ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာလုံး အားအင်ပြည့်နေစေဖို့ စားပေးသင့်တဲ့ အစားအသောက်များ ။ ။

တစ်နေ့တာလုံး လန်းဆန်းအားပြည့်စေဖို့အတွက် ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီတော့ တစ်နေ့တာလုံး အားအင်ပြည့်ပြီး လန်းဆန်းနေအောင် ဘယ်လို အစားအသောက်တွေ စားပေးသင့်လဲ ။ ။ ရေ ။ ။ ရေ အသက် တစ်မနက်လို့ ဆိုရလောက်အောင် ရေဆိုတာ သင့်ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်စာတစ်ခုပါ။ ကိုယ်တွင်းက ဆဲလ်တွေ စိုပြည်ဖို့၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့အတွက် ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ရေကို လုံလောက်အောင် မသောက်မိရင် ရေဓါတ်ခမ်းခြောက် ပြီး နုန်းချိသလို ခံစားရတတ်ပါတယ်။ Green Tea ( လက်ဖက်စိမ်းရည်) ။ ။ လက်ဖက်စိမ်းရည်ရဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် သင့်ကိုယ်ခန္ဓါမှာ ဖိစီးနေတဲ့ဖိစီးမှုတွေ အကုန်ပြေလျော့စေမှာ ဖြစ်တဲ့အပြင် ကဖင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။ အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင်စောင်းလျားသီးယို၊စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင်ကြွေသွားနိုင်ပါတယ်။စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေကဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကိုဈေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ဈေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ ... အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာ ဗီတာမင် C ကအများဆုံးဆိုပေမယ့် အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ဖောလိတ်၊ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

စတော်ဘယ်ရီချစ်သည်းရှင်တို့အတွက် သတင်းကောင်းလေးလာပါပြီ ။ ။

အသည်းပုံ ပုံစံ နီနီရဲရဲလေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ စတော်ဘယ်ရီသီးကို စားမလားလို့မေးရင် ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အရောင်အဆင်းနဲ့ ပုံပန်းသဏ္ဍန်လေးကလည်း လှသလို စားလိုက်ရင် ချိုချဉ်အရသာလေးရှိတဲ့ စတော်ဘယ်ရီသီးလေးက သင့်ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဆင်းသာမက အချင်းပါရှိတဲ့ စတော်ဘယ်ရီသီးလေးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေကို ကြည့်လိုက်ကြရအောင် ။ ။ စတော်ဘယ်ရီသီးကြောင့်ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ။ ။ ခုခံအားကို မြင့်တက်စေပါတယ်။ ။ ချိုချဉ် အရသာရှိတဲ့ စတော်ဘယ်ရီသီးမှာ ခုခံအားရဲ့ မဟာမိတ်တပ်သားတွေဖြစ်တဲ့ ဗီတာမင် C တွေအများကြီးပါတာကြောင့် စတော်ဘယ်ရီသီးများများစားလေ သင့်ခုခံအားမြင့်တက်လေလေ ရောဂါတွေ ကင်းစင်လေလေပါပဲ။ အမြင်အာရုံကို ကောင်းမွန်စေပါတယ် ။ ။ စတော်ဘယ်ရီမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေက အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်လုံးရေတိမ်စွဲတဲ့ ရောဂါကို တားဆီးပေးပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water

ပိန်မှ လှတယ်လို့ ထင်ကြတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အရာတွေထဲက တစ်ခုပါပဲ။ အလှအပအနေနဲ့ မကြည့်ပဲ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ အလွယ်တကူဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးတိုးအပြင် ကင်ဆာရောဂါ တစ်ချို့ပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်တယ်။ နောက်ပိုင်း ကိုယ်အလေးချိန် ကျလိုသူတွေကြားမှာ ရေပန်းစားလာတဲ့ အရာကတော့ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါပဲ။ မိန်းကလေးတွေကတော့ ကိုယ်အလေးချိန်ကျဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးအတွက် လုံးဝကို အကျိုးပြုတဲ့ ကော်ဖီတစ်ခုကို ဘယ်လိုဖန်တီးမလဲ ။ ။

ကော်ဖီဆိုတာ လူတိုင်း နှစ်သက်စွာ သောက်နေကျတဲ့ ရေပန်းအစားဆုံး သောက်စရာတစ်ခုပါ။ ဒီလိုကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတဲ့သူတွေလည်းရှိသလို ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဘယ်အရာမှ ကောင်းတာချည်းပဲ မရှိတဲ့အတွက် ကော်ဖီဟာ ကျန်းမာရေးအတွက်ကောင်းသလို ဆိုးကျိုးကိုလည်း ပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နေတဲ့ အရာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့ ဘယ်သူမှ မဖြစ်ချင်တဲ့အတွက် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သောက်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။ ။ ကျန်းမာရေးအတွက် အကျိုးပြုအောင် ကော်ဖီကို ဘယ်လိုသောက်ရမလဲ ။ ။ နေ့ခင်း ၂ နာရီနောက်ပိုင်း ကော်ဖီ မသောက်ပါနဲ့တော့ - ကော်ဖီဆိုတာ မနက်ပိုင်းအသောက်သင့်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ကဖင်းဓါတ် ကြောင့် သင်တစ်နေ့တာလုံး လန်းဆန်း နေဖို့ကို ကော်ဖီက တာဝန်ယူပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။ ထန်းသီးအကြောင်း သိပြီးပြီလား အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

အစာတစ်လုတ်ကို အခါ ၃၀ လောက် ဝါးစားသင့်တယ် ဆိုတဲ့အကြောင်းကို ငယ်ငယ်တုန်းက ကြားဖူးကောင် း ကြားခဲ့ဖူးပါလိမ့်မယ်။ ခက်တာက ကြားဖူးပြီး လိုက်မလုပ်ကြတဲ့သူ ၁၀၀ မှာ ၉၇ ယောက်လောက်ရှိနေပါတယ်။ အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ အဲလို အစားကိုသေချာ ကြေညက်အောင် ဝါးမစားရင်တဖြည်ဖြည်းချင်းနဲ သင့်အစာအိမ်ကျန်းမာရေး ပြဿနာတက်တတ်တယ်ဆိုတာ သင်သိပါသလား ။ အစားကို ဘယ်နှစ်ခေါက်လောက်ဝါးစားသင့်လဲ ။ ။ အစားကို ဝါးစားတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ ဘယ်အစားအသောက်ကိုမဆို ပျော့ပျောင်းသွားအောင် သွားတွေကို ကြိတ်ချေလိုက်တာဖြစ်ပါတယ်။ အစားကို ဝါးစားခြင်းဟာ အစာခြေစနစ်ရဲ့ ပထမဆုံး အလုပ် ဆိုလည်း မမှားပါဘူး။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျအားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ

ခုနေခါ ဝိတ်ချတော့မယ်လို့ အာရုံပြုလိုက်တာနဲ့ခေါင်းထဲတန်းပေါ်တာက ဂျင်မ်သွားကစားမယ်၊ ဂျင်မ်ဝတ်စုံတွေပြေးဝယ်မယ်ဆိုတာပါပဲ။ အဆီကျလှပအောင် ကစားမယ်၊ ဓါတ်ဖမ်းမယ်၊ စိတ်အားတက်ကြွမှုတွေနဲ့ပေါ့။ အစားလည်းလျှော့ကြပါရဲ့။ ဒါပေမယ့် သတိမထားမိကြတာက ဂျင်မ်သွားနေလျက်နဲ့ အဆီချခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မှားတွေလုပ်မိနေတာပါပဲ။ တချို့က ဂျင်မ်သွားနေတာပဲ ပြန်လောင်ကျွမ်းမှာပါဆိုပြီး အစားတွေစားတယ်။ တချို့ကျတော့ အစားရှောင်ပါတယ်၊ ဒါပေမယ့် ရွေးစားလိုက်တာတွေလည်း မှားယွင်းနေတာ မသိကြပါဘူး။ ဒါဆို ဂျင်မ်မသွားခင် ၊ အားကစားမလုပ်ခင်မှာ ဘာတွေမစားသင့်ဘူးလဲ ကြည့်ရအောင်။ အားကစားမလုပ်ခင် စားမိတတ်တဲ့ အဆိုးဆုံးအရာများ အမျှင်ဓါတ်များတဲ့ အသီးအရွက်တွေ ခန္ဓါကိုယ်မှာ အမျှင်ဓါတ်ကိုလိုအပ်တာမှန်ပေမယ့် အားကစားမလုပ်ခင်တော့ မစားသင့်ပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီပန်းတို့လို အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက အစာကြေဖို့မလွယ်သလိုလေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစာကြေလွယ်တာကို စားပါ။ အဆီများတဲ့ စားစရာတွေ အဆီတွေအားလုံးက မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုအကျိုးပြုတဲ့အဆီတွေရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်ခါနီးဆိုရင်တော့ ဘယ်အဆီဖြစ်ဖြစ် မသင့်တော်ပါဘူး။ အဆီကိုခွန်အားလောင်စာအဖြစ် ပြောင်းလဲလောင်ကျွမ်းဖို့ ခန္ဓါကိုယ်က […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အိမ်ရှင်မတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာချက်ပြုတ်ဖို့

ကျန်းမာရေးဆိုတာ လူသားတိုင်းရဲ့ နေ့စဉ် ဘဝအတွက် အလွန်အရေးကြီးပါတယ်။ တစ်အိမ်သားလုံးရဲ့ စားသောက်နေထိုင်မှုကို တာဝန်ယူထားရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတောင် ခေါင်းစားရပါတယ်။ နေ့တိုင်း ဟင်းတွေ မရိုးရလေအောင် ဘာတွေချက်ပြုတ်ရမလဲ။ ဈေးသွားတဲ့အခါ ဘာတွေ ဝယ်သင့်လဲ။ ကိုယ်ချက်လိုက်တဲ့ အစားအစာက ကိုယ့်မိသားစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ အာဟာရရှိတဲ့ အစားအစာ ချက်ပြုတ်ဖို့ ဘယ်လိုရွေးချယ်ပြင်ဆင်ကြမလဲ။ ဒီမေးခွန်းတွေဟာ အိမ်မှုကိစ္စအ၀၀ကို တာဝန်ယူနေရတဲ့ အိမ်ထောင်ရှင် မမတွေနဲ့ မေမေတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်တာဟာ ပေါ့သေးသေး အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့ခန္ဓါကိုယ်က နေ့စဉ် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ အလုပ်လုပ်နိုင်စေဖို့ ခွန်အားဖြစ်စေတဲ့ အရာတွေ၊ ကျန်းမာအသက်ရှည်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို နေ့စဉ် စားသုံးနေတဲ့ အစားအစာကနေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ

လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားဗျ။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေ ဆိုရင်လည်း ဝလာရင် ကြည့်ကောင်းမှာ ဆိုပြီး ပြောကြတယ်။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။ ကျန်းမာရေးအရ အဝလွန်ခြင်း၊ ပိန်လွန်းခြင်းတွေဟာ မကောင်းတဲ့ အရာတော့ မှန်ပေမယ့် အလှအပအတွက်ဆိုရင် ကိုယ့်ရဲ့ အသက်ပေါ် မူတည်ပြီး ရှိသင့်၊ ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ထိန်းထားဖို့တော့ လိုအပ်ပါတယ်။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်မြန်စေမယ့် နည်းလမ်းတွေ ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက် လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း