ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာ စားသောက်ခြင်း

အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်

အဆီချမယ်ဆို အစားလျှော့စားဖို့ပဲ နည်းလမ်းရှိတာမဟုတ်ပါဘူး။ စားသောက်မှုပုံစံကို ထိန်းလိုက်ရုံနဲ့ အငတ်ခံစရာမလိုဘဲ အဆီကျနိုင်တယ်လို့ရော သင်သိပါသလား။ တစ်နေ့တာအတွင်း အစားစောစောစားခြင်းက ဆာလောင်မှုကို မဖြစ်စေတော့ဘဲ အဆီကျခြင်းကိုမြန်စေတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူတော်တော်များများက ညနေစာမစားတာ၊ diet plan အတိုင်းစားသောက်တာတို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။ Intermittent fasting ဆိုတာ အချိန်ကြာကြာအစာမစားတဲ့ပုံစံနဲ့ အဆီချခြင်းဖြစ်ပါတယ်။ အစားကိုစောစားဖို့ ကန့်သတ်ချက်ဟာintermittent fasting တစ်မျိုးဖြစ်ပါတယ်။ မနက်ပိုင်းနဲ့နေ့လယ်အစောပိုင်းမှာ စားစရာရှိတာ အကုန်စားပြီး ကျန်တဲ့နေ့တစ်ဝက်လုံး ဘာမှမစားဘဲနေဖို့ဖြစ်ပါတယ်။ တကယ်တော့ ဥပုသ်စောင့်တာနဲ့ တူတူပါပဲ။ Obesity ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ အစာစားချိန်ကိုစောဖို့ ကန့်သတ်မှုဟာ စားချင်စိတ်ကိုတားဆီးပေးပြီး အဆီလောင်ကျွမ်းမှုကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒီသုတေသနရဲ့အဓိကရည်ရွယ်ချက်က ဒီအစာစားချိန်နည်းလမ်းတွေက စားချင်စိတ်ကိုလျှော့ချပေးပြီး ကယ်လိုရီတွေလောင်ကျွမ်းစေသလား၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးနိုင်သလားဆိုတာလေ့လာဖို့ပါလို့ သုတေသီတွေကပြောပါတယ်။ စောစောစားတာက စားချင်စိတ်ကို လျော့စေနိုင် ဒီသုတေသနမှာ ကျန်းမာရေးကောင်းပေမယ့် ကိုယ်အလေးချိန်များနေသူ (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း ၂၅ ကနေ ၃၅ အတွင်းရှိသူ) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပရိုတင်းပြည့်ဝစေဖို့ဘာကိုရွေးမလဲ.... အစားအသောက်လား....ပရိုတင်းဖြည့်စွက်စာတွေလား.....

အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပရိုတင်းဖြည့်စွက်စာတွေကအရင်ကထက်ပိုများလာတယ်နော်။ ခန္ဓာကိုယ်အားပြည့်နေစေဖို့တင်မဟုတ်ဘဲ ကြွက်သားတွေသန်မာစေဖို့အတွက်ပါ ပရိုတင်းဖြည့်စွက်စာတွေကိုအသုံးပြုလာကြပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိလာတာက ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေက တကယ်ပဲ လိုအပ်လားဆိုတာပါ။ ခန္ဓာကိုယ်က ပရိုတင်းကို ဘယ်လိုအသုံးပြုလဲ........... ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာရှိနေတာပါ။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက်လည်း ပရိုတင်းကိုတော်တော်လေးလိုအပ်ပါတယ်။ ပရိုတင်းမှာ ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေပါတယ်။ ပရိုတင်းစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေနေရာမှာအစားထိုးနိုင်မယ့် ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့၊ တစ်ရှူးတွေဖြစ်ပေါ်စေဖို့၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေအသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အဖြစ်ဖြိုခွဲအသုံးပြုမှာဖြစ်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပရိုတင်းလိုအပ်ချက်ကွာခြားမှုရှိလား.......... အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရကြောင့်ရော ကြွက်သားတွေကြောင့်ပါ အမျိုးသမီးတွေထက် ပရိုတင်းပမာဏပိုမိုလိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အမျိုးသားတစ်ယောက်ကတစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်နီးပါးလိုအပ်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးက တစ်နေ့တာမှာ ပရိုတင်း ၁၀၀ ဂရမ်နီးပါးလောက်စားသုံးနေကြပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မူးမော်ခြင်းနဲ့ အချဉ်ဓါတ်။ ။

ကားမူး၊ လှိုင်းမူးတဲ့အခါ ဘာဆေးမှ သောက်ခင် ရော့ သံပရာသီး လေးရှူ၊ လိမ္မော်သီး လေးစားဆိုတဲ့ အကြံပေးချက်တွေ မကြာခဏ ကြားဖူးမှာပါ။ း ချဉ်တဲ့ အသီးတွေ ၊ ဖျော်ရည်ချိုချဉ်ချဉ်လေးတွေ သောက်လိုက်ရင် တကယ်လည် မူးဝေတာ သက်သာသွားတယ်မလား ။ ဘာ့ကြောင့် ချဉ်တာလေးတွေ စားလိုက်ရင် မူးမော်တာတွေ သက်သာသွားလဲဆိုတာကိုရော တွေးဖူးကြလား။ ဒီတော့ ဗီတာမင် C နဲ့ မူးဝေတာနဲ့က ဘယ်လိုဆက်စပ်မှုများရှိလဲ ။ ။ အမူးသက်သာစေတဲ့သံပရာသီးတို့ လိမ္မော်သီးတို့ဆိုတာ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေပါ။ မူးဝေခြင်းတွေကို သက်သာစေတဲ့ ဗီတာမင် C ရဲ့ ဆောင်ရွက်ချက်ကို ပြောရမယ်ဆိုရင် Histamine အကြောင်း အရင်ပြောမှ ရပါလိမ့်မယ်။ Histamine ဆိုတာ nitrogenous compound တစ်မျိုးဖြစ်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချခြင်း နဲ့ ငှက်ပျောသီး

ငှက်ပျောသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ခပ်လတ်လတ်အရွယ်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓါတ် ၃ ဂရမ်ကျော် ပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် စားသုံးသင့်တဲ့အာဟာရထဲမှာ အမျှင်ဓါတ်က ၂၅ ဂရမ်လောက် ပါဝင်သင့်ပါတယ်။ အမျှင်ဓါတ်များများစားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းတို့ရဲ့ ဆက်နွှယ်မှုကို သုတေသနကတွေ့ရှိထားပါတယ်။ အမျင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကိုလည်းလျော့ကျစေတယ်၊ ပုံမှန်ထိန်းညှိပေးနိုင်တယ်။ အမျှင်ဓါတ်ကြောင့် လူကိုဗိုက်ပြည့်တင်းတိမ်စေပြီး ကယ်လိုရီစားသုံးမှုကိုလျော့နည်းစေနိုင်ပါတယ်။ ကိုလက်စထရောပမာဏကိုလည်း ကျစေပြီး နှလုံးရောဂါအန္တရာယ်လည်းလျော့နည်းစေပါတယ်။ ပိုတက်စီယမ် ခပ်လတ်လတ်အရွယ် ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၂၂ မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပိုတက်စီယမ်က ခန္ဓါကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးလို့သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့အပြင်ကျောက်မတည်အောင်လည်း ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်ပမာဏလည်း ပါဝင်မှုမနည်းပါဘူး။ ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် မဂ္ဂနီဆီယမ် ၃၂ မီလီဂရမ်လောက်ပါဝင်ပြီးဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏရဲ့ ၈ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခွန်အားဖြစ်ပေါ်မှု၊ အာရုံကြောစနစ်လုပ်ဆောင်ချက် နဲ့သွေးဖိအားထိန်းညှိမှု၊သွေးတွင်းသကြားဓါတ်ထိန်းညှိမှုတို့အတွက် မရှိမဖြစ်အရေးပါနေတာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းဖို့ဆန္ဒရှိနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုမရှိစေဘဲနေ့ရက်တိုင်းမှာပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို Helloဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ............. စိတ်ပျော်စေဖို့ ဘာတွေစားမလဲ............... စိတ်ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့ ဆယ်လ်မွန် ဆယ်လ်မွန်က ခန္ဓါကိုယ်အတွက် အာဟာရဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေနိုင်သလို ဆယ်လ်မွန်မှာပါတဲ့omega-3 fatty acids ကစိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ်မကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဟင်းနုနွယ် အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်က ခန္ဓါကိုယ်အတွက် သံဓါတ်ြဖည့်ပေးနိုင်သလိုဖောလစ်အက်ဆစ်ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရာတိုနင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်မှာပါ။ ကြက်သား ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။

ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံ ထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ ေသွးလွန်တုပ်ကွေး ၊ ရာသီတုပ်ကွေး ၊ ဆင်တုပ်ကွေးစတဲ့ အားလုံးသိကြတဲ့ တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ ရာသီတစ်ခုပေါ့။ နှစ်တိုင်း နှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့ ။ ြခင်ကိုက်တာကနေ ကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေ များနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာ ကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန် ကိုယ်ခံအားကို ဖြည့်ပေးမယ့် အစားအစာက အရေးကြီးလာပြီလေ။ ဆင်တုပ်ကွေးဆိုတာ ဘာလဲ ။ ။ ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဖြစ်ပြီး ရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေ ကူးစက်တာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီး ချမ်းတုန်တာ အပြင် ကိုယ်လက် ကိုက်ခဲ နာကျင်ပြီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ

တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။ အမျှင်ဓါတ်များများစားပါ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။ ဒီနှစ်ချက်ကို သတိရပါ ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။ အဆီနဲ့ပတ်သက်ရင် ရွေးချယ်တတ်ပါစေ အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။ ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား..... ဝိတ်ချတယ်ဆိုတာကပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာမေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။ ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။ (၁) ဗီတာမင် B - ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး

အစားအစာတွေကို အဆီများတယ်ဆိုပြီးရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။ အဆီများပေမယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ စားစရာတွေက ဘာတွေများလဲ................... ဒီအစားအစာကိုတွေကို အဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။ (၁) ထောပတ်သီး ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့်ထောပတ်သီးက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ (၂) ချိစ် အာဟာရကြွယ်ဝတဲ့ အစားအသောက်ရင်းမြစ်တစ်ခုပါ။ ချိစ်မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊phosphorus နဲ့ ဆီလီနီယမ်အပြင် အခြားသော အကျိုးပြု အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ပရိုတင်းကြွယ်ဝစွာပါဝင်သလို fatty acid ပါဝင်နေတာကြောင့် အမျိုးအစား (၂) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း