ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်တွင်းခရီးစွန့်စားခန်း

ကျွန်တော့်နာမည် Riceပါ။ မြန်မာနာမည်ကတော့ ထမင်းပေါ့။ အခုကျွန်တော်နဲ့အတူ သူငယ်ချင်း (၃)ယောက်ပါတယ်။ Chicky လို့ခေါ်တဲ့ ခန္ဓာကိုယ်ခပ်တောင့်တောင့် ကြက်သားတုံးလေးရယ် ... Veggie လို့ခေါ်တဲ့ ဟင်းရွက်စိမ်းစိမ်းလေးရယ်။ ကျွန်တော်တို့တွေ လူ့ခန္ဓာကိုယ်ဆိုတာကြီးထဲကို အခုပဲခရီးထွက်ကြတော့မှာလေ။ Fruity လို့ခေါ်တဲ့ သူငယ်ချင်း လုံးလုံးလေးကတော့ နောက်ဆုံးမှလိုက်ခဲ့မယ် ... မင်းတို့သွားနှင့်တဲ့။ သူကတော့ အဲ့လိုပါပဲ။ သူက ပန်းသီးဆိုတော့ နည်းနည်းဘဝင်မြင့်တတ်တယ်။ လူတွေကလည်း ‘သူ့ကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးနေလို့ရတယ်’ လို့ သူ့စူပါပါဝါတွေကို တင်စားပြီးပြောထားမိတာကိုး။ ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင်‘အာဟာရဓာတ်’စူပါပါဝါကိုယ်စီရှိကြပါတယ်။ ကျွန်တော်တို့လာကြတော့မယ်ဆိုတာ ‘ဦးနှောက်’ဆိုတဲ့ တစ်ယောက်က တစ်ကိုယ်လုံးကို သတင်းပို့လိုက်ပြီတဲ့။ ကျွန်တော်တို့ကို ဧည့်ခံကြိုဆိုနေရာချထားပေးမယ့် သူတွေဆီကိုပေါ့။ သူတို့ကို ကိုယ်တွင်းအင်္ဂါတွေ ကိုယ်တွင်းကလီစာတွေ လို့လည်းခေါ်တာပေါ့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ကိုယ်တွင်းအင်္ဂါဌာနက ဝန်ထမ်းတွေလို့ပဲပြောရမလား။ ကျွန်တော်တို့နဲ့ တိုက်ရိုက်အလုပ်လုပ်ရမှာကတော့ ပါးစပ်၊ လျှာ ၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးပါပါတယ်။ ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ နည်းနေတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၃ ချိုး တစ်ချိုးလောက်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာတွေကို ခံစားနေရပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းကိုလက်စထရောကို ထိန်းရာရောက်သလို သွေးပေါင်ချိန်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်အ​လေးချိန်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ၊ ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်တာပါ။ ကိုယ်အလေးချိန်ပေါ် သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ............ စားအစားတွေကို အလွန်အကျွံ စားမယ်။ အဆီများတာတွေကို စားမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံက အတော်လေး အရေးပါပါတယ်။ လူတွေက အစားအသောက်လို့ ပြောလိုက်ရင် အာဟာရဖြစ်ဖို့ထက် ခံတွင်းတွေ့ဖို့ကို အဓိကထား စားသုံးကြပါတယ်။  တကယ်ကတော့ အစားစားတဲ့အခါ အာဟာရဖြစ်ဖို့ဆိုရင် ခံတွင်းတွေ့ဖို့ထက် ကျန်းမာရေးနဲပ ညီညွတ်စေဖို့က ပိုအရေးအကြီးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို အရေးပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်ကို အင်အားဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်ဆိုတာကို သိသူက ခပ်ရှားရှားပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အခုလိုလည်း ကျန်းမာရေးကို ထောက်ပံ့ပေးပါသေးတယ်။ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာ၊ ကင်ဆာ နဲ့ အစာရေမျိုပြဿနာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

ကိုဗစ် ပထမလှိုင်းမှာတုန်းက လေထိုး မွေ့ယာတွေ ခေတ်စားပြီးတော့ ဒုတိယလှိုင်းကျတော့ Air fryer အလှည့်ပေါ့။ သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆီပမာဏကို လျှော့ချပေးနိုင်တယ်။ ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာက အစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွက အများကြီးပါ။ အစားလျှော့စားတာက ထိရောက်ကောင်းထိရောက်နိုင်ပေမယ့် ရေရှည်အသုံးတည့်တဲ့ နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။ အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ကယ်လိုရီ မှီဝဲမှုကို လျှော့ချဖို့ အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာကြောင့် လိုအပ်တဲ့ အဟာရဓာတ်တွေကို ပြည့်ဝအောင် မဖြည့်ဆည်းနိုင်ဘူးဆိုရင် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

ဆောင်းရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာမို့ ရာသီဥတု ကလည်း အပူချိန် သိသိသာသာ လျော့နည်းလို့ လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာ ဆိုရင် ရာသီဥတုက အအေး ပိုပြီး နှင်းမြူတွေ ဆိုင်းလို့ စိုထိုင်းစ မြင့်မား နေတတ်ပါတယ်။ ဒီလို ဆောင်းတွင်းမှာ ဖျားနာမှုတွေက ပိုဖြစ်နိုင်ပါတယ်။ ရာသီဥတုက အပူချိန် ပြောင်းလဲလာပြီမို့ အကူးအပြောင်း ကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေး ကြီးစိုးတဲ့ အချိန်မျိုးပေါ့။ ခုလို COVID-19 ထကြွ သောင်းကျန်းနေချိန်မျိုးမှာ ဘယ်လို ဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူး အရေးကြီး လှပါတယ်။ ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆ COVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါတင်မကပါဘူး။ နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးမယ် - ရေဓာတ်ကြွယ်ဝတဲ့ ပန်းသီးမှာ ၈၅% လောက်က ရေဓာတ်လို့ဆိုပါတယ်။ ဒီအချက်က သင့်ကို ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။ (၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။ ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့  ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင်

ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ်၊ Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ ဒါပေမယ့် ဒါတွေကို တစိုက်မတ်မတ် ပြုလုပ်ပြီး ဝိတ်ချဖို့ ဆိုရင်တော့ ဇွဲနဘဲကြီးကြီးနဲ့ ရေရှည်လုပ်သွားနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ‌ရေတက်ငါးဇင်ရိုင်းလိုပဲ ခဏတာလေးနဲ့ မဆော့လိုက်ရဘဲ ပေးလိုက်ရတဲ့ Gym ခတွေ၊ မသုံးဘဲ ဖုန်တက်နေတဲ့ တစ်ကိုယ်ရေအားကစားစက်တွေပဲ အဖတ်တင်ပါမယ်။ ဝိတ်လည်းကျ မှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်တွေလို ပျင်းတဲ့လူတွေအတွက် မပင်ပန်းဘဲ သက်သက်သာသာနဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပန်းလည်း မကြီးဘူးဆိုတော့ ရေရှည် မလုပ်နိုင်မှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့နော်။ ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုသူများအတွက် (၁)  အစားစားရာမှာ နည်းနည်းချင်းစီ ခဏခဏခွဲစားပါ။ ထည့်လာတဲ့ ထမင်းဘူးကို တစ်ခါတည်း အကုန်မစားဘဲ ခဏခဏထုတ်စားတာ (ဒါမှမဟုတ်) ဆိုင်မှာဝယ်စားတာဆိုရင်လည်း ပမာဏနည်းနည်းနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာတင် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ အစားအစာတွေရှိနေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ ကြက်ဥ - ကြက်ဥတွေက အာဟာရအရမ်းကြွယ်ဝပြီး ဈေးလည်းအတော်သက်သာပါတယ်။ ကြက်ဥတစ်လုံးမှာ ပျမ်းမျှ ပရိုတင်း ၆ ဂရမ်လောက်ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါပါသေးတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ကိုလင်း (Choline) ဓာတ်ကို ကြက်ဥစားသုံးပေးခြင်းဖြင့် ရနိုင်ပါတယ်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား ဘယ်လိုစားစား အရသာရှိတဲ့ကြက်ဥကို သူ့ချည်းသက်သက် စားလို့ရသလို တခြားဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိနေမှာပါ။ ကြက်သွန်ဖြူ - အစားအစာတွေ အတော်များများ ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးရတဲ့ ကြက်သွန်ဖြူဟာလည်း နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ် ရောဂါနဲ့ သွေးကြောနံရံမာကြောတဲ့ရောဂါရှိသူတွေ ကြက်သွန်ဖြူမှန်မှန်စားသုံးပေးရင် သိသာတဲ့အကျိုးရလဒ် ရနိုင်တယ်ဆိုတာ သုတေသနအတော်များများမှာအတည်ပြုထားပါတယ်။ နောက်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း