဝါးရွက်ကပေးတဲ့ ကျန်းမာရေး စိမ်းစိမ်းစိုစို ဝါးရွက်လေးက အရေပြားကို ကျန်းမာစေတယ် ဝါးရွက်က […]


သဘာဝဆေးဖက်ဝင်

မိုးရေချိုး ခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

မိုးရွာရင် မိုးရေချိုး မယ် ဆိုတဲ့ သီချင်းလေး ဆိုဆိုပြီး ငယ်တည်းက မိုးရေထဲ ပြေးလွှားကြ၊ ပျော်ခဲ့ကြတယ် မဟုတ်လား။ တချို့မိဘတွေကတော့ အအေးမိမှာစိုး၊ ထိခိုက်မှာစိုးပြီး ပေးမထွက်ကြဘူးလေ။ ဒါပေမယ့် မိုးရေက သုံးလို့ကောင်းတာ၊ သန့်စင်တာ၊ အရသာကောင်းတာ စတဲ့ အချက်တွေကြောင့် မိုးရေတွေကို အိမ်မှာ သိမ်းဆည်း၊ သုံးစွဲတတ်ကြပါတယ်။ ရှေးလူကြီးတွေ ဆိုရင် မိုးတွင်း ရောက်တာနဲ့ မိုးရေခံပြီး အိုးကြီးအိုးငယ်နဲ့ သောက်သုံးရေ သိုလှောင်တတ်ကြပါတယ်။ မိုးရေကို ကျိုသောက်တဲ့ ရေနွေးကြမ်းက သိပ်ပြီး အရသာကောင်းပါတယ်တဲ့။ ဒါ့ကြောင့်မို့ မိုးရေကနေ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို ပိုပြီးသိချင်လာမိတာပေါ့။ မိုးရာသီ ရဲ့ ပျော်စရာ တစ်ခုအဖြစ် မိုးရေချိုးခြင်းက ထိပ်ဆုံးက ပါဝင်နေတာပဲလေ။ မိုးရေချိုး ခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား မိုးရေ ဘာလို့ ချိုးသင့်တာလဲ။ မိုးရေချိုးတယ် […]


သဘာဝဆေးဖက်ဝင်

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ခေါင်းမြီးခြုံ လုံပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ကျောက်တန်းစီ ညီပါပေ့ ဆိုတဲ့ ပဟေဠိလေးရဲ့ အဖြေက ပြောင်းဖူးဆိုတာ လူတိုင်းသိပြီးမှာပါ။ ပြောင်းဖူးကို ဝယ်တဲ့အခါ ခေါင်းမြီးခြုံ လုံပါပေ့ လို့တင်စားတဲ့ အခွံ နဲ့ ဆံမြိတ်ချ လှပါပေ့ လို့တင်စားတဲ့ အမွှေးလေးတွေကို ဖယ်လို့ စားကြတယ်နော်။ ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွှေးလေးရဲ့ ဆေးဖက်ဝင်ပုံကို ပြောပြပေးချင်ပါတယ်။ ပြောင်းဖူးမွှေး ဆိုတာ ပြောင်းဖူးမွှေးက အဝါရောင်ဖျော့ဖျော့ အပ်ချဉ်မျှင်လိုသေးသွယ်ပြီး ရှည်လျားတဲ့ အရာလေးတွေပါ။ ပြောင်းဖူးလေးတွေရဲ့ ထိပ်ပိုင်းမှာ ပါတတ်ကြပါတယ်။ ဒီအမွှေးတွေကု ခုခေတ်မှာ ဖယ်​ပစ်ကြပေမယ့် ရှေးယခင်က ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပြောင်းဖူးမွှေးမှာ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်နေသလို ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပါတယ်။ ပြောင်းဖူးမွှေးက ဒီလို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း