ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ရင်သားကင်ဆာ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေက ကင်ဆာဆဲတွေအဖြစ်ပြောင်းကုန်ရာမှ ဖြစ်လာရခြင်းဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးကဲ့သို့ရင်သားမျိုးရှိတာမဟုတ်ပေမယ့် ရင်သားတစ်သျူးအနည်းငယ်ကတော့ရှိပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့ရင်သားဟာ အရွယ်မရောက်မီ အမျိုးသမီးများရင်သားနဲ့ဆင်တူတယ်။ မိန်းကလေးတွေမှာတော့ ထိုတစ်သျူးတွေက ဆက်လက်ဖွံ့ဖြိုးပြီး အမျိုးသားတွေမှာ ဆက်မဖွံ့ဖြိုးပဲ ထိုအတိုင်းရပ်သွားတာပဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်သားတစ်သျူးကတော့ရှိနေတာပဲမို့ အမျိုးသားတွေလည်း ‘ရင်သားကင်ဆာ’ ဆိုတာကြီး ကြုံလာရနိုင်ချေရှိပါတယ်။ အမျိုးသမီးတွေရတတ်တဲ့ ကင်ဆာနဲ့အမျိုးတူပေမယ့် ဖြစ်နိုင်ချေကတော့ရှားပါတယ်။ Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) က ဘယ်ေ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကိုလျှော့ခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။ အသေးစိတ်အချက်အလတ်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် လက္ခဏာများBreast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ ရင်သားတစ်ဖက်ဖက်မှာ အဖုအကျိတ်တွေ့ခြင်းဖြစ်တယ်။ ထိုအကျိတ်ဟာ များသောအားဖြင့် နို့သီးခေါင်းအောက်ဖက်နားမှာဖြစ်တတ်တယ်။   ဒါပေမယ့် ရင်သားအကျိတ်ဖြစ်ခြင်းရဲ့ အများစုအကြောင်းကတော့ gynaecomastia လို့ခေါ်တဲ့ အမျိုးသားများတွင်ရင်သားဆူထွက်ခြင်း ရောဂါ တစ်မျိုးဖြစ်တယ်။ ထိုအခြေအနေက ကင်ဆာတော့မဟုတ်ပါဘူး။     တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့- နို့သီးခေါင်းချိုင့်ဝင်ခြင်း နို့သီးခေါင်းရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။ နို့သီးခေါင်းမှ […]


သားအိမ်ခေါင်းကင်ဆာ

Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) ကဘာလဲ။ Cervical dysplasia လို့ခေါ်တဲ့ အခြေအနေဟာ သားအိမ်လမ်းကြောင်းမရောက်မီ သားအိပ်အဝဖြစ်တဲ့ သားအိမ်ခေါင်းကဆဲလ်တွေမူမမှန်ပုံစံပြောင်းခြင်းဖြစ်တယ်။ သားအိမ်ခေါင်းဟာ ကလေးမွေးချိန်မှာ ကလေးထွက်လို့ရအောင် ပြန့်ကျယ်ပေးရပါတယ်။ ထိုသားအိမ်ခေါင်းဆဲပြောင်းလဲခြင်းဟာ ကင်ဆာမရောက်ခင် အခြေအနေတစ်ခုဖြစ်တယ်။ ထိုရောဂါမှာ ဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေဘဝမရောက်သေးပေမယ့် ပြောင်းလဲနေတာကို စောစီးစွာမသိဘဲ၊ မကုသဘဲထားလိုက်ပါက ကင်ဆာအဖြစ်ပြောင်းသွားနိုင်ပါတယ်။ ထိုသားအိမ်ခေါင်းဆဲလ်ပြောင်းလဲခြင်းဟာ အသက် ၃၀ အောက်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ Human papillomavirus (HPV)လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ ဆက်နွယ်နေတတ်တယ်။ Cervical Dysplasia (သားအိမ်ခေါင်းဆဲလ်များပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ Johns Hopkins တက္ကသိုလ်ရဲ့ ကင်ဆာဌာနအရတော့ အမေရိကန်ပြည်ထောင်စုမှာတစ်နှစ်ကို ၂၅၀၀၀၀ နဲ့ ၁ မီလီယံကြား အမျိုးသမီးတွေမှာ ထိုရောဂါတွေ့နေရတယ်လို့ဆိုပါတယ်။ အသက် ၂၅ နဲ့ ၃၅ ကြားမှာပိုအဖြစ်များပါတယ်။ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် […]


သားအိမ်ခေါင်းကင်ဆာ

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ကဘာလဲ။ Polyp ဆိုတာ သေးငယ်ရှည်မျောသောအဖုငယ်များဖြစ်တယ်။ Cervical polyp ကတော့ သားအိမ်နဲ့မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သားဥကိုသားဖောက်ပြီး သန္ဓြေသားဖြစ်လာဖို့အတွက် သုတ်ပိုးတွေဖြတ်သန်းသွားစေတဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ ထိုသားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ ထိုကနေ ကလေးဖြတ်သန်းသွားတယ်။ Polyps တွေဟာ သားအိမ်ခေါင်း၊ သို့ သားအိမ်လမ်းကြောင်း အတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေဖြစ်တယ်။ တစ်ခုတည်းဖြစ်နိုင်ပြီး အများဆုံး နှစ်လုံး၊ သုံးလုံးသာဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကင်ဆာမဟုတ်ဘဲ ကင်ဆာဖြစ်လာနိုင်ချေလည်းနည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်တယ်။ Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ဟားဘတ်တက္ကသိုလ်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်တယ်။ ရာသီမလာသေးတဲ့ အမျိုးသမီးငယ်ငယ်လေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ […]


ရင်သားကင်ဆာ

Breast Pain (ရင်သားနာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Breast Pain (ရင်သားနာကျင်ခြင်း) ကဘာလဲ။ ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကိုထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလိုနာကျင်ခြင်း၊ သို့ တင်းကြပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။ သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုးရှိပါတယ်။ တစ်လမှာရက်အနည်းငယ်၊ သင့်ဓမ္မတာလာချိန်မတိုင်ခင် နှစ်ရက်သုံးရက်မှာ ရင်သားနှစ်ဖက်စလုံး သာမန်မျှတင်းကြပ်နာကျင်ခြင်း။ ဒါကတော့ပုံမှန်ဖြစ်တယ်။ တစ်ပတ် သို့ တစ်လ တစ်လပိုကြာလာပြီး၊ ဓမ္မတာမစခင်မှ ပြီးသည်ထိ ဆက်တိုက်နာကျင်နေမယ်၊ နာကျင်မှုကလည်းပြင်းထန်မယ်၊ နှစ်ဖက်စလုံးနာကျင်မယ်။ ဓမ္မတာလာခြင်းနဲ့မဆိုင်ဘဲ တစ်လလုံးနာကျင်နေခြင်း။ သွေးဆုံးပြီးသောအမျိုးသမီးများမှာ တခါတရံ ရင်သားနာကျင်တတ်ပေမယ့် သွေးမဆုံးသေးသော အမျိုးသမီးငယ်ငယ်တွေမှာ ပိုတွေ့ရများပါတယ်။ ဒါပေမယ့် များသောအားဖြင့် ထိုကဲ့သို့နာကျင်ခြင်းတွေဟာ ကင်ဆာမဟုတ်တတ်ပါဘူး။ သို့သော်လည်း ဓမ္မတာလာပြီးသည်ထိ အကြောင်းအရင်းမရှိ မပျောက်ဘဲကျန်နေသေးသော ရင်သားနာကျင်မှုများတွေကို ဆရာဝန်ပြဖို့တော့လိုပါတယ်။ Breast Pain (ရင်သားနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများBreast […]


အခြားကင်ဆာများ

Esophageal Cancer (အစာမျိုပြွန်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) ကဘာလဲ။ အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။ Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အာရှနှင့် အာဖရိက ကဲ့သို့သော ကမ္ဘာ့နေရာအချို့တွင် အစာမျိုပြွန်ကင်ဆာသည် ပိုအဖြစ်များပါသည်။ အမျိုးသားနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်ပါသည်။ သို့သော် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။ လက္ခဏာများEsophageal Cancer (အစာမျိုပြွန်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာမျိုပြွန်ကင်ဆာ အစောပိုင်းအဆင့်များတွင် မည့်သည့်လက္ခဏာမှ မခံစားရသည်လည်း […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Hypopharynx Cancer (လည်မျိုကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypopharynx Cancer (လည်မျိုကင်ဆာ) ကဘာလဲ။ လည်ချောင်းအောက်ခြေဖြစ်ပါတယ်။ နှာခေါင်းနောက်ပိုင်း၊ လည်ပင်းတစ်လျှောက်နဲ့ လေပြွန်နဲ့ အစာရေမျိုပြွန်မှာ အဆုံးသတ်သွားတဲ့ ၅လက်မလောက်ရှည်တဲ့ အခေါင်းပါပြွန်ကို လည်မျိုလို့ခေါ်ပါတယ်။ အစာနဲ့လေဟာ လည်မျိုကနေတစ်ဆင့် လေပြွန်သို့ အစာရေမျိုပြွန်ထဲကို သွားပါတယ်။ လည်မျိုကင်ဆာဆိုတာက လည်မျိုတစ်ရှူးတွေက ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းသွားခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Hypopharynx Cancer (လည်မျိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHypopharynx Cancer (လည်မျိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ လည်မျိုကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ချောင်းနာခြင်း (မသက်သာခြင်း) နားကိုက်ခြင်း လည်ပင်းအဖုထွက်ခြင်း မျိုချရခက်ခြင်း အသံပြောင်းခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ဦးနှောက်ကင်ဆာကျိတ်များ

Brain Tumors (ဦးနှောက်အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Brain Tumors (ဦးနှောက်အကျိတ်) ကဘာလဲ။ ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓါကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။ ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ Brain Tumors (ဦးနှောက်အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများBrain Tumors (ဦးနှောက်အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာများ ခဏခဏပြင်းထန်သောခေါင်းကိုက်ခြင်း အကြောင်းမရှိ ပျို့ခြင်း၊ အန်ခြင်း အမြင်အာရုံေဝဝါးခြင်း ခြေထောက် သို့ လက်တို့တွင် ထိတွေ့မှု၊ လှုပ်ရှားမှုအာရုံတဖြေးဖြေးပျောက်ဆုံးခြင်း ဟန်ချက်မညီခြင်း စကားပြောရာတွင်အခက်အခဲများပေါ်လာခြင်း သာမန်နေ့စဉ်ကိစ္စရပ်များတွင် ေဝဝါးခြင်း ပြုမူကျင့်ကြံနေထိုင်ပုံပြောင်းလဲခြင်း တက်ခြင်း ၊ အထူးသဖြင့် ယခင်က တက်တတ်သော ရာဇဝင်မရှိထားဘဲ တက်ခြင်း အကြားအာရုံပြဿနာများ မှတ်ဉာဏ်ထိခိုက်ခြင်း အာရုံစိုက်မရခြင်း ခန္ဓါကိုယ်တစ်စိတ်တစ်ပိုင်းတွင် အားနည်းခြင်း ဖော်ပြထားသောလက္ခဏာများအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် […]


အခြားကင်ဆာများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကဘာလဲ။ သည်းခြေအိတ်အတွင်းထိုးထွက်ပေါက်သော အဖုအကျိတ်များဖြစ်တယ်။ ပုံမှန်အားဖြင့် အယ်လ်ထရာဆောင်းနဲ့ ရှာဖွေသိရှိရပါတယ်။ သည်းခြေအိတ်အဖုအကျိတ်များမှာ များသောအားဖြင့်တော့ ကိုလက်စ်ထရောနဲ့ဖွဲ့စည်းထားပြီး ကင်ဆာကျိတ်မဟုတ်သလို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကင်ဆာမဟုတ်တာတွေရှိသလို ကင်ဆာဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။ သည်းခြေအိတ်အဖုအကျိတ်တွေနဲ့ပတ်သတ်လို့ပြောရရင် အရွယ်အစားဟာသိပ်အရေးကြီးပါတယ်။ အရွယ်ကြီးလေလေ ကင်ဆာဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ၁ စင်တီမီတာထက် ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်တွေက ထိုအရွယ် သို့ ထိုထက်ပိုကြီးရင် သည်းခြေအိတ်ကိုဖယ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ထိုအရွယ်ထက်သေးပါက ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး အဖုအကျိတ်ဖြစ်စေတဲ့အချက်တွေကို ရှောင်ရှားလျှော့ချခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများGallbladder Polyps (သည်းခြေအဖုအကျိတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာလုံးဝမပြတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သည်းခြေအိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့နာကျင်မှုမျိုးက များသောအားဖြင့် သည်းခြေကျောက်ကြောင့်ဖြစ်တတ်ပေမယ့် သည်းခြေကျောက်မရှိပါက သည်းခြေအိတ်အတွင်း အဖုအကျိတ်တွေရှိနေတာကြောင့်ဖြစ်နိုင်တယ်။ ဖေြာ်ပထားတဲ့လက္ခဏာတွေအပြင် နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ […]


အရိုးကင်ဆာ

Bone Tumors (အရိုးကျူမာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone Tumors (အရိုးကျူမာ) ကဘာလဲ။ အရိုးဆဲလ်တွေ အထိန်းအကွပ်မရှိတိုးပွားလာပြီး တစ်ရူးအဆိုင်အခဲကြီးဖြစ်လာတဲ့အခါမှာ အရိုးကျူမာပေါ်ပေါက်လာပါတယ်။ ကျူမာဆိုတာ တစ်ရှုးအဆိုင်အခဲကြီးတစ်ခုပါ။ ကျူမာအများစုကတော့ ကင်ဆာမဟုတ်ကြသလို ပြန့်လည်းမပြန့်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အန္တရယ်တော့ ရှိနိုင်ပါတယ်။ ကျူမာဖြစ်နေတဲ့နေရာဟာ ကြံ့ခိုင်မှုအားနည်းသွားပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။ တချို့ကျူမာတွေကတော့ ကင်ဆာဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့ပြန်ပွားနိုင်ပြီး ကျန်းမာတဲ့ အရိုးဆဲလ်တွေကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။ Bone Tumors (အရိုးကျူမာ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBone Tumors (အရိုးကျူမာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးကျူမာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အရိုးကျူမာရဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ ယင်းတို့မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ခန္ခါကိုယ်ရှိတစ်နေရာရာတွင် ပုံမှန်မဟုတ်သော အဆိုင်အခဲတစ်ခုဖြစ်ပေါ်နေခြင်း ညဘက်တွင် ချွေးထွက်ခြင်း အဖျားတက်ခြင်း အမြဲလိုလိုနာနေပြီး အချိန်ကြာလာသည်နှင့် အမျှ ပိုပိုဆိုးလာခြင်း ကင်ဆာမဟုတ်သော အကျိတ်ဆိုလျှင် ဘာနာကျင်မှုမှ ခံစားရမှာမဟုတ်ပါဘူး။ ခန္ခါကိုယ်ကိုလည်း သိပ်ဒုက္ခပေးမှာ မဟုတ်ပါဘူး။ […]


အခြားကင်ဆာများ

Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား) ကဘာလဲ။ Rhabdomyosarcoma ဆိုသည်မှာ အလျင်အမြန် ကြီးထွားလွယ်သော ကင်ဆာတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ် အနှံ့အပြားမှ တစ်ရှူးပျော့များ (ဥပမာ ကြွက်သား)တွင် ဖြစ်ပေါ်နိုင်ပါသည်။ စိတ်ဖြင့်ထိန်းချုပ်နိုင်သော ကြွက်သား (လက်မောင်း၊ ခြေထောက်)တို့တွင် ဖြစ်တတ်၏။ ထိုကြွက်သားများကို အရိုးမှီကြွက်သား သို့မဟုတ် အစင်းပါကြွက်သားများဟုခေါ်ပါသည်။ Rhabdomyosarcoma အဖြစ်များသောနေရာများမှ ခေါင်း၊ လည်ပင်း၊ ဆီးအိမ်၊ မိန်းမကိုယ်၊ လက်၊ ခြေ နှင့် ခန္ဓါကိုယ်ထည်ပိုင်းတို့ဖြစ်သည်။ Rhabdomyosarcoma တွင် ကင်ဆာဆဲလ်များမှာ မရင့်ကျက်သေးသည့် ကြွက်သားဆဲလ်များနှင့်တူ၏။   Rhabdomyosarcoma အမျိုးအစား နှစ်မျိုးရှိပါသည်။ သန္ဓေသားဆိုင်ရာ Rhabdomyosarcoma – ၎င်းသည် အသက် ၆ နှစ်အောက် ကလေးများတွင် အဖြစ်များ၏။ ဦးခေါင်း၊ လည်ပင်းနှင့် အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှ တစ်ရှူးပျော့များ (မျက်လုံးဆိုင်ရာ Rhabdomyosarcoma) တွင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း