ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဦးရေပြားနဲ့ ဆံသားထိန်းသိမ်းမှုတွေက ဆံသားနဲ့ ပတ်သက်နဲ့ ဆံပင်ကြမ်းတာ၊ ကျွတ်တာတွေကို သက်သာစေသလို ဦးရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။ နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ။ ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။ နွေရာသီမှာ နေရောင်ကြောင့် […]

ဆံသားနှင့် ဦးရေပြားကျန်းမာရေး ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။

လူတိုင်းဆံပင်ပြန်ပေါက်ရာတွင် မတူကြသည်ကိုသိထားပြီးဖြစ်ကြပါလိမ့်မည်။ ဆံပင်ပြန်ပေါက်ခြင်းအဆင့်ဆင့်သည် ပြီးပြည့်စုံရန် ပျမ်းမျှအားဖြင့် ၄လမှ၆လခန့် ကြာမြင့်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရန် အရေးကြီးပါသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများကိုသတိပြုမိပါလိမ့်မည်။ဤဆောင်းပါးတွင် သင်သိလိုသောဆံပင်ပြန်ပေါက်ပုံအဆင့်ဆင့်ကိုဖေါ်ပြထားပါသည်။ အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါကဤအရာသည် ပုံမှန်သဘောသာဖြစ်၍ ဆံပင်၏ ပုံမှန်ကြီးထွားပုံသံသရာတွင် ပါဝင်သောအရာသာဖြစ်ပါသည်။ ဆံပင်သည် အဆင့်ဆင့်ပြန်ပေါက်ခြင်းဖြစ်ပြီးရှည်စွာပေါက်လာပြီးနောက် တဖန်ပြန်ကျွတ်ပြန်ပါသည် ထိုနောက် မပြောင်းလဲသောကာလတခုရှိပါသည်။ ဆံပင်ကြီးထွားခြင်းတွင် အနာဂင်(anagen)၊ ကတာဂင်(catagen)နှင့် တီလိုဂင်(telogen)ဟူသောအဆင့် ၃ဆင့်ရှိပါသည်။ ဆံပင်ကြီးထွားလာပုံကိုနားလည်လာအောင် အထက်ပါအဆင့်၃ဆင့် ဖြစ်ပျက်ပုံကိုစမ်းစစ်ကြည့်ပါစို့။ (၁)အနာဂင်အဆင့် အနာဂင်အဆင့်သည် ဆံပင်၏ ပွားများတက်ကြွသောအဆင့်ဖြစ်ပါသည်။ ဆံပင်အမြစ်ရှိ ကလပ်စည်းများသည် လျှင်မြန်စွာပွားများလျက် ရှိပါသည်။ ဆံပင်အသစ်သည် မပွားတော့သည့် သို့မဟုတ် အနာဂင်အဆင့်တွင် မရှိတော့သည့် ဆံပင်စုကိုအပေါ်သို့တွန်းထိုး၍ အပြင်သို့ ထွက်လာပါသည်။ ဤအဆင့်တွင် ဆံပင်သည် ၂၈ရက်တွင် ၁စင်တီမီတာခန့် ရှည်လာပါသည်။ ဦးရေရှိ ဆံပင်သည် ဤပွားများသောအဆင့်တွင် ၂နှစ်မှ ၆နှစ်ထိနေလေ့ရှိပါသည်။ လူတချို့တွင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ထိပ်ပြောင်ခြင်းကိုကာကွယ်ရန်နည်းလမ်းများ

အသက်အရွယ်ရလာသည်နှင့်အမျှ သင့်ဆံပင်၏ထူထဲမှုသည်လည်း တဖြည်းဖြည်းလျော့ပါးလာသည်။ သင့်ဆံပင်ဆံသားစပ်သည်လည်းနောက်သို့ရောက်ရောက်သွားပြီးသင်၏ဦးရေပြားသည်လည်းပါးလှပ်သောဆံပင်ကိုကျော်၍ပိုမိုမြင်လာရသည်။ ယခုဖြစ်စဉ်သည် မျိုးရိုးဗီဇပေါ်မူတည်၍ကြိုတင်သတ်မှတ်ထားပြီးဖြစ်သော်လည်းအောက်ပါနည်းလမ်းနှစ်သွယ်ကိုအသုံးပြု၍ ဆုံးရှုံးခဲ့ပြီးသောဆံပင်များကိုထပ်မံမဆုံးရှုံးတော့ရန်နှင့် ဆံပင်များထပ်မံပေါက်ရန်ကိုသာ ဖြစ်စေနိုင်ပါသည်။ (၁)မီနောက်ဆီဒေးလ်ဟုခေါ်သောဆေးရည် (သို့မဟုတ်) လူးဆေး ( Minoxidil ) သင့်အနေဖြင့်သောက်ဆေးများကိုလည်းမသုံးစွဲဘဲဆံပင်ကျွတ်ခြင်းကိုလည်းကာကွယ်ချင်သည်ဆိုလျှင် မီနောက်ဆီဒေးလ်သည်သင်ရှာဖွေနေသောအဖြေဖြစ်လိမ့်မည်။ သင်၏ကျန်ရှိသောဘဝအချိန်များတွင် တစ်နေ့လျှင် ၂ ကြိမ်အသုံးပြုနိုင်ပါသည်။ အဆင်ပြေသည်မှာ ထိုဆေးသည်ဆရာဝန်ညွှန်ကြားချက်မလိုဘဲအသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့်အချက်မှာထိုဆေး၌ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းပါးခြင်းဖြစ်သည်။ ထိုဆေး၏အလုပ်လုပ်ပုံကိုတိကျရှင်းလင်းသည့် သိပ္ပံနည်းကျဖြေရှင်းချက်မရှိသေးပါ။ သို့သော် သုတေသီများကထိုဆေးသည်ဆံရင်းရှိဆံအိတ်များကို ကြီးထွားစေပြီးဆံပင်ရှင်သန်မှုကိုအားပေးသည်ဟုဆိုကြသည်။ မီနောက်ဆီဒေးလ် ကိုအသုံးပြုမည်ဟု ဆန္ဒရှိလျှင်စိတ်ရှည်ဖို့တော့လိုလိမ့်မည်။ သိသာမြင်သာသောပြောင်းလဲမှုဖြစ်ရန် အနည်းဆုံးအချိန် ၄ လခန့်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ အချို့လူများတွင် ထိုဆေးသည်ဦးရေပြားကိုယားယံစေခြင်း ၊ အဖတ်အဖတ်များကွာကျစေခြင်းမျိုးလည်းရှိနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့် တုန့်ပြန်လွယ်သောအရေပြားရှိသူများသည် သတိပြု၍သုံးစွဲသင့်သည်။   (၂)ဖီနာစထရိုက်ဟုခေါ်သောဆေးပြား ( Finasteride ) အကြောင်းတစ်ခုခုကြောင့် မီနောက်ဆီဒေးလ်ကိုအသုံးမပြုနိုင်သူများအတွက် ဖီနာစထရိုက်သည်သာရွေးချယ်စရာကျန်ပါသည်။ ဖီနာစထရိုက်သည် ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း ( Dihydrotestosterone ) ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်သည့် ဒိုင်ဟိုက်ဒရိုတက်စတိုစတီရုန်း( Dihydrotestosterone […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်သက်သာစေမယ့်အစားအစာ ၇ မျိုး

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ရဖို့က အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆန္ဒရှိတဲ့အရာပါ။ ဒါပေမယ့် ဆံပင်ကျွတ်ခြင်းနဲ့ဆံသားပျက်စီးခြင်းက အခုတလော အရမ်းအဖြစ်များနေကြတဲ့ ကိစ္စဖြစ်လာပါတယ်။ အသက်ကတဖြည်းဖြည်းကြီးလာတာကြောင့် အရွယ်လေးရလာတာနဲ့အမျှ ဆံပင်တွေ နည်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်စဉ်မှာတည်းက ဆံပင်တွေစနည်းလာပြီဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ သင်သိမှာတော့မဟုတ်ပေမယ့် ဆံကေသာနဲ့ပတ်သက်တဲ့ ဆေးနည်းကို သင်စားသောက်နေတဲ့အာဟာရဓါတ်စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဆံပင်ဆိုတာ ရှင်သန်ကြီးထွားမှုမြန်တဲ့ တစ်ရှူးတစ်မျိုးဖြစ်ပြီး ကိုယ်စားလိုက်တဲ့အစားအစာ ကိုမူတည်ပြီး သင့်ရဲ့ဆံသားမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်စားမယ့်အရာတွေကို ရွေးချယ်ဆုံးဖြတ်ပြီး ဆံပင်သန်စွမ်းမှု၊ တောက်ပြောင်ချောမွေ့မှုနဲ့ ဆံပင်ကျန်းမာရေးအလုံးစုံကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာ စေဖို့က သင်စားမယ့် အစားအစာတွေမှာ အရေးပါတဲ့အာဟာရဓါတ်တွေ ညီညွတ်မျှတစွာ ပေါင်းစပ်ပါဝင်နေဖို့လိုပါတယ်။ အရေးကြီးဆုံးအာဟာရကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အဆီပြန်တဲ့ ဆံသားအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ

ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ အဆီပြန်တဲ့ဆံပင် သို့မဟုတ် အဆီပြန်တဲ့ ဦးရေပြားဟာ ကြည့်လို့လည်းအဆင်မပြေ နေရထိုင်ရလည်းအအဆင်မပြေဖြစ်စေပြီး အနံ့ကလည်း အဆင်မပြေလှပါဘူး။ ဒီလိုဖြစ်ခြင်းက သင့်နဖူးပြင်မှာ ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုလည်းလျော့နည်းစေပါတယ်။ သင့်ရဲ့အဆီပြန်ပြီး ညစ်ပေနေတဲ့ဦးရေပြားဘဝကို အဆုံးသတ်လိုက်ဖို့အချိန်တန်ပါပြီ။ ဘာလို့အဆီပြန်တဲ့ဆံပင်ရှိနေတာလဲ။ အဆီပြန်နေတဲ့ခေါင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသိဖို့ ပထမဆုံးအချက်က ဘာလို့အဆီတွေပြန်တဲ့ဦးရေပြားရှိနေရသလဲဆိုတာကို နားလည်ရမှာပါ။ တစ်ခါတလေ ဒီပြဿနာဟာ အပျိုဖော်ဝင်စပြုခြင်း၊ အပျိုဖြစ်ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ခါတလေမှာ သွေးဆုံးခြင်း စတဲ့ ယာယီဟော်မုန်းပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ အခြေခံအားဖြင့် သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေစီးဆင်းနေတာကို တုံ့ပြန်ဖို့ အဆီတွေ(သင့်ဦးရေပြားက ပုံမှန်ထုတ်ပေးနေကျ အဆီတွေ) ကိုပိုပြီးထုတ်ပေးပါတယ်။ တချို့အခြေအနေမှာ အဆီပိုတွေအမြဲတမ်းထုတ်ပေးတယ်ဆိုတာ သင်ကိုယ်တိုင်ကြောင့်ပါ။ တစ်ခါတလေတော့လည်း ဒါက သင်အသုံးပြုတဲ့ ဆံသားထိန်းသိမ်းတဲ့ပစ္စည်းတွေက သင်နဲ့အဆင်မပြေတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်တာက ယာယီပဲဆိုရင် သို့မဟုတ် ချက်ချင်းကြီးဖြစ်လာတာမျိုးဆိုရင် သင့်မှာဟော်မုန်းပြဿနာရှိမရှိ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ အဆီပြန်တဲ့ဆံသားအတွက် နည်းလမ်းကောင်း များ ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်ဟာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အရောင်ဆိုးထားတဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

အရောင်ဆိုးထားတဲ့ဆံပင်ဟာ ဘာမှမလုပ်ထားတဲ့ဆံပင်ထက် မတူညီတဲ့လိုအပ်ချက်တွေရှိတယ်ဆိုတာ သင်သိပါသလား။ ကျွန်တော်တို့တွေဟာ ဆံပင်ကို အရောင်ဖျော့လိုက် ရင့်လိုက်နဲ့ပဲ အရောင်တွေကို ကျွန်တော်တို့ဘဝထဲ ပိုပိုပြိး ထည့်သွင်းနေကြပါတယ်။ highlights ဖြစ်စေ၊ Lowlights ဖြစ်စေ တစ်ခေါင်းလုံးဆိုးထားသည်ဖြစ်စေ ဒီဆေးဆိုးဆံပင်တွေကို ကျန်းမာသန်စွမ်းနေအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ကြည့်လိုက်ရအောင်။   ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။ သင့်ဆံပင်က ပိုကျန်းမာနေလေ အရောင်ကပိုကြာကြာခံလေပါပဲ။ ဒါကြောင့် ရက်သတ္တပတ် ၆ပတ်ကိုတစ်ခါလောက်တော့ salon ကိုပုံမှန်သွားကိုသွားသင့်ပါတယ်။   နေရောင်ကာခရင်မ်တွေကိုအသုံးပြုပါ။ နေရောင်ခြည်ကနေ သင့်အသားအရည်တစ်ခုတည်းကို ကာကွယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ သင်ဆိုးထားတဲ့အရောင်သစ်လေးကို ကြာရှည်ခံဖို့နဲ့ အမြဲတမ်းတောက်ပနေဖို့ သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေကာကွယ်တာ သို့မဟုတ် ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါတယ်။ အရောင်ဆိုးထားတဲ့ဆံပင်အတွက် ရေကိုအခြေခံထားတဲ့ပစ္စည်းတွေက အဆီကိုအခြေခံထုတ်တဲ့ပစ္စည်းတွေထက် ပိုပြီးသင့်လျော်ပါတယ်။   ပျော့ဆေးသုံးပါ။ အရောင်ဆိုးထားတဲ့ဆံပင်ဟာ ပုံမှန်ဆံပင်ထက် ပိုပြီးခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဆံပင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေထဲမှာ တစ်ပတ်တစ်ခါတော့ deep conditioning treatment ယူပေးသင့်ပါတယ်။ ပျော့ဆေးကို ရေနွေးနဲ့နယ်ပြီးဆံပင်ကိုလိမ်းပေးပါ။ ဆေးကိုစုပ်ယူသွားနိုင်စေဖို့ နာရီဝက်ခန့် သဘက်နဲ့ပေါင်းထားပေးပါ။ ခေါင်းလျှော်ချလိုက်ပြီးရင်တော့ […]


အသားအရေနှင့် အလှအပ

ဆံပင်အခြောက်မြန်အောင် မှုတ်နည်း ၆နည်း

ဆံပင်တခါခြောက်အောင် dryer နဲ့ နာရီဝက်တနာရီ ထိုင်မှုတ်နေရတာ စိတ်ပျက်နေပြီလား။ မပူပါနဲ့တော့။ အဲ့သလိုမျိုး အချိန်မကုန်ရစေဖို့ အောက်က အချက်လေးတွေကိုသာ ဖတ်ကြည့်လိုက်ပါ။ ဆံပင်ကို ညှစ်ပါ။ ဆံပင်ကို မမှုတ်ခင် မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်မယ်ဆိုရင် အချိန်ကုန်အရမ်း သက်သာသွားမှာပါ။ နည်းမှန်လမ်းမှန် သုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဆံပင်ကို မျက်နှာသုတ်ပုဝါနဲ့ ကြပ်ကြပ်ပတ်ပြီး ရေတွေကို ညှစ်ချပါ။ ခပ်ကြမ်းကြမ်း မပွတ်မိပါစေနဲ့။ အဲ့သလို ပွတ်မိလိုက်ရင် ဆံသားကြမ်းစေတဲ့အပြင် ဆံပင်ကိုလည်း လုံးထွေးသွားစေပါတယ်။ ညှစ်ချတဲ့ အခါမှာလည်း အရမ်းကြီးခြောက်သွားအောင် မညှစ်ပါနဲ့။ စိုထိုင်းထိုင်းလေးတော့ ဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ အရမ်းခြောက်သွားပြန်ရင်လည်း hair-dryer နဲ့မှုတ်တဲ့ အခါ ကိုင်ရခက်လို့ပါ။   နေရာပြောင်းပါ။ ရေချိုးခန်းထဲမှာ ဘယ်တော့မှ ဆံပင်ကို အခြောက်မခံပါနဲ့။ ရေချိုးခန်းဟာ စိုထိုင်းဆများတဲ့အတွက် တော်တော်နဲ့ ခြောက်မှာမဟုတ်ပါဘူး။ Gym တို့ ရေကူးကန်တို့မှာလို အများသုံးနေရာဆိုရင်လည်း […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ

ခြောက်သွေ့သော ဆံသားများအတွက် အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းများ ကျန်းမာသန်စွမ်းပုံမပေါက်ဘဲ မွဲခြောက်ခြောက်ဖြစ်နေသည့်အပြင် ခြောက်သွေ့တဲ့ဆံပင်တွေဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ခြောက်သွေ့နေတဲ့ဆံပင်ရှိရင် အမြန်ဆုံးထိန်းသိမ်းသင့်တာပေါ့။ ဆံပင်တွေရဲ့ အပြင်လွှာတွေဟာ လုံလောက်တဲ့အစိုဓါတ်ကို မထိန်းသိမ်းနိုင် မစုပ်ယူနိုင်တော့တဲ့အခါမှာ ဆံပင်တွေ ခြောက်လာပါတယ်။ ရလဒ် အနေနဲ့တော့ ကြွပ်ဆတ်ပြီး စွမ်းအားမရှိတဲ့ပုံ ပေါက်လာတော့တာပါပဲ။ ဒါကလည်း ဖျားနာခြင်း၊ အာဟာရ လိုအပ်ခြင်း ပြင်းထန်တဲ့ ဆံပင်အလှကုန် တွေသုံးစွဲခြင်း ၊ ခေါင်းလျှော်များခြင်း၊ ကလိုရင်း ပါတဲ့ ရေနဲ့အထိအတွေ့များခြင်းနဲ့ အပူပေးထားတဲ့ ဆံပင်ပုံဖော်ကိရိယာတွေ အသုံးများခြင်း သို့မဟုတ် ဆံပင်ဆေးဆိုးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆံပင်ကို ကောင်းကောင်းဂရုစိုက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာ၊ သင့်ဆံပင်အမျိုးအစားအတွက် သင့်လျော်ကောင်းမွန်တဲ့ ဆံပင်အလှကုန် တွေသုံးတာ နဲ့ ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ ပျော့ဆေးတွေကိုသုံးတာက သင့်ဆံပ င်ခြောက်သွေ့ခြင်းမှ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Dandruff (ဗောက်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dandruff (ဗောက်ထခြင်း) ကဘာလဲ။ ဗောက်ဆိုတာ ကြာရှည် ဦးရေပြားပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဦးရေပြားဆဲလ်အသေလေးတွေ အချပ်လိုက်ဖြစ်နေခြင်းကို ခေါ်ပါတယ်။ သည်ဗောက်ဖတ်တွေဟာ သင့်ပခုံးပေါ်တောင် ကျလာနိုင်ပြီး တစ်ခါတစ်ရံ ခြောက်သွေ့ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ Dandruff (ဗောက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ် လက္ခဏာများDandruff (ဗောက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဗောက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မြင်လွယ်သိလွယ်ပါတယ်။ အဖြူရောင်ချောကျိကျိ အရေပြားဆဲလ်သေ အချပ်တွေဟာ သင့်ဆံပင်နဲ့ ပခုံးပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။ အပူလှုံခြင်းဟာအရေပြားကို ခြောက်သွေ့စေတဲ့အတွက် မိုးတွင်းနဲ့ ဆောင်းရာသီမှာ ပိုဆိုးလာနိုင်ပါတယ်။ နွေရာသီရောက်ရင် ပြန်ကောင်းလာမှာဖြစ်ပါတယ်။ Cradle cap လို့ခေါ်တဲ့ အဆီဂလင်းလေးတေရောင်ပြီး ဖြစ်တဲ့ ဗောက်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မွေးကင်းစကလေးတွေမှာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Alopecia (ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alopecia (ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း) ကဘာလဲ။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း ဆိုတာဟာ ပေါက်လာတဲ့ ဆံပင်ပမာဏ ထက် ပုံမှန်မဟုတ်ဘဲ ပိုများတဲ့ ဆံပင်ကျွတ်ခြင်းရောဂါ ဖြစ်ပါတယ်။ တချို့လူတွေမှာ ဆိုလျှင် ဆံပင်ပြန်မပေါက်တော့ဘဲ ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် သင်ဟာ တစ်နေ့လျှင် ဆံပင် ၂၅ ပင် မှ အပင် ၁၀၀ ထိ ကျွတ်နေပါတယ်။ alopecia ကတော့ တစ်နေ့ကို အပင် ၁၀၀ မကပဲ ကျွတ်နေပါတယ်။ ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်း (၃) မျိုးရှိပါတယ်။ ၎င်းတို့မှာ Alopecia areata – ဆံပင် အကွက်လိုက် ကျွတ်ခြင်း Alopecia totalis – ဦးရေပြား ဆံပင်အကုန်လုံး ကျွတ်ခြင်း Alopecia universalis – တစ်ကိုယ်လုံးရှိ အမွေးများ အလုံးစုံ ကျွတ်ခြင်း တို့ဖြစ်ကြပါတယ်။ ဖြစ်ပွားမှု အကြောင်းအရာပေါ်မူတည်ပြီး […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Lice (သန်း)

သန်း ကူးခြင်းဆိုတာဘာလဲ။ သန်းများသည် သွေးထဲတွင် ရှိသော သေးငယ် သော အတောင် မရှိသော ကပ်ပါးကောင် များ ဖြစ်ပါသည်။ သန်းများ သည် ခန္ဓါကိုယ် သို့မဟုတ် အဝတ်များ ပေါ်တွင် လွယ်ကူစွာ ပျံ့နှံ့ပြီး အရေပြား နီ၍ ရောင်ရမ်း နာကျင်ခြင်း ကို ဖြစ်စေ ပါသည်။ သန်းများကို အမျိုးအစား ၃မျိုး ခွဲခြားထားပါ သည်။ ခေါင်းသန်း။ ဦးရေပြားပေါ်တွင် တွေ့ရသည်။ နား ပတ်ဝန်းကျင် သို့မဟုတ် လည်ပင်း တွင် တွေ့နိုင် ပါသည်။ ခန္ဓါကိုယ်သန်း။ များသော အားဖြင့် ခန္ဓါကိုယ် တွင် တွေ့ရသည်။ အဝတ်အစား၊အိပ်ယာခင်း တို့ကိုထိ တွေ့ ခြင်း ဖြင့် ပျံ့နှံ့ပြီး သင့်အရေပြားပေါ်သို့ ရောက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း