ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေ ဘာတွေ စားပေးသင့်လဲ ။ ။

သိုင်းရွိုက်ဟော်မုန်းများခြင်းဆိုတာကို အားလုံးသိကြမှာပါ။ လည်ပင်းကြီး ရောဂါလို့လည်း လူသိများကြပါတယ်။ ဒီလို လည်ပင်းကြီးပြီး သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ဆေးကုသမှုခံယူရင် အကြာကြီးခံယူရပြီး ဆေးကို အကြာကြီးစွဲသောက်ရလေ့ရှိပါတယ်။ ဆေးသောက်ရုံနဲ့တင်မပြီးသေးပါဘူး။ ကိုယ်စားတဲ့ အစားအသောက်တွေကလည်း သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်ဆိုတာကို သင်သိပါသလား။ ဒါဆို သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက် စားပေးသင့်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများရင် ဘယ်လို လက္ခဏာတွေရှိမလဲ ။ ။ သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတစ်ယောက်ဟာ ရင်တုန်မယ် ဝမ်းလျှောမယ် ကိုယ်အလေးချိန် ကျနေမယ် စိတ်တိုလွယ်ပြီး စိတ်မရှည်ဘူး အပူဒဏ်ကို မခံနိုင်ဘူး စတဲ့ လက္ခဏာတွေရှိတတ်ပါတယ် ။ ဒီလို လက္ခဏာတွေက ဖတ်လိုက်ရင် သိပ်မဆိုးဘူးလို့ ထင်ရပေမယ့် တကယ်ခံစားနေရတဲ့သူတွေ အတွက်တော့ တော်တော်ကြီးကိုခံရခက်တဲ့ ဝေဒနာတွေပါ။ ဒီလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ

အစေ့အဆန်တွေမှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့ အဆီအနှစ်၊ အာဟာရတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လိုက်စားသူတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အစေ့အဆန်ဟာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အစေ့အဆန်တွေထဲမှာမှ အရသာလည်း ရှိပြီး အာဟာရဓါတ်များစွာ ပေးစွမ်းနိုင်တဲ့ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ အော်လ်မွန်စေ့မှာ လူ့ခန္ဓါကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင် B ၊ ဗီတာမင် E ၊ သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စရပ်စ်၊ ကစီဓါတ်အနည်းငယ်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီသန့်၊ ကယ်လိုရီဓါတ်တွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓါ မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓါကို ဘယ်လိုတွေ ဒုက္ခပေးနိုင်လဲ ။ ။ ရေခဲမုန့်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ။ ။ ရေခဲမုန့်ကြောင့် သင် အဝလွန်ခြင်း ဖြစ်ပါတယ်။ ။ ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့ သကြားတွေ၊ နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာ ကယ်လိုရီ ၁၀၀၀ တောင်ပါပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓါထဲများများဝင်လေ ပိုဝလာလေလေပါပဲ။ သကြားဓါတ်ပါဝင်မှု မြင့်ပါတယ်။ ။ ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့် သကြားတွေ အများကြီးပါမယ်ဆိုတာ ပြေးကြည့်စရာတောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေလေး ဝါဝါဝင်းချင်လို့ကတော့ ရွှေဖရုံသီးသာ စားပေတော့ဗျို့။ ။

ဝါဝါဝင်းဝင်းလေးနဲ့ စိမ့်ပြီး စားလို့ကောင်းလှတဲ့ ရွေဖရုံသီးဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ကိုယ်တွေနဲ့ မစိမ်းတဲ့ ဟင်းပွဲတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရှိလဲဆိုတာ သိထားတော့ ပိုကောင်းတာပေါ့နော်။ ရွှေဖရုံသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုမှုများ ။ ။ အာဟာရဓါတ်များစွာနဲ့ ဗီတာမင် A တွေ ကြွယ်ဝစွာပါပါတယ်။ ။ ဗီတာမင် A အများကြီးပါတဲ့ ဒီ ရွှေဖရုံသီးမှာ အခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ များစွာပါတဲ့အပြင် ကယ်လိုရီ ၄၉ လောက်ပဲပါတာကြောင့် ဝိတ်ချနေတဲ့သူတွေ ထိပ်ဆုံးက စားသင့်တဲ့အစားအသောက်တစ်ခုပါ။ ဒါ့အပြင် မျက်စိကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ beta-carotene တွေလည်း အများဆုံးပါတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် အမြင်အာရုံ မကြည်မလင် ဖြစ်နေသူတွေ စားပေးသင့်တဲ့ ရွှေဖရုံသီးပါ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါပါတယ်။ ။ အသီးအနှံတိုင်းကတော့ ဓါတ်တိုးဆန့်ကျင်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

နို့လို့ ပြောလိုက်တယ်ဆိုရင် လူတော်တော်များများ ပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ ဆိတ်နို့ ၊ ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။ ဆိတ်နို့ အကြောင်း တစ်စေ့တစောင်း ဆိတ်နို့ က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း တော်တော်လေးများပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့ နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဆိုဒီယမ်တို့ ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်တို့လိုမျိုး သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ

ကီဖာ (Kafir) ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့ကနေ အချဉ်ဖောက်ထားတဲ့သောက်စရာတမျိုးပါ။ နို့ထဲကို ကီဖာစေ့လေးတွေထည့်ပြီးဖောက်ရတာဖြစ်ပါတယ်။ ကီဖာအကြောင်းကို သိတဲ့သူတွေသိကြပါတယ်။ အွန်လိုင်းမှာတောင် ကီဖာအကြောင်းဝေမျှကြ၊ ကီဖာတွေ မျှပေးကြတဲ့ ဂရုတွေရှိပါသေးတယ်။ စိမ်ထားပြီး ၂၄ နာရီအတွင်းမှာ ကီဖာစေ့ထဲက အဏုဇီဝပိုးလေးတွေ ပွားလာပြီး နို့ထဲကသကြားနဲ့ အချဉ်ပေါက်လာတယ်၊ ကီဖာဖြစ်သွားတယ်ပေါ့။ပြီးရင် ကီဖာစေ့ကိုအရည်ထဲကဆယ်ထုတ်ထားပြီးနောက်တစ်ကြိမ်ထပ်သုံးလို့ရပါတယ်။ ကီဖာဆိုတာ ကီဖာစေ့တွေစိမ်ထားတဲ့အရည်သာဖြစ်ပြီး ကီဖာစေ့တွေကိုတော့ ထပ်ထပ်ပွားဖို့ သုံးရတာဖြစ်ပါတယ်။ အရှေ့ဥရောပဘက်ကနေ စတင်အသုံးပြုလာတဲ့ ကီဖာ (Kefir)ဆိုတဲ့အမည်က keyif ဆိုတဲ့တူရကီဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စားပြီးရင်နေလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကီဖာစေ့ရဲ့ lactic acid ဘက်တီးရီးယားက နို့ရဲ့lactose ကိုlactic acid အဖြစ်ပြောင်းလဲစေတာကြောင့် သူ့အရသာက ဒိန်ချဉ်လို အရသာလေးဖြစ်ပါတယ်။ ကီဖာက ဘာအတွက်ကောင်းတာလဲ အာဟာရဓါတ်တွေအများကြီးပါဝင်တယ် ကီဖာ ၁၇၅ မီလီတစ်ခွက်စာမှာ - ပရိုတင်း ကယ်လ်စီယမ် ဖော့စ်ဖရပ်စ် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် လျှော့နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စားနည်းလမ်းအချို့

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာလည်း တော်တော်များများဆီကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု) တွေ အများကြီးလိုပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့ (၁) မနက်စာ၊ နေ့လယ်စာ၊ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာလေ ဗိုက်ပြည့်သွားပြီဆိုတဲ့ ခံစားချက်ဖြစ်လေ ဖြစ်တဲ့အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ်အလိုလိုပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။ (၂) ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။ ဇွန်း၊ ခက်ရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အဆီစားပြီး ဝိတ်ချတဲ့နည်း သင်သိပြီးပြီလား

အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ပြီး ပရိုတင်းနဲ့ အဆီဓါတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။ ဘယ်သူတွေအတွက်သုံးတဲ့နည်းလဲ ကီတိုနည်းကို ကိုယ်အလေးချိန်ကျဖို့အသုံးများကြပေမယ့် အတက်ရောဂါ အပါအဝင်ရောဂါတချို့အတွက်ကုသတဲ့နေရာမှာ သုံးကြပါတယ်။ နှလုံးရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေအပြင် ဝက်ခြံအတွက်ပါ အကျိုးဖြစ်စေတဲ့နည်းဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေအတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓါကိုယ်က ခွန်အားအဖြစ်ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကိုအသုံးပြုနိုင်ဖို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေထိန်းစားစား ကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။ အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံဆိုတာ ကိုယ်အလေးချိန်အပေါ်ကို အများကြီးသက်ရောက်မှုရှိတဲ့ အရာတစ်ခုပါ။ ကဲ ဝိတ်ကျပြီး ဘယ်တော့မှ ပြန်မတက်ဖို့ မနက်တိုင်း လုပ်ပေးသင့်တဲ့ အရာတွေ ဘာတွေလဲ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ။ ဝိတ်ကျစေဖို့ မနက်တိုင်း ဒါလေးတွေကို ပုံမှန် လုပ်ပေးပါ။ ၁ ။ ပရိုတင်းများများပါတဲ့ မနက်စာကို ရွေးစားပါ။  ဝိတ်တော့ ကျချင်ပါရဲ့။ စားတဲ့မနက်စာက ပလာတာ၊ စမူဆာ၊ နန်းကြီးသုတ်၊ ထမင်းကြော်တွေ ဆိုလို့ကတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics က ကောင်းလား၊ မကောင်းဘူးလား

အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probiotics က ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။ Probiotics ဆိုတာဘာလဲ တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probioticsဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း