အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေဖြူဝင်းစေဖို့ အပ်မလိုတဲ့ မီဆိုကုထုံး

အခုခေတ် အလှအပ ဆိုင်ရာလုပ်ငန်းတွေမှာ လူတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ ဖျားနာမှုတွေ၊ ရောဂါတွေအတွက်သာမက အလှအပရေးရာ ရည်ရွယ်ချက်တွေ အတွက်လည်း အသုံးပြုကြပါတယ်။ အခုအချိန်မှာ အရေပြားရောဂါတွေကို mesotherapy နဲ့ အောင်မြင်စွာကုသနိုင်ပြီး အသားဖြူစေခြင်းအတွက် အသုံးပြုနိုင်ပါတယ်။   Needle free mesotherapy ဆိုတာဘာလဲ။ Needle free mesotherapy ဟာ နောက်ဆုံးပေါ်နည်းလမ်းတစ်ခုဖြစ်ပြီး သူဟာ နာကျင်မှု၊ အညိုအမဲစွဲမှုမရှိပဲ သဘာဝ ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ homeopathic agens တွေ၊ ဆေးတွေကို အရေပြားအောက်က အဆီနဲ့ connective tissue အလွှာထဲ ထည့်ခြင်း ဖြစ်ပါတယ်။ Needle free mesotherapy ကို ရည်ရွယ်ချက် အတော်များများအတွက် အသုံးပြုကြပြီး အထူးသဖြင့် အသက်ကြီးခြင်း လက္ခဏာတွေကို သက်သာစေဖို့အတွက် multivitamin solution နဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ထခြင်းနဲ့အစားအသောက်ကြား ဆက်နွယ်မှုကို သင်သိပါသလား

ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကု အများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထ သက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။   သကြားဓါတ် နှင့် ဗောက်ထခြင်း လူအများစုဟာ သကြားနဲ့အချိုဓါတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓါတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓါကိုယ်မှာ ရောင်ရမ်းမှုတွေကိုအားပေးနိုင်တာကြောင့် သကြားဓါတ်နည်းသော၊ ဓါတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။ အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြား အထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓါတ်များသော၊ အဆီဓါတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓါကိုယ်မှာ အဆီထုတ်မှု […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှုလိုအပ်သလား

လူမှုစံနှုန်းတွေအရ အမျိုးသားတွေကို ခပ်ကြမ်းကြမ်းခပ်ပေပေနေတတ်ကြတဲ့သူတွေအဖြစ် ရှုမြင်တတ်ကြပါတယ်။ယောက်ျားတွေဟာ အသားရေထိန်းသိမ်းဖို့မလိုအပ်ဘူး ဒီအတိုင်းပဲနေလို့ရတယ်ဆိုတဲ့အမြင်ကနေ တဖြည်းဖြည်းပြောင်းလဲလာတာက သိပ်မကြာသေးဘူး။ ဒါဆိုရင်မေးစရာရှိတာက အမျိုးသားတွေရော အသားရေထိန်းသိမ်းမှုလိုအပ်သလားဆိုတဲ့မေးခွန်းပါ။ အဖြေကတော့ အင်မတန် သိသာထင်ရှားပါတယ်။ လိုအပ်ပါတယ်။ တော်တော်များများ နားလည်ထားတာက အမျိုးသားတွေက အသားအရေကိုထွေထွေးထူးထူးထိန်းသိမ်းတာမျိုးမလိုဘူးလို့ပေါ့။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း အသားအရေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကို ကြည့်ကောင်းစေတဲ့ အချက်တွေထဲမှာ အသားအရေကောင်းမွန်ခြင်းကလည်း တစ်ခုအပါအဝင်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ကိုင်နေထိုင်တတ်တဲ့အလေ့အထရှိသလို အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ၊ အရက်သေစာသောက်စားတာတွေ နဲ့ဆေးလိပ်သောက်သုံးတာတွေကိုလည်း လုပ်လေ့ရှိကြပါတယ်။ အားကစားလုပ်တဲ့အမျိုးသားများမှာလည်း အားကစားလုပ်တဲ့အခါ မျက်နှာပြင်မှာ အဆီနဲ့ချွေးတွေထွက်လာတတ်ပြီးသေချာသန့်ရှင်းမှုမလုပ်ဘူးဆိုရင် အသားအရေကို ထိခိုက်ပျက်စီးတာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။နေရောင် နဲ့ ဆေးလိပ်သောက်သုံးမှုက အသားအရေအတွက် အဓိကရန်သူတွေပါ။ ဒီနှစ်ချက်က မျက်နှာမှာ အရေအကြောင်းတွေဖြစ်စေပြီး မျက်နှာအရေပြားကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အသားအရေထိန်းသိမ်းဖို့ဆိုရင် စွန့်လွှတ်သင့်တဲ့ အကျင့်တစ်ခုကဆေးလိပ်သောက်တဲ့အကျင့်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

Micellar Water ရဲ့ အသားအရေအတွက် အကျိုးသက်ရောက်မှုများ

အသားအရေကျန်းမာလှပတာကလည်း လူတစ်ယောက်ကိုအလှတိုးစေနိုင်တဲ့အချက်တစ်ခုပါ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် လူအများကြားမှာ ထင်ပေါ်နေမှာဖြစ်ပါတယ်။ အသားအရေလှပဖို့ ဆိုတဲ့ နေရာ မှာလည်း ကိုယ်တိုင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ အသားအရေထိန်းသိမ်းနည်းတွေကို အင်တာနက်၊ Facebook တို့ကနေတဆင့် အလွယ်တကူဖတ်ရှု့နိုင်နေပြီဖြစ်သလို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းအမျိုးမျိုးကိုလည်းဈေးကွက်ထဲမှာ အလွယ်တကူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ အသားအရေကို ကျန်းမာလှပစေဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာတစ်ခုက မျက်နှာကိုသန့်စင်ပေးဖို့ပါ။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အပျော့စား Facial Foam ကိုအသုံးပြုပြီးမျက်နှာကို လက်ချောင်းလေးတွေနဲ့ဖြည်းညင်းစွာနှိပ်နယ်ပေးပြီး မျက်နှာတစ်ပြင်လုံး သန့်စင် သွားအောင် လုပ်ပေးခြင်းက မျက်နှာကိုသန့်စင်စေရုံမကသွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် မျက်နှာ အသားအရေကို စိုပြည်စေပါတယ်။ မျက်နှာသန့်စင်တဲ့နေရာမှာ တစ်နေ့တာလုံးလိမ်းထားတဲ့ မိတ်ကပ်တွေက မျက်နှာသစ်ရုံနဲ့ သန့်စင်သွားမှာ မဟုတ် တာကြောင့် မိတ်ကပ်ဖျက်ဆေး သုံးပေးရပါမယ်။ မိတ်ကပ်ဖျက်ဆေးသုံးပြီးတဲ့အခါချွေးပေါက်တွေထဲမှာကအစ အညစ်အကြေး တွေကို မကျန်ရစ်စေချင်ဘူးဆိုရင်တော့ အခုနောက်ပိုင်းအလှအပထိန်းသိမ်းရာမှာ အရေးပါလာတဲ့ အသားအရေ ထိန်းသိမ်း […]


ဝက်ခြံ

ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ လှပအောင် ဘယ်လိုပြင်ဆင်ကြမလဲ

ယနေ့ခေတ်မိန်းကလေးအများစုရဲ့ မျက်နှာပေါ်မှာ ရိုးရာဓလေ့အတိုင်း လိမ်းလာခဲ့တဲ့ သနပ်ခါးအစား မိတ်ကပ်တွေပြောင်းလဲနေရာယူလာနေကြပါတယ်။ အလှကုန်တွေက အရည်အသွေးအမျိုးမျိုး၊ အရောင်အသွေးစုံစုံလင်လင်၊ ရနံ့အမျိုးမျိုးနဲ့ဈေးကွက်ထဲမှာပြန့်နှံ့နေကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်မှသာ အသားအရေကိုထိခိုက်မှုနည်းစေမှာဖြစ်သလို တာရှည်ခံတဲ့ လှပမှုကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ မိတ်ကပ်ရွေးချယ်တဲ့အခါ ပထမဦးဆုံးသတိထားရမယ့် အချက်က ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်မယ့် မိတ်ကပ်မျိုးရွေးချယ်ဖို့ပါ။ မိတ်ကပ်ချည်းပဲသီးသန့်ဖြစ်နေတာမျိုးထက် အသားအရေကိုပါထိန်းသိမ်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးကိုလည်းရွေးချယ်ပေးမှဘေးကင်းတဲ့အလှကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မိတ်ကပ်မရွေးခင်အရင်ဆုံးသိသင့်တာက ကိုယ်အသားအရေက ဘယ်လိုအသားအရေအမျိုးအစားလဲဆိုတာကိုသိဖို့ပါ။ အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့ ခြောက်သွေ့တဲ့အသားအရေ အဆီပြန်တဲ့ အသားအရေ ပုံမှန်အသားအရေ တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့ ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။   မိတ်ကပ်ခပ်ထူထူလူးတာက မျက်နှာသွင်ပြင်ကို ငယ်ရွယ်တယ်လို့မထင်ရစေနိုင်ပါဘူး။ အဆီပါတဲ့အောက်ခံfoundationတွေနဲ့ အသားဖြူတယ်လို့ထင်ရစေတဲ့ပေါင်ဒါတွေကမျက်နှာကို လှပသွားတယ်လို့ထင်ရစေပေမယ့် အဆီပါတဲ့ မိတ်ကပ်တွေကeyelinerတွေကို အရောင်ပြန့်စေသလိုeye shadowတွေကိုလည်း မျက်ခွံပေါ်မှာ စုပုံတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ချောမွေ့ပြီး ငယ်ရွယ်နုပျိုတယ်လို့ထင်ရစေတဲ့ လှပမှုကို […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပစေမယ့် အလှကုန်ပစ္စည်းအသစ်များ

အလှကုန်ပစ္စည်းတွေဟာ အမျိုးသားရော အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာနေပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်ဖြစ် ကိုယ်တိုင်က အလှအပကိုမြတ်နိုးလို့ဖြစ်ဖြစ် အလှပြင်ဆင်တာကို အမျိုးသားရော အမျိုးသမီးတွေပါလုပ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှအပပြင်ဆင်တာကို စိတ်ဝင်စားမှုက ယခင်ကာလတွေကထက်ပိုများလာပါတယ်။ အမျိုးသမီးလေးတွေကတော့ပြောစရာတောင်မလိုလောက်ပါဘူး။ မိန်းကလေးတွေက ဗီဇအရအလှအပကိုမြတ်နိုးတတ်သူတွေလို့ဆိုရပါမယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလှအပထိန်းသိမ်းရေးပစ္စည်း ၁၂ ခုလောက်အသုံးပြုလေ့ရှိကြတယ်လို့Environmental Working Group (EWG) ရဲ့စစ်တမ်းကောက်ယူချက်အရသိရပါတယ်။ ဒီနေ့ခေတ်မှာ အလှကုန်တွေကရွေးချယ်စရာတွေအရမ်းများတော့သုံးစွဲသူတွေအနေနဲ့ ကိုယ်နဲ့လိုက်ဖက်မယ့် ပစ္စည်းမျိုး ကိုရွေးချယ်ဝယ်ယူနိုင်ဖို့ အလှအပကဏ္ဍအကြောင်း ထိုက်သင့်သလောက် နားလည်ထားဖို့ လိုအပ်လာပါပြီ။ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ၊ ရေတိုရေရှည် ဘယ်လိုသက်ရောက်မှုတွေရှိမလဲစတာတွေကို သုံးစွဲသူတွေအနေနဲ့ သိရှိနေဖို့လိုအပ်ပါတယ်။ အလှကုန်ဝယ်ယူတဲ့အခါ အသားအရေအမျိုးအစားနဲ့လိုက်ဖက်မှုရှိ၊မရှိ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားရဲ့လားဆိုတာအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေ၊မနေကိုပါသေသေချာချာကြည့်ရှု့ဖို့လိုအပ်ပါတယ်။ ဝယ်ယူမယ့် အလှကုန်ပေါ်မှာ သဘာဝအတိုင်းထုတ်လုပ်ထားတယ်ဆိုတိုင်း အလွယ်တကူယုံကြည်လိုက်တာမျိုး မဖြစ်စေဖို့လည်း လိုပါတယ်။ အလှပြင်တဲ့အခါ အသားအရေမပျက်စီးစေဖို့နဲ့ တာရှည်ခံလှပနေစေဖို့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကနေစလို့ […]


အသားအရေ ထိန်းသိမ်းခြင်း

Night Cream လိမ်းဖို့ မမေ့သင့်တဲ့အကြောင်းအရင်း

တော်တော်များများက အသားအရေထိန်းသိမ်းမှုလုပ်ကြတယ်ဆိုပေမယ့်နေရောင်ထဲထွက်တဲ့အခါမျိုး၊နေ့အချိန်တွေမှာပဲအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုလိမ်းသင့်တယ်လို့ မှားယွင်းနားလည်နေကြပါတယ်။ တကယ့်အမှန်ကတော့နေ့အခါမျိုးမှာပဲ အသားအရေကိုနေလောင်ကာခရင်မ်တွေလူးတာ၊ Day Creamတွေ၊Serum တွေ လူးဖို့လိုအပ်တာမဟုတ်ပါဘူး။ ညအိပ်ရာဝင်တဲ့အချိန်မှာလည်း အိပ်ရာမဝင်ခင် မျက်နှာပေါ်က မိတ်ကပ်တွေ၊နှုတ်ခမ်းနီတွေ၊ မျက်လုံး နဲ့ မျက်ခုံးမှာအသုံးပြုထားတဲ့ အရာတွေကို သန့်စင်ဖို့ မိတ်ကပ်ဖျက်ဆေးတွေကို အသုံးပြုပြီး အရင်ဖျက်တာမျိုးက အသားအရေထိန်းသိမ်းဖို့အတွက် မဖြစ်မနေလုပ်သင့်တဲ့ အဆင့်တစ်ရပ်ပါ။ပြီးတဲ့နောက်မှာ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာလေး မျက်နှာသစ်ပေးရမှာပါ။ မိတ်ကပ်လူးတဲ့သူတွေပဲ အခုလိုမျိုး အိပ်ရာမဝင်ခင် မျက်နှာသန့်စင်ဖို့လိုတာမဟုတ်ပါဘူး။ သနပ်ခါးကြိုက်တဲ့ ပျိုမေတွေလည်း ညအိပ်ရာမဝင်ခင်မှာ မနက်ခင်းကလူးထားတဲ့ သနပ်ခါးတွေကို အရေပြားပေါ်ကနေသန့်စင်ဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးလူးထားတဲ့ မျက်နှာပေါ်က ဘယ်အလှပြင်ပစ္စည်းကိုမဆို ဖယ်ရှားရမှာပါ။ မျက်နှာကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်သစ်ပေးတာက အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံကျတဲ့စည်းကမ်းတစ်ချက်ပါ။ တိုးတက်ခေတ်မီလာတာနဲ့အတူနေ့စဉ်ထိတွေ့နေရတဲ့မြို့ပြလေထုတွေနဲ့ရေထုတွေမှာ အသားအရေကိုထိခိုက်စေနိုင်တဲ့ အရာတွေပါဝင်မှုက တော်တော်လေးများလာပါတယ်။ အသားအရေဟာ တစ်နေကုန်အောင်နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် နဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာကို အဆင့်(၅)ဆင့်နဲ့ သန့်စင်ကြမယ်

နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့သူတွေရဲ့မျက်နှာဟာ ပြင်ပမှာ ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေနဲ့ထိတွေ့လာရပြီး မျက်နှာအသားအရေမှာ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေဖြစ်လာတာ၊နေလောင်တာ၊အမာရွတ်တွေဖြစ်လာတာ၊အသားမည်းလာတာတွေဖြစ်လာတတ်ပါတယ်။ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ မျက်နှာသန့်စင်ရေးကို ပုံမှန်လုပ်ပေးဖို့တော့လိုပါတယ်။ ငွေကုန် အချိန်ကုန်ခံပြီး အလှပြင်ဆိုင်မှာမျက်နှာသွားဆေးစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ မျက်နှာသန့်စင်ရေး အဆင့်ဆင့်လုပ်ရင်လည်း ရလဒ်ကောင်းကိုခံစားရမှာပါ။ ဒီလိုမျက်နှာဆေးခြင်းကသွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်နှာအသားအရေအတွင်းပိုင်းအထိ အညစ်အကြေးတွေဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ညနေအလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ ခဏနားပြီးရင်ခြေလက်ဆေးအနားယူတတ်ကြပါတယ်။ တကယ်တော့ ညအိပ်ရာဝင်ခါနီးအချိန်မဟုတ်လည်း အိမ်ပြန်ရောက်ချိန်တည်းက မျက်နှာကိုဆေးကြောသန့်စင်လိုက်ရင်ပေါ့ပါးမှုကိုခံစားရပြီး လန်းဆန်းနေမယ့်အပြင် မျက်နှာအသားအရေလည်း သန့်ရှင်းကြည်လင်စေပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားပြီး ပြစ်မျိုးမှဲ့မထင် ကြည်လင်လှပတဲ့ မျက်နှာအသားအရေကိုရရှိနိုင်အောင်လို့ အောက်ပါအဆင့်( ၅ )ဆင့်နဲ့ အိမ်မှာပဲ မျက်နှာဆေးနိုင်ပါတယ်။   (၁) မိတ်ကပ်ဖျက်ပါ။ ပထမဆုံးလုပ်ရမှာက မျက်နှာမှာရှိတဲ့ မိတ်ကပ်တွေကို cleansing milk လို မိတ်ကပ်ဖျက်တဲ့ နို့ရည်သုံးပြီး မျက်နှာအနှံ့ကို သန့်စင်ပါ။ Eyes နဲ့ Lips မှာရှိတဲ့ မိတ်ကပ်များကိုတော့ Waterproof မိတ်ကပ်များကိုပါ […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာဖြူဝင်းတဲ့အသားအရေပန်းတိုင်သို့ လျှောက်လှမ်းရာဝယ်

မိန်းကလေးတိုင်း ကျန်းမာဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်မယ်ဆိုတာမလွဲပါဘူး။ ။ မီမီ ကလည်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင် ၂၀ ဝန်းကျင်သာသာ သာရှိသေးတာကြောင့် အလှအပကိုခုံမင်တာက အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မီမီက အသားအရေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသေသေချာချာမသိတာကြောင့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကသာအမှန်တကယ်လှပမှုကိုပေးစွမ်းနိုင်မယ်လို့ယူဆနေပါတယ်။ ယနေ့ခေတ်ရဲ့ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အလှကုန်တွေကို ပုံစံအမျိုးမျိုး အရောင်အသွေးစုံလင်စွာနဲ့ဈေးနှုန်းအပြိုင်အဆိုင်လျှော့ချပြီးဈေးကွက်ရရှိအောင်လုပ်ဆောင်လာကြပါတယ်။ ခေတ်သမီးပျိုလေး မီမီကလည်း သူငယ်ချင်းတွေနဲ့ လူငယ်တွေအကြားရေးပန်းစားတဲ့ အလှကုန်တွေကိုကောင်းတယ်ဆိုတိုင်းသုံးစွဲနေမိတော့တာပေါ့။ အလှပြင်ပစ္စည်းအမျိုးမျိုးပြောင်းလဲသုံးစွဲနေပေမယ့် အလှပြင်ပစ္စည်းတွေနဲ့ ခြယ်မှုန်းထားစဉ်မှာသာ လှပတာဖြစ်ပြီး မိတ်ကပ်တွေနဲ့ မခြယ်သထားချိန်တွေမှာတော့ အသားအရေက စိုပြည်ဝင်းမွတ်တာမျိုးမရှိတာကိုခံစားလာရပြီး အသားအရေ မညီညာတာ၊ဝက်ခြံထွက်တာနဲ့ အခြား အရေပြားပြဿနာတွေက တစ်နေ့တစ်ခြားပိုဆိုးလာတာကို ခံစားလာရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှပမှုတွေက တိုးမလာဘဲ အရေပြားကညိုမဲလာတာကြောင့် မီမီတစ်ယောက် စစ်မှန်တဲ့ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်နိုင်ဖို့ ပထမဆုံးခြေလှမ်းစတင်တဲ့အနေနဲ့ အရေပြားဆရာဝန်ဆီမှာသွားရောက်ပြသလိုက်ပါတယ်။   မျက်နှာစနစ်တကျသစ်ဖို့နဲ့ တိုနာသုံးဖို့က ပထမဆုံး ဆရာဝန်က မီမီကို အရေပြားက လူတစ်ယောက်ရဲ့ကျန်းမာရေးကိုဖော်ပြနေတယ်ဆိုတဲ့အကြောင်းကနေစရှင်းပြပါတယ်။ အရေပြားကျန်းမာဖို့ကအရင်ဆုံး အရေပြားထိန်းသိမ်းစောင့်ရှောက်မှုလုပ်ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဖြူဝင်းလှပတဲ့မျက်နှာအသားအရေအတွက် သင်ဘာတွေသိထားပြီလဲ

အသားမဖြူလို့ စိတ်ညစ်နေလား။ အသားဖြူပေမယ့် အမည်းစက်တွေ၊နေလောင်တာတွေကြောင့် အသားအရေထိန်းသိမ်းမှာလား။ မျက်နှာအသားအရေကိုဖြူဝင်းလှပစေတဲ့ပြီးပြည့်စုံမှုကိုလိုချင်ရင် ဘာတွေလုပ်ကြသလဲနော်။ ဘယ်လိုနည်းလမ်းတွေ၊ အလှပြင်ပစ္စည်းတွေ သုံးနေကြလဲ။ အသားဖြူကြဖို့ ကြိုးပမ်းကြတဲ့အထဲ နည်းလမ်းမမှားဖို့တော့လိုပါတယ်။ မျက်နှာအသားအရေဆိုတာ နူးညံ့လွန်းပြီး ထိခိုက်လွယ်တာကြောင့် တစ်ချက်အရွေးမှားတာနဲ့ အသားအရေပျက်စီးနိုင်ပါတယ်။ အသားဖြူဖို့၊ အသားလှဖို့ လုပ်မိနေတဲ့နည်းတွေနဲ့ပတ်သက်ပြီး ဘယ်လောက်သိထားကြသလဲ မေးခွန်းလေးတွေဖြေကြည့်ရအောင်။ ၁) အသားအရေချက်ချင်းဖြူဝင်းလာတာကောင်းသလား ကောင်းပါတယ်။ မကောင်းပါဘူး။ အဖြေမှန် - မကောင်းပါဘူး။ ရက်ပိုင်းအတွင်း သို့မဟုတ် နာရီပိုင်းအတွင်း ချက်ချင်းအသားကိုဖြူဝင်းလာစေမယ်ဆိုတဲ့ အသားဖြူဆေး(သောက်ဆေး/လိမ်းဆေး)တွေကhydroquinone /corticosteroids/ပြဒါး တို့ပါဝင်တတ်တာကြောင့် အရေပြားကိုပါးစေခြင်း၊ အရေပြားမှာသွေးကြောတွေမြင်သာလာခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ အသည်း၊ကျောက်ကပ်နဲ့အာရုံကြောထိခိုက်စေခြင်း ကိုယ်ဝန်ဆောင်တွေမှာဆိုမွေးလာမယ့်ကလေးမှာပါ မူမမှန်တာတွေဖြစ်လာစေခြင်း စတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ အသားဖြူဖို့က အရည်အသွေးအာမခံပြီး အဆင့်မြင့်စွာထုတ်လုပ်ထားတဲ့ နိုင်ငံတကာစံနှုန်းမီ အသားအရေထိန်းပစ္စည်းတွေကိုသုံးရင်း အချိန်အတိုင်းအတာတစ်ခုအထိစောင့်ရပါမယ် ၂) အသားဖြူဖို့အတွက် အခုနောက်ပိုင်းမှာ ပြင်းထန်တဲ့ Bleaching ဆေးတွေကို အသုံးပြုလာကြပါတယ်။ ဒီလိုBleachingဆေးတွေက ဘယ်လိုဆိုးကျိုးတွေရစေနိုင်ပါသလဲ။ အရေပြားပါးလာခြင်း အနာကျက်ဖို့နှေးလာခြင်း အရေပြားပိုးဝင်တဲ့ရောဂါတွေပိုဖြစ်လွယ်လာခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း