ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အူမကြီးကင်ဆာ

သင့်မှာ အူမကြီးကင်ဆာဖြစ်နေတယ်ဆိုတာ အိမ်ထောင်ဖက်ကို ဘယ်လိုအသိပေးမလဲ

သင့်မှာ အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကို အိမ်ထောင်ဖက်ကို လက်ခံအောင်ပြောပြဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ တစ်ဦးကို တစ်ဦးနားလည်မှုရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စကားပြောဆိုခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ပိုပြီးလွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းကိုရှာမတွေ့ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့က သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဆိုတာဘာလဲ။ ဒီကင်ဆာက အူမကြီး (သို့) အစာဟောင်းအိမ် တစ်နေရာမှာ ဖြစ်တဲ့ ကင်ဆာကို ဆိုလိုပါတယ်။ ဒီကင်ဆာအများစုဟာ အူမကြီး (သို့) အစာဟောင်းအိမ် အတွင်းနံရံသား ဆဲလ်ပွားများလာခြင်း၊ အလုံးဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အချို့ အလုံးများက နှစ်များစွာကြာလာတဲ့အခါမှာ ကင်ဆာအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမဲ့ အလုံးအားလုံးကတော့ ကင်ဆာ ဖြစ်မလာပါဘူး။ ကင်ဆာဖြစ်စေတဲ့ အခြေအနေရှိတဲ့ အကြောင်းတရားအချို့လည်း ရှိပါတယ်။ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ အများစုသည် အချွဲ နှင့် အရည်ထုတ်လုပ်ပေးသော ဆဲလ်အမျိုးအစားများတွင် […]


အဆုတ်ကင်ဆာ

လူငယ်သူနာပြုများ ။ ။ အဆုတ်ကင်ဆာလူနာကလေးငယ်ကို ပြုစုတဲ့အခါ ဘာတွေသိထားဖို့လိုမလဲ

အခြားသူတစ်ယောက်ကို စောင့်ရှောက်ရခြင်းဟာ မလွယ်ကူပါဘူး။ အထူးသဖြင့် အဆုတ်ကင်ဆာ ကလေးတစ်ယောက်ကို စောင့်ရှောက်ရခြင်းဟာ ပိုလို့တောင် မလွယ်ကူပါဘူး။ ကင်ဆာ ဖြစ်နေတဲ့ ကလေးတစ်ယောက်ဟာ ပုံမှန်လူနာထက်ပိုပြီး ပြုစုစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ စောင့်ရှောက်သူ တစ်ယောက်အနေနဲ့ သင့်ကလေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ သင့်ကိုကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။   သင့်လူနာကျန်းမာရေး အပြင် အခြားဂရုစိုက်စရာတွေလည်း ရှိပါသေးတယ်။ တကယ်လို့ သင်ဟာ ငယ်ရွယ်သူဖြစ်ရင် စောင့်ရှောက်သူအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်မိဘတွေရဲ့ ကူညီမှု လိုအပ်နိုင်ပါတယ်။ သင့်ကလေးကို စောင့်ရှောက်ဖို့အတွက် သူတို့ကို ကလေးကို ဖုန်းခေါ်စေပြီး နေကောင်းရဲ့လား မေးခြင်း၊ ဆရာဝန်နဲ့ ချိန်းထားတဲ့နေရာကို သူတို့ပါ ခေါ်သွားခြင်း၊ ထမင်းဟင်း ချက်စားခြင်းတွေဟာ သင်တို့ကြားက ရင်းနှီးမှုကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။   ဆက်သွယ်မှု […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာလက္ခဏာ ၉ ချက်

အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။ ဒီလိုသေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် ၃ ရှိနေပြီး ဖြစ်ပါတယ်။ အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကုသလို့ မပျောက်ကင်းနိုင်တဲ့ ချောင်းဆိုးခြင်း ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး […]


အဆုတ်ကင်ဆာ

သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ

Alternative therapies တွေဟာ အဆုတ်ကင်ဆာ လက္ခဏာတွေကို ကုသဖို့နဲ့ ကုသမှုရဲ့ ဆိုးကျိုးတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ သူတို့ကို သူတို့ချည်းပဲတော့ မကုသနိုင်ပါဘူး။ Alternative therapies တွေဟာ ပုံမှန် ကင်ဆာ ကုသမှုတွေလုပ်နေစဉ်မှာ လူနာကို သက်သာအောင် ကုသပေးတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီကုသမှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ထားမှုတွေ နည်းပါးကာ သူ့ရဲ့ အစွမ်းထက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ယူဆချက်တွေ များပြားပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ရောဂါအခြေအနေ အတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာ Alternative therapies တွေကို အသုံးပြုပြီး အောင်မြင်မှုတွေ ရရှိတတ်ကြပါတယ်။ ဒီရောဂါတွေထဲမှာ အဆုတ်ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ Alternative therapies တွေကို အသုံးမပြုခင် ဒီနည်းတွေက သင့်အတွက် မှန်ကန်ပြီး စိတ်ချရရဲ့လားဆိုတာ သိရှိဖို့ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ အပ်စိုက်ကုသနည်း အပ်စိုက်ကုသနည်းဟာ […]


အဆုတ်ကင်ဆာ

ကိုယ်ဝန်ဆောင်တွေမှာ အဆုတ်ကင်ဆာအဖြစ်များလာနေတာကို သင်သိပါသလား

သုတေသနတွေအရ ကိုယ်ဝန်ဆောင်တွေ သေဆုံးနှုန်းနိမ့်လာတယ်လို့ ဆိုကြပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ပြည်သူလူထုတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ အဆုတ်ကင်ဆာ ဖြစ်ခြင်းကတော့ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ အဆုတ်ကင်ဆာ လူနာတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ ကင်ဆာဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့်လည်း လုံးဝမဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရနိုင်ပါဘူး။ အခုခေတ် အမျိုးသမီးတွေဟာ ကလေးရဖို့ အသက်ကြီးသည်အထိ စောင့်နေတတ်ကြပါတယ်။ ကင်ဆာဖြစ်ပွားနှုန်းဆိုတာလည်း အသက်ကြီးသူတွေမှာ ပိုအဖြစ်များတာကြောင့် ကိုယ်ဝန်ဆောင်စဉ် ကင်ဆာရှိနေခြင်းဟာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ဆေးမှုတွေ ပြုလုပ်စဉ်မှာ အဆုတ်ကင်ဆာကို တွေ့ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ လက္ခဏာတွေကို လွတ်သွားလေ့ရှိပါတယ်။ လူအတော်များများက ဒါဟာ ကိုယ်ဝန်ဆောင်လို့ နေမကောင်းဖြစ်ခြင်းလို့ပဲ ထင်တတ်ကြပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ မောခြင်း၊ ဖျားခြင်း၊ ပင်ပန်းခြင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဆုတ်ကင်ဆာ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာက သင့်ခန္ဓါကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အဆုတ်ကင်ဆာဟာ အသက်ရှူလမ်းကြောင်း နံရံက ဆဲလ်အများစုကို အဓိက ထိပြီး အဆုတ်တစ်ရှူးတွေကို ထိခိုက်စေတဲ့ အဆုတ် ကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဟာ အဖြစ်များပါတယ်။ အဆုတ်ကင်ဆာ အကြောင်း အထူးသဖြင့် ရောဂါလက္ခဏာတွေကို သိရှိခြင်းဟာ သင့်မှာ အဆုတ်ကင်ဆာ ရှိရင် ကာကွယ်ကုသဖို့ ကူညီပေးနိုင်ပါတယ်။ ရောဂါလက္ခဏာများ အဆုတ်ကင်ဆာ ရောဂါလက္ခဏာတွေဟာ အလွန်ပြတ်သားပြီး သိသာပါတယ်။ အချို့ ရောဂါလက္ခဏာတွေကတော့ နေ့အချိန်မှာ ပိုဆိုးတဲ့ ချောင်းဆိုးခြင်း၊ ဆက်တိုက်ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း။ သွေးအန်ခြင်း၊ အဆုတ် ရောဂါပိုးဝင်ခြင်း တွေပဲ ဖြစ်ပါတယ်။ အချိန်တိုင်း ပင်ပန်းနေပြီး အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန်ကျဆင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကင်ဆာဟာ အခြားနေရာတွေကို ပြန့်သွားတယ်ဆိုရင် အချို့လက္ခဏာတွေ ဖြစ်တဲ့ ဟော်မုန်း (သို့) သွေး ပိုင်းဆိုင်ရာ ပုံမမှန်မှုတွေကို […]


အဆုတ်ကင်ဆာ

ကလေးအရွယ်တွင်ခံစားရသော အဆုတ်ကင်ဆာကို ကုသပြီးနောက်ပိုင်း ဖြစ်ပေါ်လာသောအကျိုးဆက်များ

ကလေးအရွယ်တွင်ခံစားရသော အချို့သော အဆုတ်ကင်ဆာများသည် ကုသပြီးနောက်ပိုင်း အောက်ပါအကျိုးဆက်များခံစားရနိုင်ပါသည်။ · ဟော့ခ်ျကင်း အကြိတ်ကင်ဆာ · ကျောက်ကပ်အကြိတ်ကင်ဆာ · ပင်မဆဲလ်ကိုအစားထိုးကုသရသော ကင်ဆာ အချို့သောကင်ဆာဆေး(ဓါတုဗေဒဆေး)များနှင့် ဓါတ်ရောင်ခြည်ပေးခြင်းတို့သည် ကင်ဆာကုပြီးနောက် သက်ရောက်မှုများကို ပိုဖြစ်စေပါသည်။ အောက်ပါတို့သည်ဖြစ်နိုင်ချေရှိသော ကျန်းမာရေးအခြေအနေများဖြစ်ပါသည်။ · အဆုတ်တွင် ကင်ဆာဖြစ်နေသောအစိတ်အပိုင်း နှင့် ရင်ဘတ်ကို ခွဲစိတ်ဖယ်ရှားခြင်း · Bleomycin, Busulfan, Carmustine, Lomustine စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့သည် အဆုတ်ကိုထိခိုက်စေသည်။ · ရင်ဘတ်ကို ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းသည် ဓါတ်ရောင်ခြည်ပမာဏအနည်းအများ၊ ဓါတ်ရောင်ခြည်ပေးသော အစိတ်အပိုင်းနှင့် ဓါတ်ရောင်ခြည်လက်ခံရရှိမှုအပေါ်မူတည်ပြီးအဆုတ်ကို ထိခိုက်မှု အနည်းအများကွာခြားပါသည်။ · ပင်မဆဲလ်ကိုအစားထိုးမကုသမီ တကိုယ်လုံးကို ဓါတ်ရောင်ခြည်ပေးခြင်း။ အဆုတ်ကင်ဆာကုထုံး၏ နောက်ဆက်တွဲကျန်းမာရေးပြသနာများသည် ခွဲစိတ်ခြင်း၊ စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့တွဲ၍ကုသရသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထို့ပြင် အောက်ပါရောဂါများရှိလျှင်လည်း ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။ · ပင်မဆဲလ် အစားထိုးပြီးနောက် ဓါတ်မတည့်မှုဖြစ်ခြင်း၊ ပိုးဝင်ခြင်း · […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ

ကင်ဆာဆိုးရွားလာသည်နှင့်အမျှ ကင်ဆာသည် ခန္ဓါကိုယ်၏အခြားနေရာများသို့ပြန့်သွားလျှင် နောက်ဆက်တွဲဆိုးကျိုးများလည်း ဆိုးလာနိုင်သည်။ အချို့သော နောက်ဆက်တွဲဆိုးကျိုးများသည် ကုသမှုများကြောင့်ဖြစ်ရသည်။ အဆုတ်ကို သက်ရောက်ခြင်း အဆုတ်ကင်ဆာပြန့်သွားလျှင် ပင်မအသက်ရှုလမ်းကြောင်းကို ပိတ်သွားခြင်း၊ အဆုတ်ရေဝိုင်းခြင်းတို့ကြောင့် အသက်ရှုမဝဖြစ်ကာမောပန်းလာနိုင်သည်။ အချိန်ကြာလာသောအခါ အောက်ဆီဂျင်လုံလောက်စွာမရသောကြောင့် နှလုံးရောဂါကဲ့သို့မောလာနိုင်သည်။ အဆုတ်တွင်အရည်များ ကြာရှည်စွာစုပုံလာသောအခါ နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လာနိုင်သည်။ ထိုအခါ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် ဆေးရုံတက်ရနိုင်သည်။ အဆုတ်ကင်ဆာရှိသောသူများသည် အသက်ရှုလမ်းကြောင်းတွင် သွေးထွက်ခြင်းကြောင့် သွေးအန်နိုင်သည်။ သွေးထွက်သော အကြောင်းများအပေါ်မူတည်ပြီး ထိန်းချုပ်နိုင်ရန် နည်းများရှိပါသည်။ အာရုံကြောများထိခိုက်ပျက်စီးခြင်း အဓိကအားဖြင့် လက်နှင့် ခြေဖဝါးရှိ အာရုံကြောများထိခိုက်ပျက်စီးခြင်းဖြစ်သည်။ အကြောင်းမှာ အဆုတ်ကင်ဆာသည် လက်မောင်းနှင့် ပခုံးနားရှိအာရုံကြောများကို ပျက်စီးစေသောကြောင့်ဖြစ်သည်။ ထို့ပြင် ကင်ဆာကုသမှု အချို့ကြောင့် ထိုအာရုံကြောများထိခိုက်ပျက်စီးသွားသောအခါ ထိုနေရာများတွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်း တို့ခံစားရနိုင်ပါသည်။ အာရုံကြောများထိခိုက်ပျက်စီးသွားခြင်းကို ဆေးသောက်ကာ သက်သာအောင်ကုသနိုင်ပါသည်။ အဆုတ်ကင်ဆာသည် မျက်နှာနှင့် လည်ပင်များရှိအာရုံကြောများကို ပျက်စီးစေသောအခါ ဟော်နာလက္ခဏာစု (မျက်စိသူငယ်အိမ်ကျဉ်းခြင်း၊ မျက်ခွံကျခြင်း၊ မျက်နှာတခြမ်းချွေးမထွက်ခြင်း)ဖြစ်စေနိုင်သည်။ အဆုတ်ကင်ဆာသည် […]


အဆုတ်ကင်ဆာ

အဆုတ်တွင် အစက်အပြောက်များတွေ့ရခြင်းကို မည်သို့ကောက်ချက်ချနိုင်သလဲ

အဆုတ်တွင် အစက်အပြောက်များတွေ့ရခြင်းကို မည်သို့ကောက်ချက်ချနိုင်သလဲ။ထိုအရာကို ကင်ဆာဟု ယူဆနိုင်ပါသလား။ သင့်ဆရာဝန်က ရင်ဘတ်ဓါတ်မှန်တွင် အစက်အပြောက်များတွေ့သည်ပြောသောအခါ ထိုသို့ဖြစ်စေသောအကြောင်းများက ဘာပါလဲ။ ထိုသို့ အဆုတ်တွင်အစက်အပြောက်များတွေ့လျှင် သင်သည် အဆုတ်ကင်ဆာဖြစ်နိုင်ကြောင်းသတိထားရမည်ဖြစ်သည်။ တခါတရံတွင် ထိုအစက်အပြောက်များသည် ကင်ဆာမဟုတ်ပါ။   အစက်အပြောက်များကို စစ်ဆေးခြင်း ရင်ဘတ်ဓါတ်မှန်သည် အဆုတ်ရှိ အစက်များနှင့် အကြိတ်များကို တွေ့ရှိနိုင်သော ပထမစစ်ဆေးမှုဖြစ်သည်။ ရင်ဘတ်ဓါတ်မှန်ကို ဆေးရုံ သို့မဟုတ် ဓါတ်မှန်ဌာနတွင်ရိုက်နိုင်သည်။ အဆုတ်ကင်ဆာတိုင်းကို ရင်ဘတ်ဓါတ်မှန်ဖြင့်မမြင်နိုင်သော်လည်း ရင်ဘတ်ဓါတ်မှန် ပုံမှန်ဖြစ်လျှင် အဆုတ်ကင်ဆာဖြစ်နိုင်ချေနည်းပါးသည်။ အကယ်၍ ဆရာဝန်က ရင်ဘတ်ဓါတ်မှန်တွင် အစက်အပြောက်များတွေ့လျှင် အောက်ပါ စစ်ဆေးမှုများထပ်လုပ်ရန် လိုအပ်နိုင်သည်။ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း သံလိုက်ဓါတ်မှန်ရိုက်ခြင်း ပိုစီထရွန်ဓါတ်မှန်ရိုက်ခြင်း ကင်ဆာမဟုတ်သော အလုံးများ ရင်ဘတ်ဓါတ်မှန်တွင် ကင်ဆာမဟုတ်သော အလုံးများကြောင့်အစက်အပြောက်များတွေ့ရသည်ကများပါသည်။ ထို အလုံးများသည် အောက်ပါအဆုတ်ရောဂါများ ဖြစ်ရာမှ အနာရွတ်ကျန်ခဲ့ခြင်းဖြစ်သည်။ Histoplasmosis,Coccidomycosis ကဲ့သို့သော မှိုရောဂါ ဘက်တီးရီးယားကြောင့် ဦးနှောက် အမြှေးရောင်ခြင်းနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ခြင်း တီဘီရောဂါဖြစ်ခြင်း […]


အခြားကင်ဆာများ

ကင်ဆာဆေးများနှင့် ပက်သက်သည့် စိုးရိမ်ပူပန်မှုများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

လူတို့သည် မိမိတို့ရောဂါအတွက် ကုသမှုများခံယူရတော့မည်ဆိုလျှင် ထိုကုသမှုများသည် အကျိုးရှိမရှိ၊ ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ချေ စသည်တို့ကို စိုးရိမ်တတ်ကြပါသည်။ အဆုတ်ကင်ဆာဖြစ်နေသူများလည်း ကင်ဆာဆေးများဖြင့် မကုသမီ ထိုနည်းတူစွာပင် ခံစားရပါသည်။ အောက်ပါနည်းများသည် ကင်ဆာဆေးများမသွင်းမီ စိုးရိမ်မှုများလျော့နည်းစေရန် အကြံပေးထားသော နည်းလမ်းများဖြစ်ပါသည်။   ဘာကြောင့် စိုးရိမ်စိတ်များရသလဲ။ စိုးရိမ်စိတ် ခေါ် ကြောက်စိတ် သည် ကင်ဆာဆေးမပေးမီ ဖြစ်သော ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်တတ်သောစိတ်ဖြစ်သည်။ ထို့ပြင် အောက်ပါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်။ · အိပ်မပျော်ခြင်း · အစားအသောက်ပျက်ခြင်း · နှလုံးခုန်မြန်ခြင်း · မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ နီလာခြင်း · အသက်ရှုမြန်ခြင်း · မူးဝေခြင်း · ချွေးထွက်ခြင်း · လက်တုန်ခြင်း၊ တကိုယ်လုံး ပင်အပ်နှင့် ထိုးသလိုစူးခြင်း၊ နာကျင်ခြင်း · ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း · ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း · နားထဲတွင် အသံများကြားရခြင်း · လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရေးအဆင်မပြေခြင်း · ဒေါသထွက်လွယ်ခြင်း စိုးရိမ်စိတ်များကြောင့် သင်သည် အာရုံစူးစိုက်ရခက်ခဲခြင်း၊ နေ့စဉ်အလုပ်များကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း