နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့

ရေကူးရင်းဖြစ်ဖြစ်၊ ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေကစားရင်းဖြစ်ဖြစ် အခန့်မသင့်တဲ့အခါ နားထဲကို ရေဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို နားထဲ ရေဝင်တာက နားပြည်ယိုတာ အပါအဝင် နားနာတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နားထဲ ရေဝင်တာကြောင့် ထိခိုက်မှု ကင်းစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နားထဲရေဝင်ရင် ဘာဖြစ်မလဲ ........... နားထဲ ရေဝင်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် နားထဲရေဝင်တာက အချိန်ကြာမြင့်လာတဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး နားပိုးဝင်တာ နားထဲက နာတာ နားထဲက ယားသလိုလိုဖြစ်တာ နားထဲက ပြည်ထွက်တာ နားအူတာ အသံကို ကောင်းကောင်းမကြားရတာ စတဲ့ အကြားအာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲ ရေမဝင်အောင် ဘယ်လို ကာကွယ်ကြမလဲ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း နားထဲ ရေဝင်တာကြောင့် ထိခိုက်မှုကင်းစေဖို့ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နား၊ နှာခေါင်း၊ လည်ချောင်း

Sore Throat (လည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sore Throat (လည်ချောင်းနာခြင်း) ကဘာလဲ။ လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်းတစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။ Sore Throat (လည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSore Throat (လည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး […]


လည်ချောင်းပြဿနာများ

Tonsillitis (အာသီးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tonsillitis (အာသီးရောင်ခြင်း) ကဘာလဲ။ Tonsillitis( အာသီးရောင်ခြင်း) ဆိုတာ ပုံမှန်အားဖြင့် ရောဂါပိုးဝင်ပြီး ဖြစ်လေ့ရှိသော အာသီးရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ Tonsillitis (အာသီးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါအခြေအနေက အဖြစ်များပါတယ်။ တစ်နှစ်မှာ လူသန်းနှင့် ချီပြီး အာသီးရောင်ကြပါတယ်။ အနေခက်တာကလွဲလျှင် အားသီးရောင်ခြင်းက ပြင်းထန်တဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အာသီးရောင်တာဟာ အသက်အရွယ် မရွေးဖြစ်တတ်သော်လည်း ကလေးတွေမှာ အဖြစ်များပါတယ်။ ကျောင်းနေစ အရွယ်ကနေ အလယ်တန်းလောက်ထိ ကလေးတွေမှာ ဒီရောဂါကိုတွေ့ရနိုင်ပါတယ်။ ဆက်လက်သိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများTonsillitis (အာသီးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာသီးရောင်ခြင်းရဲ့ အဖြစ်များဆုံးရောဂါလက္ခဏာတွေမှာ • လည်ချောင်း အလွန် နာခြင်း • မျိုချရခက်ခြင်း သို့ မျိုချလျှင် နာခြင်း • အက်ကွဲသံထွက်နေခြင်း • ချောင်းဆိုးခြင်း • ပါးစပ်နံခြင်း • ဖျားခြင်း • အစားအသောက်ပျက်ခြင်း • […]


နားပြဿနာများ

Acoustic Neuroma

အဓိပ္ပါယ်ဖွင့်ဆိုချက်Acoustic Neuroma ကဘာလဲ။ acoustic neuroma တစ်နည်းအားဖြင့် vestibulaer schwannoma လို့ခေါ်တဲ့ နားအတွင်းနှင့် ဦးနှောက်ကိုချိတ်ဆက်ပေးတဲ့ အာရုံကြောအား ထိခိုက်စေတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးဖြစ်ပါတယ်။၎င်းအာရုံကြောကို vestibular nerve အကြားအာရုံကြော ဟုခေါ်ပါတယ်။ အကြားအာရုံကြောကို ဝန်းရံတဲ့ ဆဲလ်တွေကို ထိခိုက်စေတဲ့ acoustic neuroma ကို Schwann ဆဲလ်များ ဟုခေါ်ပါတယ်။ ဒီအကျိတ်ကနေ အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း၊ မူးခြင်းနှင့် ဟန်ချက် မထိန်းနိုင်ခြင်းများကို ဖြစ်စေပါတယ်။ သင့်ရဲ့ နားတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဘက်လုံးမှာလည်းဖြစ်နိုင်ပါတယ်။ Acoustic Neuroma က ဘယ်လောက်အဖြစ်များသလဲ acoustic neuroma က ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။၎င်းဟာ အသက် ၃၀ မှ ၆၀ လူတွေမှာ ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် […]


နှာခေါင်းပြဿနာများ

Sinusitis (ထိပ်ကပ်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sinusitis (ထိပ်ကပ်နာရောဂါ) ကဘာလဲ။ ထိပ်ကပ်နာရောဂါဆိုသည်မှာ လူဦးခေါင်းခွံတွင် နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း/နှာခေါင်းလှိုဏ် (Sinus) ပိတ်ဆို့ရာကနေ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုတဲ့ နှာခေါင်းလှိုဏ် တွေ ပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ ထိပ်ကပ်နာရောဂါသည် ရုတ်တရက်ဖြစ်နိုင်ပြီး အချိန်တို ၄ ပတ် လောက်ပဲဖြစ်ရင် ရုတ်တရက်လတ်တလော ထိပ်ကပ်နာလို့ခေါ်တယ်။ ၃ လ လောက်ကြာပြီး ထပ်ခါထပ်ခါ ဖြစ်နေရင်တော့ နာတာရှည်ထိပ်ကပ်နာလို့ခေါ်တယ်။ Sinusitis (ထိပ်ကပ်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံ သိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSinusitis (ထိပ်ကပ်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိပ်ကပ်နာရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ – ခေါင်းကိုက်ခြင်း ချောင်းဆိုးခြင်း အထူးသဖြင့် ညဖက်တွင်ပိုဆိုးတယ် ဖျားနာခြင်း နဖူး (သို့မဟုတ်) မျက်နှာတစ်ဝိုက်လေးလံ နာကျင်ခြင်း နှာပိတ်ခြင်း၊ နှာစေးခြင်း၊ အဝါ/အစိမ်း/အပြာရောင် အရည်များထွက်ခြင်း လည်ချောင်းနာခြင်း အထက်ပါလက္ခဏာများဟာ […]


နားပြဿနာများ

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကဘာလဲ။ Otitis externa ဆိုတာ နားရဲ့ အပြင်ပြွန်လမ်းကြောင်းကို အုပ်ထားတဲ့ အရေပြားအလွှာပါးလေးမှာ ရောဂါးပိုးဝင်ခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တတ်သော်လည်း တစ်ခါတလေ မှိုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နားပြွန်လမ်းကြောင်း ဆိုတာ နားစည်ကနေ နားအပြင်ဘက်ကို ဆက်ထားတဲ့ လိုဏ်ခေါင်းပေါက်ဖြစ်ပါတယ်။ Otitis externa ဟာ ပုံမှန်အားဖြင့် သင်ရေကူးပြီး နောက်တစ်နေ့မှာ ဖြစ်တတ်ပြီး ရက်တို သို့မဟုတ် နာတာရှည်လည်း ဖြစ်တတ်ပါတယ်။ Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ရေမကြာခဏကူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေ (သို)့ အရေပြားဓါတ်မတည့်တတ်တဲ့ သူတွေ နဲ့ နားဖာချေး ထုတ်တာ နည်းတဲ့ သူတွေမှာ […]


နားပြဿနာများ

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။ အတွင်းနားရောင်ခြင်းဆိုသည်မှာနား၏အတွင်းပိုင်းရောင်ရမ်း ခြင်းတစ်မျိုးဖြစ်ပြီးမူးဝေခြင်းကို ဖြစ်စေပါသည်။ နား၏ အတွင်းဖက်တွင် မျှခြေကိုထိန်းပေးသောဝင်္ကပါအခွေ ဟုခေါ် သောအစိတ်အပိုင်းတစ်ခုရှိပါသည်။ ဝင်္ကပါအခွေ သည် ထိခိုက်ခံရပါကဦးနှောက်သို့ မှားယွင်းသောအချက်ပြ မှုများကိုပို့ပါသည်။ အတွင်းနားရောင်ခြင်းသည် အကြားအာရုံဆုံးရှုံးခြင်း၊ ချာချာလည်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင် ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။ Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွင်းနားရောင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ မည်သည့်အသက်အရွယ် တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချခြင်းဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ လက္ခဏာများLabyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် ရုတ်တရက် စတင်လာနိုင်ပြီးတစ်မိနစ်မှ နာရီအနည်းငယ် သို့မဟုတ် ရက်များအတွင်းပျောက်လိုက် ပေါ်လိုက် ဖြစ်တတ်ပါသည်။ ကိုယ်နေကိုယ် ထားကိုလျင်မြန်စွာပြောင်းလဲလိုက်ပါကချာချာလည် သလိုခံစားရနိုင်ပါသည်။ အခြားရောဂါ လက္ခဏာများမှာမူးဝေခြင်း၊ မတည်ငြိမ်သလိုခံစားရခြင်း၊ […]


လည်ချောင်းပြဿနာများ

Graves' Disease (သိုင်းရွိုက်ဂလင်း ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Graves’ Disease (သိုင်းရွိုက်ဂလင်း ရောဂါ) ကဘာလဲ။ Graves’ diseaseဆိုသည်မှာသိုင်းရွိုက်ဟော်မုန်းအများအပြားထွက်သောရောဂါတစ်မျိုး ဖြစ်သည်။ မိမိကိုယ်တွင်းရှိဆဲလ်များကိုမှားယွင်းစွာပြန်လည်တိုက်ခိုက်သောကိုယ်ခံအားစနစ်ချို့ယွင်းချက်တစ်မျိုးဖြစ်ပြီးသိုင်းရွိုက်ဟော်မုန်းကိုအလွန်အကျွံ ထွက်စေပါသည်။ ကိုယ်ခံအားစနစ်မှ immunoglobulin ဟုခေါ်သောပဋိပစ္စည်းများကိုထုတ်ကာသိုင်းရွိုက်ကိုလှုံ့ဆော်ပါသည်။ ထိုအခါ သိုင်းရွိုက်ဂလန်း မှ သိုင်းရွိုက်ဟော်မုန်းအများအပြားထွက်လာပါသည်။ သိုင်းရွိုက်ဟော်မုန်းအထွက်များခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာရှိပါသည်။ သို့သော် လည်ပင်းကြီးရောဂါသည် အဖြစ်များသောအကြောင်းရင်းတစ်ခု ဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓါကိုယ် အနှံ့ တွင် သက်ရောက်မှုများရှိသောကြောင့် ဤ ရောဂါ ၏ ရောဂါလက္ခဏာများသည် အာရုံကြောအဖွဲ့အစည်း၊ ဦးနှောက်ဖွံ့ ဖြိုးမှု နှင့် ကိုယ် အပူချိန် ပြောင်းလဲခြင်းတို့ ပါဝင်ပါသည်။ Graves’ Disease (သိုင်းရွိုက်ဂလင်း ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားပါသည်။ အသက် ၄၀ မပြည့်သောလူများတွင် ပို၍ ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း