ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သွေးကင်ဆာ

Acute Myeloid Leukemia (ရိုးတွင်းခြင်ဆီမှ စတင်ဖြစ်သောသွေးကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Myeloid Leukemia (ရိုးတွင်းခြင်ဆီမှ စတင်ဖြစ်သောသွေးကင်ဆာ) ကဘာလဲ။ Acute Myeloid leukemia (AML) ဆိုသည်မှာ အချို့ အရိုးများ၏ အတွင်းပိုင်းသည် ပုံမှန်မဟုတ်သော myeloblasts (သွေးဖြူဥ အမျိုးအစား တစ်မျိုး)၊ သွေးနီဥဆဲလ်များ၊ သွေးဥ မွှာများကို ဖြစ်စေသော ကင်ဆာ အမျိုးအစား တစ်ခု ဖြစ် သည်။ သို့သော်လည်း အများစုတွင် ရောဂါသည် သွေးထဲတွင် လျင်မြန်စွာ ပျံ့နှံ့သည်။ တစ်ခါတစ်ရံ ပြန်ရည်ကြောအဖုများ၊ အသည်း၊ သရက်ရွက် နှင့် အဓိက အာရုံကြောစနစ် (ဦးနှောက် နှင့် ကျောရိုးနာဗ်ကြိုး) စသော ခန္ဓါကိုယ်အနှံ့သို့ ပျံ့နှံ့သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် […]


သွေးကင်ဆာ

Multiple Myeloma (သွေးကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Multiple Myeloma (သွေးကင်ဆာ) ကဘာလဲ။ Multiple myeloma သည် သွေးရည်ကြည်ဆဲလ်များတွင်ဖြစ်သော ကင်ဆာတစ်မျိုး ဖြစ်ပါသည်။ သွေးရည်ကြည်ဆဲလ်များ (အင်မျူနိုဂလိုဗျူလင်) များသည် ရောဂါပိုးများကို တိုက်ခိုက် သတ်ဖြတ်ရန်အတွက် ပဋိပစ္စည်းများကိုထုတ်ပေးသည်။ ပုံမှန်သွေးရည်ကြည်ဆဲလ်များကို ရိုးတွင်းခြင်ဆီတွင် တွေ့ရပြီး ကိုယ်ခံအားစနစ်တွင်း အရေ့းကြီးသော အပိုင်းများဖြစ်ကြ၏။ ရိုးတွင်းချဉ်ဆီဆိုသည်မှာ အရိုးခေါင်းများအတွင်းရှိသော တစ်ရှူးအပျော့များ ဖြစ်၏။ သွေးရည်ကြည်ဆဲလ်များအပြင် ချဉ်ဆီသည်လည်း တခြားသောသွေးဆဲလ် အမျိုးအစားများဖြင့် ဖွဲ့စည်းထားပါသည်။ ကင်ဆာဆိုသည်မှာ ကိုယ်ခန္ဓါအတွင်းမှ ဆဲလ်များ ထိန်းချုပ်မှုမရှိပဲ ပွားလာသည့်အခါတွင် စဖြစ်လာခြင်းဖြစ်၏။ ခန္ဓါကိုယ်ရှိ ဆဲလ်တိုင်းနီးပါး ကင်ဆာဖြစ်လာနိုင်ပြီး တခြားသော အစိတ်အပိုင်းများဆီသို့လည်း ပျံ့နှံ့နိုင်ပါသည်။ Multiple Myeloma (သွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ Multiple myeloma သည် ဒုတိယအဖြစ်များဆုံး သွေးကင်းဆာ ဖြစ်ပါသည်။ ကုသ၍မရနိုင်ဟုယူဆခဲ့ကြသော်လည်း မကြာသေးမှီက ကင်ဆာသုတေသနများအရ […]


သားအိမ်ခေါင်းကင်ဆာ

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

ကလေးလေးတွေက မိသားစုတိုင်းအတွက် ဆည်းလည်းလေးတွေဆိုပေမယ့် အဆင်သင့်မဖြစ်သေးခင်မှာရောက်လာခဲ့မယ်ဆိုရင် သူတို့လေးတွေအတွက်အဆင်မပြေမှာဖြစ်သလို လူကြီးတွေအတွက်လည်းအဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အဆင်သင့်မဖြစ်သေးခင်မှာ ကလေးရလာတာမျိုးမဖြစ်ဖို့ သားဆက်ခြားနည်းတွေကို အသုံးပြုကြရပါတယ်။ သားဆက်ခြားနည်းတွေကလည်း အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ကိုက်ညီမယ့်သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်မိဖို့တော့လိုပါတယ်။ အခုတစ်ခေါက်တော့ သားဆက်ခြားနည်းတွေနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှုကိုအမျိုးသမီးတွေ ဗဟုသုတရအောင်ပြောပြပေးချင်တာပါ။ သားအိမ်ခေါင်းကင်ဆာနဲ့သန္ဓေတားသောက်ဆေး အခုခေတ်မှာ သားဆက်ခြားနည်းကအမျိုးမျိုးရှိနေပါပြီ။ဆေးသောက်တာ၊ဆေးထိုးတာ၊ သားအိမ်တွင်းပစ္စည်းထည့်တာ၊ လက်မောင်းထဲ ပစ္စည်းထည့်တာဆိုပြီး အမျိုးမျိုးရှိနေပါတယ်။ သားဆက်ခြားနည်းအချို့က ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့ကြားဖူးမှာပါ။ သားအိမ်ခေါင်းကင်ဆာက HPV ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်။ အဲဒီအပြင် အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များတာ၊ ကလေးအများကြီးမွေးထားတာ ဆိုရင် ပိုပြီးဖြစ်နိုင်ချေများတယ်။ ဒါကြောင့် သားဆက်ခြားခြင်းက အဲဒီလို အန္တရာယ်ရှိအပြုအမူတစ်ခုကို လျှော့ပေးရာရောက်တယ်။ နေ့စဉ်သောက် ဟော်မုန်း၂မျိုးပါဆေးကတ်ကို ၅နှစ်နဲ့အထက် သောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေပိုများတယ်ဆိုပေမယ့် အင်မတန်နည်းပါးသော ဆက်စပ်မှုသာ ရှိပါတယ်။ အဲဒီအပြင် တခြားနှစ်ရှည်ခံသားဆက်ခြားနည်းတွေလည်း သုံးနိုင်ပါတယ်။ […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ရာမှာ လိုအပ်တဲ့အချက်၅ချက်

သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်- သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။ သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူဖြစ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။   ၁။ ပြဿနာဖြေရှင်းပေးနိုင်သူဖြစ်ပါစေ သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။   ၂။ အကောင်းမြင်စိတ်မွေးပါ သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။ ခက်ခဲနိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။   ၃။ သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဘယ်လိုပေးရမလဲဆိုတာကို သိပါ။ ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို သင်ယူုနိုင်ပါတယ်။ […]


အခြားကင်ဆာများ

ကင်ဆာနှင့် ပတ်သက်ပြီး မိသားစုအနာဂတ်အတွက် ဘယ်လိုပြင်ဆင်မလဲ

သင့်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာရောဂါ ရှိမှန်းသိပြီးနောက်မှာ သင်သာမက သင့်မိသားစုတစ်ခုလုံးပါ တုန်လှုပ်ထိခိုက်ရမည်ဖြစ်သည်။ သင့်မိသားစုသည် သင့်အတွက် စိတ်သက်သာရာရမှုနှင့် ခွန်အားများကို ပေးနိုင်သလို စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း ပေးနိုင်ပါတယ်။ ထို့ကြောင့် သင်ရော သင့်မိသားစုပါ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ကင်ဆာကသင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ ကင်ဆာရှိမှန်းသိပြီးနောက်မှာ သင်ဟာ ကုသမှုတွေခံယူရမယ်။ အဲဒီကနေ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကိုလည်း ခံစားရမယ်။ ကုသမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ခဏတာ (သို့) တစ်သက်လုံးဖြစ်နိုင်ပါတယ်။ ဥပမာ-ဆံပင်ကျွတ်ခြင်း၊ ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်ခြင်း၊ အနီကွက်၊အနာ ကဲ့သို့သော အရေပြား ပြောင်းလဲမှု ။ အားကစားလှုပ်ရှားမှုပိုင်းဆိုင်ရာ စွမ်းရည်ကျဆင်းခြင်း၊ လျှင်မြန်သွက်လွက်ခြင်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်း ကျဆင်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း (သို့) ကျခြင်း ကဲ့သို့သော […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာရောဂါအဖြေရှာစစ်ဆေးခြင်း

သင့်ထံတွင် အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူကာပြသပါ။ ထိုအခါ ဆရာဝန်က သင့်ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ချေနှင့် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော စစ်ဆေးမှုများထပ်လုပ်ရန်လိုအပ်ပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ အဆုတ်ကင်ဆာကို အဖြေရှာသော စစ်ဆေးမှုများသည် နက်နဲနိုင်သော်လည်း ယေဘူယျစစ်ဆေးမှုများက အကျိုးရှိမရှိဆေးပညာအသိုင်းအဝိုင်းတွင် စဉ်းစားစရာ တခုဖြစ်နေသည်။ အချို့ကရောဂါသည်းနေသည့်တိုင် လက္ခဏာမပြသူများရှိသည်။ ထိုသူများအတွက် စစ်ဆေးမှုများပြုလုပ်ခြင်းသည် ရောဂါကိုစောလျင်စွာသိနိုင်ပြီး ကုသနိုင်သည့်အတွက် လူနာအတွက် အကျိုးရှိစေနိုင်သည်။ ထို့ကြောင့် သင့်တွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများလျှင် သင့်ဆရာဝန်က ဆေးစစ်ချက်များပြုလုပ်ရန် ထောက်ခံလိမ့်မည်။ စစ်ဆေးခြင်း သင့်ဆရာဝန်က သင့်ကို အသက်ရှုသံ၊ နှလုံးခုန်သံနားထောင်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ အသည်းနှင့် ပြန်ရည်ကြောဖုများရောင်ရမ်းခြင်းကို စစ်ဆေးခြင်း စသည်တို့ ကိုပြုလုပ်ပြီး အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ စစ်ဆေးနိုင်သောနည်းလမ်းများစွာရှိပါသည်။ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း ကွန်ပျူတာဓါတ်မှန်သည် သင့်ခန္ဓါကိုယ်ပတ်ပတ်လည်တွင် စက်ဖြင့်ပုံရိပ်များစွာကို ရိုက်ကူးနိုင်သောစက်ဖြစ်သည်။ ထိုဓါတ်မှန်သည် သင့်တွင်ဖြစ်နေသော အကြိတ်၏ ပုံစံ၊ အရွယ်အစားနှင့် တည်နေရာတို့ကို […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာလက္ခဏာများ

အဆုတ်ကင်ဆာ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိဘဲ ကင်ဆာဆိုးလာမှ ပြလေ့ရှိကြသည်။ သင်သည် အဆုတ်ကင်ဆာလက္ခဏာများ ကို သိထားပါက ပိုကောင်းပြီး ထိရောက်သော ကုသမှုများကို ပြုလုပ်နိုင်ပါသည်။ အောက်ပါတို့သည်အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် အဆုတ်ကင်ဆာ၏ အဖြစ်များသော လက္ခဏာတခုဖြစ်သည်။ အခြားသော လက္ခဏာများလည်း ဖြစ်နို င်ချေရှိပါသည်။ ချောင်းဆိုးမပျောက်ဘဲ ရက်ကြာနေခြင်းနှင့် ပိုဆိုးလာခြင်းတို့သည် အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ အက ယ်၍ ချောင်းဆိုးသွေးပါခြင်း၊ သလိပ်တွင်သွေးပါခြင်းဖြစ်လျှင် စစ်ဆေးမှုများပြုလုပ်သင့်သည်။ သွေး သို့မဟုတ် သံချေးရောင်အရည်များ အန်ခြင်း အသက်ပြင်းပြင်းရှုခြင်း၊ ချောင်းဟန့်ခြင်းနှင့် ရယ်ခြင်းတို့ပြုသောအခါ ရင်ဘတ်အောင့်ခြင်း အသံအိုးရောင်ခြင်းနှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် အသံပြောင်းသွားခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ကင်ဆာကြိတ်သည် အစာရေမျိုပြွန်ပေါ်ကို ဖိခြင်းကြောင့် အစားအသောက်ပျက်ခြင်း ကင်ဆာကြိတ်နှင့် အဆုတ်ပတ်လည်ရှိအရည်များ၏ ဖိအားကြောင့် အသက်ရှုမြန်ခြင်း၊အသက်ရှုမဝခြင်း အဆုတ်လေပြွန်များရောင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများ

အဆုတ်ကင်ဆာကုသမှုသည် ရောဂါဝေဒနာကို ရင်ဆိုင်ဖို့ ပိုခက်ခဲစေသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်စီမံနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။ လူနာ တစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ကင်ဆာအဆင့်နှင့် ဖြစ်ပွားသော နေရာပေါ်တွင် မူတည်ပြီး အဆုတ်ကင်ဆာကုသမှုသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါတယ်။ သို့သော် ခွဲစိတ်မှု ၊ ဓါတ်ရောင်ခြည် ကုထုံး နဲ့ ကင်ဆာဆေးသွင်းကုသမှုတွေပဲ ခံယူယူ၊ အခြား သောကင်ဆာကုသမှုတွေပဲ ခံယူယူ၊ သင်သည် ဘေးထွက်ဆိုးကျိုးများကိုတော့ ကြုံတွေ့ရမှာဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများသည် သင် ပြန်လည်နာလန်ထူနိုင်ဖို့ စိန်ခေါ်မှုတစ်ရပ်လိုပဲ ဖြစ်ပါတယ်။ သင့်ဆရာဝန်၏ ကုသမှုထဲမှာ ထိုဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေသည့် အစီအစဉ်များပါဝင်မှုရှိတာ သေချာပါစေ။ သို့မှသာ သင်သည် အဆုတ်ကင်ဆာ ကို တိုက်ခိုက်တွန်းလှန်နေစဉ်မှာ တတ်နိုင်သမျှ သက်သာကာ နေထိုင်ကောင်းမည်ဖြစ်သည်။ အဆုတ်ကင်ဆာခွဲစိတ်ကုသမှု ဘေးထွက်ဆိုးကျိုးများ ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးများသည် အဆုတ်ကင်ဆာကို ဖယ်ရှားဖို့ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ

အဆုတ်ကင်ဆာသည် သေစေနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ သို့သော် ၎င်းကို ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ဖြစ်ပွားနိုင်ချေ အန္တရာယ်များကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အကြောင်းရင်းများကို တားဆီးလိုက်ခြင်းအားဖြင့် ကင်ဆာ ပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများက အဘယ်နည်း။ ဆေးလိပ်သောက်ခြင်း၊ ဓါတုပစ္စည်းအချို့နှင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။ သုတေသနသမားများအဆိုအရ အဆုတ်ကင်ဆာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးဆေးလိပ်တွင် နိုင်ထရိုဂျင် အောက်ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓါတုပစ္စည်း အမျိုးပေါင်း ၇,၀၀၀ ကျော် ပါဝင်နေပြီး အများစုမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါဖြစ်ဖို့ သင်ကိုယ်တိုင် ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းသည်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလို အန္တရာယ်ကြီးမားပါတယ်။ စီးကရက်ဆေးလိပ်၊ ကျောက်ဂွမ်း၊ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း

သားအိမ်ခေါင်းကင်ဆာ ကုသမှု ပြီးတာနဲ့ သင့်စိတ်ထဲမှာ ပေါ်လာမယ့် ပထမဆုံး မေးခွန်းက ငါနောက်ဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ တကယ်လို့ အဖြေကို မစဉ်းစားရသေးဘူးဆိုရင် အခု ပြောပြသွားမှာတွေက သင့်ရဲ့ ကျန်တဲ့နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမလဲ ဆိုတာပါ။   ဆရာဝန်တွေရဲ့ ကုသမှု နောက်ပိုင်း ချိန်းဆိုမှုတွေကို မှန်မှန်သွားပါ။ သင့်ကင်ဆာကို ပြုစုစောင့်ရှောက်သူတွေနဲ့ မှန်မှန် ဆွေးနွေးခြင်းက သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒါက သင့်ရဲ့ ကုသမှုပြီးနောက် အခြေအနေကို ထိန်းချုပ်ပေးလို့ပါ။ သူတို့ကို သင်ခံစားနေရတာတွေ အပြင် ထူးဆန်းတဲ့ လက္ခဏာတွေကိုပါ ပြောပြထားပါ။ ဒါက ကင်ဆာ ပြန်မဖြစ်အောင် ကူညီပေးပါတယ်။ သင့်ဆရာဝန်တွေက တစ်ခုခု မူမမှန်တာ ကြိုသိတဲ့အခါ သင်နဲ့ သင့်လျော်မယ့် ဆေးတွေကို ပေးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ သူတို့က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း