brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရ ခက်နေလား

ဘယ်လို မိတ်ကပ်လေးပဲ လိမ်းလိမ်း လှနေဖို့ဆိုတာ အသားအရေ ကောင်းကောင်း ထိန်းသိမ်းထားမှ ဖြစ်မှာနော်။ အသားအရေ ထိန်းသိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့ တကယ်ကို အဆင်ပြေပြေဖြစ်မယ့် ပစ္စည်းတွေလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား

သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းလို့ ရသလို ကျွမ်းကျင်ပညာရှင်တွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့လည်း ရပါတယ်။ ဒီတစ်ခါမှာတော့ အသားအရေအတွက် လိုအပ်တဲ့ Toner လေးအကြောင်းနဲ့ အသားအရေနဲ့ လိုက်ဖက်ညီအောင် ရွေးချယ်တတ်ဖို့လည်း မျှဝေပေးချင်ပါတယ်။

Toner ဆိုတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ပြုလုပ်ပေးတဲ့ Skin care တစ်ခုပါ။ သူက ချွေးပေါက်ကျယ်တာတွေ မဖြစ်စေဘဲ မျက်နှာကို ကြည်ကြည်လေး ဖြစ်စေပါတယ်။

Toner သုံးတာက တခြား အသားအရေထိန်းပစ္စည်းတွေဖြစ်တဲ့ Day and Night Cream ၊ BB Cream အစရှိတာတွေရဲ့ အကျိုးသက်ရောက်မှုတွေ အားလုံး မျက်နှာပေါ်ရောက်အောင် စုပ်ယူပေးနိုင်ပါတယ်။ နောက်ပြီးတော့ အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေဓာတ် ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ သတိပြုရမယ့် အချက်ကတော့ ကိုယ်သုံးတဲ့ Toner မှာ alcohol, spices, sulphates တွေ မပါဝင်ဖို့ပါပဲ။ Toner အကြောင်းလေး သိပြီဆိုတော့ ရွေးချယ်ရမှာတွေကို ပြောပြမယ်နော်။

အသားအရေခြောက်သွေ့နေရင်

အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ Toner ရွေးချယ်တဲ့အခါမှာ ရေဓာတ်ပေးနိုင်ပြီး အစိုဓာတ်ထိန်းပေးတဲ့ အမျိုးအစားကို သုံးပါ။ အသားအရေခြောက်တာက မျက်နှာသစ်ပြီးတာတောင် နေရတာ တင်းကျပ်ကျပ်ကြီး ဖြစ်နေပြီး အဖတ်လန်သလိုတွေ ဖြစ်နေမှာပါ။ အယ်လ်ကိုဟော ပါဝင်တဲ့ ပစ္စည်း လုံးဝ ရှောင်ပါ။ Toner မှာ အဆီဓာတ်ပါတယ်လို့ ရေးထားတဲ့ Brand ကို ရွေးချယ်ပါ။ ဒါမှ ကိုယ့်မျက်နှာလေးက ကြည်လင်စိုပြေနေမှာပါ။

T zone တစ်ဝိုက် အဆီပြန်နေရင်

ပျိုမဒီလေးရဲ့ မျက်နှာမှာ အဆီပြန်တာတွေ ရှိနေပြီး မိတ်ကပ်တွေ ကွက်နေတယ်ဆိုရင်တော့ Toner သုံးသင့်ပါပြီ။ အထူးသဖြင့် T zone လို နေရာမျိုးမှာ ပိုပြီး အဆီပြန်တတ်ပါတယ်နော်။

T zone နေရာတွေကနေ နှာခေါင်းနဲ့ နဖူးအောက်ဘက်၊ မေးစေ့နေရာတွေပါ။ အဆီပြန်တတ်တဲ့ အသားအရေဟာ ဝက်ခြံလည်းထွက်လွယ်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေအတွက်ကတော့ Moisturizer အများကြီး ပါဝင်တဲ့ Toner ကို ရှောင်ဖို့ပါပဲ။ AHAsနဲ့ Salicylic acid ပါဝင်တဲ့ Toner တွေကိုပါ ဝယ်ယူသုံးစွဲပါ။

တုံ့ပြန်လွယ်တဲ့ အသားအရေဆိုရင်

တုံ့ပြန်ထိခိုက်လွယ်တဲ့ အသားအရေလေး ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ အလှကုန်ပစ္စည်းတွေ ရွေးတဲ့အခါ စိတ်ညစ်ရတာတွေ ရှိမှာပါ။ ဘယ်ပစ္စည်းမဆို အဆင်ပြေပါ့မလား တွေးပူရတာ ပြဿနာပါပဲ။

Toner သုံးမယ်ဆိုရင်တော့ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်ထားတဲ့ Toner ကိုတော့ လုံးဝရှောင်ရမှာပါ။ Lactic acid ဒါမှမဟုတ် Glycolic acid ပါဝင်တဲ့ Toner ကတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် အကောင်းဆုံးပါ။

တချို့မိန်းကလေးတွေမှာတော့ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားအရေလည်းမဟုတ်၊ မျက်နှာက တင်းကျပ်ကျပ်နဲ့ ခြောက်သွေ့တာမျိုးလည်း မရှိဘဲနဲ့ ဓာတ်မတည့်တာတွေလည်း မဖြစ်ဘူးဆိုရင်တော့ Toner ကို ဘယ်လိုအမျိုးအစား သုံးရမလဲဆိုတာ မေးစရာ တစ်ခုပါပဲ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Eaindray Kha · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။