ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ

အခြားဗီတာမင်တွေလိုပင် ခန္ဓါကိုယ်က ဗီတာမင်စီကို မထုတ်လုပ်လုပ်နိုင်ပါဘူး။ ထိှုဗီတာမင်ကို အက်စ်စကောဗစ်အက်စစ်လို့လဲ ခေါ်နိုင်ပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်မှာပါ။ ခန္ဓါကိုယ်အတွက် အရေးကြီးသော သံဓါတ်စုပ်ယူနိုင်မှုမှာ ဗီတာမင်စီ လိုအပ်ပါတယ်။ သံဓါတ်က အောက်စီဂျင်တွေကို သယ်ဆောင်ပေးသော ဟီမိုဂလိုဘင်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဗီတာမင်စီကိုယ်တိုင်ကလည်း သွေးနီဥထုတ်လုပ်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းက သွေးနီဥနည်းခြင်း ဒါမှမဟုတ် သွေးအားနည်းရောဂါကို ဖြစ်စေမှာပါ။ ဗီတာမင်စီရရှိနိုင်မယ့် အစားအစာတွေကတော့ သစ်သီးသစ်ရွက်တွေ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အသီးတွေပဲဖြစ်ပါတယ်။ ရှောက်မျိုးနွယ်အသီးတွေဟာ လိမ္မော်သီး၊ စပျစ်သီးနဲ့ အလားတူအသီးတွေပါပဲ။ စည်သွတ်အသီးတွေထက် လတ်ဆတ်သော ဒါမှမဟုတ် ရေခဲရိုက်ထားသော အသီးတွေ၊ ဖျော်ရည်တွေက ဗီတာမင်စီပိုပါဝင်ပါတယ်။ စားတဲ့အစားအစာတွေကနေ အလုံအလောက်မရရှိရင် ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ခန္ဓါကိုယ်ဟာ အစားအစာတွေကနေ ဗီတာမင်စီမစုပ်ယူနိုင်တဲ့အခါမှာ ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်မှု ကျဆင်းသွားမှာပါ။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်စီချို့တဲ့မှုကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင်စီက အရေပြားကို ဘာလို့ ဝင်းပစေတာလဲ

ဗီတာမင်စီသည် သင့်ကျန်းမာရေးသာမက သင့်အရေပြားအတွက်အဓိကလိုအပ်သောအာဟာရတစ်ခုဖြစ်သည်။ ဗီတာမင်စီ ထုတ်ကုန်မျိုးစုံရှိလာပြီး သင်အရေပြားကာကွယ်ရန် ပြန်လည်နုပျိုရန် နှင့်အရေးကြီးဆုံး အရေပြားကိုဖြူလာစေနိုင်သည်။ ဒါက တကယ်ပဲလား။ ဗီတာမင်စီက ဘယ်လိုအရေပြားကိုတောက်ပစေသလဲ။ ဗီတာမင်စီဆိုတာဘာလဲ? ပထမဆုံးအရာက ဗီတာမင်စီဆိုတာဘာလဲသိရန်လိုအပ်သည်။ ဗီတာမင်စီကိုအက်ကိုးဗစ်အက်စစ်ဟုလည်းခေါ်ပြီး ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်တစ်မျိုးဖြစ်သည်။ အရိုး အရွတ် ကြွက်သား နှင့်သွေးကြောများတွင်လိုအပ်သော ကောလန်းဂျင်းကိုဖြစ်ပေါ်စေသည်။ ထိုပြင် ဗီတာမင်စီသည် ဓါတ်တိုးပစ္စည်းဆန့်ကျင်နိုင်သောအရာအဖြစ်လဲသတ်မှတ်နိုင်သည်။ သင့်အရေပြားကိုဖျက်ဆီးသော အသက်ကြီးလာစေသော ရေဒီကယ်အလွတ်များကိုဓါတ်ပြယ်စေသည်။ လူတို့သည် ဗီတာမင်စီကိုကိုယ့်ဟာကို မတည်ဆောက်နိုင်ပါ ထို့ကြောင့်အစားအသောက်မှ အကူအညီယူရသည်။ ဗီတာမင်စီကို အသီးအရွတ်များစားခြင်း အဓိကအားဖြင့် စစ်တရက်အသီးများ ဥပမာ သံပရာသီးလိမ္မော်သီးများမှရသည်။ အချို့ကိစ္စများတွင် သင့်ခန္ဓါကိုယ်မှလိုအပ်ချက်ကို ဆေးခဲ သို့မဟုတ် အရည်ဖြည့်စွက်ချက်များမှရသည်။   ဗီတာမင်စီက အရေပြားကိုဘယ်လိုပိုတောက်ပစေသလဲ။ သင့်အရေပြားအရောင်ကို မယ်လနင်ဟုခေါ်သောဆိုးဆေး -မယ်လနိုစိုက်များဖြင့်လုပ်ထားသော- အရေပြားအတွင်းတွင်ရှိသော အရာများဖြင့်လုပ်ထားသည်။ မယ်လနိုစိုက်သည် အမိုင်နိုအက်စ် တိုင်ရိုစင်းကို အင်ဇိုင်းတိုင်ရိုစိုင်းနေ့ သုံး၍ မယ်လနင်သို့ပြောင်းစေသည်။ သင့်အရေပြားမှမယ်လနင်များများထွက်လေလေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဂလူတာသိုင်းအုန်းအကြောင်း တစေ့တစောင်း

ဂလူတာသိုင်းအုန်းသည် အရေပြားပေါ်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကြောင့်ပို၍ပို၍လူသိများလာသည်။ ဓါတုဓါတ်တိုးဆန့်ကျင်သောအရာများ၏ခေါင်ချုပ်ဖြစ်ပြီး အရေပြားဖြူလိုပါက အရေးပါဆုံးအရာလည်းဖြစ်သည်။ သို့သော် ဂလူတာသိုင်းအုန်းအကြောင်းသီးသန့်တော့မဟုတ်ပါ။ ဂလူတာသိုင်းအုန်းဆိုတာဘာလဲ။ ဂလူတာသိုင်အုန်းသည် ခန္ဓါကိုယ်မှထုတ်သောအလွန်စိတ်ဝင်စားစရာကောင်းပြိး အလွန်သေးငယ်သောမောလီကျူးဖြစ်သည်။ တကယ်တော့ ဂလူတာသိုင်းအုန်းကို ခန္ဓါကိုယ်ရှိဆဲလ်တိုင်းတွင်တွေ့နိုင်သည်။ အရေးပါဆုံးသော ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ခြင်းမှာ ဆဲလ်အတွင်းတိုင်းတွင်ရနိုင်သောကြောင်ဖြစ်သည်။ အရေပြားကိုဂရုစိုက်ရာတွင် ဗီတာမင်စီနှင့် ဗီတာမင်အီးကိုသင့်စိတ်တွင်အရင်ရောက်နိုင်သည်။ သို့သော်ဂလူတာသိုင်အုန်းသည် ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းသည်မိခင်ကြီးဖြစ်သည်။ ဗီတာမင်စီနှင့် အီးသည် ဆဲလ်အတွင်းဖြစ်ပြီး ပျက်စီးခြင်းကိုဖြစ်စေတတ်သော ရေဒီကယ်အလွတ်ကိုဓါတ်ပြယ်စေခြင်းကြောင့်ကျန်းမာရေးကိုကောင်းစေသည်။ ဂလူတာသိုင်အုန်းက ဆဲလ်ထဲတွင်ရှိပြီး ရေဒီကယ်များကို ဓါတ်ပြယ်စေသည့်အပြင် ခုခံအားစနစ်ဆဲလ်တွင်နေပြီး ရောဂါများကိုတိုက်ထုတ်ပေးသည်။ ဂလူတာသိုင်အုန်းကိုအစားအစာကနေဘယ်လိုရမလဲ။ အစားအစာစားခြင်းဖြင့်အလွယ်တကူရနိုင်သည်။ ဂလူတာသိုင်အုန်းရနိုင်သောအစာများစွာရှိသည်။ ထောပတ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းသစ်ကြံပိုးခေါက် နှင့် အရွတ်တော်တော်များများ ဥပမာပန်းမုန်လာမျိုး ဂေါ်ဖီ ဟင်းနုနွယ် အသားစသည်တို့မှရနိုင်သည်။ ပုံမှန်အားဖြင့်သင်နေ့တိုင်းစားနေသောအစာမှတစ်ဆင့် ဂလူတာသိုင်အုန်းကိုရသည်။ သင်အစာတွင် လတ်ဆတ်သောအသီးအရွတ် အသားများဖြင့်စားခြင်းမှ သင့်ခန္ဓါကိုယ်မှလိုအပ်သောဂလူတာသိုင်အုန်းကိုရစေသည်။ ဂလူတာသိုင်အုန်းကိုရောဂါကာကွယ်ရန်စသုံးသည်။ ဂလူတာသိုင်အုန်းကို အရေပြားဖြူရန်ဂရုစိုက်ရန်အကောင်းဆုံးပါဝင်ပစ္စည်းအဖြစ်လူသိများသော်လည်း အရင်က ဂျပန်ဆရာဝန်များက အသဲအင်ဇိုင်းများ ထိန်းရန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေစိုပြည်လှပအောင် ဘာတွေစားရမလဲ

အလှကုန်ပစ္စည်းများ သုံးစွဲတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ စားပေးခြင်းဟာ အသားအရေကို စိုပြည်လှပစေပါတယ်။ အောက်ဖော်ပါ အစားအစာများကို လေ့လာကြည့်ပါ။ ပရိုတိန်းနှင့် အဆီဓါတ် အသားအရေ စိုပြည်လှပစေဖို့ ပရိုတိန်းနဲ့ အဆီဓါတ်ကို လိုအပ်ပါတယ်။ ငါး၊ ဥများ၊ ကြက်သား၊ အမဲသား စတာတွေစားသုံးရင် ပရိုတိန်းဓါတ်များစွာ ရရှိစေပါတယ်။ ဒါ့အပြင် အသားအရေစိုပြည်ဖို့ အဆီဓါတ်ကိုလည်း လိုအပ်ပါသေးတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး စတာတွေအပြင် ပဲပိစပ်၊ သစ်ကြားသီးစေ့၊ မက်မွန်စေ့ စတာတွေမှာ အဆီဓါတ် ပါဝင်ပါတယ်။ ငါးများဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများအတွက် ရင်းမြစ်ကောင်းဖြစ်ရုံသာမက အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီပရိုတိန်းတွေဟာ ဆဲလ်တွေကို ပြုပြင်နိုင်ပြီး ဆဲလ်အကာမြှေးတွေကို ထိန်းသိမ်းပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (EFA) တွေကို ထုတ်လုပ်ပေးပါတယ်။ EFA များဟာ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တာမို့ သူတို့တောင့်တင်းလေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်

အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသားဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးကသွေးတွင်းဂလူးကို့စ် ပမာဏကိုလျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓါကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓါကိုယ်အလေးချိန်လျှော့ကျဖို့ ကူညီပေးပါတယ်။ ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေကောင်းမွန်စွာ ပါဝင်တာမို့hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

အခွံညိုညိုအရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူအမြွှာလေးရှိတဲ့ မင်းကွတ်သီးကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီးအဖြစ် စားကြပါတယ်။နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။   ကယ်လိုရီနည်းခြင်း မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓါကိုယ် အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်ခြင်း မင်းကွတ်သီးမှာ ဗီတာမင်စီပါဝင်ခြင်းဟာ အအေးမိဖျားနာခြင်းလိုမျိုးပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓါကိုယ်ထဲမှာ ဆဲလ်အသစ်တွေပေါ်ပေါက်လာစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ

ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ဆိုရင် အာဟာရြပည့်ဝမှုရှိဖို့လိုပါမယ်။ လိုအပ်တဲ့ အာဟာရတွေပြည့်ဝဖို့အတွက်အရေးအကြီးဆုံးက ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ အစာခြေစနစ်ကျန်းမာအောင် အစားအသောက်တွေကို ဂရုတစိုက်စားသုံးဖို့လိုအပ်ပါတယ်။ Probiotics ဆိုတာ Probiotics ဆိုတာ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အဓိကကတော့အစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးတာပါ။ လူတော်တော်များများက ဘက်တီးရီးယားဆိုရင်ရောဂြါဖစ်စေမယ်လို့ပဲ ယူဆထားကြတာပါ။ ဒါပေမယ့် သက်ရှိဘက်တီးရီးယားဖြစ်တဲ့Probiotics ကတော့ ခန္ဓါကိုယ်ကို ထိခိုက်စေတာမဟုတ်ဘဲ အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လူ့ခန္ဓါကိုယ်ဟာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေရောပြည့်နှက်နေတာပါ။Probiotics ကတော့ အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး အစာအိမ်အူလမ်းကြောင်းကို ကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။ Probiotics အမျိုးအစားတွေ Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံး အစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့ အသီး တစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာ ကိုတော့ သိသူရှားပါတယ်။ သရက်သီး ဆိုတာ သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ဖက်သုပ်လေးစားကြမယ်

မိုးအေးအေးမှာ လက်ဖက်သုပ်လေး စားရင်း ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။ လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်္ကြန်တွင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မယ်

သင်္ကြန်ရောက်ဖို့ တစ်ရက်လောက်ပဲလိုတော့တယ်နော်။ သင်္ကြန်အတွက် အစီအစဉ်တွေတောင်ဆွဲပြီးလောက်ရောပေါ့။ လည်မယ့်သူဆိုရင်လည်း ဘယ်လိုလည်မယ်၊ မဏ္ဍပ်ထိုင်မယ်ဆိုရင်လည်း ဘယ်မှာထိုင်မယ်ပေါ့။ ဒီဆွဲထားတဲ့အစီအစဉ်ထဲမှာ ဘယ်လို စားသောက်မလဲဆိုတာရောပါရဲ့လား။ သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အစားအသောက်နဲ့ အခြားသောသတိထားရမယ့်အချက်တွေကတော်တော်လေးများပါတယ်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေရှောင်ပါ သင်္ကြန်မှာ အစားအစာတွေက အပြင်စာတွေစားမိဖို့ပိုများပါတယ်။ ဒါတွေတင်ပဲလားဆိုတာမဟုတ်ပါဘူး။မြန်မာလူမျိုးတွေရဲ့ ရိုးရာအတိုင်း နှစ်သစ်ကူးပွဲတော်ချိန်ခါမှာ စတုဒီသာတွေကျွေးမွေးတာကို စားဖြစ်နိုင်ပါတယ်။ သင်္ကြန်တွင်းအစားအသောက်တိုင်းကဘေးမကင်းဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့်တော်တော်များများကတော့ သန့်ရှင်းမှုအားနည်းနိုင်ပါတယ်။ သြက်န်မဏ္ဍပ်ထိုင်တဲ့သူတွေအနေနဲ့ကလည်း မဏ္ဍပ်ကကျွေးတာနဲ့ အနီးအပါးမှာ အလွယ်တကူဝယ်လို့ရတာကို စားမိတာမျိုးဖြစ်နိုင်ပါတယ်။လျှောက်လည်မယ့် သူတွေကျပြန်တော့လည်း သွားရင်းလာရင်းတွေ့တဲ့နေရာမှာ အဆင်သင့်သလို ဝယ်စားလိုက်တာမျိုးရှိနိုင်ပါတယ်။ တတ်နိုင်ရင်ပြင်ပအစားအသောက်တွေက အနံ့တစ်ခုခုရှိနေလား ဒါမှမဟုတ်ပုံမှန် မဟုတ်တဲ့ အရသာတစ်မျိုးမျိုးရှိနေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ပါ။ အနံ့အရသာပုံမှန်မဟုတ်တာမျိုးဖြစ်နေရင် မစားဖို့အကြံပြုပါရစေ။ မသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် ဝမ်းလျှောတာ၊ ဖျားနာတာ၊အော့အန်တာ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း