နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း ဟာ ပြင်ပက ပစ္စည်းတွေ ဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကို ဝင်တဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ပြင်ပပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ရောဂါပိုးမွှားတွေကိုလည်း ကြိုးစားပြီး တိုက်ထုတ်ရပါတယ်။ လည်ချောင်းမှာ ခံစားရတာတွေက လက္ခဏာသက်သက်သာ ဖြစ်ပြီး သူ့နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ လည်ချောင်းနာတာ လူတိုင်း လည်ချောင်းနာဖူးပါတယ်။ လည်ချောင်းနာတာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သိပ်မပြင်းထန်ပါဘူး။ ဘက်တီးရိးယားကြောင့်လည်း နာနိုင်ပြီး လေးဖက်နာပိုးက အဖြစ်အများဆုံးပါပဲ။ တခြားအကြောင်းရင်းတွေကတော့ ဓာတ်မတည့်တာ၊ လည်ချောင်းခြောက်တာ၊ စားချဉ့်ပြန်ရောဂါ၊ အကျိတ် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသံဝင်တာ လည်ချောင်း တွေနာပြီး အသံတွေအက်တာလည်း လူတိုင်း ဖြစ်ဖူးမှာပါပဲ။ အထူးသဖြင့် အအေးမိ ချောင်းတွေဆိုးပြီး အသံဝင်တာ ပိုဖြစ်တတ်ကြပါတယ်။ ဒါ့ပြင် အသံအသုံးများတာ (ဥပမာ […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေသုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ဆီ သွားရင်လေ မှန်ပြောင်းလေးတွေ၊ မီးလေးတွေ ထိုးကြည့်တာ မြင်ဖူးကြမှာပါ။ နားတို့၊ နှာခေါင်းတို့၊ လည်ချောင်းဆိုတာက လှိုဏ်ခေါင်းလိုပဲ အပြင်ကနေ အထဲကို ဝင်သွားတဲ့ အစိတ်အပိုင်းတွေမို့လို့ အသေးစိတ်မြင်ချင်တယ်ဆိုရင် ရိုးရိုးကြည့်လို့ မရပါဘူး။ မှန်ပြောင်းလေးတွေ၊ ဓာတ်မီးလေးတွေနဲ့ ထိုးကြည့်မှ သေသေချာချာ မြင်ရတာပါ။ လူနာအနေနဲ့ကတော့ ဆရာဝန်ဆိုရင် နားကြပ်နဲ့ စမ်းတာလောက်ကိုပဲ ရင်းနှီးတာကြောင့် ဒီပစ္စည်းလေးတွေ ဘယ်လိုသုံးတာလဲ။ ဒါလေးတွေနဲ့ဆို ဘာတွေများ ပိုကောင်းသွားမှာလဲ။ ဒါတွေနဲ့ စမ်းသပ်ရင် နာမှာလား စတဲ့အကြောင်းလေးတွေကို ပြောပြပေးပါ့မယ်။ နား၊ နှာခေါင်း၊ လည်ချောင်း စမ်းသပ်ရာမှာ သုံးတဲ့ မှန်ပြောင်းလေးများ နားစမ်းကိရိယာ (Otoscope) နားရဲ့ အတွင်းဆုံးအထိ သေသေချာချာ မြင်ရချင်တယ်ဆိုရင် ဒီကိရိယာလေးနဲ့မှ အဆင်ပြေမှာပါ။ ပုံစံကတော့ သံရိုက်တူလို ပုံစံမျိုးလေးပါ။ ထိပ်မှာ မီးလေး ပါပါတယ်။ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။ အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ နားပြည်ယိုတာ နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ […]


နား၊ နှာခေါင်း၊ လည်ချောင်း

အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က အင်မတန်မှ ထူးဆန်းပါတယ်။ တစ်ခါတလေများ ကျွန်တော်တို့တွေ အနံ့တွေ ဘာကြောင့်ရတာလဲ၊ အသံတွေ ဘာကြောင့်ကြားနေရတာလဲဆိုတာ စဉ်းစားကြည့်ဖူးရဲ့လား။ ဒီတိုင်း ကြားရုံ၊ အနံ့ရရုံတင်မကဘဲ ခွဲခြားပြီးတောင် မှတ်ထားလိုက်သေးတယ်။ ဒါကတော့ မွှေးလိုက်တာ၊ ဒါကတော့ အမှိုက်ပုံက အနံ့ကြီး၊ ဒါကတော့ ဘယ်သူ့အသံ၊ ဒီအသံကတော့ဖြင့် ငှက်ဆိုးထိုးသံ စသဖြင့် ခွဲမှတ်ထားလိုက်ပါသေးတယ်။ မျက်လုံးမမြင်ရ၊ လက်နဲ့ကိုင်လို့ မရတဲ့ ဒီအသံတွေ၊ အနံ့တွေကို ဘယ်လိုများ ခံစားတာပါလိမ့်။ အသံတွေ ဘယ်လိုကြားရတာလဲ။ အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့ နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။

နား၊ နှာခေါင်း၊ လည်ချောင်းဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ဦးခေါင်းထဲက အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ဒီနေရာတွေမှာ ရောဂါဖြစ်လို့ သွားကုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တို့၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ဆီ သွားရတာပါ။ ဒီအင်္ဂါတွေမှာ ဘာတွေပါလဲ၊ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။ နား၊ နှာခေါင်း၊ လည်ချောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ နား နားကို အကြမ်းအားဖြင့် နားအပြင်ပိုင်း၊ နားစည်၊ နားအလယ်ပိုင်းနဲ့ နားအတွင်းပိုင်းဆိုပြီး ထပ်ခွဲထားပါတယ်။ နားအပြင်ပိုင်း နားအပြင်ပိုင်းမှာ နားရွက်ရယ်၊ External auditory canal or tubeလို့ ခေါ်တဲ့ နားအပြင်ဘက်နဲ့ အတွင်းဘက်ကို ဆက်ထားပေးတဲ့ ပြွန်လေး ရှိပါတယ်။ နားစည် နားစည်က နားအပြင်ပိုင်းနဲ့ နားအလယ်ပိုင်းနဲ့ကို ကန့်ထားပေးတဲ့ အမြှေးပါးလေးပါ။ နားအလယ်ပိုင်း နားအလယ်ပိုင်းမှာတော့ အသံတွေကို နားအတွင်းပိုင်းကို […]


နှာခေါင်းပြဿနာများ

နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းအချမ်းဓာတ်က တခြားနိုင်ငံတွေလောက် မပြင်းတာတောင် ညဘက်ဆို စိတ်အညစ်ရဆုံးက နှာစေး၊ နှာပိတ်ပြီး ဘယ်လိုမှ အိပ်မရတော့တာပါပဲ။ နှာစေးတာကမှ ဖြေသာနိုင်သေးတယ်။ နှာခေါင်း ပိတ်တဲ့ ပြဿနာက လေရှူသွင်း၊ ရှူထုတ်တဲ့နေရာမှာ အခက်အခဲဖြစ်စေတော့ အိပ်ခါနီးလူတစ်ယောက်က ဒီပြဿနာကိုပဲ စိတ်ထဲစွဲပြီး ဘယ်လိုမှ အိပ်ရနိုင်တော့မှာမဟုတ်ပါဘူး။ အိပ်ခါနီးအချိန်မှာ နှာခေါင်း ပိတ်ရင် ဘာလုပ်ကြမလဲ။ ၁။ ခေါင်းအုံးအနေအထားကို ပြင်ပေးပါ။ များသောအားဖြင့် ခေါင်းအုံးတစ်လုံးတည်း အိပ်တဲ့အခါ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးကလည်း မှို့တွေနည်းပြီး ပြားနေတဲ့အခါ ဦးခေါင်းရဲ့အနောက်မှာ ထောက်ပံ့မှုများများစားစားမရှိတော့ဘဲ နှာခေါင်းပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ခေါင်းအုံးအသေးလေးတစ်လုံးကို အောက်မှာခံပေးတာ၊ ခေါင်းအုံးကို ထပ်ခြမ်းခေါက်ပြီး အိပ်တာ၊ စောင်ကို လုံးချေပြီး ခေါင်းအုံးမှာခုထားတာမျိုး လုပ်ပေးလို့ရပါတယ်။ လည်ပင်းက အမြင့်နေရာကို ရောက်နေတဲ့အခါ […]


နှာခေါင်းပြဿနာများ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

တန်ဆောင်မုန်း လပြည့်နဲ့ မယ်ဇလီပင်ဟာ ခွဲလို့ မရစကောင်းတဲ့ အရာပါ။ လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ နွယ်မြက်သစ်ပင်တွေအားလုံး ဆေးဖက်ဝင်ပြီး မယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။ ဒါဆိုရင် တကယ်တမ်း သိပ္ပံနည်းကျရော မယ်ဇလီဖူး၊ မယ်ဇလီရွက်၊ မယ်ဇလီပင်က ဆေးဖက်ဝင်ရဲ့လား။ မယ်ဇလီပင်ဟာ ဝမ်းချုပ်ခြင်းကို အဓိက ပျောက်ကင်းသက်သာစေပါတယ်။ ဒီ သဘာဝ ကုထုံးဟာ ကိုယ်ဝန်သည်တွေနဲ့ ကလေးတွေအတွက်ပါ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ မယ်ဇလီဖူး (မယ်ဇလီစေ့ပေါ်က အဖူး) ကို ရေထဲ စိမ်ထားပြီး တစ်ညသိပ်ထားပါ။ ပြီးတော့ အရည်စစ်ချပြီး သကြားနဲ့ သောက်လို့ ရပါတယ်။ နောက်ပြီး မယ်ဇလီရွက် ကို အခြောက်လှမ်းပြီး ရေနွေးကြမ်းအဖြစ် သောက်တာက အစာကြေစေပြီး အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ […]


နားပြဿနာများ

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားဖောက်ချိန်မှာ နားဖောက်လိုသူရော ဖောက်ပေးသူပါ ရောဂါပိုးကာကွယ်နိုင်ဖို့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ပစ္စည်းကိရိယာများကိုလည်း ပိုးသတ်သန့်ရှင်းထားဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ရောဂါပိုးဝင်ရောက်ကူးစက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဝင်လာနိုင်ပါတယ်။ နားဖောက်ရာကနေ ဘယ်လိုပိုးဝင်သလဲ နားဖောက်ခြင်းတိုင်းမှာ အနာဖြစ်စေပြီး ပုံမှန်အားဖြင့် အနာကျက်ဖို့ တစ်လခွဲခန့်ထိ ကြာနိုင်ပါတယ်။ နားရဲ့ အရိုးနုလို မာတဲ့နေရာကိုဖောက်မယ်ဆိုရင် အနာကျက်ဖို့ ပိုပြီးကြာနိုင်ပါတယ်။ အနာကျက်ဖို့ အချိန်ကြာလေ ရောဂါပိုးဝင်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ နားပေါက်ကနေ နည်းမျိုးစုံနဲ့ ရောဂါပိုး ဝင်နိုင်ပါတယ်။ နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ နားဖောက်တဲ့ကိရိယာများဟာ ပိုးသန့်စင်ထားတဲ့ ကိရိယာတွေ ဖြစ်ရပါမယ်။ ပစ္စည်းကိရိယာများမသန့်ရှင်းဘဲ လက်အိတ်မဝတ်ဘဲ ကိုင်တွယ်ရင် ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ နားကပ်နားဆွဲများကို တင်းကြပ်နေအောင် ဝတ်ထားရင်လည်း လေဝင်လေထွက်မရှိဘဲ အနာကျက်နှေးပြီး ရောဂါပိုးဝင်နိုင်ခြေ […]


နားပြဿနာများ

နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ

နားကိုက် တာ သွားကိုက်သလိုပါပဲ။ ကိုက်ကလည်းကိုက် ကုတ်မရ ဖဲ့မရ၊ အတွင်းထဲကဆို ပိုဆိုး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိပါဘူး။ လတ်တလောမှာ ဆေးခန်းမသွားဖြစ်ရင်တောင် ကိုယ်သိထားတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ထားနိုင်ရင် အကိုက်သက်သာတာပေါ့။ ဒါပေမယ့် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်သွားပြဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ နားကိုက်ရတဲ့ အကြောင်းရင်းတွေကို ရှာပြီး ကုရဦးမယ်မဟုတ်လား။ နားကိုက် တာ သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ သောက်ဆေးများ ဆေးဆိုင်မှာ ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်လို့ရတဲ့ over the counterအကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ဥပမာပြောရရင် ပါရာစီတမောတို့၊ ibuprofenတို့၊ အက်စပရင်တို့ပေါ့။ ကလေးငယ်တွေဆိုရင်တော့ အက်စပရင် မတိုက်ပါနဲ့။ အသက်၂နှစ်အောင် ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှ မတိုက်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေအနေနဲ့လည်း အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲမသောက်ဖို့ […]


နားပြဿနာများ

သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

နားကိုက် တယ်ဆိုတာ သိပ်ကို ခံရခက်တဲ့ ရောဂါပါ။ ဘာကြောင့်ကိုက်လဲဆိုတာ ထားဦး။ လက်ရှိကိုက်နေတဲ့ အနေအထားကနေ အမြန်သက်သာချင်တာ လူနာတိုင်းရဲ့ ဆန္ဒပါပဲ။ နားကိုက်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ တစ်ဖက်တည်း ကိုက်နိုင်သလို နှစ်ဖက်လုံးကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာက ကြာနေပြီဆိုရင် ဒီတိုင်း ပစ်မထားသင့်ပါဘူး။ ကြာလာရင် နားမကြားတော့တာ ဖြစ်လာနိုင်လို့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ နားပိုးဝင်တာကြောင့်ဆို ပိုဆိုးပါတယ်။ ဒီတိုင်းထားလိုက်ရာက ပိုးက ဦးနှောက်ထဲရောက်ပြီး ဦးနှောက်အမြှေးရောင်တာအထိ ဖြစ်နိုင်လို့ပါ။ နားကိုက် ရတဲ့ အကြောင်းရင်းတွေ နားကို ထိခိုက်ဒဏ်ရာရတာ၊ ပိုးဝင်တာ၊ တခြား အကြောင်းရင်း တစ်ခုခုကြောင့် နားကို လာထိခိုက်ပြီး ကိုက်တာ (ဥပမာ သွားကိုက်တာက နားကို ပျံ့ပြီးကိုက်တာ) အမျိုးစုံ ဖြစ်နိုင်ပါတယ်။ အသေးစိတ်ပြောရရင်တော့ နားပိုးဝင်တာ နားကိုက်ရတဲ့ အကြောင်းရင်းထဲမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း