ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

ကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ

ကလေးငယ်တွေကို ကင်ဆာအကြောင်းပြောပြရတာက ဘယ်တော့မှမလွယ်ကူပါဘူး။ မိဘတွေက ကလေးတွေကို ( အထူးသဖြင့် ဆယ်ကျော်သက်တွေ ) ကို ကင်ဆာအကြောင်းပြောပြဖို့ ဘယ်အချိန်သင့်တော်လဲ မသိကြတာပါ။ သူတို့ကိုဘယ်လောက်ပြောပြရမလဲဆိုတာနဲ့ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။ သင့်ကလေးတွေကို ကင်ဆာအကြောင်းပြောပြပြီး သူတို့စိတ်မဖိစီးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေ အောက်မှာပေးထားပါတယ်။ • ရိုးရိုးရှင်းရှင်းပြောပါ တချို့ကလေးတွေအတွက် ကင်ဆာကကြောက်စရာပါ။ သင်သိထားရမယ့် အရေးကြီးဆုံးတစ်ချက်က အရိုးရှင်းဆုံးပြောဖို့ပါဘဲ။ ရှုပ်ထွေးတာတွေမပေါမိစေဘဲ ဘာတွေဖြစ်နေလဲဆိုတာပုံမှန်ဘဲ ပြောပြပါ။ ပထမဆုံး သင်တို့ကင်ဆာနဲ့ပတ်သက်ပြီး ဘာနားလည်လဲဆိုတာအရင်မေးပြီး မသိတာရှင်းပြပါ။ • ရိုးသားပါ ကလေးငယ်တွေကိုပြောပြရမှာဖြစ်တဲ့အတွက် သူတို့နားလည်မယ့်အနေအထားနဲ့ပြောပြဖို့လိုပါလိမ့်မယ်။ ဘာအချက်အလက်ကိုမှ ကွယ်ဝှက်ပြီးပြောဖို့မစဉ်းစားပါနဲ့။ ကင်ဆာဆိုတဲ့စကားလုံးက စိတ်ဖိစီးစရာကောင်းနေပေမယ့် ကိုယ်ထဲက ဆဲလ်တချို့က တခြားဆဲလ်တွေထက် ပိုကြီးထွားမြန်လာလို့ဆိုပြီးရှင်းပြပါ။ သင်တိတိကျကျရှာင်းပြလေ သင့်ကလေးစိတ်မရှုပ်လေပါဘဲ။ • အသင့်တော်ဆုံး နေရာနဲ့ အချိန်ကိုရွေးပြီး ပြောပြပါ သင့်တော်တဲ့ နေရာနဲ့အချိန်ကိုရွေးပြီး ရှင်းပြတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့ လှိုက်လှိုက်လျောလျော နားထောင်ပေးနိုင်မယ့်အချိန် သူတို့သက်တောင့်သက်သာဖြစ်နေမယ့်အချိန်ကိုရွေးပြီး သင်ကိုယ်တိုင်လည်း […]


အသည်းကင်ဆာ

အသည်းကင်ဆာပြီးနောက် အစာစားချင်စိတ်ကို ဘယ်လို မြင့်တင်မလဲ

အသည်းကင်ဆာကုသမှု ပြီးနောက် သို့မဟုတ် ကုသနေ စဉ်အတွင်း အစာစားချင်စိတ် ဆုံးရှုံးခြင်းမှာ ပုံမှန်ဖြစ်သည်။ သို့သော် အရေးကြီးသော အချက်မှာ သင်သည် အာဟာရ စားသုံးမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာစားခြင်းသည် ခန္ဓါကိုယ်အား ပြန်လည်ကောင်း မွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများ နည်းစေရန် ကူညီပေး သည်။ ကယ်လိုရီ လုံလောက်စွာ စားခြင်းသည် ကိုယ်အလေး ချိန်ကျခြင်းကို ကာကွယ်ပေးရုံသာမက ကုသမှု ဒဏ်ခံနိုင်ရန် လည်း ကူညီပေးသည်။ အသည်းကင်ဆာ ကုသမှုပြီးနောက် အစာစားချင်စိတ် ဆုံးရှုံးမှုကို တွန်းလှန်နိုင်ရန် အောက်ပါ နည်းလမ်းများမှ အကူအညီရယူပါ။ ၁။ ရေဓါတ်ခန်းခြောက်မှု မဖြစ်ပါစေနှင့်။ ရေဓါတ်ခန်းခြောက်ခြင်းသည် ဓါတုကုထုံးဖြင့် ကုသမှု ခံယူနေသော ကင်ဆာလူနာများတွင် အလွန် အဖြစ်များ သည်။ ပါးစပ်ခြောက်ခြင်း၊ အစာ မျိုချရခက်ခြင်း၊ မောပန်း […]


အသည်းကင်ဆာ

အသည်းကင်ဆာအတွက် ဆေးဖက်ဝင်ဆေးများ

ဆေးဖက်ဝင်ဆေးများသည် အပင်များ သို့မဟုတ် အပင် ပစ္စည်းများ အရောအနှော ကို အသုံးပြုထားပြီး ရောဂါ ကုသ ရန် နှင့် ခန္ဓါကိုယ်၏ ကာကွယ်နိုင်စွမ်းနှင့် ပြန်လည် ကောင်း မွန်နိုင်စွမ်းကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ ဆေးဖက်ဝင် ဆေးများသည် အသည်းကင်ဆာ ကုသရန်တွင် အသုံးများ ပါသည်။ ဓါတုကုထုံး နှင့် ဆေးများနှင့်အတူ အသုံးပြုသည်။ အသည်းကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသပါက လုံးဝ ပျောက်ကင်းနိုင်သည်။ ဆေးဖက်ဝင် ဆေးများသည် သင့်ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ယူဆောင် နိုင် သော်လည်း ၎င်းတို့ကို မသုံးမပြုမီ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးသင့်သည်။ ပို၍ စဉ်းစာ ဆင်ခြင်နိုင်ရန် ထို ဆေးဖက် ဝင်ဆေးများအကြောင်းကို ကြည့်ကြရအောင်။   ၁။ ဇီရာ ဇီရာသည် အစေ့ပုံ […]


သွေးကင်ဆာ

Acute Leukemia ( ပြင်းထန်လူကီးမီးယား )

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Leukemia ( ပြင်းထန်လူကီးမီးယား ) ကဘာလဲ။ လူကီးမီးယားဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးဖြစ်မည့် ပစ္စည်းများ – ရိုးတွင်းချဉ်ဆီနှင့် ပြန်ရည်ကြောစနစ်များ တွင်ဖြစ်သော ကင်ဆာရောဂါဖြစ်သည်။ သင့်၌ လူကီးမီးယားရှိသည့်အါ ရိုးတွင်းချဉ်ဆီသည် ပုံမှန်မဟုတ်သည့် သွေးဖြူဥများကို ထုတ်၏။ ထိုသွေးဖြူဥများကို လူကီးမီးယားဆဲလ်များဟု ခေါ်သည်။ သူတို့သည် ပုံမှန်သွေးဖြူဥများကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ ပုံမှန်ဆဲလ်များထက် အပွားပြန်ပြီး ရပ်သင့်သည့်အချိန်တွင်လည်း ဆက်ပွား၏။ လူကီးမီးယားအမျိုးမျိုးရှိပါသည်။ ယေဘုယျအားဖြင့် လူကီးမီးယားအား အခြေအနေမြန်မြန်ဆိုးပုံ၊ ထိခိုက်နေသော သွေးဖြူဥဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အုပ်စုခွဲ၏။ ရုတ်တရတ်ပြင်းထန်နိုင်သလို နာတာရှည်ရောဂါလဲဖြစ်သည်။ ပြင်းထန်လူကီးမီးယားသည် လျင်လျင်မြန်မြန်ဆိုးဝါးပြီး သင့်အားချက်ချင်း နေမကောင်းစေနိုင်၏။ နာတာရှည်လူကီးမီးယားတွင်တော့ ဆိုးဝါးမှုသည် ဖြည်းဖြည်းချင်းဖြစ်လာပြီး နှစ်များစွာကြာအောင် လက္ခဏာမပြတတ်ပါ။ ၎င်းသည် လင်ဖက်တစ် သို့ မိုင်လိုဂျီးနပ်ဆိုပြီး ဖြစ်နိုင်၏။ လင်ဖက်တစ် (သို့ ပြန်ရည်ဆဲလ်ဆိုင်ရာ) လူကီးမီးယားသည် ပြန်ရည်ဆဲလ် […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) ကဘာလဲ။ သင့်ရဲ့ paranasal sinus တွေဆိုတာဟာ သင့်နှာခေါင်း ပတ်လည်မှာရှိတဲ့ သေးငယ်တဲ့ အခေါင်းပေါက်လေးတွေပါ။ အဲဒီ အပေါက်လေးတွေကို သင့်နှာခေါင်းခြောက်သွေ့တာမျိုးမဖြစ်အောင် ထိန်းထားပေးနိုင်တဲ့ အချွဲတွေထုတ်တဲ့ ဆဲလ်တွေက ကာရံထားပါတယ်။ နှာခေါင်းအတွင်းအပေါက်ဟာ သင့်ရဲ့ နှာခေါင်းအနောက်မှာရှိတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင်အသက်ရှုတဲ့အခါမှာ လေတွေက အဲဒီအပေါက်ထဲကို ဖြတ်ဝင်ပြီး လည်ချောင်းဆီသွားရပါတယ်။ Sinus ကင်ဆာဆိုတာဟာ သင့်ရဲ့ နှာခေါင်းအတွင်းမှာရှိတဲ့ နှာခေါင်းပေါက်လမ်းကြောင်း အတွင်း(သို့) အနီးနားမှာ ရှိတဲ ဆဲလ်တွေ ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။ Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ Sinus(ဆိုင်းနပ်စ်) ကင်ဆာဖြစ်တာဟာ အတော်ရှားပါတယ်။ Sinus(ဆိုင်းနပ်စ်) ကင်ဆာ ဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် […]


အခြားကင်ဆာများ

Rectal Polyps ( အစာဟောင်းအိမ်အသားပို )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကဘာလဲ။ အစာဟောင်းအိမ်အသားပိုဆိုသည်မှာ အူမကြီးနံရံများတွင် ဖြစ်ပေါ်တတ်သည့် ဆဲလ်အစုအဝေးလေးများကို ဆိုလိုသည်။ အူမကြီးအသားပိုအများစုမှာ အန္တရာယ်မရှိပါ။ သို့သော် အချိန်ကြာလာသည်နှင့် တစ်ချို့သော အူမကြီးအသားပိုများသည် အူမကြီးကင်ဆာအဖြစ် ပြောင်းသွားနိုင်ပြီး နောက်ပိုင်းအဆင့်များတွင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်၏။ အသားပိုများသည် အချောင်းလိုက် သို့မဟုတ် ချိန်သီးပုံစံနှင့်ရှိတတ်ပြီး အရွယ်အစားအမျိုးမျိုး ရှိနိုင်သည်။ အသားပိုများတွေ့ရနိုင်ချေသည် ၇%မှ ၅၀% ထိရှိပြီး အများဆုံးမှာ ရင်ခွဲစစ်ဆေးစဉ် အလွန်သေးငယ်သည့်အသားပိုများ (များသောအားဖြင့် hyperplastic polys သို့ adenoma)ဖြစ်သည်။ အသားပိုများသည် များသောအားဖြင့် အများကြီးရှိတတ်ပြီး အတွေ့ရဆုံးမှာ အစာဟောင်းအိမ်တွင်ဖြစ်သည်။ Rectal Polyps ( အစာဟောင်းအိမ်အသားပို ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်း အူမကြီးအသားပိုပေါက်နိုင်၏။ အသက် ၅၀ ကျော်လာလျှင် သို့မဟုတ် အဝလွန်လျှင် သို့မဟုတ် […]


အခြားကင်ဆာများ

Penile Cancer (ဖိုအင်္ဂါကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Penile Cancer (ဖိုအင်္ဂါကင်ဆာ ) ကဘာလဲ။ ဖိုအင်္ဂါကင်ဆာသည် ရောဂါဆိုးနိုင်ချေနှင့် အသက်အန္တရာယ်မြင့်သော လိင်တံကင်ဆာဖြစ်ပြီး ဖွံဖြိုးမှုနောက်ကျသော တိုင်းပြည်များတွင် အသက်အရွယ်ကြီးရင့်သူ အမျိုးသားများ၌ အဖြစ်များ၏။ ဖိုအင်္ဂါကင်ဆာသည် လိင်တံအရေးပြားထိပ် ကြပ်ခြင်း (Phimosis) အား မကုသပဲထားခြင်း သို့မဟုတ် အသက်ကြီးမှ ထိပ်ဖြတ်ခြင်း ပြုလုပ်သူများ (၃၈-၂၀ ကြား)တွင် ဖြစ်တတ်ပါသည်။ ထိပ်ဖြတ်ခြင်းဆိုသည်မှာ လိင်တံမှထိပ်ဖျားအရေပြားအား ဖယ်ရှာပစ်ခြင်း ဖြစ်သည်။ ထိပ်ဖြတ်ခြင်းအခမ်းအနား (brit milah) သည် ဂျူးဘာသာ၏ ရှေးကျသော အလေ့အကျင့်တစ်ခု ဖြစ်ပြီး မွေးကင်စ ကင်းပွန်းတပ်ခြင်းနှင့် တွဲလုပ်လေ့ ရှိသည်။ ထို့ကြောင့် အစ္စရေးလူမျိုးများတွင် ကမ္ဘာပေါ်၌ ဖိုအင်္ဂါကင်ဆာဖြစ်ပွားမှု အနည်းဆုံး (ဝ.၁/၁၀၀,၀၀၀) ဖြစ်သည်။ ဖိုအင်္ဂါကင်ဆာအား အောက်ပါအတိုင်း အမျိုးအစားခွဲ၏။ စကွေးမတ်ဆဲလ်ကင်ဆာ (SCC) သည် အဖြစ်များဆုံးသော ဖိုအင်္ဂါကင်ဆာအမျိုးအစား ဖြစ်ပြီး […]


အရေပြားကင်ဆာ

Skin Cancer (အရေပြားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Skin Cancer (အရေပြားကင်ဆာ) ကဘာလဲ။ အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်များ ထိန်းမနိုင်သိမ်းမရပွားခြင်းဖြစ်တယ်။ ပြင်ပြန်လို့မရတော့တဲ့ ဒီအန်အေပျက်စီးခြင်းတွေကြောင့် ဗီဇမှာထွန်းသွားတဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့် အရေပြားဆဲလ်တွေ လျင်မြန်စွာပွားများပြီး ကင်ဆာအဖုအကျိတ်တွေဖြစ်လာရပါတယ်။ အရေပြားကင်ဆာအဓိကသုံးမျိုးရှိတယ်- basal cell carcinoma ခေါ် အခြေခံဆဲလ်ကင်ဆာ squamous cell carcinoma ခေါ် ဆဲလ်အပြားများစုပေါင်းထားသော အရေပြားလွှာကင်ဆာ melanoma ခေါ် ရောင်ခြယ်ပစ္စည်းကင်ဆာ Skin Cancer (အရေပြားကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။ လက္ခဏာများSkin Cancer (အရေပြားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားကင်ဆာဟာ နေလောင်ဒဏ်များသောနေရာများ- ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း၊ လက်နဲ့ အမျိုးသမီးတွေမှာဆို ခြေထောက်တို့မှာ ဖြစ်နိုင်သလို မြင်ရခဲတဲ့ လက်ဖဝါး၊ လက်သည်းအောက်၊ ခြေသည်းအောက်နဲ့ လိင်အင်္ဂါနေရာတို့မှာပါ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့- Basal […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Tonsil Cancer (အာသီးကင်ဆာရောဂါ)

Tonsil Cancer ဆိုတာဘာလဲ။ အာသီးကင်ဆာဟာ အာသီးမှာရှိတဲ့ဆဲလ်တွေမှာ စတင်တဲ့ ကင်ဆာဖြစ်ပါတယ်။ သင့်အာသီးဟာ ရောဂါပိုးတွေကိုတိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပါးစပ်ရဲ့ အနောက်မှာ ရှိတဲ့ ဘဲဥပုံ Pads နှစ်ခုဖြစ်ပါတယ်။ အာသီးကင်ဆာဟာ အစာမြိုချရ ခက်ခဲခြင်း၊ လည်ချောင်းတွေထဲမှာ ပိတ်မိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အာသီးကင်ဆာကို များသောအားဖြင့် ရောဂါရင့်ပြီး အခြားနေရာတွေဖြစ်တဲ့ လျှာနဲ့ ပြန်ရည်ကျိတ်တွေကို ပြန့်နေတဲ့ အချိန်မှ သိရှိတတ်ပါတယ်။ အာသီးကင်ဆာရဲ့ ကုသမှုကတော့ ကင်ဆာကို ဖယ်ထုတ်ဖို့ ခွဲစိတ်မှုပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဓါတ်ရောင်ခြည်ပေးကုသမှုနဲ့ ကင်ဆာဆေးသွင်းကုသမှုတွေ ပါဝင်ပါတယ်။   Tonsil Cancer ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Tonsil Cancer ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Tonsil Cancer ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Tonsil […]


အခြားကင်ဆာများ

လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေနိုင်သလား

လက်ကိုင်ဖုန်းတွေသုံးရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာက ယနေ့ခေတ်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေပါတယ်။ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာ ဒါမှမဟုတ် တခြားကျန်းမာရေးအတွက် ထိခိုက်စေနိုင်သလား။ အဓိကအချက်သုံးခုရှိပါတယ်။ (၁) လက်ကိုင်ဖုန်းတွေက ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါက သံလိုက်ပါတဲ့ လှိုင်းတွေဖြစ်တဲ့အတွက် ခန္ဓါကိုယ်မှာ ရှိတဲ့ အနီးဆုံး တစ်သျှူးကနေ ဒီစွမ်းအင်ကို စုပ်ယူနိုင်ပါတယ်။ (၂) လက်ကိုင်ဖုန်းသုံးတဲ့ဦးရေက တစ်မဟုန်ချင်း တိုးပွားလာနေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် သန်းငါးဆယ် ဝန်းကျင်ရှိပါတယ်။ (၃) တနေ့ချင်းဆီခေါ်ဆိုမှုနဲ့ သုံးစွဲသူတွေက များလာပါတယ်။ နှစ်နှစ်ဆယ်အတွင်း အသုံးပြုသူဦးရေ ၄၂၀,၀၀၀ တိုးပွားလာပါတယ်။   လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေသလား သုတေသနအများစုကတော့ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာမဖြစ်စေဘူးလို့ ဆိုပါတယ်။ လက်ကိုင်ဖုန်းကနေထွက်တဲ့ ရေဒီယိုလှိုင်းတွေက ခန္ဓါကိုယ်မှာရှိတဲ့ မျိုးဗီဇ (DNA) ကို သက်ရောက်မှု မရှိနိုင်ဘူလို့ ဆိုတာပါ။ ဒါနဲ့ပတ်သက်လို့ The National Institute of Environmental Health Sciences […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း