brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ blue light နဲ့ ဖုန်းကနေထွက်တဲ့ blue light တွေပဲလေ။

Blue Light နဲ့ အသားအရေ

ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ blue light က ခရမ်းလွန်ရောင်ခြည်တွေထက် အရေပြားအတွင်းလွှာကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။

မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ blue light က အသားအရေကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ မြင်သာတဲ့ လက္ခဏာက အသားအရေကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်တာပါ။

blue light က ဓာတ်တိုးပစ္စည်းတွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး အရေပြားမှာ အမဲစက်တွေနဲ့ ဝက်ခြံတွကို ဖြစ်စေပါတယ်။ ဝက်ခြံ အမာရွတ်တွေကို ပိုဆိုးစေပြီး ကော်လာဂျင် ထွက်ရှိမှု နည်းလာတာကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

blue light က အသားအရေကိုတင် ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်နေတာမျိုး မလုပ်ဘဲ မကြာခဏ ထပေးတာ။ သဘာဝ အလင်းရောင်နဲ့ ထိတွေ့တာမျိုးကို လုပ်သင့်ပါတယ်။

ကွန်ပျူတာ၊ ဖုန်း၊ တီဗီစတဲ့ မျက်နှာပြင်တွေကနေ ထွက်လာတဲ့ blue light တွေက မျက်လုံးကိုရော အသားအရေကိုပါ ထိခိုက်စေပါတယ်။

အသားအရေကို ထိခိုက်စေတဲ့ blue light ကို ဒီလို ကာကွယ်ပါ။

နေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေကို မဖြစ်မနေ သုံးရမယ်။ blue light ကြောင့်လည်း အသားအရေ မပျက်စီးချင်ဘူးဆိုရင်တော့

  • ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးတဲ့အခါ မျက်နှာပြင်နဲ့ အနည်းဆုံး ၁ ပေခွာပြီး သုံးပါ။
  • Night Mode ကို ဖွင့်ထားပါ။ Night Mode က blue light ထုတ်လွှတ်မှုကို လျော့ကျစေပြီး အသားအရေ ထိခိုက် ပျက်စီးမှုကို လျှော့ကျစေမှာပါ။
  • နေလောင်ကာ ခရင်မ် လိမ်းပါ။
  • အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပါ။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
  • ရေများများသောက်ပါ။
  • လေ့ကျင့်ခန်း လုပ်ပါ။
fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။