ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဂျုံနဲ့ လုပ်ထားတဲ့အစားအစာတွေစားခြင်းရဲ့ အကျိုးကျေးဇူးများ

ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ချင်တာကြောင့် အဆီကျဆေးတွေသောက်ဖို့ စဉ်းစားနေပြီလား

အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓါကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓါကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကိုသောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ အလွယ်ကူဆုံးသော ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေက ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ - ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ - မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကိုလျော့နည်းစေနိုင်ပါတယ်။ အချိုရည်တွေကိုရှောင်ပါ - အချိုရည်တွေက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့

ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maximaပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။ အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေက ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် မဂ္ဂနိ့ ဗီတာမင် C ကယ်လ်ဆီယမ် ဆီလီနီယမ် တို့ပါဝင်နေပါတယ်။ ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့

မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။ မုန်လာဥနီမှာ ပါဝင်တဲ့ အာဟာရဓါတ်များ မုန်လာဥနီမှာ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပိန်ဖို့ကြိုးစားနေတယ်ဆိုရင် ဒီအစားအစာတွေရှောင်စားပါ

ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hellosayarwon ကနေ မျှဝေပေးမယ်နော်။ အာလူးကြော်အပါအဝင် ဆီကြော်မုန့်များ ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေ တက်စေပြီး ဝတာတွေ ဖြစ်စေနိုင်ပါတယ်။ အချိုလွန်ကဲတဲ့ အချိုရည်များ အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓာတ်များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ပေါင်မုန့်အဖြူ ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှု မြင့်မားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် အစားအစာများ

ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေးကိစ္စတွေကိုပါ လစ်ဟင်းစေပါတယ်။ ခေါင်းကိုက်တာ အချိန်ကြာလာရင် စိတ်ဖိစီးမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့အတွက် ဆေးတွေ မသောက်ချင်ဘူးဆိုရင်တော့ အရင်ဆုံး အစားအစာတွေ စားပြီး သက်သာအောင် လုပ်ကြည့်လို့ ရပါတယ်။ ဟင်းနုနွယ်ရွက် သွေးဖိအား ကျခြင်းကြောင့် ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်က အကောင်းဆုံး အစားအစာ တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်ကို ကြော်စားခြင်း၊ စွပ်ပြုတ်နဲ့ အသုပ်သုပ်တာတွေ လုပ်စားလို့ ရပါတယ်။ ကော်ဖီ ကော်ဖီအများကြီး သောက်တာက ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး ခေါင်းကိုက်စေတယ်ဆိုပေမယ့် ကော်ဖီတစ်ခွက်လောက် သောက်တာကတော့ ခေါင်းကိုက်နေချိန်မှာ သွေးဖိအား ကျဆင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဖိအားကျဆင်းလို့ ခေါင်းကိုက်တာဆိုရင် ကော်ဖီတခွက်လောက်တော့ သောက်နိုင်ပါတယ်။ ဆန်လုံးညို ဆန်လုံးညိုမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ မဂ္ဂနီစီယမ်တွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အသီးအရွက်သုပ် စားပေးဖို့ လိုအပ်တဲ့အကြောင်းအရင်း

အသီးအရွက်သုပ် လို့ ပြောလိုက်ရင် ဘယ်လိုအသီးအရွက်မျိုးသုပ်တာကို ပြေးမြင်ကြလဲ။ ဘယ်လိုအသီးအရွက်မျိုးမဆို သုပ်စားလို့ ရတာများပါတယ်။ သင်္ဘောသီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလပ်ရိုး၊ မန်ကျည်းရွက်သုပ်၊ ငှက်ပျောဖူးသုပ် အစရှိသလို အများကြီးပါပဲ။ ဒီလို အသီးအရွက်သုပ်လေးတွေကို ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်စားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသီးအရွက်သုပ်တွေက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများတာကြောင့်ပါ။ ဘာတွေလဲ ဖတ်ကြည့်ပါဦးနော်။ ပရိုတင်း အသီးအရွက်သုပ်တွေမှာပါတဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အသားတွေ စားမယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ပရိုတင်းဓာတ် ရချင်တယ်ဆိုရင်တော့ အသီးအရွက်သုပ်လေးတွေ စားပေးပါ။ ဓာတ်တိုးဆန့်ကျင်မှု အသီးအရွက်သုပ်တော်တော်များများမှာ ဓာတ်တိုးဆန့်ကျင်မှု ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် အေနဲ့ စီတွေ လုံလုံလောက်လောက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပေါင်မုန့်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအာနိသင်

ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ ပေါင်မုန့်ကို မနက်စာအဖြစ် စားကြပြီး နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားပါတယ်။ အရသာ အမျိုးမျိုးနဲ့ စားလို့ရတဲ့ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါဦးနော်။ အားပြည့်စေခြင်း ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ အစာခြေဖျက်ခြင်း ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး အဆီလွတ် ဒါမှမဟုတ် ဂလူတမ်လွတ်အစားအစာဆိုရုံနဲ့ ကယ်လိုရီတွေနည်းတယ်လို့ မဆိုလိုပါဘူး။ ပြုပြင်စီရင်ထားတဲ့အစားအစာ၊ အားလူးကြော်နဲ့ ချိုချဉ်တွေက ကျန်းမာရေးနဲ့မညီကြောင်း လူအများစုသိပြီးသားပါ။ အာလူးကြော်နဲ့ရေခဲမုန့်တွေအစား ခွံမာသီးနဲ့သစ်သီးခြောက်စားတာက ကျန်းမာရေးနဲ့ပိုညီပါတယ်။ တစ်ချို့ကတော့ အရွက်သုပ်စားတာတို့ ဂလူတမ်လွတ်အာလူးကြော်အတွက် ပိုက်ဆံပိုပေးတာတို့ လုပ်ကြသေးတယ်။ ဒါတွေကို ကယ်လိုရီနည်းပြီး စိတ်သန့်သန့်စားရတယ်လို့ အထင်ရှိကြတယ်။ စကားပုံအတိုင်းပဲ စာအုပ်အဖုံးပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့ဦး။ ဒါကြောင့် ပိုမိုကျန်းမာအောင်ရွေးချယ်ချင်တယ်ဆိုရင်တော့ စူပါမားကတ်က ဆိုထားတဲ့အညွှန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီမှာ ကယ်လိုရီမြင့်နေမယ်လို့ ထင်မထားတဲ့ အစာ ၈ မျိုးကို ပြောပြပါမယ်။ Smoothies ကျန်းမာမှုကိုစွဲလမ်းသူတွေက bubble tea တွေအစား health shake တို့ Smoothies တို့ကိုရွေးချယ်ကြတယ်။ Bubble tea တွေထက် အာဟာရပိုတာမှန်ပေမယ့် Smoothies တွေက သကြားပိုပါပါတယ်။ အန္တရာယ်မရှိတဲ့ဘယ်ရီ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း