အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ

ပုံမှန် ကျွန်တော်တို့ အစာစားချိန်ဟာ မနက်၊ နေ့လည်၊ ည ဆိုပြီး ယေဘုယျအားဖြင့် ၃နပ် ခွဲထားပါတယ်။ တချို့လူတွေကတော့ ကိုယ်အလေးချိန် တက်ချင်လို့၊ သို့မဟုတ် ကျချင်လို့ diet လုပ်တဲ့အနေနဲ့ အကြိမ်ရေ ခွဲစားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ညအိပ်ချိန်နဲ့ နီးအောင် အစာစားတာကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကလီစာတွေက တစ်နေ့လုံး အလုပ်လုပ်ထားတဲ့အတွက် ညအိပ်ခါနီးဆိုရင် ပင်ပန်းပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က မအိပ်ဘဲ အစားတွေ စားနေမယ်ဆိုရင် အစာခြေစနစ်ကို သွားပြီး ထိခိုက်ပါတယ်။ ဒါ့အပြင် လူက ဗိုက်ပြည့်တင်းနေတဲ့အခါ ရင်ပြည့်သလို ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့သလို မနက်ထလာရင်လည်း အီလည်လည် […]


အိပ်စက်ခြင်း

ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

သက်ရှိတွေရဲ့ ရှင်သန်မှုကို အဓိကပံ့ပိုးထားတာက ရေပါ။ ကမ္ဘာမြေရဲ့ ၇၁ ရာခိုင်နှုန်းကို ရေပြင်က ဖုံးလွှမ်းထားပြီး အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေသာမရှိရင် သက်ရှိတွေဟာ သေဆုံးသွားနိုင်ပါတယ်။ ရေက ဦးနှောက်အတွက် လိုအပ်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိစေဖို့၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့၊ အညစ်အကြေးတွေ စွန့်ထုတ်ဖို့နဲ့ အဆစ်တွေ လွယ်ကူစွာ လှုပ်ရှားနိုင်စေဖို့ ပါလုပ်ဆောင်ပေးပါတယ်။ တစ်နေ့တာ လှုပ်ရှားပြီး ရေလုံလောက်အောင် မသောက်မိတဲ့အခါ ခြေကုန်လက်ပမ်းကျတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးအနေနဲ့ ညအိပ်ရာမဝင်ခင်မှာ ရေတစ်ခွက်သောက်ပေးပါ။ ညအိပ်ရာမဝင်ခင်ရေသောက်တာ ကောင်းလား......... လူတွေက အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်က တစ်ပေါင်ခွဲစာလောက် ဆုံးရှုံးနေပါတယ်။ ဒါကို သေသေချာချာသိချင်တယ်ဆိုရင် […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်စက်စဉ်အသက်ရှူရပ်တန့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း

အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာကို Sleep apnea လို့ ခေါ်ပါတယ်။ အဆိုပါပြဿနာကြောင့် ကောင်းကောင်းအိပ်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ခံစားလာရပြီး နေ့စဉ် လူနေမှုဘဝကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ သုတေသနတစ်ခုမှာဆိုရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း (depression) ကိုပါ ဖြစ်စေတတ်ကြောင်း ဆိုထားပါတယ်။ စာစောင်တခုမှာ ဖော်ပြချက်အရ နှစ်စဉ် အမေရိကန် ၁၈ သန်းခန့်ဟာ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်းကို ခံစားနေရလေ့ရှိပြီး ၁၅ သန်းခန့်ဟာ စိတ်ကျခြင်းဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။ အတော်များများဟာ ပြဿနာနှစ်ခုစလုံးကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာနှစ်ရပ်အကြား ဆက်နွယ်မှုရှိသလား အိပ်စက်ခြင်းနဲ့ စိတ်အခြေအနေကြားမှာ ဆက်နွယ်ချက်ရှိပါတယ်။ တစ်နည်းပြောရရင် အိပ်မပျော်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ပတ်သက်နေပါတယ်။ လူတချို့ဟာ ဒီပြဿနာနှစ်ခုစလုံးရဲ့ အစပျိုးလက္ခဏာတွေကို တစ်ပြိုင်တည်းကြုံတွေ့ရဖူးပါတယ်။ တချို့ကတော့ စိတ်ကျဝေဒနာ ရောက်မလာခင် အိပ်မပျော်ခြင်းကို စတင်ကြုံတွေ့ရပါတယ်။ […]


ညအိပ်မပျော်ခြင်း

အိပ်မရ တဲ့ညများ လွန်မြောက်စေဖို့

ဒီခေတ်လူနေမှုပုံစံအရ အိပ်မရ တဲ့ ပြဿနာ၊ အိပ်ရေးပျက်တဲ့ ပြဿနာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ အပြိုင်အဆိုင်များလွန်းတဲ့ ဒီခေတ်ကြီးမှာ အလုပ်က အလုပ်မှာတင် လုပ်လို့ မပြီးဘဲ အိမ်ထိ၊ အတွေးတွေထဲထိလိုက်လာတာကြောင့် ညညဆို အိပ်ပျော်ဖို့ခက်လာပါတယ်။ မိုးသာလင်းသွားတယ်။ တစ်မှေးမှ မမှေးလိုက်ရတဲ့ ညတွေလည်း အများသားမလား။ ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ မိသားစုနဲ့ ခွဲနေတဲ့သူကလည်း သူတို့တွေ အဆင်ပြေမှ ပြေပါ့မလား။ အလုပ်ရှင်တွေကလည်း ဒီကပ်ကြီးပြီးသွားရင် အလုပ်တွေ အဆင်ပြေပါ့မလား။ အလုပ်သမားတွေကလည်း လစာမှ ရပါ့မလား စသဖြင့် ပူပင်ကြောင့်ကြမှုတွေနဲ့ပေါ့။ တစ်ရက် နှစ်ရက်နဲ့ မသိသာပေမယ့် ရက်ဆက်လာရင်တော့ အိပ်ရေးပျက်တဲ့ ဒဏ်တွေကို အလူးအလဲ ခံရတော့မှာပါ။ ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါ့မယ်။ အိပ်ရေးပျက်ရင် ဘာဖြစ်နိုင်လဲ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက် ခြင်းရဲ့ ဆိုးကျိုးများ

ခုလိုညတွေဆို ဘာရယ်မဟုတ် ဖုန်းတွေသုံးလိုက်၊ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်၊ ပူလို့ဆိုပြီး ထထိုင်လိုက်၊ အိပ်မရဖြစ်လိုက်၊ အိပ်မရလို့ဆိုပြီး လုပ်စရာမရှိ ဖုန်းပြန်ကြည့်လိုက်၊ မျက်စိကြောင်လိုက်၊ အိပ်မရလိုက် လုံးလည် ချာလည် လိုက်ရင်း  မိုးလင်းခဲ့ရပေါင်းများပါပြီ။ တစ်ည နှစ်ညဆိုရင် မသိသာပေမယ့် နည်းနည်း ရက်ဆက်လိုက်ပြီဆိုရင် နေရတာ မကြည်တော့ပါဘူး။ ညမှာ မအိပ်ထားလည်း မနက်ဆို လုပ်စရာရှိတော့ ထရတာပါပဲ။ ဒီလိုနဲ့ ရက်တွေများလာပြီး အကျင့်တွေပျက်လာတော့ နေရတာ ငြီးစီစီဖြစ်လာပါတယ်။ တကယ်တော့ ဒါဟာ အိပ်ရေးပျက် လို့ပါ။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ကွယ်မှာ နေရတာ မကြည်တာတင်မဟုတ်။ ရေရှည်ဆို ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ အိပ်ရေးပျက် ခြင်းရဲ့ ဆိုးကျိုးများ ဦးနှောက်နဲ့ အာရုံကြော ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု

ကိုစတာရီကာ၊ ဂရိနဲ့ ဂျပန် တို့လို အသက်ရှည်သူ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ များတဲ့ အပြင် ကျန်းမာရေးလည်း ပိုကောင်းကြပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ အလေ့အထဆိုင်ရာ လျှို့ဝှက်ချက်တွေ ဆိုတာလည်း တကယ်တော့ ထူးထူးခြားခြား မရှိနေပါဘူး။ သူတို့က - သဘာဝကျကျ လှုပ်လှုပ်ရှားရှား နေတယ်၊ ဘဝကို ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်၊ ဒါမှမဟုတ် နေ့တိုင်း ဝိုင်နီ တစ်ခွက်သောက်တယ် ဒါမျိုးပါပဲ။ ကမ္ဘာ့နေရာ အနှံ့ က နေရာတိုင်းမှာ နိစ္စဓူဝ လှုပ်ရှားလုပ်ကိုင်မှု တွေက ဒီလို ကွာခြားနိုင်တယ် ဆိုပေမယ့် တူညီနေတာ တစ်ခုက အိပ်စက်ခြင်း အလေ့အကျင့် ကောင်းမွန် မှန်ကန်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ လူ့ကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးတာ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်နေရင်း ဟောက်တတ်သူတွေ နှလုံးရောဂါ အန္တရာယ် သတိထားပါ

လူအများစုဟာ အိပ်ပျော်နေစဉ်မှာ ဟောက်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဟောက်တာဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုအဖြစ် မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်နေစဉ်မှာ ဟောက်ရတဲ့ အကြောင်းအရင်းရှိပါတယ်။ ဟောက်တာဟာ အိပ်ပျော်နေစဉ်မှာ အသံဆူညံစွာနဲ့ အသက်ရှူမိတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မမြင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ ဟောက်ခြင်းနဲ့ ဆက်နွယ်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာတွေရှိလာတာကို သိလာကြရပြီဖြစ်ပါတယ်။ ဒီထဲက ကျန်းမာရေးပြဿနာတစ်ခုကတော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အိပ်ပျော်နေစဉ်နဲ့ ဟောက်သံထွက်ပေါ်နေစဉ်အတွင်း အသက်ရှူရပ်ပြီး အသက်ဆုံးပါးသွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Obstructive Sleep Apnea ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်မားသွားစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါ့အပြင် အရက်စွဲတာနဲ့ Metabolic Syndrome (ဇီဝကမ္မဖြစ်ပျက်မှု မူမမှန်ခြင်း) တွေကြောင့်လည်း Obstructive Sleep Apnea […]


ညအိပ်မပျော်ခြင်း

အိပ်၍မပျော်သော ညတစ်ည သံသရာလည်

“လေသာပြတင်းဘေးဝယ် ဖွေရှာငေးမော ကြည့်နေစဉ်ဝယ်….ညတစ်ညရဲ့ ဉာဉ့်လယ်သံရာလည်” ဆိုတဲ့ ခေတ်ဟောင်း သီချင်းလေး ကြားဖူးကြလား။ ညညဆို တွေးစရာတွေ၊ ပူပန်စရာတွေ၊ လုပ်ရမယ့်အလုပ်တွေ၊ ရှေ့ရေးတွေကို တွေးနေရတာနဲ့ အိပ်မပျော်နိုင်သူ တွေရှိသလို ဘာရယ်မဟုတ် ဘာလုပ်ရမှန်းမသိဘဲ မျက်စိကြောင်နေသူတွေလည်း ရှိတာပေါ့နော်။ အိပ်မပျော်လို့ ရုပ်ရှင်ကြည့်၊ ဖုန်းကြည့်၊ ဂိမ်းဆော့ရင်း မျက်လုံးပိုကျယ်သွားရတာ၊ မနက်ကျ နိုးတဲ့အချိန်က နေ့လယ်ရောက်သွားတာ ကနေ နောက်ဆုံး နေ့နဲ့ည မှားလေတဲ့ ဇီးကွက်လေးတွေ ဖြစ်ကုန်ပါရောလား… ကြာလာရင် ဘာတွေ ဖြစ်လာမလဲ မှတ်ဉာဏ်ထိခိုက်လာတယ်။ အိပ်စက်အနားယူခြင်းမှာ ပြဿနာရှိနေတဲ့အခါ အကြောင်းအရာတွေ ကို မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း အားနည်းလာစေပါတယ်။ ညဘက် အိပ်ရေးတွေ ပျက်တာ ကြာလာရင် လူက ဟိုမေ့ဒီမေ့နဲ့ ပေါက်ကရတွေ ဖြစ်ပြီ။ ဆက်ဆံရေးမှာပြဿနာရှိလာတယ်။ အိပ်ရေးမဝတော့ စိတ်မရှည်၊ စိတ်ဆတ်လာမယ်။ စိတ်အပြောင်းအလဲ မြန်လာတော့ ပေါင်းသင်းဆက်ဆံရေး မှာ အဆင်မပြေ […]


ညအိပ်မပျော်ခြင်း

အိပ်ရေးဝအောင် မအိပ်ရင် ဖြစ်လာနိုင်တဲ့ အသိသာဆုံး အန္တရာယ် ၅ ခု

အိပ်ရေးပျက် ခြင်း ဆိုတာ အမှတ်တမဲ့ သတိမထားမိတတ်တဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီး နေရတဲ့ အလုပ် နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေ မလုံလောက်တော့ဘဲ ဆိုးကျိုး အန္တရာယ်တစ်ခု မဟုတ် တစ်ခု ရှိလာနိုင်ပါတယ်။ အိပ်ချိန် မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီ မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက် ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတော့ဘူး ဆိုတာ ကြုံဖူးသူတွေ သိထားပြီးသား ဖြစ်မှာပါ။ ဒါတင် မကသေးဘဲ မှတ်ဉာဏ် မှာရော၊ ကျန်းမာရေး၊ ရုပ်အသွင်အပြင် နဲ့ ကိုယ့်ရဲ့ အရည်အချင်း စွမ်းဆောင်ရည်တွေ မှာပါ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ် ဆိုတာရော သိပါရဲ့လား။ အိပ်ချိန် […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

ညအိပ်စဉ် ဟောက်ခြင်းနဲ့ အသက်ရှူရပ်ခြင်း

လူတစ်ရာမှာ နှစ်ဆယ့်ငါးရာခိုင်နှုန်းဟာ အိပ်စက်ချိန်မှာ ဟောက်ကြလေ့ရှိပါတယ်..။ အထူးသဖြင့် အဝလွန်သူတွေနဲ့ အမျိုးသားတွေမှာပိုပြီးအဖြစ်များပါတယ်..။ အသက်ကြီးလာလေ…. ပိုဟောက်နိုင်ခြေများလေလဲ ဖြစ်ပါတယ်..။ တကယ်တော့ ဟောက်တယ်ဆိုတာ နှာခေါင်းနဲ့ ပါးစပ်ရဲ့အနောက်…. အသက်ရှူလမ်းကြောင်းတစ်နေရာရာမှာ …. ပိတ်နေလို့ဖြစ်ပြီး ပေါ့ပေါ့ဆဆ မယူဆသင့်ပါဘူး..။ လျှာနဲ့ လည်ချောင်းရဲ့ တစ်နေရာရာက ကြွက်သားတွေ ပျော့တွဲနေတဲ့အခါ… ပါးစပ်နဲ့လည်ချောင်းမှာရှိတဲ့ ကြွက်သားမှာ တစ်ရှူးထုထည်များနေတဲ့အခါ… လည်ပင်းမှာ အဆီပိုတွေများနေတဲ့အခါ….နှာခေါင်းရောင်ယမ်းတာ ဒါမှမဟုတ် နှာခေါင်းထဲမှာ အဖုအကြိတ်တစ်ခုခုရှိနေတာ…နှာခေါင်းအကန့်စောင်းတာမျိူးကြောင့်လဲ ဟောက်တာဖြစ်နိုင်ပါတယ်..။ ကလေးတွေမှာ ဟောက်တယ်ဆိုရင်တော့… အာသီးယောင်တာ… ဒါမှမဟုတ် adenoid လို့ခေါ်တဲ့…နှာခေါင်းအနောက်က ပြန်ရည်တစ်သျှူးရောင်ယမ်းတာကြောင့် ဖြစ်ဖို့များပါတယ်..။ ဘာလို့ပေါ့ပေါ့ဆဆသဘောမထားသင့်တာလဲ ဟောက်တာဟာ ဖြစ်လေ့ရှိပါတယ်ဆိုပြီး ပေါ့ပေါ့ဆဆ သဘောမထားသင့်တဲ့အကြောင်းအရင်းေတွအများကြီးရှိပါတယ်..။ တကယ်တော့  ဟောက်တာဟာ အသက်ရှူရပ်တာနဲ့ တွဲတတ်ပြီး OSA လို့ခေါ်တဲ့ ရောဂါကြီးရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်…။ ဒီရောဂါကြောင့်…လူမှူရေးမှာလဲ ပြသနာတွေအများကြီး ကြုံနိုင်သလို….. ခန္ဒာကိုယ်ကျန်းမာရေးကိုလဲ သင်ထင်ထားတာထက်ပိုပြီး ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်.။ သွေးတိုး… […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း