ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ရေဓာတ် ကို ဘာကြောင့် သင်လိုအပ်သလဲ လူ့ခန္ဓာကိုယ်ရဲ့ (၆၀)ရာခိုင်နှုန်းကို ရေဓာတ် နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ်အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈)ခွက် ကနေ (၁၀)ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်။ ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ရှင်းပါတယ်။ ရေဓာတ် မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်းတော့ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူးစတဲ့ အဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏအတိုင်း သောက်ဖြစ်ဖို့မလွယ်ပါဘူး။ အလွန်ပျင်းစရာကောင်းသလို အလုပ်ပိုတစ်ခုလို လည်းဖြစ်နိုင်ပါသေးတယ်။  အောက်မှာပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကိုဖြေရှင်းလို့ရနိုင် တဲ့အရာတွေပါ။ (၁)  သင်ကြိုက်နှစ်သက်တဲ့ အရသာတစ်မျိုးထည့်လိုက်ပါ။ ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ချင်း နဲ့ လီမွန်ရည်တစ်စက်နှစ်စက် စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက်သောက်ချင်စဖွယ် အရသာလေးဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက်အရသာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။ Gong Cha တို့ Cha Thai  တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်းမောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Teaကို မှာယူ နိုင်ပါတယ်။ Bubble Teaဆိုတာဘာလဲ  Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ Bubble Teaလို့ခေါ်တဲ့ လက်ဖက် ရည်ပါပဲ။ Bubble Teaကို ကြိုက်လွန်းလို့နေတိုင်း […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မှာလည်း အန္တရာယ်ရှိတဲ့ပိုးမွှားတွေပါဝင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော် ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ ပိုးကောင်၊ကျိုင်းကောင်တွေရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့အသီးအနှံတွေရဖို့ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲဝယ်ဝယ် သစ်သီးဝလံတွေကို မစားခင်ရေနဲ့ သေချာအချိန်ပေးပြီး ဆေးကြောရပါမယ်။ ကြက်သွန်၊ ဂရိတ်ဖရုသီး၊ ကိုက်လန်၊ ကညွှတ်၊ သခွားသီး၊ ပဲနဲ့ ကန်စွန်းဥ တွေမှာ ပိုးသတ်ဆေးပါဝင်လေ့ရှိတာတွေ့ရပါတယ်။ တကယ်လို့ ပိုးသတ်ဆေးသုံးစွဲထားတဲ့ အသီးအနှံတွေကို မစားသုံးချင်ရင် သြဂဲနစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး အတွက် နို့ တစ်ခွက်

နို့ ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။ နို့ အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေအတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့ အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတဝှမ်း သောက်သုံးတဲ့လူ လည်း များပါတယ်။ နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာတွေက ပေါမှပေါရယ်။ နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ် ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွား နို့ ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လုံးဝအစိမ်းမစားသင့်တဲ့ အစားအစာ ၇ မျိုး

အစားအစာအများစုက သေချာချက်ပြုတ်ပြင်ဆင်ပြီးမှ စားရင်ပိုစားလို့ကောင်းပြီး တချို့ကတော့ အစိမ်းအတိုင်းလေးစားရတာ ပိုအရသာရှိပါတယ်။ ဒါပေမဲ့ လျှာကိုအမြဲအလိုလိုက်လို့လည်း မသင့်တော်ဘူးနော်။ အခုပြောပြပေးသွားမဲ့ အစားအစာတွေကတော့ (စားလို့ကောင်းပေမဲ့) အစိမ်းအတိုင်းမစားသောက်သင့်တဲ့ စားစရာတွေပဲဖြစ်ပါတယ်။ ပုဇွန်အစိမ်းသုပ် ပုဇွန်ကိုအလယ်ကထက်ခြမ်းခွဲပြီး သံပုရာ၊ လီမွန်သီးတွေထည့်သုပ်ထားတဲ့ ပုဇွန်အစိမ်းက တကယ်စားလို့ကောင်းတဲ့ ဟင်းအမည်တစ်ခုဆိုတာ ငြင်းမရပေမဲ့ မချက်ပြုတ်ရသေးတဲ့ပုဇွန်မှာ ဘတ်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေပါလာတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ခုခံအားသိပ်မကောင်းတဲ့သူတွေဆို ပုဇွန်အစိမ်းသုပ်ကို ရှောင်သင့်ပါတယ်။ ကမာကောင်အစိမ်း ကမာကိုအစိမ်းစားရတာလည်း အရသာတစ်မျိုးရှိပါတယ်။ ဒါပေမဲ့ ကမာကောင်တွေက ပေါက်ဖွားတဲ့ရေပေါ်လိုက်ပြီး ပိုးမွှားအမျိုးမျိုးပါတတ်တာသိပါသလား။ ကမာကောင်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ vibriosis လို့ခေါ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ပဲကတ္တီပါ၊ ပဲကြီး ပဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတာ လူတိုင်းလိုလိုသိပြီးဖြစ်မှာပါ။ မကြာခဏလည်း စားပေးသင့်ပါတယ်။ ဒါပေမဲ့ ပဲကတ္တီပါနဲ့ ပဲကြီး ကိုတော့ အစိမ်းမစားမိဖို့ အကြံပေးချင်ပါတယ်။ အနီရောင်ပဲကတ္တီပါထဲမှာ lectin (PHA) လို့ခေါ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင် ကော်ဖီနဲ့ တည့်ရဲ့လား

လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity) က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲက ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အချိုမှုန့် နဲ့ ကျန်းမာရေး

နေ့စဉ် စားလိုက်တဲ့ အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီး အချိုမှုန့်တွေ ထည့်စားမိနေသလား Hello ဆရာဝန်ပရိသတ်ကြီးရေ... ဒါဆိုရင်တော့ အချိုမှုန့်က ကျန်းမာရေး အတွက် ကောင်းသလား...ဆိုးသလားဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။ ဘာလဲ...... အချိုမှုန့် ဆိုတာ အချိုမှုန့်ကို MSG (monosodium glutamate) လို့ခေါ်ကြတယ်။ ဟင်းလျာတွေထဲမှာ အရသာကောင်းအောင်ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။ အာရှဟင်းလျာ အများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ အာရှဒေသတွင်း နိုင်ငံတွေကသူတွေရော ဥရောပနိုင်ငံသားတွေပါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............

ခေါင်းကိုက်တာကိုမှ ခေါင်းမထောင်နိုင်အောင် ကိုက်နေတာမဟုတ်ဘဲ၊ ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာက တော်တော်လေးတော့ ခံရခက်တယ်နော်။ ဒီပြဿနာက ဘာမှသာ မဟုတ်တယ် တစ်နေ့တာ လုပ်စရာကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲပြီး ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ ဒီပြဿနာကို အစားအသောက်လေးတွေ စားရင်း အတူတူဖြေရှင်းရအောင်လား.............. ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဒါတွေစားပါ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့ ရေ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုး ဒီအစားအစာတွေထဲမှာ​ အပင်ကနေရတဲ့ အက်စထရိုဂျင်တွေ ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေမှုက အမျိုးသမီးတွေကို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရုတ်တရက် အက်စထရိုဂျင်ပမာဏကျဆင်းမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြော်င့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ […]


အဝလွန်ခြင်း

ဝတာ က လှမှာလား ကြွမှာလား

အရင်တုန်းက တွေ့တာနဲ့ နှုတ်ဆက်လိုက်ရင် "ဝလို့ လှလို့ပါလား" လို့ နှုတ်ဆက်တတ်ကြပါတယ်။ ခုနောက်ပိုင်း တိုးတက်လာပြီး ဗဟုသုတရှိလာကြတဲ့အခါ ဝတာက တကယ်ပဲ လှသလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်တော့ ဝတာ ပိန်တာက အဓိက မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အကောင်းဆုံးပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိသလားဆိုတာကို BMI လို့ခေါ်တဲ့ ခန္ဓာကိုယ် ထုထည် ညွှန်းကိန်းနဲ့ ပြောပါတယ်။ (BMI ကို  ဤနေရာတွင် တွက်ပါ။) အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်မထားတဲ့ ဒီကိန်းဂဏန်းဟာ သာမန် ပေါင်ချိန်တာထက် ပိုပြီး တိကျပါတယ်။ တွက်လိုက်လို့ BMI ၂၅နဲ့ ၂၉.၉ ဆိုရင် ဝတယ်လို့ သတ်မှတ်ပါတယ်။ ၃၀ကျော်သွားရင်တော့ အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ အဝလွန်တာက ကျန်းမာရေးအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နည်းနေပြီလား..........

နေ့ရက်တိုင်းမှာ အကောင်းဆုံး လှုပ်ရှားနိုင်ဖို့ဆိုတာက ခန္ဓာကိုယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့လိုပါမယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ မပြည့်ဝတဲ့အခါ နေထိုင်မကောင်းတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပိုတက်ဆီယမ်နည်းတဲ့ အကြောင်းလေး ပြောပြပေးမယ်နော်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ................ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ကြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်က ကြွက်သားတွေ အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့၊ ဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ ရရှိစေဖို့ အာရုံကြောကို ပေးပို့တဲ့အချက်အလက်တွေ သိရှိလက်ခံနိုင်စေဖို့ နှလုံးက ဆဲလ်တွေကို ကျန်းမာစေဖို့ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့အတွက် အဓိကလုပ်ဆောင်ပေးနေတဲ့ ဇာတ်လိုက်က ပိုတက်ဆီယမ်ပါ။ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ် နည်းနေတယ်ဆိုတာ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ် နည်းနေတယ်ဆိုတာ သွေးတွင်းမှာ ပိုတက်ဆီယမ်နည်းနေတဲ့ အခြေအနေကိုခေါ်တာပါ။ ဒီအခြေအနေကို hypokalemia လို့လည်း ခေါ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း