အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

အင်ပြင်ထခြင်း နဲ့ သင့်အသားအရေ

အင်ပြင် ၊ ယားနာတွေဆိှုတာ ဖောင်းနေတဲ့ အကွက် (သို့) ယားယံသော အနီဖျော့ အဖုတွေ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ဓါတ်မတည့်သည့်အရာများနှင့်တွေ့လျှင် သို့မဟုတ် တစ်ခါတစ်ရံ အကြောင်းတိတိကျကျ မရှိဘဲ ပေါ်လာတတ်ပါတယ်။ အင်ပြင် အကြောင်းသိကောင်းစရာ အင်ပြင်တွေဟာ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက်အကွက်လိုက် ပေါ်လာတတ်တဲ့ ဖောင်းနေသော အနီရောင်ဖျော့ အဖုတွေ ၊ အကွက်တွေ ကို ခေါ်ပါတယ်။ အဓိက လက္ခဏာကတော့ ယားယံပြီး တစ်ခါတစ်ရံ စပ်ခြင်း၊ စူးခြင်းများလည်း ရှိနိုင်ပါတယ်။ မျက်နှာသာမက နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ပေါ်မှာပါ ဖြစ်ပေါ်လာနိုင်ပြီး နာရီအနည်းငယ်မှ ရက်အတန်ကြာသည်ထိ ကြာနိုင်ပါတယ်။ အရွယ်အစားမှာ ပဲစေ့တစ်စေ့စာလောက်မှ ပန်းကန် တစ်ချပ်စာ လောက်ထိ အရွယ်ရှိပြီး တစ်ခုနဲ့ တစ်ခုဆက်ကာ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခင်ပွန်းသည်ကိုဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးမယ်

အမျိုးသားတွေဆံပင်ကျွတ်တဲ့ကိစ္စဟာ စိတ်ရှုပ်ဖို့ကောင်းသလို၊ စိတ်ပူရတာ စဉ်းစားရတာနဲ့ အချိန်တွေလည်းကုန်ပါတယ်။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတွေ၊ ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းတွေသိထားခြင်းဟာ အမျိုးသမီးတွေ မိမိခင်ပွန်းကို ယုံကြည်ချက်ပိုရှိလာဖို့ အားပေးရာမှာ အထောက်အပံ့ကောင်းကောင်းပေးနိုင်ပါတယ်။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းပေါ်လိုက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းအမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှု လူတွေမှာ ဖိစီးစရာအခြေအနေအမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ ဆံပင်တွေကျွတ်တတ်ပါတယ်။ ခွဲစိတ်မှု၊ ကားအက်စီးဒင့်၊ ပြင်းထန်သောရောဂါများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဖိစီးမှုသာမက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကလည်း ယာယီဆံပင်ကျွတ်မှုကိုဖြစ်စေပါတယ်။ ဒါပေမယ့် ထိုဆံပင်ကျွတ်မှုဟာ ဖိစီးနေတဲ့အခြေအနေတွေ ပျောက်သွားရင်ပြန်ကောင်းသွားမှာကြောင့် ဇနီးသည်ဟာ မိမိခင်ပွန်းကိုထိုအချိန်ကာလကို လေ့ကျင့်ခန်းလေးလုပ်ရင်း အကောင်းမြင်စိတ်လေးနဲ့ သက်တောင့်သက်သာဖြတ်သန်းနိုင်အောင် ကူညီပေးသင့်ပါတယ်။ အာဟာရလိုအပ်မှုရှိခြင်း တကယ်လို့နှစ်လသုံးလလောက် ပရိုတင်းလုံလောက်စွာမရရင်လည်း ခန္ဓါကိုယ်က ပရိုတင်းထိန်းသိမ်းဖို့ ဆံပင်များဆက်လက်ရှင်သန်မှုကို ရပ်ပစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်-အေ များရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့်သင့်ခင်ပွန်းရဲ့စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ပေးဖို့ကအရေးကြီးပါတယ်။ ကျန်းမာတဲ့စားသောက်မှုဟာ ဆံပင်ကျွတ်ခြင်းကိုလျှော့ချနိုင်မှာပါ။ အမျိုးသားများတွင်ဖြစ်တတ်သည့် ထိပ်ပြောင်ခြင်း နောက်ထပ်အကြောင်းအရင်းကတော့ အမျိုးသားတွေမှာ မျိုးူရိုးဗီဇအလိုက် ထိပ်ပြောင်ခြင်းဖြစ်တယ်။ တဖြေးဖြေးချင်းကျွတ်လာပြီး ပုံစံမှန်းလို့ရနိုင်လောက်အောင် ထိပ်နေရာအကွက်လိုက်လေးပဲကျွတ်ခြင်းဖြစ်တယ်။ ထိုဖြစ်ရပ်ကိုကုသဖို့ဆေးတွေပေါ်နေပါပြီ။ မှ လက်ခံလမ်းညွှန်ထားသော ဆေးနှစ်မျိုးကတော့ […]


အခြားအရေပြားပြဿနာများ

အရေပြားအိုမင်းလာခြင်းက အခြေအနေတစ်ခုပါ

အရေပြားဟာ လူ့ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အရေးကြီးလုပ်ငန်းဆောင်တာအများအပြားကို လုပ်ဆောင်ပါတယ်။ အရေပြားဟာ ကျွန်ုပ်တို့ကို အန္တရာယ်များမှကာကွယ်ပေးသည့်အပြင် ပြင်ပပတ်ဝန်းကျင်နှင့်လည်း ဆက်သွယ်ပေးတယ်။ ဒါ့အပြင်ရုပ်ရည်ရူပကာပေါ်မှာလည်း သက်ရောက်မှုရှိနေပါသေးတယ်။ ဒါပေမယ့် ထိုအရေပြားဟာလည်း တဖြေးဖြေးအိုမင်းလာပြီး အလှလျော့လာတတ်တဲ့ အရာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်အရေပြား မြန်မြန်အိုမင်းလာရခြင်း အကြောင်းအရင်းတွေကို သိထားခြင်းဟာ သင့်အတွက် အတော်ကို အထောက်အကူဖြစ်မှာပါ။ ဘာတွေကအရေပြားအိုမင်းစေသလဲ သဘာဝအရ- အသက်တွေကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေက ငယ်ရွယ်စဉ်ကနဲ့မတူ ပြောင်းလဲလာမယ်။ Collagen တွေနည်းလာမယ်၊ ဆဲလ်အသေရှင်းထုတ်မှုတွေနှေးလာပြီး ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းတွေ လျော့ကျလာမယ်၊ ခန္ဓါကိုယ်အဆီတွေဆုံးရှုံးလာမယ်။ ဒါတွေဟာ အရေပြားအိုမင်းမှုဆီဦးတည်နေပါလိမ့်မယ်။ နေလောင်ခြင်း- နေရောင်မှ ခရမ်းလွန်ရောင်ခြည်ဟာ collagen နဲ့ elastin ကိုပျက်စီးစေတာကြောင့် အရေပြားတင်းမာမှုနဲ့ ဆန့်ကျုံ့သတ္တိလျော့နည်းစေတယ်။ အချိန်အကြာကြီးနေလောင်ခံခြင်းဟာလည်း အသားအရေမည်းညစ်စေပါတယ်။ မျက်နှာအမူအရာ- မျက်နှာကြွက်သားတွေ တစ်ခါအသုံးပြုလိုက်တိုင်း အရေပြားအောက်မှာ အရာလေးတွေဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး တချို့သောမျက်နှာအမူအရာတွေ လုပ်ပါများလာတဲ့အခါ- ဥပမာ- […]


အခြားအရေပြားပြဿနာများ

အရေးအကြောင်းများဘယ်လိုပေါ်ပေါက်လာသလဲ

အသက်ကြီးလာခြင်းရဲ့ အချက်တစ်ချက်ကတော့ အရေးအကြောင်းများပေါ်လာခြင်းဖြစ်တယ်။ အရေးအကြောင်းများပေါ်လာပါက ပိုရင့်ဟန်ပေါ်သလို ဆွဲဆောင်မှုလည်းအားနည်းလာပြီဖြစ်တယ်။ အရေးအကြောင်းတွေဘယ်လိုဖြစ်လာလဲ သိထားခြင်းဖြင့် အရေးအကြောင်းတွေရဲ့ သင့်ရုပ်ရည်အပေါ်သက်ရောက်မှုကို လျှော့ချနိုင်ပါလိမ့်မယ်။ အရေးအကြောင်းတွေဘယ်လိုဖြစ်လာသလဲ သဘာဝအလျောက်အသက်ကြီးလာခြင်းဟာ ရှောင်လွှဲလို့မရနိုင်သလို နေ့စဉ်ဖြစ်ပျက်နေသောအရာဖြစ်တယ်။ သိသာတဲ့အချက်ကတော့ အရေးအကြောင်းတွေ တဖြေးဖြေးပေါ်လာတာပါပဲ နှစ်မျိုးရှိပါတယ်- ကြွက်သားများ ထပ်ကာထပ်ကာလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများဖြစ်ပြီး ထင်ရှားသည့်နေရာကတော့ ပါးစပ်တဝိုက်မှအရေးအကြောင်းများဖြစ်တယ်။ နောက်တစ်မျိုးကတော့ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်အခြေအနေ နှင့် အသက်ကြီးလာသောကြောင့် ဖြစ်ပေါ်လာသောအရေးအကြောင်းများဖြစ်တယ်။ Collagen, အရေပြားရဲ့ ဆန့်ကျုံ့သတ္တိနှင့် အဆီများဆုံးရှုံးသွားခြင်းဟာ အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေးအကြောင်းတွေဟာ အရေပြားအပေါ်လွှာရဲ့ အောက်ဘက်နက်ရှိုင်းတဲ့နေရာမှ ဖြစ်ပေါ်လာပြီး အပေါ်ယံကြောကို ဆဲလ်အသေများနှင့်ဖုံးထားပါတယ်။ အရေပြားအောက်လွှာဟာ collagen ကြွယ်ဝတာကြောင့် အရေပြားတောင့်တင်းမှုနှင့် ဆန့်ကျုံ့နိုင်မှုအတွက်တာဝန်ရှိသောအလွှာဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားဆဲလ်များ ပွားများရန်ကြာလာတာကြောင့် အရေပြားပြန်လည်ပြုပြင်ဖို့အချိန်တာရှည်လာပါတယ်။ ထိုအခါအရေပြားအောက်လွှာပါးလာပြီး စိုထိုင်းမှုလျော့နည်းသွားတဲ့အခါမှာ အရေပြားအပေါ်လွှာမှာ အရေးအကြောင်းများပေါ်လာပါတော့တယ်။ Collagen နဲ့ elastin တို့နည်းလာတာကြောင့် အရေပြား ပြန်မတင်းနိုင်တော့ဘဲ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အရေပြားကို ထိခိုက်စေသော အံ့ဖွယ် အိမ်သုံးပစ္စည်းငါးမျိုး

ထင်မထားမိတဲ့ သာမန်အိမ်သုံးပစ္စည်းလေးတွေကနေ အရေပြား ထိခိုက်ယားယံမှု၊ စပ်ဖျဉ်းဖျဉ်းဖြစ်မှုတွေ ခံစားရနိုင်တယ်ဆိုတာ သိပါရဲ့လား။ အကြောင်းကတော့ သင်က ဆိုးကျိုးတွေနဲ့ ထိခိုက်စေမှုလေးတွေကို သတိမထားမိဘဲ အဲ့ဒါတွေကို ပုံမှန်သုံးနေလို့မိပါ။ အောက်ကစာရင်းကိုကြည့်မိရင် လန့်သွားမှာအသေအချာပါပဲ။ သန့်စင် ပစ္စည်း၊ ဆပ်ပြာ ခေတ်မီလာတဲ့ ဒီကာလကြီးမှာ ရောဂါပိုးမွှားတွေကို ကြောက်တတ်လာကြောင့် အမြဲသန့်ရှင်းနေချင်ကြမှာပါ။ ဒီအခါ အရေပြားကို လိုတာထက်ပိုပြီး ဆေးကြောမှုတွေ ဖြစ်လာပါတော့တယ်။ လိုတာထက်ပိုပြီး ဆေးကြောမိတဲ့အခါ အရေပြားစိုစွတ်မှုကို ထိန်းပေးပြီး ကာကွယ်ပေးထားတဲ့ အဆီတွေကို ဖယ်ပစ်လိုက်ပါတော့တယ်။ ထိုအခါ အရေပြား ခြောက်သွေ့၊ယားယံခြင်းတွေ ဖြစ်လာတော့တယ်။ ထို အခြေအနေကို အမြန်မကုသဘူးဆိုရင် အရေပြား အက်ကွဲခြင်းတွေ၊ သွေးထွက်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဓါတုပစ္စည်းတွေ၊ အမွှေးနံ့တွေပါတဲ့ သန့်စင်ပစ္စည်းတွေ ဆပ်ပြာတွေကလည်း သင့်အရေပြားကို ထိခိုက် ယားယံစေပါတယ်။ Triclosan နဲ့ […]


အခြားအရေပြားပြဿနာများ

ခြေသည်းမှိုစွဲခြင်း မှ ကာကွယ်ခြင်း

ခြေသည်းမှိုစွဲခြင်းဟာ ခြေသည်းပုံပျက်စေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်တယ်။ ကံဆိုးစွာနဲ့ပဲ ခြေသည်းမှိုစွဲခြင်းဟာ သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ ကုသလျှင် လွယ်ကူစွာ မပျောက်တတ်ဘဲ မကုသဘဲထားပါက ပိုမိုဆိုးရွားသောအခြေအနေတွေလည်း ဖြစ်လာစေနိုင်တာကြောင့် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။   ခြေထောက်ဆေးပါ၊ ပြီးရင်ခြောက်အောင်သုတ်ပါ နေ့စဉ်ခြေထောက်တွေကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးသင့်တဲ့အပြင် ခြောက်သွေ့အောင် အဝတ်သန့်သန့်နဲ့ သုတ်ပေးဖို့လည်းလိုပါတယ်။ သုတ်တဲ့အခါ ခြေချောင်းလေးတွေ ကြားထဲက နေရာကိုလည်း မမေ့ပါနဲ့ဦး။   လူထူထူမှာ ခြေဗလာနဲ့ မလျှောက်ပါနဲ့ ခြေသည်းမှိုစွဲခြင်းဟာ ကူးနိုင်တာကြောင့် အပြင်ထွက်အခါဖိနပ်စီးသင့်ပြီး၊ အများသုံး ရေကူးကန်ရောက်ရင်တောင် ရေချိုးစီးဖိနပ်မျိုး ဆောင်ထားသင့်ပါတယ်။   ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်ဝတ်ပါ ရှူးဖိနပ်စီးရသူတွေမှာ ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်သာ ဝတ်သင့်ပါတယ်။ နိုင်လွန်၊ သိုးမွေး၊ polypropylene စသည့်ချည်တွေဟာ စိုထိုင်းမှုကို အမြန်စုပ်ယူနိုင်ပါတယ်။ ခြေအိတ်ကို နေ့စဉ်လဲသင့်သလို ချွေးများများ ထွက်နေပါကလည်း တတ်နိုင်သလောက် ချက်ချင်းလဲပါ။ တစ်ရက်ကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်း၊ခြေသည်း သွေးခြည်ဥခြင်း ဖြစ်စေသော အကြောင်း နှင့် ကုသနည်းများ

လက်သည်းခွံ၊ ခြေသည်းခွံတွေအောက်မှာ အနီရောင်၊ အညိုရောင်တွေ ပြောင်းပြီး သွေးယိုနေတာမျိုး သတိထားမိဖူးပါသလား။ ‘ဒုက္ခပဲ၊’ ‘ဘာလို့သွေးတွေယိုနေပါလိမ့်၊’ ‘သွေးယိုနေတယ်၊ ရောဂါကြီးတစ်ခုခုတော့ဖြစ်ပြီထင်တယ်’ စသည်ဖြင့်ကော တွေးခဲ့ဖူးပါသလား ။ စိတ်မပူပါနဲ့။ ထို လက်သည်းခွံအောက် သွေးယိုခြင်း၊ သွေးခြည်ဥခြင်းဟာ ထိုလက်သည်း၊ အရိုး နဲ့ အခြားတစ်ရှူးတွေမှာ ထိခိုက်မှုတွေရှိတာမဟုတ်ရင် စိတ်ပူစရာအရာတစ်ခု မဟုတ်ပါဘူး။ အကြောင်းအရင်းတွေ လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဟာ များသောအားဖြင့်တော့ လက်သည်း ထိခိုက်မှုကြောင့် ရလာတာပါ။ ဥပမာ- • လက်ချောင်းတွေကို ထုမိခြင်း • အလေးတုံး ခြေချောင်းတွေပေါ်  ပြုတ်ကျခြင်း • ကားတံခါးကြား လက်ချောင်းညပ်ခြင်း၊ အိမ်တံခါးကြား ခြေချောင်းညပ်ခြင်း • ကြမ်းပြင်၊ လမ်းပေါ်မှာ ခြေမဖြင့်ဆောင့်ပြီး နင်းမိခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အကျိတ်များပေါ်ခြင်းကဲ့သို့ အခြားအချက်တွေကြောင့်လည်း လက်သည်းအောက် သွေးခြည်ဥနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းအောက်မှာ အကျိတ်ပေါ်တဲ့အခါ လက်သည်း၊ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ

အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာအရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို ကြုံဖူးပါသလား။ သူတို့ဟာဘယ်လိုအရာတွေဖြစ်တယ် ဘယ်လိုပျောက်ကင်းအောင် လုပ်မယ်ဆိုတာစဉ်းစားဖူးပါသလား။ စဉ်းစားဖူးရင်တော့ ဒီစာကိုဆက်ပြီးဖတ်ကြည့်ပါ။ သူတို့ဟာဘာလဲ အရည်ကြည်ဖု အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲပွတ်တိုက်လာနိုင်ပါတယ်။ အသားမာ အသားမာဆိုတာကတော့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။ ငါးမျက်စိ ငါးမျက်စိဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ငါးမျက်စိနဲ့ အသားမာအကြောင်း အခြေခံအချက်အလက်များ

ငါးမျက်စိနဲ့ အသားမာများကို ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ မကြားဖူးလည်းကိစ္စမရှိပါဘူး။ ဒီစာကိုဆက်ပြီးဖတ်ကြည့်ရင် အခြေခံအကြောင်းအရာတွေ သိရပါလိမ့်မယ်။ ငါးမျက်စိနဲ့ အသားမာများမဖြစ်အောင် ဘယ်လိုရှောင်ကျဉ်ရမလဲသိလာနိုင်ပါတယ်။ ငါးမျက်စိနဲ့ အသားမာဆိုတာဘာတွေလဲ ငါးမျက်စိနဲ့ အသားမာတွေဟာ အရေပြားမှာ ထူထဲခြောက်သွေ့ပြီး မာကျောလာခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာအရေပြားကိုတခုခုနဲ့ ဆက်တိုက်ဖိမိပွတ်တိုက်မှုများလာတာကြောင့် ကာကွယ်ရအောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အရေပြားဟာပုံမှန်အရေပြားထက် အာရုံခံစားမှုနည်းပါးပါတယ်။ အသားမာဟာ ငါးမျက်စိထက် ပိုကြီးပြီးတိကျတဲ့ပု့စံမရှိပါဘူး။ ငါးမျက်စိနဲ့ အသားမာတွေကို လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းနဲ့ခြေချောင်းလေးတွေမှာတွေ့နိုင်ပါတယ်။ အသားမာများကိုတော့ ပစ္စည်းအချို့ကို ကိုင်တွယ်တာများလာတဲ့အခါ (ဥပမာ- ထွန်ခြစ်၊ ကြက်တောင်ရိုက်တဲ့ ဘက်တံ၊ ဆိုင်ကယ်လက်ကိုင်) ဖြစ်တတ်ပါတယ်။ မတော်တဲ့ဖိနပ်တွေစီးရင်၊ လမ်းလျှောက်တာပုံမမှန်ရင်၊ ခြေပြားခြင်းအရိုးအတက်ထွက်ခြင်းစတဲ့ပြသနာတွေရှိရင် ငါးမျက်စိနဲ့ အသားမာများဟာ ခြေဖဝါးမှာလည်း ဖြစ်လာတတ်ပါတယ်။ ငါးမျက်စိနဲ့ အသားမာများဟာဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကြောင့် မဖြစ်ပွားတတ်ပါဘူး။ ဆိုးရွားပြင်းထန်မှုလည်းမရှိပါဘူး။ အတွေ့များတဲ့ လက္ခဏာတွေကဘာတွေလဲ ယောဘုယျအားဖြင့် • ဖြစ်ပွားတဲ့ အရေပြားဟာထူထဲကြမ်းတမ်း၊ ခြောက်သွေ့မာကြောလာတတ်ပါတယ်။ • […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ငါးမျက်စိနှင့် အသားမာကုသရန် နည်းလမ်း ၆သွယ်

ငါးမျက်စိနဲ့ အသားမာတွေဟာ သိပ်မဆိုးရွားတဲ့ ပြသနာတွေမို့ သင့်အနေနဲ့ သက်တောင့်သက်သာ မဖြစ်မှု၊ နာကျင်မှုတွေဖြစ်လာမှသာ ကုသမှု ခံယူနိုင်ပါတယ်။ ဘယ်လိုနည်းတွေ သုံးနိုင်လဲသိထားရင် အထောက်အကူဖြစ်ပါတယ်။ ငါးမျက်စိနဲ့ အသားမာများကို နူးညံ့စွာဖယ်ထုတ်ပါ ငါးမျက်စိနဲ့ အသားမာများကို သင်ကိုယ်တိုင် ရိုးရှင်းတဲ့ ပစ္စည်းတွေသုံးပြီး ဖယ်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဆရာဝန်ပြတဲ့အခါ သင့်ကို ရောဂါပိုးဝင်နိုင်ခြေ နည်းစေပါတယ်။ သိပ်မထူတဲ့ ငါးမျက်စိနဲ့ အသားမာများကို ရေနွေးနွေးနဲ့ ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးပါ။ ပတ်ချာလည်ဖြစ်ဖြစ်၊ ဘေးတိုက်ဖြစ်ဖြစ် နူးညံ့စွာ တိုက်ပေးပါ။ အရေပြားတွေ အများကြီး ပါမသွားအောင် သတိပြုပါ။ သွေးထွက်ပြီး ရောဂါပိုးဝင်နိုင်လို့ ဖြစ်ပါတယ်။ ဆေးဖတ်များသုံးပါ ဆေးဆိုင်တွေမှာ ဆေးဖတ်တွေ ဝယ်နိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံရှိတဲ့ ဆေးဖတ်တွေဖြစ်ပြီး အရေပြားပြန်ကောင်းလာအောင် အကာအကွယ်ပေးပါတယ်။ အရေပြားနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း