brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သင်သိသင့်သော အသားဖြူစေသော ကုထုံးများ

သင့်အသားရေကိုကောင်းမွန်အောင် ပြုလုပ်သောနည်းလမ်းများစွာရှိပါသည် (အသားဖြူဆေးထိုးခြင်း၊ ဆေးသောက်ခြင်း၊ အသားဖြူခရင်မ်လိမ်းခြင်း)။ သို့သော်လည်း သင့်ကိုသင် မပြောင်းလဲမီသေချာစဉ်းစားပါ။ ယခုဆောင်းပါးသည် အသားဖြူစေသောကုထုံးနှင့်ပတ်သက်၍ သင့်ကိုအကြံဉာဏ်ကောင်းများပေးပါလိမ့်မည်။

သင်သိသင့်သော အသားဖြူစေသော ကုထုံးများ

အသားအရေအရောင်ကို Melanocyteမှ ထုတ်လုပ်သော မယ်လနင်ဓါတ်က ဆုံးဖြတ်ပေးပါသည်။ မယ်လနင် (melanin)သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ eumelanin ၊ pheomelanin နဲ့ neuromelaninဖြစ်ပြီး အသားရောင်မည်းစေသော မယ်လနင် မှာ eumelanin ဖြစ်သည်။ Pheomelaninသည် အသင့်အတင့် အသားရောင်ကိုဖြစ်စေပြီး neuromelaninကို ဦးနှောက်မှာသာ လျှင် တွေ့ရပါသည်။ ထို့ကြောင့် အသားဖြူစေသော ကုသနည်းများသည် မယ်လနင် လုပ်ဆောင်ချက်ကို ဆန့်ကျင်မှုပေါ်တွင် အခြေခံထားပါသည်။ နည်းလမ်းမှာeumelaninကို pheomelaninသို့ ပြောင်းခြင်း (သို့) မယ်လနင်ထုတ်ခြင်းကို ရပ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါ သည်။

တချို့သောကုသနည်းများမှာ –

၁။ အသားဖြူဆေးထိုးခြင်း

အသားဖြူဆေးထိုးခြင်းသည် ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေခြင်း၊ မယ်လနင်ထုတ်လုပ်မှုကို ဟန့်တားခြင်းတို့ကြောင့် အာနိသင် ချက်ချင်းပြပါသည်။ မယ်လနင်သည် လူတစ်ဦးချင်းစီ၏ အသားရောင်ကို ဆုံးဖြတ်ပေးသောကြောင့် အရေပြားတွင် မယ်လနင်ပါဝင်မှုများလေ အသားညိုလေ ဖြစ်သည်။ ဆေးထိုးခြင်းသည် မယ်လနင်ပမာဏကိုလျော့အောင် ပြုလုပ်ခြင်းဖြစ်ပြီး အသားအရောင်တဖြည်းဖြည်း ဖြူလာနိုင်ပါသည်။ Glutathione သည် အသားဖြူထိုးဆေးတွင်ပါဝင်သော အဓိကပါဝင်ပစ္စည်း ဖြစ်သည်။ တချို့သောဘေးထွက်ဆိုးကျိုးများ(ဥပမာဆံပင်ကျွတ်ခြင်း၊ လက်သည်းတွင် အဖြူစက်ဖြစ်ခြင်း၊ ထုံကျဉ်ခြင်း၊ လက်တုန်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ ဆေးနှင့်မတည့် သဖြင့် အရေပြားကွာကျခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းစသည်ဖြင့်)ရှိနိုင်ပါသည်။

၂။ အသားဖြူရေချိုးဆပ်ပြာ

အသားဖြူရေချိုးဆပ်ပြာသည် အမျိုးသမီးများအသုံးပြုသော ပထမဆုံးနည်းလမ်းဖြစ်သည်။ ထိရောက်စိတ်ချရသော အသားဖြူရေချိုးဆပ်ပြာသည် အောက်ပါအချက်များရှိရမည် ဖြစ်သည်။

• ရေချိုးပြီးသောအခါ အသားရေသည် နူးညံ့ညက်ညောနေရမည်။

• ပါဝင်ပစ္စည်းများသည် မွေးပျံ့နေပြီး ၁၀၀ရာခိုင်နှုန်း သဘာဝပစ္စည်း ဖြစ်ရမည်။

• အသားအရေကို တောက်ပစေရမည်။ ကုသနည်းပြီးသောအခါ သင်နေ့စဉ် အသားရေထိန်းသိမ်းမှုကိုတိုး၍ပြုလုပ်ရမည်။ (ဥပမာ- နေကာမျက်မှန်၊ နေကာပစ္စည်းများ၊ လိုရှင်းစသည်ဖြင့်)

၃။Dermabrasion အရေပြားခြစ်ခြင်း

Dermabrasionဆိုသည်မှာအရေပြားအပေါ်ယံအလွှာကို ခြစ်ယူသောခွဲစိတ်နည်းတစ်ခု ဖြစ်သည်။ အရေပြားကျွမ်းကျင် ပညာရှင်များသည် အမာရွတ်နှင့်ဝက်ခြံများကိုကုသရာတွင် ထိုနည်းကိုအသုံးပြုလေ့ရှိသည်။

၄။Cryotherapyရေခဲရိုက်ကုထုံး

Cryotherapyဆိုသည်မှာ Liquid nitrogen ကို အသုံးပြု၍ အရေပြားဆဲလ်များကို အေးခဲသွားအောင် ပြုလုပ်ခြင်းဖြစ် သည်။ Liquid nitrogen ကိုအရေပြားပေါ်တွင် ဂွမ်း(သို့) စပရေးဖျန်း၍ အသုံးပြုခြင်းဖြင့် မကောင်းသောဆဲလ်များပျက်စီးသွားပြီးဆဲလ်အသစ်များပွားခြင်းကို အားပေးသည်။

၅။Laser skin resurfacingလေဆာဖြင့် အရေပြားညှိခြင်း

လေဆာအလင်းတန်းရောင်ခြည်စုဖြင့် သတ်မှတ်ထားသော အရေပြားနေရာကို ဖယ်ရှားကုသခြင်းဖြစ်သည်။ တစ်ကြိမ်တည်းနှင့် အရေပြားအပေါ်ယံလွှာတစ်လွှာလုံးကို ဖယ်ရှားနိုင်သည်။

၆။ Microdermabrasion

Microdermabrasion သည် diamond tipped wand ဟုခေါ်သော ကိရိယာလေးဖြင့် ဆဲလ်အသေရှိသောအလွှာ၊ နေလောင်ဒဏ်ကြောင့်ပျက်စီးနေသော ဆဲလ်အလွှာများကို ဖယ်ရှားသောနည်းဖြစ်သည်။ ထိုနည်းကို‘‘Diamond Peel’’ဟုလည်းခေါ်သည်။

၇။ ဓါတုပစ္စည်းဖြင့် ချေးချွတ်ခြင်း

ချေးချွတ်သည့်ဓါတုပစ္စည်းကို အရေပြားပေါ်တွင် အသုံးပြုပြီးအရေပြားအပေါ်ယံလွှာ ကွာကျစေကာ နုပျိုတောက်ပသောအောက်ခံအရေပြားအလွှာကို မြင်တွေ့ရပါလိမ့်မည်။ ထိုနည်းကို အရေပြားဆရာဝန် (သို့) သင်ကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။

သင်ရွေးချယ်နိုင်သော ကုသနည်းများစွာရှိပါသည်။ ထို့ကြောင့် သင့်တွင် ထိုအရာများနှင့်ပတ်သက်၍ ဗဟုသုတများရှိထားလျှင် သင့်အသားရေအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်မှာပါ။

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Dr. Sandar Lin · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။