မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်
ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာ မိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင် စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။

မိန်းမကိုယ်ကျန်းမာရေးကို ဘာတွေက သက်ရောက်မှုရှိနိုင်တာလဲ
(၅) အမွှေးနံ့ပြင်းတဲ့တစ်ကိုယ်ရေသုံးပစ္စည်း
အနံ့ဆိုးကင်းပြီး အမြဲမွှေးကြိုင်နေစေဖို့ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေတိုက်၊ ဖျန်းဆေးတွေ၊ အတွင်းပိုင်းဆေးကြောတဲ့ဆေးရည်တွေသုံးတာက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာသေချာပါတယ်။ မိန်းမကိုယ်ကိုခြောက်သွေ့ယားယံတာ၊ သဘာဝကာကွယ်မှုစနစ်ကိုထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေလျော့နည်းတာ၊ရောဂါပိုးဝင်လွယ်တာတွေဖြစ်လာစေနိုင်တယ်။ နဂိုကမှ မိန်းမကိုယ်ကျန်းမာရေးမှာပြဿနာရှိနေရင်လည်း ပိုဆိုးစေနိုင်ပါတယ်။
(၆) ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်း
ကိုယ်ဝန်ဆောင်ရပြီဆို ကလေးမွေးတဲ့အထိ ရာသီသွေးမဆင်းတော့ဘူးမလား။ အဲဒီကာလအတွင်းမှာ အဖြူဆင်းတာ ပိုများတတ်ပါတယ်။ ကလေးမွေးတဲ့အခါလည်း မိန်းမကိုယ်စုတ်ပြဲခြင်းလည်းဖြစ်ရတယ်(ရိုးရိုးမွေးရင်)၊ တစ်ခါတလေလိုအပ်လာရင်ဆရာဝန်တွေက episiotomy လို့ခေါ်တဲ့ မိန်းမကိုယ်အဝကို ခွဲစိတ်ချဲ့ပေးတာလည်း လုပ်ပေးပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ မိန်းမကိုယ်ရဲ့ကြွက်သားကျုံ့ဆန့်နိုင်စွမ်းကလည်း အားလျော့သွားနိုင်ပါတယ်။
မှိုပိုးဝင်ခြင်း ခဏခဏဖြစ်နေတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။
မိန်းကလေးတွေမှာရှိတဲ့ဟော်မုန်းပမာဏအပြောင်းအလဲတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဥပမာ သွေးဆုံးပြီးနောက်ပိုင်း ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ကာလတွေမှာ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားနိုင်တယ်။ အက်စထရိုဂျင်လျော့ကျမှုက မိန်းမကိုယ်မြှေးနံရံကို ပါးစေပြီးမွေးလမ်းကြောင်းကိုခြောက်သွေ့စေနိုင်ပါတယ်။
မိန်းမကိုယ်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် –
- အဖြူဆင်းတာက အရောင်၊ အနံ့၊ ပမာဏာပြောင်းလဲလာတာ၊
- မိန်းမကိုယ်မှာ နီမြန်းတာ၊ ယားယံတာ၊
- ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားချိန်မှာ၊ လိင်ဆက်ဆံပြီးချိန်မှာ၊ ဒါမှမဟုတ် သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
- မိန်းမကိုယ်မှာ အခဲပိတ်ဆို့တာ၊
- လိင်ဆက်ဆံရင်နာကျင်တာ စတဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် ဆရာဝန်ပြပါ။