အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

လေဆာနှင့် မျက်ရစ်ပြင်ခြင်း

လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းဟာ မျက်ရစ်တွဲကျခြင်းကို ပြုပြင်နိုင်ဖို့အတွက် မလိုအပ်တဲ့ အရေပြား၊ကြွက်သားနဲ့ အဆီတွေဖယ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေဟာ လျော့ရဲလာပြီး ထောက်မပေးထားတဲ့ ကြွက်သားတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပါပြီ။ တချိန်တည်းမှာပဲ မျက်ခွံရဲ့ အပေါ်နဲ့ အောက်ဖက်တွေမှာ အဆီတွေကလည်း စုပုံလာတာကြောင့် မျက်ခုံးရော၊မျက်ခွံကပါ အောက်ကို တွဲကျလာပါတယ်။ ပိုဆိုးတာက ဒီလိုမျိုးမျက်လုံးဘေးတဝိုက်မှာ အရေပြားတွဲကျနေတာကြောင့် သူတို့အနေနဲ့ ဘေးဖက်ကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် ပိုပြီးအိုမင်းနေသလို ဖြစ်လာရပါတယ်။ အခု ခွဲစိတ်ပြုပြင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။   မျက်ရစ်ပြင်တယ်ဆိုတာ ဘာလဲ။ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ်နဲ့ပဲ ဒီကုသမှုကို ခံယူနိုင်ပါတယ်။ မျက်ရစ်ပြင်ခြင်းဟာ သင့်အတွက်တကယ်သင့်တော်တဲ့ ကုသမှုဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ အရင်ကြိုးစားရပါမယ်။ သင့်အနေနဲ့ ဒီကုသမှုကနေ ဘာတွေမျှော်လင့်ထားသလဲ။ မျက်ရစ်ပြင်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာလဲ ဆိုတာကို သိရှိအောင် အရင်လုပ်ရပါမယ်။ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းဟာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံမှာရှိတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ

သင့်အလှအပကို ထိန်းသိမ်းဖို့နဲ့ ကျန်းမာကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် K ပါဝင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။ ဟင်းနုနွယ်၊ဂေါ်ဖီစိမ်းတမျိုး၊ပင်စိမ်းနဲ့ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ဗီတာမင် K ကို တွေ့ရပြီး သူတို့တတွေရဲ့ အလှအပရေးရာနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဗီတာမင် K အကြောင်း ဆက်လက်လေ့လာလိုက်ရအောင်။ မျက်ကွင်းညိုတာကို ပျောက်စေတဲ့ ဗီတာမင် K ဒီခေတ်ကြီးမှာ လှုပ်ရှားသွားလာ လုပ်ကိုင်ရတာ ဖိအားတွေလည်း များသမို့ အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုတွေကို ခံစားရပြီး အိပ်ချိန်မမှန်တာမျိုးတွေ၊အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်ကွင်းတွေညိုလာတတ်တဲ့အတွက် အလှအပကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာကုသမှုတွေနဲ့ အရေပြားကို ဘယ်လိုနုပျိုအောင် လုပ်မလဲ

အရေပြား ထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေ အတွက်သာမက အမျိုးသားတွေအတွက်ပါ အကျိုးရှိပါတယ်။ အထူးသဖြင့် အရေပြား အရေးအကြောင်း၊ အမာရွတ်ရှိသူတွေဟာ အရေပြားကို ပိုမို ငယ်ရွယ်ချောမွတ်အောင် ပြုလုပ်ကြပါတယ်။ ယခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် အရေပြားကို ငယ်ရွယ်နုပျိုစေနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ယခုခေတ်မှာတော့ laser skin resurfacing နဲ့ laser skin tightening ကို လူကြိုက်များပါတယ်။ ၁။ Laser skin resurfacing ဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ။ ဒီကုထုံးဟာ အရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။ ကုသမှုအပြီး အချိန်အနည်းငယ်ကြာချိန်မှာ သင့်အရေပြားဟာ ပိုမိုနုပျို ချောမွေ့နေတာကို ခံစားရနိုင်ပါတယ်။ Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။ […]


အခြားအရေပြားပြဿနာများ

လေဆာကုထုံးနဲ့ melasma ကို ဘယ်လိုကုသမလဲ

အာရှအသားအရေဟာ ရောဂါအခြေအနေအမျိုးမျိုး ဖြစ်နိုင်ခြေရှိပြီး ရောဂါတစ်မျိုးကတော့ melasma လို့ခေါ်တဲ့ အရေပြားအရောင်ရင့်ခြင်း ပဲဖြစ်ပါတယ်။ သင့်မှာ melasma ရှိတာကြောင့် ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် သင့်ကို သတင်းကောင်းပေးလိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ melasma ရဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကတော့ လေဆာကုထုံးပဲဖြစ်ပါတယ်။ Melasma ဆိုတာဘာလဲ။ သင့်အရေပြားရဲ့ အရောင်ကို melanin ပမာဏက ဆုံးဖြတ်ပေးပါတယ်။ melasma ဟာ melanin ပိုထုတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရောင်ရင့်ခြင်း တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နဖူး၊ ပါး၊ အပေါ်နှုတ်ခမ်းနဲ့ မေးရိုးတစ်လျှောက်မှာ အညိုရောင် အစက်အပြောက်တွေ အဖြစ်တွေ့မြင်ရပြီး နေရောင်၊ ဟော်မုန်းကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာ melasma ကို တွေ့ရတာဖြစ်ပါတယ်။ နေရောင်ခြည် ရရှိမှုများတဲ့ နေရာတွေ ဖြစ်တဲ့ အာရှနဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ

ဆံပင်အစားထိုးစိုက်ခြင်းဟာ ခွဲစိတ်စရာမလိုဘဲ ဆံပင်ကျွတ်ခြင်းပြဿနာကိုဖြေရှင်းတဲ့ နည်းတစ်နည်းပါ။ အန္တရာယ်ကင်းတဲ့နည်းတစ်နည်းဖြစ်ပြီး လျှော်နိုင်တယ်၊ ဖီးနိုင်တယ်၊ ချွေးထွက်လည်းဖြစ်တယ်၊ နောက်ဆုံး ကိုယ့်ချစ်သူကလက်လေးနဲ့ သပ်ပေးတာကိုပါ တွန့်ဆုတ်စရာ၊ စိုးရိမ်စရာမရှိဘဲခံနိုင်ပါတယ်။ ထိုနည်းဟာ ဆံပင်ကပ်နေ၊ တာရှည်ခံနေမယ့် ဆေးနည်းတွေနဲ့ ရက်သတ္တပတ်အများကြီးကြာအောင် ခံပါတယ်။ ဆံပင်ကပ်ခြင်း ယာယီဆံပင်စိုက်ခြင်းနည်းတစ်နည်းဖြစ်တယ်။ ဆေးတစ်မျိုးသုံးကာ ဆံပင်ပါးနေသော၊ မရှိသော ဦးရေပြားနေရာမှာ ဆံပင်အသစ်များကို ကပ်ခြင်းဖြစ်တယ်။ ထိုကပ်မည့်ဆံပင်အပိုကို အရောင်၊ အထူ၊ အဖြောင့်၊ အကောက် စသည်ဖြင့် မူလဆံပင်နဲ့ အဆင်ပြေမှာကို ရွေးချယ်ပြီးကပ်လေ့ရှိပါတယ်။ လွယ်ကူပြီး ရိုရှင်းသောအဆင့်များသာပါဝင်တယ်။ ပထမအဆင့်က မူလဆံပင်နမူနာယူကာ သဘာဝကျကျတူအောင် ရွေးခြင်းဖြစ်တယ်။ ထို့နောက် ဆန္ဒရှိသည့်၊ မျှော်လင့်ထားသည့်အတိုင်းရအောင်စီကာ ဦးရေပြားပေါ် မူရင်းဆံပင်များကြားစိုက်ခြင်းဖြစ်တယ်။ ဆံပင်နောက်တစ်ခါပြန်ညှပ်ရမယ့်အချိန်ခန့် လေးပတ်မှခြောက်ပတ်ခန့်အကြာမှာ ပြန်ပြင်ရပါတယ်။ ဆံပင်ထူစေရန်အပြင် ပုံမှန်ဆံပင်ထဲ အရောင်ထည့်ရန်လည်း သုံးလို့ရပါတယ်။ လူတိုင်းမှာ ဆန္ဒအမျိုးမျိုးရှိနိုင်တာကြောင့် သေချာဆွေးနွေးဖို့က အရေးကြီးဆုံးပါ။ ဆံပင်စိုက်ခြင်း ခွဲစိတ်စရာမလိုပဲ ထိပ်ပြောင်ခြင်းကိုဖုံးကာရန်၊ ဆံပင်ပိုထူစေရန် […]


အသားအရေ ထိန်းသိမ်းခြင်း

ပန်ဒါမျက်လုံးလေးတွေဖျောက်ကြမယ်

မျက်ကွင်းညိုခြင်းဟာ တခါတရံ အသက်ကြီးလာတဲ့အခါ မျက်ခွံမို့လာသောကြောင့်၊ သို့မဟုတ် မျက်တွင်းချိုင့်လာခြင်းကြောင့် ဖြစ်လာတတ်တာပါ။ အိပ်ရေးဝလျက်နဲ့ မျက်ကွင်းညိုနေသေးတာဟာ ပုံမှန်မဟုတ်တာမဟုတ်ပါဘူး။ ပင်ပန်းတာတစ်ခုတည်းကြောင့် မျက်ကွင်းတွေညိုတာမဟုတ်ပါဘူး။ သင့်ကိုကူညီပေးနိုင်မယ့် အချက်လေးတချို့ကြည့်လိုက်ရအောင်-   သဘာဝပစ္စည်းများ အအေးဓါတ်- အအေးဓါတ်ဟာ မျက်ခွံမို့ခြင်း၊ မျက်ကွင်းညိုခြင်းတွေကို ဖြစ်စေတဲ့ မျက်လုံးအောက်က သွေးကြောများကိုလျှော့ချပေးပါတယ်။ ရေခဲရေထဲအဝတ်စိမ်ပြီးဖြစ်စေ၊ ဇွန်းကိုအေးခဲစေပြီး အသုံးပြုတာဖြစ်စေလုပ်နိုင်ပါတယ်။ လှဲလျောင်းပြီး မျက်ခွံပေါ် ၁၅ မိနစ်ခန့်ကပ်ပေးပါ။ တစ်ရက် ၃-၄ ကြိမ်လုပ်ပါက မျက်ကွင်းညိုခြင်းသက်သာနိုင်ပါတယ်။ သခွားသီးများ- သခွားသီးတွေမှာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သခွားသီးကြီးကြီးတစ်လုံးကို အေးခဲနေအောင် ရေခဲသေတ္တာထဲထားပြီး ၁ စင်တီမီတာလောက် အကွင်းများလှီးပါ။ မျက်လုံးတစ်ဖက်လျှင် တစ်ကွင်းဆီ ၁၀-၁၅ မိနစ်ခန့်ကပ်ထားပြီး ဖယ်လိုက်ပါ။ လက်ဖက်စိမ်းအိတ် - လက်ဖက်စိမ်းတွေမှာ antioxidants အာနိသင်ရှိပြီး မျက်ကွင်းညိုစေနိုင်တဲ့ antioxidants လိုအပ်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းနှစ်အိတ်ကို ရေနွေးထဲ ၅ […]


အသားအရေနှင့် အလှအပ

ဝက်ခြံအမာရွတ်တွေကိုကုသကြမယ်

ဝက်ခြံတွေဟာ ဆယ်ကျော်သက်အရွယ်ရော၊ လူကြီးဘဝမှာပါ ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုဖြစ်တယ်။ ဝက်ခြံတွေက ပြင်ပပုံပန်းသွင်ပြင်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတာမျိုးပေါ့။ ဝက်ခြံတွေပျောက်သွားသည့်တိုင်အောင် ထိုဝက်ခြံတွေကြောင့် အမာရွတ်တွေကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။ ဝက်ခြံအမာရွတ်အမျိုးအစား အမာရွတ်တွေဟာ ရောင်ရမ်းသွားတဲ့ဝက်ခြံတွေကြောင့် ပျက်စီးသွားတဲ့အရေပြားတစ်သျှူးတွေကို ပြန်လည်ပြင်ဆင်ရာမှဖြစ်ပေါ်လာတာပါ။ ပြည်တည်နေသော ဝက်ခြံဖုများကသာရောင်ရမ်းတတ်ပြီး ဆားဝက်ခြံတွေ၊ အမဲစက်တွေက မရောင်ရမ်းတာကြောင့် အမာရွတ်အဖြစ်ကျန်ခဲ့နိုင်ချေနည်းပါတယ်။ ပိတ်သွားတဲ့ချွေးပေါက်တွေဟာ ရောင်ရမ်းပြီး ပေါက်ထွက်သွားတဲ့အခါ ဆဲလ်အသေတွေ၊ အဆီတွေ၊ ဘတ်တီးရီးယားတွေဟာ အနားပတ်ဝန်းကျင်က ဆဲလ်တွေဆီပျံ့သွားပါတော့တယ်။ ထိခိုက်သွားတဲ့ အရေပြားဆဲလ်တွေ၊ တစ်သျှူးတွေ ပြန်လည်ပြင်ဆင်ရာမှ ပုံမှန်အရေပြားတစ်သျှူးနဲ့ မျက်နှာပြင်ရော၊ အမြင်အရပါ မတူတဲ့ အမာရွတ်တစ်သျူးတွေ ဖြစ်လာစေပါတယ်။   အမာရွတ်နှစ်မျိုးရှိပါတယ် ပထမတစ်မျိုးက ပုံမှန်အရေပြားထက်မြင့်တက်နေသော အမာရွတ်မျိုးတွေဖြစ်တယ်။ ရင်ဘတ်၊ ကျောဘက်တွေမှာ အဖြစ်များပြီး ဝက်ခြံကြောင့် အရေပြားတစ်သျှုးများပြန်လည်ကုစားရာမှာ ကော်လဂျင်(collagen) အများအပြားသုံးခြင်းကြောင့် ဖြစ်လာရပါတယ်။ နောက်တစ်မျိုးက ပုံမှန်အရေပြားထက် ချိုင့်သော အမာရွတ်မျိုးဖြစ်ပြီး မျက်နှာပေါ်မှာအဖြစ်များပါတယ်။ အရေပြားတစ်သျုးတွေပြန်ပြင်ရာမှာ ဆုံးရှုံးသွားသောတစ်သျုးများရှိတာကြောင့် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်ခြင်းနှင့် မီဆိုကုထုံး

ဆံပင်ဖီးလိုက်တိုင်း ဆံပင်တွေကျွတ်နေပါသလား။ ဆံစပ်လေးနောက်ဆုတ်ဆုတ်သွားလို့ ဘာလုပ်ရမယ်မသိဖြစ်နေပြီလား။ ကြိုးစားကြည့်နိုင်တဲ့ သဘာဝဆေးနည်းတွေ၊ ဆေးခေါင်းလျှော်ရည်တွေ အများကြီးရှိပါတယ်။ Mesotherapy လို့ခေါ်တဲ့ အလှအပရေးရာကုသမှုတစ်မျိုးကိုလည်း ထည့်စဉ်းစားကြည့်နိုင်ပါတယ်။ Mesotherapy ကဘယ်လိုတွေလုပ်ပေးနိုင်လဲ ကြည့်လိုက်ရအောင်။ Mesotherapy ဆိုတာဘာလဲ Mesotherapy ဆိုတာ mesoderm လို့ခေါ်တဲ့ အရေပြားအလယ်လွှာဆီ လိုအပ်တဲ့ အာဟာရနဲ့ပစ္စည်းတွေကို မခွဲမစိတ်ဘဲ ထုံဆေးသုံးပြီး ပေးပို့တဲ့နည်းတစ်နည်းဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းနည်း၊ အန္တရာယ်နည်းနည်းနဲ့ လိုအပ်တဲ့နေရာကို လုံလောက်တဲ့ထိရောက်မှုရအောင် အတိအကျဦးတည်ကုသနိုင်သောနည်းဖြစ်တယ်။ Mesotherapy မှာ သင့်အခြေအနေ၊ ဒီမှာဆိုရင် ဆံပင်ကျွတ်တာကုဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ အာဟာရတွေပို့ဖို့ ဆေးထိုးအပ်သေးသေးလေးတွေသုံးပါလိမ့်မယ်။ အပ်တွေအစား အလင်းတန်းတွေသုံးတဲ့ needle-free mesotherapy လို့ခေါ်တဲ့ နည်းအသစ်လည်းပေါ်လာပါပြီ။ Mesotherapy ကဆံပင်ပေါက်ခြင်းကိုဘယ်လိုကောင်းစေနိုင်မလဲ Mesotherapy က ရုပ်ပိုင်းဆိုင်ရာရော၊ ဓါတ်ပိုင်းဆိုင်ရာနဲ့ပါ လှုံဆော်ပါတယ်။ အပ်လေးတွေကြောင့် အပေါက်ငယ်လေးတွေဖြစ်သွားတဲ့အခါ ပြန်လည်ကုဖို့အတွက် collagen နဲ့ elastin တွေထွက်လာပါတယ်။ ထို […]


ဝက်ခြံ

မီဆိုကုထုံးက ဝက်ခြံတွေအတွက်ဘယ်လိုထိရောက်သလဲ

ဝက်ခြံတွေဟာ ဆယ်ကျော်သက်ဘဝမှာရော၊ အသက်ကြီးသည်ထိတိုင်အောင် ကြုံရအများဆုံး အရေပြားပြဿနာတစ်ခုပါ။ မြန်မြန်ကုလေလေ၊ ပိုသက်သာလေလေဆိုတာသိပါသလား။ Mesotherapy ဆိုတာ ဝက်ခြံတွေအတွက် လွယ်ကူပြီး ထိရောက်မှုရှိတဲ့ ကုသနည်းတစ်ခုပါ။ လေ့လာကြည့်ရအောင်- ဝက်ခြံဖြစ်စေသောအရာများ ဝက်ခြံတွေဟာနာမည်ကြီးလွန်းပြီးသားပါ။ သင်လည်းသိပြီးသားဖြစ်မှာပေါ့။ ဒါပေမယ့် ဘာတွေက ဝက်ခြံတွေဖြစ်လာစေနိုင်လဲဆိုတာရော သိပါသလား။ သင့်ချွေးပေါက်၊ အဆီပေါက်တွေမှာ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ပြည့်သွားတဲ့အခါ ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဆဲအသေတွေဟာ အပေါက်ငယ်တွေထဲမှာပြည့်နေမယ်၊ ဒါမှမဟုတ် မျက်နှာပြင်ပေါ်လျှံတက်လာပါလိမ့်မယ်။ ဝက်ခြံဖြစ်စေတဲ့အချက်တချို့ကတော့- · ဟော်မုန်းတွေ- ဟော်မုန်းတွေက အဆီတွေထွက်စေပါတယ်။ ဒါကြောင့် သင့်ဟော်မုန်းတွေ မငြိမ်ချိန် ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတွေပေါက်လေ့ရှိတာပေါ့။ · အစားအသောက်- နို့ထွက်ပစ္စည်း၊ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတွေဟာ ဝက်ခြံတွေဖြစ်စေပါတယ်။ · ဆေးတွေ- တချို့ဆေးတွေဟာ ဝက်ခြံတွေပိုပေါက်စေတယ်။ ပိုသိရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ · အသားအရေညစ်ညမ်းတဲ့အခါ- ချွေးပေါက်၊ အဆီပေါက်တွေ လေမရတဲ့အခါ ဝက်ခြံတွေပိုဆိုးနိုင်ပါတယ်။ ချွေးထွက်ခြင်း၊ အရေပြားကိုထိတွေ့ကိုင်တွယ်ခြင်းတွေက ချွေးပေါက်၊ အဆီပေါက်တွေကိုမသန့်စေပါဘူး။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပင့်တင်ခြင်းနည်းဖြင့် မျက်နှာပြုပြင်မယ်

အသက်ကြီးလာတဲ့အခါ အရေပြားတွေပျော့တွဲကျလာပါတော့တယ်။ ဒါပေမယ့် ထိုအိုမင်းသွားတဲ့ အရေပြားကို ကုသဖို့ နည်းတချို့တော့ရှိပါတယ်။ Thread lift လို့ခေါ်တဲ့ မျက်နှာပင့်တင်းခြင်းတစ်မျိုးက လတ်လောမှာ လူသုံးများ နာမည်ကြီးနေတဲ့နည်းတစ်ခုဖြစ်တယ်။ ဘယ်လိုသင့်မျက်နှာကိုပြန်လည်ပြုပြင်နိုင်မလဲ ကြည့်လိုက်ကြရအောင်- Thread lift ဆိုတာဘာလဲ လျော့ရဲတွဲကျနေသော အရေပြားတွေအတွက် အထူးတွယ်အပ်တစ်မျိုးကိုသုံးကာ ပြုပြင်သောနည်းဖြစ်တယ်။ ခွဲမှု စိတ်မှု ဖြတ်မှု ရှမှု တစ်ခုမှမရှိဘဲ Thread lift ဟာ ဥရောပ၊ အမေရိကနဲ့ အာရှတခွင်မှာ နာမည်ကြီးပါတယ်။ အိုမင်းနေသောအသားအရေကို တင်းရင်းလှပစေပြီး အရေးကြောင်းများလျော့ပါးစေပါတယ်။ ဘာကြောင့်အသားအရေလျော့ရဲလာရသလဲ အသက်ကြီးလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်မှာ collagen နဲ့ elastine တွေအထွက်နည်းလာပါတော့တယ်။ ထို collagen နဲ့ elastine တွေဟာ သင့်အရေပြားတင်းရင်းစေဖို့ အဓိကလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်ထို collagen နဲ့ elastine တွေမလုံလောက်တော့တဲ့အခါ အရေးကြောင်းတွေဖြစ်လာတယ်၊ မျက်နှာကိုပိုအိုစေပါတော့တယ်။ thread lift နည်းကမျက်နှာကိုဘယ်လိုပြုပြင်နိုင်သလဲ thread […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း