ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး

ဟင်းခါးလေးပဲချက်သောက်သောက်၊ ချဉ်ရည်ဟင်းပဲ ချက်ချက် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ကြာရိုးလေးကို ကြိုက်တဲ့ သူလေးတွေရှိလား။ လက်သုပ်စုံလေး လုပ်စားရင်း ကြာရိုးဟင်းခါး ပူပူလေးသောက်ရတာ တော်တော်လေး အရသာ ရှိပါတယ်။ ဒီလို စားကောင်းပြီး ခံတွင်းတွေ့တဲ့ ကြာရိုးလေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………. ကြာရိုးဆိုတာ ဘာလဲ………… ကြာရိုးဆိုတာ ကြာပန်းအောက်မှာပါတဲ့ အရိုးပွပွလေးပါ။ နီညိုရောင်လေးရှိပြီး ခပ်ပွပွရိုးတံလေးကို အရွယ်တော်လေးတွေ တုံးပြီး ဘေးနားက အမျှင်လေးတွေကို သင်ပြီး ချက်စားလို့ ရပါတယ်။ ဘယ်လို အာဟာရဓာတ်တွေပါနေလဲ………… ကြာရိုးမှာ ကယ်လ်ဆီယမ်၊ သံဓာတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ မြင့်စေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ကနေရတဲ့ သံဓာတ် ဟီမိုဂလိုဘင်တိုးစေပြီး သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ

ပရိုတင်းလို့ဆိုလိုက်ရင် အသားတွေ ငါးတွေကနေပဲ ရမယ်လို့ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါကလည်း မမှားပါဘူး။ အသားဓာတ် လို့ဆိုတာကိုး။ အသားငါးတွေကနေပဲရမယ်လို့ ယူဆမှာပေါ့။ ဒီတော့ အသားမစားတဲ့သူတွေ အသားဓာတ် မရတော့ဘူးလားလို့ မေးစရာရှိနေနိုင်ပါတယ်။ အသားဓာတ်ရနိုင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါသေးတယ်။ ဘာ​တွေဖြစ်မလဲ ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်လိုက်ပါ။ ပရိုတင်း ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေက ဘာတွေများလဲ………….. အသားငါးတွေ မစားဘဲ ပရိုတင်း ကြွယ်ဝဖို့ဆိုရင်တော့ ဒါလေးတွေ စားပေးလို့ရပါတယ်။ ပဲနီလေး အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာသလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ ဂရမ် ပါဝင် ပါတယ်။ ကုလားပဲ စားရတာ အရသာရှိသလို အသားဓာတ်ပါဝင်မှုလည်း မြင့်ပါတယ်။ ကုလားပဲ တစ်ခွက်စာမှာ ပရိုတင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ လွဲလွဲလေးများ

ပရိုတင်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒီ အာဟာရဓာတ် ပြည့်မီမှ ခန္ဓာကိုယ် ကျန်းမာမှ မှန်ပေမယ့် နည်းစနစ်မှန်မှန်စားသုံးမှ ခန္ဓာကိုယ်ကျန်းမာစေမှာပါ။ ဒီတော့ ပရိုတင်းနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ ဘယ်လောက်မှန်လဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား………… ပရိုတင်းဆိုတာ ဘာလဲ………… ပရိုတင်းဆိုတာက အသားဓာတ်ပေါ့လို့ အလွယ်တကူပြောလို့ရပါတယ်။ ဒီအာဟာရဓာတ်က ကိုယ်ထဲကသွေးတွေကစလို့ အရိုး နဲ့ ကြွက်သား၊ အရိုးနု၊ အရေပြား၊ ဆံသား၊ ခြေသည်းလက်သည်း စတာတွေ အားလုံးကို ဖွဲ့စည်းပေးထားတာပါ။ ကိုယ်ခံအား ကောင်းဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။ ပရိုတင်းနဲ့ပတ်သက်လို့ သိထားတာတွေ ဘယ်လောက်မှန်လဲ……………. ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်…… Myth (1) – ပရိုတင်းကို အသား၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲ ရရှိနိုင်တယ်။ ပုံမှန်ကတော့ ဒီလိုပဲ ယူဆနိုင်ပါတယ်။ အသားဓာတ်လို့ ဆိုတာကိုး။ အသား၊ ငါး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှာ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်လို့ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားရင်လည်း တော်တော်လေး စားကောင်းပါတယ်။ ဒီတစ်ခေါက်တော့ အရသာရှိရှိ ချက်စားတတ်တဲ့ ပိန္နဲသီစိမ်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း ပြောပြပေးပါရစေ။ ပိန္နဲသီးစိမ်း ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ ပိန္နဲသီးစိမ်း မှာပါတဲ့ အာဟာရဓာတ်များ စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ ကယ်လ်လိုရီ ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့ ရဲ့ အသိသာဆုံး ကျန်းမာရေး အကျိုးကျေးဇူး (၆) ခု

ဖရုံစေ့ မှာ အပင် က ရရှိတဲ့ မပြည့်ဝဆီ (polyunsaturated fatty acids) တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ် တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကာရိုတီးနွိုက် နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုလည်း များပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဒီလို ပါဝင်မှု ပြည့်စုံလှတဲ့ ဖရုံစေ့ ဆိမ့်ဆိမ့်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ အသိသာဆုံး (၆) ခုကို ဥပမာ ကြည့်လိုက်ရအောင်… (၁) ဆီးကျိတ် နဲ့ ဆီးအိမ် ကျန်းမာရေး အတွက် ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်း ကို လက္ခဏာတွေ လျော့ပါးသက်သာစေတယ် လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးစားပါ၊ ကျန်းမာပါလိမ့်မယ်

သရက်သီးလို့ ဆိုလိုက်တာနဲ့ အစိမ်းစားရမလား၊ ငပိရည်လေးနဲ့ အတို့အမြှုပ်လုပ်စားရမလား၊ သုပ်စားရမလား၊ ကြော်စားရမလား၊ အမှည့်အတိုင်းစားရမလားဆိုပြီး ခေါင်းထဲ စားပုံစားနည်းလေးတွေ အလျှိုလျှိုပေါ်လာမယ်ထင်ပါတယ်။ သရက်သီးဟာ မြန်မာတွေနဲ့ အလွန်ရင်းနှီးတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီတွေ ပုံပြင်တွေအရဆိုရင်လည်း အသီးမှာ သရက်ဆိုပြီး အကောင်းဆုံးသစ်သီးအဖြစ် တင်စားတတ်ကြပါသေးတယ်။ စိမ်းဖန့်ဖန့် သရက်သီး အစိမ်းလေးပဲဖြစ်ဖြစ်၊ လိမ္မော်ရောင်ဝင်းနေတဲ့ သရက်သီးမှည့်လေးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာမဆို သရက်သီးဆိုတဲ့ အသံကြားရုံနဲ့ မြန်မာတွေကတော့ တံတွေးကို ဂလုခနဲမျိုးချပြီး စားချင်စိတ်ပေါ်လာတတ်ကြတာကတော့ အတူတူပါပဲ။ ခုလို COVID-19 ဝေဒနာဆိုးကြီး လူတိုင်းကို ချိန်းခြောက်နေတဲ့ကာလမျိုးမှာ သရက်သီးစားရင် ရောဂါကာကွယ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ပေါ်ထွက်နေပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သရက်သီးကြိုက်တဲ့လူတွေအတွက်တော့ စားစရာ အကြောင်းပြချက်ကောင်းဖြစ်နေမှာ အမှန်ပဲနော်။ တကယ်တော့ သရက်သီးဟာ လူကို ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ အသီးအနှံဆိုတာ အမှန်ပါပဲ။ COVID ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေမရှိပေမယ့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ထန်းရည်သောက်ရင် ဝိတ်ကျသလား

ငှက်ခါးရောင်တောက်နေတဲ့ ပင်ကျရည်လေး တစ်ခွက်တစ်ဖလား မော့လိုက်ရတဲ့အရသာကို အမျိုးသားထုကြီး ကောင်းကောင်းနားလည်ကြမယ်ထင်ပါတယ်။ နယ်ဒေသတွေ၊ အထူးသဖြင့် အညာဒေသဘက်တွေမှာဆိုရင်တော့ မိုးထိုးနေတဲ့ ထန်းပင်မြင့်ကြီးရဲ့ ခြေရင်းမှာ ပင်ကျထန်းရည်အေးအေးလေးကို ကြက်ကြော်လေးနဲ့ မြည်းရင်း ဇရက်မင်းစည်းစိမ်ခံစားလို့ရနိုင်တယ်လေ။ ထန်းရည်ဆိုတာက မြန်မာ့ကျေးလက်လူနေမှုဘဝနဲ့ ခွဲခြားထားလို့မရတဲ့ သဘာဝ ထုတ်ကုန်တစ်ခုပါ။ မူးယစ်စေတဲ့အတွက် ယမကာတစ်မျိုးအဖြစ်သတ်မှတ်ခံထားရပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဓာတ်စာတစ်ခုအဖြစ်လည်း ရှုမြင်ခံရလေ့ရှိပါတယ်။ တကယ်တော့ ထန်းပင်နဲ့ ထန်းရည်ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာရှိတဲ့အရာမဟုတ်ပါဘူး။ အာဖရိကအလယ်ပိုင်း၊ ဗဟိုအမေရိက၊ အာရှ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေက တိုင်းပြည်တွေမှာ ပေါပေါသီသီ မြင်တွေ့နိုင်ပါတယ်။ အဲ့ဒီဒေသတိုင်းမှာလည်း ထန်းရည်ကို ရိုးရာယမကာတစ်မျိုးအဖြစ် မှီဝဲကြတာခြင်းလည်း တူညီပါတယ်။ မြန်မာပြည်မှာ အသုံးပြုနေတဲ့ ထန်းရည်ဆိုတဲ့ စကားလုံးဟာ အိန္ဒိမြောက်ပိုင်းအခေါ် Taadi ကနေဆင်းသက်လာတာဖြစ်ပါတယ်။ ထန်းရည်ကို မှီဝဲကြတဲ့တိုင်းပြည်အများစုမှာ တူညီတဲ့အယူအဆတချို့ရှိပါတယ်။ ဒါကတော့ ထန်းရည်ဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကိုယ်အလေးချိန်လျှော့ချရေးကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့

အညာဓလေ့ မြန်မာဓလေ့ ဆိုရင် တမာ ပင်တွေကို မေ့ထားလို့မရပါဘူး။ တမာချဉ် အညွန့်အဖူးလေးတွေ က မြန်မာတွေ နှစ်သက်တဲ့ ငါးပိရည်နဲ့ အတွဲအဖက် တို့စရာတစ်ခုပါပဲ။ တမာ က အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။ ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ (၁) ကိုယ်အလေးချိန် ကျစေနိုင်တယ် တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။ (၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ် တမာရွက်က insulin receptor  ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ (၃) […]


အဝလွန်ခြင်း

အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

ဒီလို တုပ်ကွေးရာသီ နီးလာပြီဆို "အာဟာရရှိအောင်စား။ အားရှိအောင်နေ။ ကိုယ်ခံအား ကောင်းမှ ရောဂါကို တိုက်ထုတ်နိုင်မှာ" လို့ လူကြီးတွေက မှာလေ့ရှိပါတယ်။ တကယ်လည်း ကိုယ်ခံအား ကောင်းနေရင် တော်ရုံ ရောဂါပိုးလောက်က အသာလေးပါပဲ။ ဒါပေမယ့် စားရင်း စားရင်းနဲ့ ဝိတ်တွေ တက်လာရင်ရော ကိုယ်ခံအားက လိုက်တက်လာမှာလား။  ကိုယ့်ရဲ့ ကိုယ်အလေးချိန် ပိန်ခြင်း၊ ဝခြင်းက ကိုယ်ခံအား အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိနေပါတယ်။ ပိန်တဲ့သူက ရောဂါဒဏ်ကို ခံနိုင်ရည် မရှိဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဝတာကလည်း ကိုယ်ခံအား ကျစေတယ်ဆိုတာ သိကြပါရဲ့လား။ ဒီအကြောင်းကို ဆက်ကြည့်ကြ ရအောင်နော်။ လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်း လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်းကို အရင်ကလို "နင်ကတော့ ပိန်သွားလိုက်တာ၊ နင်ဝလာတယ်နော်" […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူကြိုက်များလာတဲ့ ကော်ဖီနဲ့ သံပရာရည် ရောသောက်ခြင်း ပြဿနာ

ခေတ်ရေစီးကြောင်းတွေ တိုးတက်လာတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းဆိုတဲ့ အရာတွေကို လူတွေက တီထွင်ဖို့ ကြိုးစားလာကြတယ်။ တချို့တွေကျတော့လည်း နဂိုရှိပြီးသား အရာတွေကို ရောစပ်ပြီး လူစိတ်ဝင်စားလောက်စရာ trend လိုမျိုးတွေ လုပ်လာကြတယ်။ ဒီဆောင်းပါးမှာတော့ လူတော်တော်များများ စွဲလမ်းနှစ်သက်ကြတဲ့ ကော်ဖီကို သံပရာရည် ရောစပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကော်ဖီနဲ့ သံပရာရည် trend ကော်ဖီမှာလည်း ကျန်းမာရေးအရ ကောင်းတဲ့အချက်တွေလည်း ရှိနိုင်သလို မကောင်းတဲ့ အချက်တွေလည်း ရှိနိုင်တယ်။ သံပရာရည်လည်း ထိုနည်းတူပါပဲ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျား၊ မ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ကော်ဖီ ခါးခါး အရသာကို သံပရာရည်ရဲ့ ချဉ်စိမ့်စိမ့် အရသာနဲ့ ရောစပ်လိုက်တဲ့အခါ ပုံမှန်ထက် ပိုထူးကဲတဲ့ အရသာ၊ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရမယ်လို့ လူတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း