ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။ အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာတယ် ပေါ့။ ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့ Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် သင့်ရဲ့သွားနဲ့ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။ အချဉ်ဓာတ်က လူကို ဘယ်လိုထိခိုက်စေသလဲ များသောအားဖြင့် အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးတွေဟာ ဗီတာာမင် C […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာ ဗီတာမင် D ဓာတ်ချို့တဲ့မှုဝေဒနာကို သိသိသာသာရော မသိမသာပါ ခံစားနေကြရပါတယ်။ ဗီတာမင် D ပြည့်ဝနေဖို့ဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်မှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။ ပုံမှန်အားဖြင့် ဗီတာမင် D ဆိုတာက နေရောင်ခြည်ကို လက်ခံရရှိချိန်မှ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ ကမ္ဘာ့လူဦးရေ ၅၀% လောက်က ဗီတာမင် D ကို အပြည့်အဝ မရရှိကြပါဘူး။ အဓိကအားဖြင့်တော့ နေရောင်ခြည်လုံလောက်စွာမရတာနဲ့ ဗီတာမင် D ဖြစ်ထွန်းစေတဲ့ အစားအစာတွေကို လုံလောက်စွာ မမှီဝဲတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D ပမာဏ ၈၀၀ IU လောက် လိုအပ်ပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သက်လွတ်စားရင်း မှားနေကြသည်များ

လူတချို့ဟာ ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် အသားမပါဘဲ သက်သတ်လွတ်စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။ အရင်ဆုံး သက်သတ်လွတ်စားတဲ့ ပုံစံတွေကို ပြောပြချင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် နို့၊ ဒိန်ချဉ် ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သက်သတ်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အသီးအရွက်တွေကို အခြေခံထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့လည်း အားပေးပါတယ်။ သက်သတ်လွတ်စားပြီး ဝိတ်ချတာဟာ နှလုံးရောဂါဖြစ်နိုင်ချေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

လူ့ခန္ဓာကိုယ်ကြီးရဲ့ ၆၀% လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ လူတွေဟာ နေ့စဉ်နေ့တိုင်း ရေဓာတ်လိုအပ်နေပါတယ်။ ရေစဉ်ရေလိုအပ်ချက်အတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ‘တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ’ ဆိုတာကိုတော့ လူတိုင်း မသိကြပါဘူး။ ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးရင် ချွေးထွက်တာတွေ၊ ဆီးသွားတာတွေမှာ အရင်ဆုံးထိခိုက်ပါလိမ့်မယ်။ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကလည်း များပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်ရေဓာတ်ကို ပြည့်ဝနေအောင်ဖြည့်ဆည်းဖို့လိုအပ်တာပါ။ ရေဓာတ်ဖြည့်ဆည်းဖို့ဆိုရင် အဓိက လုပ်ဆောင်ရမှာက ရေများများသောက်ဖို့ပါပဲ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလိုကာလမှာ လူတိုင်းတောင့်တနေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ညီညီကျော်က အခုလိုလေးပြောပြပေးထားပါတယ်။ ၁။Helloဆရာဝန် -  ကိုယ်ခံအားဆိုတာ ဘာလဲ .. ကျွန်တော်တို့တွေအတွက် ဘယ်လိုအလုပ်လုပ်ပေးလဲဆိုတာနဲ့ ကိုယ်ခံအားဆိုတာဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သိပါရစေဆရာ။ Dr.ညီညီကျော်  - အခုလို ရောဂါဘယတွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့အချိန်မှာ ကိုယ်ခံအား (immunity) ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။ Immunity (ကိုယ်ခံအား) လို့ပြောတဲ့ နေရာမှာ (၃) မျိုးရှိပါတယ်။ (၁) Innate immunity - မွေးရာပါ ကိုယ်ခံအား (၂) Adaptive immunity - အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား […]


အာဟာရဆိုင်ရာ အချက်အလက်များ

အရသာရှိရှိ ဆေးဘဲဥ သုပ်စားကြရာဝယ်

ဆေးဘဲဥ လို့ ပြောလိုက်ရင် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။ ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။ အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလို နှစ်ခြိုက်စွာ စားသုံးနေတဲ့ ဆေးဘဲဥလေးရဲ့ ကျန်းမာရေး အကျိုးပြုပုံလေးကို ပြောပြပေးသွားပါမယ်။ ဆေးဘဲဥ ဆိုတာ ဆေးဘဲဥဆိုတာ ကာလရှည်ကြာ စီမံပြုလုပ်ထားတဲ့ စားစရာပါ။ ရှေးခေတ် တရုတ်လူမျိုးတွေက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နှစ်ရာနဲ့ချီတာရှိသလို နှစ်ထောင်ချီထားတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။ သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ သီးသီးမှာပါတဲ့ အာဟာရ သီးသီးရဲ့ အနှစ်ထဲတွင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B ဗီတာမင် C တို့ ပါဝင်ပါတယ်။ သီးသီးကပေးတဲ့ ကျန်းမာရေး ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက အစာခြေစနစ် ကျန်းမာစေတယ် သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

ကြက်ပေါင်းရည် လို့ ဆိုလိုက်တာနဲ့ နေမကောင်းဖြစ်တဲ့ အချိန်သောက်ဖို့ကိုပဲ စိတ်ထဲစွဲနေကြမှာပေါ့။ များသောအားဖြင့် လူတော်တော်များများက နေမကောင်းဖြစ်တော့မှပဲ ကြက်ပေါင်းရည်လို အားရှိစေမယ့်အစားအသောက်တွေကို သတိရတတ်ကြပါတယ်။ အားရှိအောင်လို့၊ မြန်မြန်နေကောင်းအောင်လို့၊ ကိုယ်ခံအားကောင်းအောင်လို့ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် တွေကို အားကိုးတတ်ကြပါတယ်။ ဒါဆို နေမကောင်းဖြစ်တဲ့ အခါပဲ ကြက်ပေါင်းရည်သောက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ ကြက်သားက ရတဲ့ အဆီအနှစ်က လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုတာ သိရင် မကြာခဏ သောက်မိပါလိမ့်မယ်။ အဓိကအားဖြင့် ကြက်ပေါင်းရည်ရဲ့ အကျိုးကျေးဇူးတွေက - (၁) ကိုယ်ခံအား ကောင်းစေတယ် အအေးမိ၊ နှာစေးတာက အစ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအထိ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့၊ နာလန်ထူမြန်စေဖို့ ဟိုးအရင်တည်းက ကြက်စွပ်ပြုတ်က ဆေးတစ်ခွက်ပါ။ ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptide က ကိုယ်ခံအား ပိုကောင်းစေတာမို့ နေပြန်ကောင်းတာ မြန်စေတယ် ဆိုတာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်ပါတယ်။ Omega 3 ကြွယ်ဝခြင်း ဆယ်လ်မွန်ငါးရဲ့ ထူးခြားမှုတခုကတော့ Omega 3 ကြွယ်ဝခြင်းဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ Omega 3 ၂.၆ ဂရမ် ပါဝင်ပါတယ်။ Omega 3 ရဲ့ တနေ့တာလိုအပ်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး ညွှန်းဆိုထားခြင်းမရှိနေပမယ့် အနည်းဆုံး ၂၅၀-၅၀၀ မီလီဂရမ်ခန့် ရရှိသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ Omea 3 ဟာ ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ သွေးတိုးကို ထိန်းနိုင်ခြင်း၊ သွေးကြောများအခြေအနေကောင်းမွန်စေခြင်း၊ နှလုံးကို အကျိုးပြုခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေပါတယ်။ ပရိုတိန်းဓာတ် များစွာပါခြင်း ပရိုတိန်းဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

မြန်မာဆိုရိုးစကားမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံရှိပါတယ်။ အစားအစာများနဲ့ ပတ်သက်ရင် အချို့သော အစားအစာများဟာ အာဟာရဓာတ်ကြွယ်ဝပြီး နေ့စဉ်စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲစွာစားသုံးမိရင် ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။ ယခုဖော်ပြမှာကတော့ ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေအကြောင်းပဲ ဖြစ်ပါတယ်။ Omega 3 နှင့် ငါးကြီးဆီ Omega 3 ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဒါကြောင့် Omega 3 ကို ဆေးဝါးပုံစံနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် Omega 3 သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်ရက်ကို ၁-၆ ဂရမ်နှုန်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက်ကျော်လွန်သွားပြီး တစ်ရက်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း