အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်များတာ မကောင်းပါ

လူတစ်ယောက် ကျန်းမာပျော်ရွှင်နေစေဖို့နဲ့ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ဆိုတဲ့နေရာမှာ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုများနေတာမျိုး မဟုတ်သလို လျော့နည်းနေတာမျိုး မဟုတ်ဖို့လည်း လိုပါမယ်။ ဒီလို ပြောရတာက အိပ်ရေးပျက်တာကတင် ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲ အအိပ်များတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒီတစ်ခေါက်တော့ အအိပ်များတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အအိပ်များတာ မကောင်းပါ လူတော်တော်များများ သိထားသလို အိပ်ရေးပျက်တာကပဲ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အိပ်ချိန်များတာကလည်း အိပ်ရေးပျက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဒါကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်များ အအိပ်များတာ မကောင်းပါ လို့ […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

လက်ရှိစစ်တမ်းကောက်ယူချက်အရ လုံးဝမအိပ်ဘဲ အကြာဆုံး အသက်ရှင်နိုင်တာ ၂၆၄ နာရီ တစ်နည်းအားဖြင့် ၁၁ရက် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အိပ်စက်ခြင်းဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီတော့ တစ်ရက်လောက် မအိပ်ဘဲနေလိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အားလုံး တဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့ အသေအချာပါပဲ။ ခံနိုင်ရည်အားထက် ကျော်လွန်သွားတဲ့အခါ လုံးဝမအိပ်တဲ့ လူတစ်ယောက်ဟာလည်း အသက်သေဆုံးနိုင်ခြေ ရှိပါတယ်။ ၂၄ နာရီ လုံးဝမအိပ်တဲ့အခါ အလုပ်များတဲ့ လူတစ်ယောက် တစ်ရက်တစ်လေ အိပ်ဖို့ ပျက်ကွက်တတ်တာ အဖြစ်များတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီ တစ်ရက်ဆိုတဲ့ အချိန်မှာ မအိပ်ဘဲနေလိုက်လို့ ကြီးကြီးမားမား ပြဿနာမရှိသေးဘူးဆိုပေမဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးက စတင်ဆုတ်ယုတ်လာမှာကို သတိထားဖို့ လိုပါတယ်။ ဒီလိုဆုတ်ယုတ်လာတာကို ပြနေတဲ့ လက္ခဏာတွေကတော့ အိပ်ငိုက်မယ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

အိပ်နေတုန်း စကားပြောတတ်တာက ရောဂါတစ်ခု မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာ ခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဘယ်လိုဖျောက်မလဲ။ ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့် အိပ်နေရင်းစကားပြောခြင်းကို ဆေးပညာအခေါ်အဝေါ်အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက ဖြစ်တတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေတုန်း စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်း လုပ်မိနေတဲ့ အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်း စကားပြောတာရောဂါလား

ညအိပ်နေရင်း စကားပြောတတ်သူလား။ ဒါကဖြေရခက်တယ်နော်။ သူများတွေညအိပ်ရင်း စကားပြောတာကို သိနိုင်ပေမယ့် ကိုယ်တိုင်ကျ ညအိပ်ရင်းစကားပြောတတ်လားဆိုတာကိုကျ သိနိုင်ဖို့ခက်ပါတယ်။ ဒီပြဿနာကိုအဖြေရှာပေးနိုင်မှာက ကိုယ့်ရဲ့ မိသားစုဝင်တွေပါ။ ကိုယ်တိုင်က အိပ်နေရင်း စကားပြောတတ်သူလားဆိုတာကို သိနိုင်ဖို့အတွက် မိသားစုဝင်တွေကိုမေးကြည့်ပါ။ အိပ်နေရင်းစကားပြောခြင်း အိပ်နေရင်းစကားပြောခြင်းကိုဆေးပညာအခေါ်အဝေါ်အနေနဲ့somniloquy လို့ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တဲ့ ပုံမှန်မဟုတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်းစကားပြောတတ်တဲ့အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေစဉ်စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်းလုပ်မိနေတဲ့အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။ REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲကမှာမြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေအသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ်ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။ အိပ်နေစဉ်စကားပြောခြင်းက ကလေးငယ်တွေမှာအဖြစ်များပါတယ်။ အသက် ၃ နှစ် ကနေ ၁၀ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်တိုနေတာ ညဘက်အိပ်ရေးမဝလို့လား

ညဘက်အိပ်ရေးဝတယ်၊ မဝဘူးဆိုတာ နောက်တစ်နေ့ ကိုယ့်ရဲ့ မျက်နှာအမူအရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လူက ပင်ပန်းနွမ်းနယ်ပြီး ဘာမှလုပ်ချင်၊ ကိုင်ချင်စိတ်က မရှိ၊ လုပ်သမျှအကုန်လုံး အမှားအယွင်းတွေ ဖြစ်တဲ့အခါ လူက ပိုပြီးစိတ်ဆိုးဒေါသထွက်လာတော့တာပေါ့။ ဘယ်သူတွေမှာ အဖြစ်များလဲ။ ခုခေတ်လူငယ်တော်တော်များများက ညဘက်တွေဆိုရင် မအိပ်ဘဲ အမှောင်ထဲမှာ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ အိပ်ချင်နေတာလည်း သတိမထားမိဘဲ နေတတ်ကြပါတယ်။ ကြာတာတော့ မျက်စိထိခိုက်လာမယ်၊ အိပ်ရေးပျက်မယ်၊ အိပ်ချိန်မမှန်တော့ စိတ်က ဂယောက်ဂယက်ဖြစ်လာမယ်။ ဘာကိုမှ အာရုံစိုက်လို့ မရ၊ စဉ်းစားလို့ မရဖြစ်လာမယ်။ တဖြည်းဖြည်းနဲ့ ကြာလာရင် ဒေါသကို ထိန်းချုပ်မရတော့တာ၊ စိတ်ဓါတ်ကျလာတာ၊ စိတ်ခံစားချက် အပြောင်းအလဲ အရမ်းမြန်လာတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေအပြင် ညဘက်ကောင်းစွာ အိပ်မပျော်တဲ့ ရောဂါရှိသူတွေ၊ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ ငိုက်မနေစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပေးပါ



အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား

အိပ်မက်....အိပ်မက်လှလှမက်ပါစေလို့သာ ဆုတောင်းကြတာ။ အိပ်မက်ဆိုးတွေက ဝေးပါစေလို့လည်း အမြဲစိတ်ထဲကတွေးကြရဲ့။ ဒါပေမယ့် အိပ်မက်ဆိုတာ ကိုယ်လိုရာစေစားလို့မှမရတာ။ စိတ်စွဲတာတွေ၊ တစ်နေ့တာမှာ မသိစိတ်အတွင်းရှိနေတာတွေ၊ ပတ်ဝန်းကျင်က သက်ရောက်မှုတွေ၊ စိတ်ဖိစီးမှုတွေ စတဲ့အရာတွေအများကြီးကြောင့် ညအိပ်ချိန်မှာ အိပ်မက်အဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ကဆို သရဲအိပ်မက်တွေ ခဏခဏမက်တတ်ကြတယ်။ ကလေးဆိုတော့ ကြောက်စိတ်ကများခဲ့တာလည်းပါမှာပေါ့။ အိပ်မက်တွေမက်ပြီး လန့်နိုးလာချိန်ဆို အဖေအမေတွေအလယ် ဝင်အိပ်လိုက်ရင် ကြောက်စိတ်ပြေသွားခဲ့တာပဲ။ အဲ..ကြီးတောင့်ကြီးမားအရွယ်ရောက်မှ အိပ်မက်ဆိုးကြောင့် လန့်နိုးရတာတွေကျ အတော်ဒုက္ခရောက်ရပါတယ်။ လူကြီးတွေရော အိပ်မက်ဆိုးမက်ကြတယ်လား ပေါက်ကရအိပ်မက်တွေမက်နေတာများ ဘာဖြစ်လဲ၊ ကလေးကျနေတာပဲဆိုတဲ့ ဝေဖန်မှုတွေကြောက်လို့ မပြောကြတာပဲရှိမှာ။ အိပ်မက်ဆိုးမမက်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အိပ်မက်ပဲ ဆိုပေမယ့် ကျန်းမာရေးမှာရော ဘယ်လိုပတ်သက်မှုရှိနေလဲဆိုတာ သိကြရင် စိတ်ဝင်စားလာကြမှာနော်။ တစ်ခါတလေမက်တာ ပြဿနာမရှိပေမယ့် ကိုယ့်ရဲ့အိပ်စက်မှုတွေကို အနှောင့်အယှက်ဖြစ်လာလောက်အောင် ဆက်တိုက်ဖြစ်နေရင်၊ မကြာမကြာဖြစ်နေရင်၊ ပုံမှန်ဖြစ်လာရင် တစ်ခုခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ဒါမှ ကျန်းမာရေးကိုမထိခိုက်ခင် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ယာဝင်တဲ့အချိန် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ ချောက်ထဲလိုမျိုး တစ်ခုခုထဲကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး လူတိုင်းနီးပါးဖြစ်ဖူးတတ်ပါတယ်။ ဒါဟာ Hypnogogic jerk အရပ်အခေါ်အဝေါ်အရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်းပဲ ဖြစ်ပါသည်။ အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင်လုပ်ထားရတာတွေနဲ့သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ဆိုပါတယ်။   အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပါာ ဖြေလျော့ပြီး အနားယူသွားပါတယ်။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒါကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒါကိုယ်ကိုလည်း ပြုတ်ကျတာကို တုန့်ပြန်မှုတွေလုပ်ဖို့စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒါကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက်ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။   အဲဒီအတွက်ကြောင့် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Nightmare Disorder (အိပ်မက်ဆိုးဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်။အိပ်မက်ဆိုးဝေဒနာဆိုတာဘာလဲ။   အိပ်မက်ဆိုးဆိုတာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့၊ သင့်ကို အိပ်ပျော်နေရာက လန့်နိုးစေနိုင်လောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အိပ်မက်ကို ဆိုလိုပါတယ်။ တကယ်လို့ သင်ဟာ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေမက်မယ်၊ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲဖြစ်မယ်၊ နောက်ဆက်တွဲအနေနဲ့ နေ့ဘက် အလုပ်လုပ်ရာမှာ အနှောင့်အယှက်ဖြစ်လာမယ် ဒါမှမဟုတ် အိပ်ရမှာတောင် ထိတ်လန့်လာမိတယ် ဆိုရင်တော့ ဒါကို အိပ်မက်ဆိုးဝေဒနာလို့ ခေါ်ရမှာဖြစ်ပါတယ်။   အိပ်မက်ဆိုးဝေဒနာဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။   အိပ်မက်ဆိုးမက်တာက အလွန်အဖြစ်များပေမယ့် အိပ်မက်ဆိုးဝေဒနာကတော့ အဖြစ်နည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေးငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာမျိုးကတော့ စိုးရိမ်စရာမရှိတာ များပါတယ်။   အသက် ၃နှစ်ကနေ ၆နှစ်အရွယ်ကြားမှာ အိပ်မက်ဆိုးမက်တာ စဖြစ်လေ့ရှိပြီး အသက် ၁၀နှစ်ကျော်လာရင် တဖြည်းဖြည်း အကြိမ်ရေနည်းလာမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်ဘဝမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာရင် အိပ်မက်ဆိုး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကဘာလဲ။ ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ဟာ အိပ်စက်စဉ် ကြုံတွေ့ရတဲ့ပြသနာဖြစ်ပြီး အိပ်နေရာကနေ လန့်နိုးလာတတ်ပါတယ်။ ဒီပြသနာခံစားနေရသူများဟာ ခုခံမလား ထွက်ပြေးမလား စတဲ့စနစ် ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ရပါတယ်။ ကလေးတွေဆိုရင် ငိုယိုအော်ဟစ်ပြီး နိုးလာတတ်ပါတယ်။ ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်းဟာ အိပ်မောအကျဆုံး အချိန်မှာဖြစ်ပြီး အိပ်စက်မှုစက်ဝန်းရဲ့ ပထမတပိုင်းမှာ ဖြစ်တတ်ပါတယ်။ သူဟာ အိပ်မက်ဆိုးများမက်ခြင်းနဲ့ မတူပါဘူး။ ဘီလူးစီးခံရချိန်မှာ လူဟာ အိပ်တဝက်နိုးတဝက်ဖြစ်နေပြီး ပတ်ဝန်းကျင်ကို မသိဘဲ ရှိတတ်ပါတယ်။ နိုးလာရင်လည်း ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပါဘူး။ Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ သိပ်တော့မတွေ့ရပါဘူး။ အသက် ၁၂နှစ်အောက် ကလေးတွေမှာတော့ အဓိကဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ကလေးတွေမှာ အိပ်နေစဉ်ယောင်ပြီး လမ်းလျှောက်တတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ကလေးတွေမှာ ၆.၅%လောက် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကဘာလဲ။ အိပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ REM, rapid eye movement အချိန်မှာ မျက်လုံးဟာ အလျင်အမြန်ရွေ့လျားပြီး အသက်ရှူမမှန်တာ၊ သွေးပေါင်တက်တာနဲ့ ကြွက်သားများအားလျော့တာတွေ ဖြစ်လာပါတယ်။ သို့သော် ဦးနှောက်ကတော့ တက်ကြွနေပြီး REM အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံကို EEG နဲ့ မှတ်တမ်းတင်ကြည့်လျှင် နိုးနေချိန်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ အများအားဖြင့် REM အချိန်မှာ အိပ်မက်မက်တတ်ပါတယ်။ အိပ်ချိန်စုစုပေါင်းရဲ့ ၂၀-၂၅%ဟာ REM ဖြစ်ပါတယ်။ REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း (RBD)မှာ ပုံမှန် REM အချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားလျော့ခြင်း မရှိတဲ့အတွက် ထိုလူမှာ အိပ်မက်ထဲကအတိုင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း