ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး

အိုမီဂါသရီးသည် ကျန်းမာရေးနှင့်ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိသည်ဟု ဟိုးယခင်ကတည်းကပင်ဆိုခဲ့ကြသည်။ ငါးကြီးဆီစားခြင်းဖြင့် နှလုံးရောဂါကိုကာကွယ်ကုသနိုင်သည်ဟုအကြံပြုထားကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ခန္ဓါကိုယ်သည် Omega 3 fatty acids (ငါးကြီးဆီ) ကိုမထုတ်လုပ်နိုင်ပါဘူး။ လုံလောက်သော ပမာဏရနိုင်ရန်အတွက် ဖြည့်စွက်စာစားခြင်း (သို့) အစားအစာထဲတွင် ငါးအဆီထည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အိုမီဂါ သရီး (Omega-3 fatty acids) အသားတွင်ရှိသော ပြည့်ဝဆီသည် သွေးအတွင်း ကိုလက်စထရောကိုတက်စေပါသည်။ သို့သော်လည်းငါးတွင် မပြည့်ဝဆီ (ငါးကြီးဆီ) ကြွယ်ဝပါသည်။ ငါးကြီးဆီသည် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့ကျစေသည်။ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ကို လျော့ကျစေပြီး သင့်ကိုကျန်းမာစေပါသည်။ ငါးကြီးဆီလုံလောက်စွာ စားသုံးသောသူများသည် နှလုံးနှင့်ပတ်သက်သောရောဂါများ ဖြစ်ရန်အခွင့်အလမ်း နည်းပါးပါသည်။ ငါးနှင့် ငါးကြီးဆီ လုံလောက်သော ငါးကြီးဆီပမာဏ ရရန်အတွက် အဆီများသောငါးများ (ဥပမာဆော်လမွန်၊ ဆာဒင်း၊ တူနာငါး)ကို ရွေးချယ်သင့်သည်။ ပင်လယ်စာအများစုသည် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချရာ၌ ပါဝင် စားသုံးပေးသင့်သော အစားအသောက်များ

အဆီချရမှာ အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်နှင့် လေ့ကျင့်ခန်းကိုယှဉ်တွဲပြီး လုံလုံလောက်လောက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သို့သော် အချို့သော လူတွေမှာ အဆီတွေဟာ အရမ်းဖယ်ရှားရ ခက်နေတတ်ပါတယ်။ သင်ဘယ်လောက်ဖယ်ရှားရ ခက်တဲ့ အဆီတွေဖြစ်ပါစေ ကိစ္စမရှိပါဘူး။ ယခုအချိန်ဟာ သင့်ရဲ့ အဆီတွေကိုချဖို့ရာ အသုံးဝင်တဲ့ အခြားသော ပစ္စည်းတွေ၊ အစားအသောက်တွေကို ရှာဖွေရမယ့် အချိန်ဖြစ်ပါတယ်။ အဆီချရာမှာ နည်းလမ်းအားဖြင့် အမျိုးမျိုး ကွဲပြားကြသော်လည်း ရည်ရွယ်ချက်အားလုံးကတော့ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ အဆီများကို ချေဖျက်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ် ပိုမို မြန်ဆန်လာစေခြင်းနှင့် ဂလူးကို့စ်ဓါတ်ကို လျော့ချခြင်း စတာတွေကို စုပေါင်းဦးတည်ပြီး လုပ်ဆောင်ပေးသောကြောင့် ဖြစ်ပါတယ်။   ကဖင်းဓာတ် ကဖင်းဓာတ်ဟာဆိုရင် အဆီလျှော့ချတဲ့အခါ လူသိအများဆုံး ဖြည့်စွက်ပစ္စည်းပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာဆိုရင် အဆီရဲ့ ဓာတ်တိုးနှုန်းကို အလွန်မြင့်မားစေပြီး ခန္ဓာကိုယ်မှာ အဆီတွေကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ရဲ့အဆီပိုတွေကို ပျောက်ကင်းသွားအောင် ပြုလုပ်ပေးမယ့် အစားအသောက်များ

သင်ဟာအဝလွန်နေသူလည်း မဟုတ်ပဲ ဘာကြောင့် အဆီပိုတွေ၊ အဖုအထစ်တွေ ခန္ဓါကိုယ်မှာ ရှိနေရသလဲ ဆိုတာ အံ့ဩနေပါသလား။ အမှန်မှာတော့ ဒါဟာ ပုံမှန်သဘာဝပဲ ဖြစ်ပါတယ်။ ပိန်သော သူတွေမှာတောင် ဒီလို အဆီပို အဖုအထစ်တွေဟာ ရှိနေနိုင်ပါတယ်။ အဆီပိုဖုတွေဆိုတာ သင့်ရဲ့ အရေပြားအောက်မှာ ကပ်တင်ကျန်ရှိနေတဲ့ ရိုးရိုးအဆီတွေပဲ ဖြစ်ပါတယ်။ အသားအရေ ချောမှု၊ ကြမ်းမှု စတာတွေနဲ့ဆိုင်တဲ့ ပြဿနာအချို့ကြောင့် အသားအရေရဲ့ တွယ်ဆက်တစ်ရှူးတွေကို ဆန့်ကျင်ပြီး အဆီပိုတွေဟာ တွန်းထွက်လာကာ သင့်ရဲ့ အရေပြားပေါ်မှာ ဖုထစ်ဖောင်းထွက်လာပါတယ်။ သင်ဟာ အချို့သောအစားအသောက် အမျိုးအစားတွေကို စားပေးခြင်းအားဖြင့် သူတို့တွေကို ပျောက်ကင်းစေအောင် လုပ်နိုင်ပါတယ်။ ၎င်းအစားအသောက်တွေက ဘာတွေလဲ။ မပြည့်ဝဆီပါဝင်မှုများသော အစားအသောက်များ ဟော်မုန်းပမာဏ ပြောင်းလဲခြင်းဟာ အဆီပိုတွေဖြစ်စေတဲ့ အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ အိုမီဂါ သရီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီချပြီးတဲ့နောက် သင်ဟာ ဘာတွေကို စားပေးသင့်သလဲ

အဆီကျသွားခြင်းအားဖြင့် သင်အမြဲတမ်း အိမ်မက်မက်ခဲ့တဲ့ ခန္ဓါကိုယ်ပုံစံကို ရစေနိုင်ပါတယ်။ သို့သော် အဆီချပြီးတဲ့နောက် ၎င်းကိုဆက်လက် ထိန်းသိမ်းထားဖို့ရာ နည်းလမ်း စနစ်တကျ မရှိခဲ့ဘူးဆိုရင် အလွယ်တကူ ပြန်ဝလာနိုင်ပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းစတဲ့ အဓိက ၂ချက်ကို သုံးပြီးသင့်ရဲ့ အိမ်မက်မက်ခဲ့ရတဲ့ ခန္ဓါကိုယ်ကို ထိန်းသိမ်းထားပါ။ သင်ဟာ အဆီချပြီးတဲ့နောက်မှာ ဘာတွေစားသင့်တယ် ဆိုတာကို ကြည့်ကြပါစို့။   အသီးအနှံနှင့် အသီးအရွက်များကို ပိုမို စားသောက်ပါ။ အသီးအနှံ နှင့် အသီးအရွက်များဟာ ခန္ဓါကိုယ်မဝအောင် ဆက်လက်ထိန်းသိမ်းလိုသူများအတွက် အမှန်တကယ်ကို တန်ဖိုးရှိတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ သင်စားတဲ့ အစားအသောက်တွေထဲမှာ ရောင်ခြယ် ဓါတု ပစ္စည်းတွေ၊ အသီးအနှံတွေနှင့် အသီးအရွက် စတဲ့ အာဟာရဓါတ်တွေပါဝင်ခြင်းဟာ သင့်ရဲ့ ခန္ဓါကိုယ်ကို လှပစေရုံသာမကပဲ ကျန်းမာရေးကောင်းတဲ့ ဘဝကိုလည်း ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ အသီးအနှံ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး

ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ရောဂါဝေဒနာအများစုမှာ ဖြစ်လေ့ရှိပါတယ်။ စောစီးစွာ ကုသမှုမခံယူရင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ သို့သော် ရောင်ရမ်းမှုအဆင့်ကို လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ လက်တွေ့နည်းလမ်းအချို့ရှိပါတယ်။ ဒါကတော့ သင့်ရဲ့ အစားအသောက်ကို ပြောင်းလဲ စားသောက်ပေးခြင်းမှ စတင်မှာ ဖြစ်ပါတယ်။ အာဟာရကျွမ်းကျင် ပညာရှင်များက လမ်းညွှန်ထားတဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာအောင် ကူညီပေးနိုင်သော အစားအသောက် ၇မျိုးအကြောင်းကို ယခုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဆိုတာ ဘာလဲ ခန္ဓါကိုယ်ထဲမှ ကျန်းမာနေတဲ့ ဆဲလ်တွေ ပျက်စီးသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောကြောင့် ဖြစ်လာတဲ့ အခြေအနေကို ရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါမှာ အဆစ်တွေဟာ နီခြင်း၊ ဖောင်းခြင်း ၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတဲ့ ဓါတုပစ္စည်းတွေများစွာ ရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်သောဘဝအတွက် အစားအသောက်အစီအစဉ်ဘယ်လိုရေးဆွဲမလဲ

ညီမျှတဲ့ အစားအစာတွေ စားသုံးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ ကျန်းမာတဲ့ ဘဝတစ်ခု ရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကို စားသောက်မှုပုံစံ အသစ်တစ်ခုကို ဖန်တီးဖို့ ကူညီသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ပိုမို ကျန်းမာစွာနေထိုင်ပြီး ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ကျန်းမာတဲ့ အစားအသောက်ပုံစံကို ကိုယ်တိုင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး စားသောက်ပုံဆိုတာ သင်နဲ့ သင့်လျော်တဲ့ အစားအစာတွေကို ပြောတာပါ။ အခြားသူတွေစားသောက်ပုံကို မကြည့်ပါနဲ့။ သင့်မှာ သင့်ကိုယ်ပိုင် ကျန်းမာရေးအခြေအနေ၊ ငွေရေးကြေးရေးနဲ့ သင်နှစ်သက်မှုတွေ ရှိနေပါသေးတယ်။ သင့်စားသောက်ပုံဟာ သင့်အခြေအနေကို မူတည်ပြီး ဖန်တီးထားသင့်ပါတယ်။ သူ့ကို သင်ဘာစားချင်တယ်ဆိုတာ ပြောပြရင် သူက အဲဒီအစားအစာတွေဟာ သင့်တော်ရဲ့လားဆိုတာ ပြောပြပါလိမ့်မယ်။   သင်စားသောက်တဲ့ အစားအသောက်တွေအကြောင်း စဉ်းစားပါ။ အချို့သူတွေက ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကယ်လိုရီတွေကို ရေတွက်ဖို့လိုပါတယ်လို့ ထင်ကြပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာကုသမှုအတွက် ကျန်းမာသောအစားအသောက်ပုံစံကို စားပေးပါ။

ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းနဲ့ အခြားကင်ဆာ ကုသမှုတွေဟာ သင့်ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး ပျို့အန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ ကင်ဆာ ကုသမှုတွေရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ကင်ဆာ ကုသမှုဟာ ကိုယ်ခန္ဓါက အချို့အစားအစာတွေနဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လူနာ စားတဲ့ အစားအစာတွေဟာ သူ့ကို ကျန်းမာစေရုံသာမက ကုသမှုတွေ အတွင်းမှာ သက်တောင့်သက်သာ ရှိစေဖို့ ကူညီပေးပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်ပါ။ ကောင်းမွန်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကင်ဆာရောဂါကုသမှု ခံယူစဉ်မှာ အရေးကြီးပါတယ်။ ဖျားနာမှုရော ကုသမှုရောကပါ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လိုအပ်တဲ့အာဟာရတွေဟာ ကိုယ်ခံအားစနစ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး

ဓါတ်ရောင်ခြည်ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အကြံပြုချက်၅မျိုး   ကင်ဆာဆဲလ်များကို ဓါတ်ရောင်ခြည်နှင့် သတ်နေစဉ်တွင် ၎င်းမှ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်နိုင်ပါသည်။ ဓါတ်ရောင်ခြည်က သင့်ခန္ဓါကိုယ်ကအာဟာရများကို စုပ်ယူသည့် နည်းလမ်းကို ပြောင်းလဲစေပါသည်။ အောက်တွင် ဓါတ်ရောင်ခြည်နှင့် ကုသစဉ် ကျန်းမာသောအာဟာရ ရရှိရန် အသုံးပြုနိုင်သည့် နည်းလမ်း၅မျိုးရှိပါသည်။ ၁။ သင့်ခန္ဓါကိုယ်ကို ဂရုစိုက်ပါ။ ဓါတ်ရောင်ခြည်၏ သက်ရောက်မှုသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ အချို့လူများတွင် သိသာသောပြောင်းလဲမှု မတွေ့ရသော်လည်း အချို့လူများတွင် ဆိုးဝါးသောဆိုးကျိုးများဖြစ်သည့် အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ရင်ပြည့်ခြင်း၊ ပါးစပ်အနာဖြစ်ခြင်းနှင့် မျိုရခက်ခြင်းတို့ကို တွေ့ကြုံရသည်။ သင့်ခန္ဓါကိုယ် ဘယ်လိုခံစားရသလဲပေါ်မူတည်ပြီး စားသည့်အလေ့အကျင့်ကို ညှိဖို့လိုအပ်သည်။ အချို့က အရသာရှိသောအစားအစာပဲစားနိုင်ချိန်တွင် အချို့က အဖြူထည်ကိုပိုကြိုက်ကြသည်။ သင်အရသာတွေ့သည်အတိုင်းစားပါ။ ၂။ သင့်ရေခဲသေတ္တာထဲမှာ အပြည့်သိုလှောင်ထားပါ။ အော်ဂဲနစ်နှင့် ကျန်းမာသောအစားအစာများကို ဝယ်သွားပါ။ ကျန်းမာသော အစားအစာများပြင်ဆင်ကာ ရေခဲသေတ္တာထဲတွင် သင်ဓါတ်ရောင်ခြည် မကုခင်သိမ်းထားပါ။ ဓါတ်ရောက်ခြည်ကုခြင်းက သင့်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမြန်စား မနက်စာ စိတ်ကူး

အမြန်စား မနက်စာ စိတ်ကူး မနက်ပိုင်းမှာ အချိန်မရရင်တောင်မှ သင့်မနက်စာကို မစားဖြစ်ဘဲ အပြင်ထွက်တာမျိုး မလုပ်ရပါဘူး။ အခုပြောမှာကတော့ မြန်ဆန်ပြီး အာဟာရဓါတ်ပြည့်တဲ့ မနက်စာနဲ့အတူ သင့်ရဲ့တနေ့တာလုံးကို အင်အားဖြစ်သွားစေမယ့် နည်းလမ်းအချို့ပါပဲ။ သင့်ရဲ့မီးဖိုချောင်ကိုဖြည့်တင်းထားပါ မနက်စာကို အိမ်မှာပြင်ဆင်နိုင်ဖို့ သင့်ရဲ့မီးဖိုချောင်ကို ကျန်းမာရေးအထောက်အကူပြုတဲ့ စားစရာတွေနဲ့ ဖြည့်ထားပါ။ အောက်ပါစာရင်းမှ စာစရာတွေကို လက်တကမ်းမှာထားပြီး အချိန်မရွေး ယူငင်စားသုံးနိုင်ပါတယ်။ အသီးများ လတ်ဆတ်သော အသီးများ။ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်၊ သစ်တော်သီး၊ မက်မွန်သီးစတဲ့ အသီးတေါဟာ လွယ်လင့်တကူ ရရှိနိုင်ပါတယ်။ အေးခဲသောအသီးများ။ အသီးများကို တအိတ်စာ နှစ်အိတ်စာ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး စက်နဲ့ညက်နေအောင် ဖျော်သောက်တာ၊ ဒိန်ချဉ်နဲ့ ရောစားနိုင်ပါတယ်။ စည်သွပ်ထားသောအသီးများ။ ရှောက်ချိုသီး၊ မက်မွန်သီးကဲ့သို့သော အသီးများနဲ့ သီးစုံဖျော်ရည်များ တနိုင်စာသောက်ပါ။ အခြောက်လှမ်းထားသောအသီးများ။ စပျစ်သီးခြောက်၊ ဘယ်ရီသီးခြောက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အစားအစာရဲ့ ကစီဓါတ်ကို ဘယ်လိုတွက်ဆနိုင်မလဲ

သင့်အစားအစာရဲ့ ကစီဓါတ်ကိုဘယ်လိုတွက်ဆနိုင်မလဲ လူကြိုက်အများဆုံး နှစ်သက်စရာအကောင်းဆုံးစားစရာတွေမှာကစီဓါတ်နဲ့ အဆီဓါတ် အများအပြား ပါဝင်တတ်ပါတယ် (ဥပမာမက်ခရောနိခေါက်ဆွဲ၊ ဒိန်ခဲ)။ ဒါတွေကိုဆီးချိုရောဂါသည် စားရမယ့် စာရင်းဘယ်လိုသွင်းရမလဲဆိုတာ ဝေခွဲမရ ဖြစ်နေနိုင်ပါတယ်။ သင့်အနေနဲ့ ကစီဓါတ်များတဲ့ အစားအစာတွေကိုထည့်သွင်းတွက်ချက်ရမှာပဲ ဖြစ်ပါတယ်။   ဘာကိုဆိုလိုသလဲ? သင်စိတ်တိုင်းကျ စားစရာရွေးချယ်တဲ့အခါ အာဟာရဓါတ် အပြည့်ဆုံးကိုရွေးချယ်ပြီးစားတဲ့အခါမှာတော့ နည်းနည်းပဲစားရပြီး ကစီဓါတ်ပါဝင်မှုကိုတွက်ဆထိန်းသိမ်းရပါမယ်။ အောက်ပါအချက်တွေကတော့ ကာဘိုဟိုက်ဒြိတ်အစားအစာတွေကို ဘယ်လိုစားသုံးသင့်လဲဆိုတာဖော်ပြထားပါတယ်။ သကြားများတဲ့ သောက်စရာများကိုရှောင်ပါ။ ဆိုဒါရည်၊ လက်ဖက်ရည်၊ သီးစုံဖျော်ရည်နဲ့ အားကစားသမားများသောက်သည့် အရည်များ။ သူတို့အစားကိုရေနဲ့ diet ဆိုဒါရည်၊ သကြားမပါတဲ့ ဖျော်ရည် စတာတွေ သောက်ပေးနိုင်ပါတယ်။ အသီးဖျော်ရည်သောက်မယ့်အစားအသီးတခုလုံးစားပေးပါ။ အာလူးစားမည့်အစားကန်စွန်းဥစားပါ။ ပေါင်မုန့်ဖြူနှင့် ပုံမှန် pasta ခေါက်ဆွဲအစားပေါင်မုန့်ကြမ်းနှင့် pasta ခေါက်ဆွဲကြမ်းကိုစားပါ။ အဆင့်ဆင့်ပြုပြင်ထားသောဂျုံမုန့်များအစားအုတ်ဂျုံမှုန့်နှင့်ပြုလုပ်ထားသောအစာကိုစားပါ။ ဆန်အဖြူအစားဆန်လုံးညို၊ ဘာလီစွပ်ပြုတ်၊ နှပ်ချက်စာ၊ အသီးအရွက်များကိုပိုစားပါ။ ကစီဓါတ်အမျိုးမျိုးအကြောင်းလေ့လာပါ။ ဂျုံအချောစားပေါ်မူတည်တဲ့ zucchiniပေါင်မုန့်နဲ့ pancake လုပ်နည်းရှိပါသလား? […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း