သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ခရု စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ခရု ဆိုတာ ပင်လယ်စာတွေထဲက တစ်မျိုးဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေထဲက တစ်ခုပါ။ ခရုသုပ်၊ ခရုချဉ်စပ်၊ ခရုဟင်းချို တို့ဆိုတာ စားဖူးတဲ့သူတိုင်းကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်းကြိုက်ကြတဲ့ သူတွေရှိသလို တချို့ ခရုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်းရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာကတော့ ခရုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရုစားခြင်းရဲ့ကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုး ၆ ချက်တဲ့။ ခရု စားခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုး ၆ ချက် ၁။ ပရိုတင်း ပင်လယ်စာတို့ရဲ့ ထုံးစံအတိုင်း ခရု ဟာ ကယ်လိုရီအများကြီးမပါတဲ့ ပရိုတင်းကြွယ်ဝသော အသားတစ်မျိုးပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချနေသူတွေ၊ ကြွက်သားတက် အောင်လုပ်နေတဲ့သူတွေအတွက် စားပေးလို့ရတဲ့ အသားတစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေ အားလုံးထဲမှာမှ ခရုက ပရိုတင်း […]


သဘာဝဆေးဖက်ဝင်

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

ပေါင်မုန့်တွေမှာ နှမ်းကပ်ထားတာ၊ ဂျပန်အစားအစာ ဆူရှီတွေမှာ ပါတတ်တာ နှမ်းနက်လေးတွေ တွေ့နေကျပါ။ မြန်မာမုန့်မှာလည်း နှမ်းနက်ယိုဆို လူကြိုက်များတယ်၊ ဆေးဖက်ဝင်တယ်လို့ပြောကြတယ်။ နှမ်းနက်စေ့ မှာ ဆေးဖက်ဝင်အာနိသင်တွေရှိနေတာတော့ အမှန်ပါပဲ။ နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး (၁) ကိုလက်စထရောကို ကျစေတယ် နှမ်းနက်စေ့မှာပါတဲ့ အမျှင်ဓာတ်က lignans ဆိုတဲ့ အမျိုးအစားပါ။ ဒီအမျှင်ဓာတ်အုပ်စုက သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ နှမ်းနက်စေ့မှာ phytosterols ဆိုတဲ့ ကိုလက်စထရောကျစေတဲ့ အပင်ထွက်ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ (၂) ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ် lignans နဲ့ phytosterols တို့ဟာ ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့နေရာမှာလည်း အာနိသင်တူပါတယ်။ ဒါ့အပြင် နှမ်းနက်စေ့မှာပါတဲ့ sesamin ဒြပ်ပေါင်းကြောင့် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေတာကြောင့် ကိုယ်တွင်းသန့်စင်စေတဲ့ အကျိုးကျေးဇူးရှိပါတယ်။ (၃) အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ သက်သာစေတယ် နှမ်းနက်စေ့ရဲ့ အဆီက ဝမ်းချုပ်ခြင်းကို […]


သဘာဝဆေးဖက်ဝင်

ပိန္နဲစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၇) ခု

ပိန္နဲသီးဆို အရမ်းကြိုက်သူတွေရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တွေကိုပါ နိုင်ငံခြားကကို တကူးတက မှာယူကြတဲ့ သူတွေရှိပါတယ်။ ကိုယ်တွေအိမ်မှာတော့ ပိန္နဲသီးခွဲပြီဆို စားပြီးတဲ့အစေ့တွေ အမေက အကုန်ပြန်သိမ်းတော့တာပဲ။ ပိန္နဲစေ့ကိုဆေးကြော၊ပြန်ပြုတ်ပြီး ပုဇွန်ခြောက်ငံပြာရည်ချက်လေးနဲ့ စားရတာ ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ပိန္နဲစေ့ပြုတ်ကို ဒီတိုင်းအခွံလေးခွာစားတာလည်း သရေစာတစ်မျိုးပဲ။ ငယ်ငယ်တည်းက လူကြီးတွေစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။ ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ (၁) သွေးအားကောင်းစေတယ် ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပါဝင်မှုများပါတယ်။ သံဓါတ်ပမာဏအလုံအလောက်ရရှိနိုင်ရင်သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) အစာခြေစနစ်ကို ကျန်းမာစေတယ် တိုင်းရင်းဆေးပညာတွေအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို ကုသဖို့ ပိန္နဲစေ့ကိုကြိတ်ထားတဲ့အမှုန့်ကို သုံးခဲ့ကြတာဖြစ်ပါတယ်။ပိန္နဲစေ့ မှာ အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအကျိုးပြုတဲ့ အမျှင်ဓါတ်ကြွယ်ဝနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုကြပါတယ်။ ပမာဏအများကြီးမဟုတ်ဘဲတော်သင့်သလောက်စားတာကဆေးဖက်ဝင်နိုင်ပါတယ်။ (၃) […]


သဘာဝဆေးဖက်ဝင်

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

ကျောက်သင်ပုန်း အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ကျောက်သင်ပုန်းရွက် ဆိုတာ ကျောက်သင်ပုန်းရွက် ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပ်လေးရဲ့ အရွက်ပါ။ အရွက်က ပြောင်ပြောင်းလေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီးမှာ ထွက်နေတတ်ပါတယ်။ စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး ပူစပ်စပ် အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်မှု များပါတယ်။ အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း […]


သဘာဝဆေးဖက်ဝင်

သွေးတိုးကျတယ်ဆိုတဲ့ ဒန့်သလွန်စေ့ရဲ့ တခြားအာနိသင်များ

ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလို အစေ့ကိုဖယ်ရတာမဟုတ် ၊ အစေ့နဲ့အသားကို အဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့ အသီးအရင့်တွေကို အခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ လူကြီးတွေ နောက်တစ်မျိုးအသုံးချတာ ဘာလဲဆိုတော့သွေးပေါင်တက်နေပြီဆို ဒန့်သလွန်သုံးလေးစေ့ကို နှစ်ချက်လောက်ဝါးပြီးရေနဲ့သောက်ချလိုက်တာပါပဲ။သွေးတိုးကျတာ တကယ်ကြီးနော်။မြန်မှမြန်။ ဒါနဲ့ပဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းသိချင်လာတာနဲ့ ရှာကြည့်တော့ ဒီလိုတွေရှိနေသေးတာတွေ့ရတယ်။ ဒန့်သလွန်စေ့က - သွေးချိုကျစေတယ် ဒန့်သလွန်စေ့ရဲ့ထင်ရှားတဲ့အာနိသင်တစ်ခုကသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုမှာ ဒန့်သလွန်စေ့extract နဲ့ ၂၁ ရက်ကြာ ကုသစမ်းသပ်မှုအတွင်းသွေးတွင်းသကြားဓါတ်လျော့ကျခဲ့တာတွေ့ရပါတယ်။ ကိုလက်စထရော ကျစေတယ် ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့ အဆီဓါတ်တွေနဲ့ပတ်သက်ရင် ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်ကလေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ ကြာ ဒန့်သလွန်စေ့ (တစ်နေ့ ၂၀၀ မီလီဂရမ်)ကျွေးထားပါတယ်။လေ့လာမှုရလဒ်အရ သူတို့မှာသွေးတွင်းကိုလက်စထရောနဲ့triglyceride ပမာဏပိုနည်းလာတာတွေ့ရပါတယ်။ သူတို့ရဲ့အသည်းနဲ့နှလုံးမှာလည်း အဆီတွေနည်းလာတာတွေ့ရပါတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းတယ် ဒန့်သလွန်စေ့က နှလုံးသွေးကြောစနစ်အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အာနိသင်တွေ […]


သဘာဝဆေးဖက်ဝင်

သင်္ဘောရွက်အကြောင်း တစေ့တစောင်း

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက်လေးအကြောင်းပြောပြပေးချင်ပါတယ်။ သင်္ဘောရွက် ထွေထွေထူးထူးပြောနေစရာမလိုအောင်မြင်ဖူးကြမှာပါ။ သင်္ဘောပင်ရဲ့ အရွက်ရဲ့ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်သေတော်တော်များများနဲ့ အမေရိကတိုက်တို့မှာတွေ့ရနိုင်ပါတယ်။ သင်္ဘောပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ဓါတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုများအထောက်အကူပြုလဲ အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အစာကြေစေနိုင်တယ် သင်္ဘောရွက်မှာပါတဲ့chymopapain၊ papain၊ protease နဲ့ amylase […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

ပြောင်းဖူးပြုတ် ပူပူနွေးနွေးကို ဆီလေးဆမ်း၊ ဆားလေးထည့်လို့ နယ်စားရင်တော်တော်လေး အရသာရှိတယ်နော်။ စီးတဲ့ပြောင်းဖူးလေးတွေဆိုရင် ဝါးလိုက်တိုင်းကို အရသာရှိနေတာပါ။နေ့ခင်းနေ့လယ် အပျင်းပြေစားစား၊ တီဗွီကြည့်ရင်းပဲစားစား စားကောင်းတဲ့အရာပေါ့။ ဒီတစ်ခေါက်တော့ စားကောင်းတဲ့ ပြောင်းဖူးလေးတွေထဲကမှ အရောင်အသွေး ဆန်းဆန်းပြားပြားနဲ့ စားလို့လည်းကောင်းတဲ့ ခရမ်းရောင်ပြောင်းဖူး လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။ ခရမ်းရောင်ပြောင်းဖူး ပြောင်းဖူးလို့ ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။ နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင် နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေက စုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှ ဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊ သွေးတိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေတယ်ဆိုတော့ စားသင့်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါနော်။ ခရမ်းရောင်ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် […]


သဘာဝဆေးဖက်ဝင်

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

နုပျိုချင်ရင်၊ အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင် ကော်လာဂျင် လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ကော်လာဂျင်ဆိုတာဘာလဲ ။ ။ Collagen ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ အရွတ်၊ အရွတ်တွဲနဲ့ အဆီဆဲလ်တွေမှာ ပါဝင်ပြီး အရိုးတွေရဲ့ လှုပ်ရှားမှုပြေပြစ်စေဖို့နဲ့ အသားအရေ တွေ တင်းရင်းစေဖို့အတွက် သူက ကူညီပေးနိုင်ပါတယ်။ တင်းရင်းလှပတဲ့ အသားအရေတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်လဲ ။ ။ Elastin ဟာလည်း ကိုယ်တွင်းမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အဆုတ်နဲ့ သွေးကြောတို့လို ကျုံ့နိုင် ဆန့်နိုင်အားရှိတဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေမှာ အတွေ့များပါတယ်။ Elastin နဲ့ Collagen ပရိုတင်းနှစ်ခုလုံးကို အသားအရေမှာ ကြွယ်ဝစွာတွေ့ရပြီး အသားအရေတင်းရင်းဖို့၊ အရေးအကြောင်းကင်းစင်ဖို့ ကူညီပေးတဲ့အပြင် နုပျိုလှပအောင်လည်း သူတို့ကပဲ ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အသားအရေဖြစ်တဲ့ တင်းရင်းနုပျိုမှုတစ်ခုကို ပေးစွမ်းတဲ့ […]


သဘာဝဆေးဖက်ဝင်

တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

လူတော်တော်များများ ရေချိုးရင် တံတောင်ဆစ် ၊ ဒူးခေါင်းတွေကို သေချာတိုက်ချွတ်ဖို့ မေ့တတ်ကြပါတယ်။ နေရောင်ခြည်ထဲ မကြာခဏ နေရာင်ကာလိမ်းဆေး မပါဘဲ ထွက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ ပေါင်းလိုက်တော့ အဲ့ဒီနေရာတွေက ဆဲလ်အသေတွေ စုပြုံလာပြီး မည်းလာတော့တာပေါ့။ များသောအားဖြင့် တံတောင်ဆစ်မည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိတာမျိုး မဟုတ်လို့ သိပ်တော့ စိတ်ပူဖို့ မလိုပါဘူး။ တံတောင်ဆစ် မည်းရခြင်း အကြောင်းရင်း ၁။ တံတောင်ဆစ် တစ်ဝိုက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အသေတွေ စုပြုံလာတာ ၂။ ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် နဂိုအသားအရောင် ပျောက်ပြီး အရောင်မှိန်လာတာ ၃။ သန္ဓေတားဆေးတွေ သောက်သုံးခြင်း ၄။ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြား အမည်းစက်လေးတွေ ၅။ ကိုယ်ဝန်အစောပိုင်းကာလ၊ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်း ၆။ အရေပြားဆဲလ်တွေ လျင်မြန်စွာဖြစ်တည်လာပြီး အကြေးခွံကဲ့သို့ ထလာတဲ့ အရေပြားရောဂါ […]


သဘာဝဆေးဖက်ဝင်

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ ။ ။

အဆစ်အမြစ်ေတွရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။ အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ Gluten ဓါတ်များတဲ့အစားအသောက်တွေ ။ ။ Gluten ဓါတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓါတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာအိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓါတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း