အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာလှပတဲ့အသားအရေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း

အလှအပကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကြည့်ရှုသူရဲ့ အမြင်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တချို့တွေက ဖြူတာလေးမှလှတယ်ထင်တယ်၊ တချို့ကျတော့လည်း ညိုချောလေးမှ လှတယ်ထင်တယ်။ တစ်ခါ ဝါညက်တဲ့အသားအရေမှ လှတဲ့သူတွေလည်းအများကြီးပါ။ ကျွန်မတို့ဆီမှာတောင်နေရာဒေသပေါ်လိုက်ပြီး လှတယ်လို့ သတ်မှတ်ပုံချင်းကွာခြားကြပါတယ်။ အနီးစပ်ဆုံးပြောပြရရင် ရန်ကုန်သူလေးတွေကဖြူဖြူလေးနဲ့ချောကြပြီး မန္တလေးသူလေးတွေက ညိုစိမ့်စိမ့်လေးနဲ့လှကြတယ်လေ။ တိုင်းရင်းသူလေးတွေလည်း တစ်မျိုးစီချစ်စရာကောင်းကြတာပါပဲ။ လှပတယ်ဆိုတဲ့နေရာမှာ အဓိကအရေးကြီးဆုံးက အသားအရေကောင်းဖို့ပါ။ အရေပြားကလူ့ခန္ဓါကိုယ်မှာအကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အရေပြားကျန်းမာလှပမှလည်း အလှကပိုမိုပေါ်လွင်မှာပါ။ လူတွေရဲ့ အမြင်မှာ အလှအပဆိုတာက ကွဲပြားနိုင်ပေမယ့် ဘယ်လိုအသားရေမျိုးကိုမှ လှပတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်ဆိုတာကို သိနိုင်ဖို့အတွက် အချက်အလက်တွေရှိပါတယ်။   ကျန်းမာတဲ့အသားအရေရဲ့ သွင်ပြင်လက္ခဏာတွေက အသားအရေချောမွေ့တာ အသားအရောင်ညီညာတာ အရေးအကြောင်းကင်းပြီးတင်းတင်းရင်းရင်းရှိတာ ရေဓါတ်ပြည့်ဝရမယ် ချွေးပေါက်ကျဉ်းရမယ် ဝက်ခြံကင်းရမယ် သွေးလှည့်ပတ်မှုကောင်းရမယ် (ပန်းရောင်သန်းနေရမယ်) အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံနေမှ ကျန်းမာလှပတဲ့အသားအရေပိုင်ရှင်လို့ ပြောဆိုနိုင်ပါလိမ့်မယ်။ အခုနောက်ပိုင်းကျတော့ အသားအရေကိုထိခိုက်စေနိုင်တဲ့အကြောင်းအရာတွေကလည်း များသားနော်။ တဖြည်းဖြည်းတိုးပူလာတဲ့ နေဒဏ်အပြင် ညစ်ညမ်းတဲ့လေထုဒဏ်ကိုရော၊ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ဓါတုထုတ်ကုန်ပစ္စည်းတွေရဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေအသားအရေထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ရုံနဲ့ လုံလောက်ပြီလား

အလှအပဆိုတာယောကျာ်းလေးတွေနဲ့မဆိုင်ဘူးလို့ မှတ်ထင်လေ့ရှိကြတယ်။ အသားအရေကိုဂရုစိုက်ထိန်းသိမ်းနေရင်ယောက်ျားမပီသဘူးလို့တောင်ပြောတတ်ကြပါတယ်။တော်တော်များများကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေတတ်ကြသလိုယောကျာ်းပဲကွာပြင်နေစရာ မလိုပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အသားအရေဆိုတာ လူတစ်ကိုယ်လုံးမှာ ထင်သာမြင်သာဆုံး အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီလူရဲ့သွင်ပြင်လက္ခဏာအတွက် အရမ်းအရေးကြီးပါတယ်။ လှဖို့ဆိုတာထက် ကြည့်ကောင်းတဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်ဖို့ကို ဆန္ဒမရှိတဲ့ ယောကျာ်းလေးတွေ မရှိလောက်ပါဘူး။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်တာ မဟုတ်လို့ ဆွဲဆောင်မှုရှိတဲ့ ခန့်ညားတဲ့မျက်နှာအသားအရေပိုင်ဆိုင်ချင်တဲ့ အမျိုးသားတွေ မလုပ်မဖြစ် လုပ်ဆောင်သင့်တာလေးတွေပြောပြချင်ပါတယ်။   မျက်နှာအသားအရေထိန်းသိမ်းဖို့ ဘာတွေလုပ်သင့်လဲ မျက်နှာအသားအရေအတွက်ဆို အမျိုးသားတွေက facial foam ပဲသုံးလိုက်ကြတာများပါတယ်။ မျက်နှာသစ်သေချာသစ်လိုက်ရင် ဒါမှမဟုတ် facial wipesတွေ သုံးလိုက်ရင် သန့်စင်သွားမယ်၊မျက်နှာအသားဖြူ ကြည်လင်သွားမယ်လို့ ယူဆထားတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ မျက်နှာသစ်ရုံနဲ့ မလုံလောက်ပါဘူးနော်။ မျက်နှာသစ်ပြီးရင် အသားအရေကိုပြည်လည်အားဖြည့်ပေးဖို့ လိုပါသေးတယ်။ အရင်ဆုံးမျက်နှာသစ်တဲ့အကြောင်းကိုပြောရအောင်။   ဆပ်ပြာလား cleanser လား အမျိုးသားတွေ လွယ်လွယ်နဲ့မျက်နှာသစ်တတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေဟာalkaline အခြေခံပြီးထုတ်လုပ်ထားတာဖြစ်လို့ အသားအရေမှာရှိတဲ့ သဘာဝအဆီတွေကုန်ခန်းသွားစေနိုင်သလို မျက်နှာအသားအရေမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

လှပတဲ့အသားအရေလေးရနိုင်ဖို့ နည်းစနစ်မှန်မှန်ထိန်းသိမ်းကြရအောင်

ကျောင်းပြီးကတည်းက ကိုယ်စီအလုပ်ဝင်နေကြတာနဲ့ သူငယ်ချင်းတွေပြန်မဆုံဖြစ်တာတော်တော်တော်ကြာနေပြီလေ။ အိမ်ထောင်တွေကျပြီး သားသမီးကိုယ်စီနဲ့ဖြစ်လာတော့ သူငယ်ချင်းတွေဆုံဖြစ်ဖို့ဆိုတာက ပိုလို့တောင်ခက်ခဲသွားတော့တာပေါ့။ ခေတ်ကာလရဲ့အနေအထားအရ အမျိုးသမီးတွေအနေနဲ့လည်း အိမ်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေကြရပါသေးတယ်။ ဒီလိုမျိုး အိမ်ထောင်ရှင်အမျိုးသမီးတွေထဲမှာ ဇာခြည်လည်းတစ်ဦးအပါအဝင်ပါပဲ။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့ကလေးမွေးနေ့ပွဲလည်းရှိ၊ ပိတ်ရက်လည်းဖြစ်နေတော့ သူငယ်ချင်းတွေနဲ့တွေ့ဖို့သွားမယ်လေ။ နီနီရဲ့ ကလေးမွေးနေ့ပွဲမှာ သူငယ်ချင်းတွေဆုံတဲ့အခါကျတော့ အားလုံးကတော်တော်လေးပြောင်းလဲနေကြပြီလေ။ အရမ်းလှလာတဲ့သူတွေရှိသလို အချို့ကလည်းတော်တော်လေးကို အိမ်ထောင်ရှင်မကြီးပုံပေါက်နေကြပြီ။ ပြောင်းလဲသွားတဲ့သူငယ်ချင်းတွေကိုကြည့်ရင် တရားတောင်ရမိပါရဲ့။ ဇာခြည်ကတော့ တချို့လောက် အဖွားကြီးပုံစံပေါက်မနေပေမယ့် အပျိုလေးတွေအတိုင်းအရမ်းလန်း အရမ်းလှနေကြတဲ့ထဲတော့လည်း မပါပြန်ဘူး။ ဇာခြည်ရဲ့ အဓိကပြဿနာက အသားအရေကတော်တော်ဆိုးနေတာပါပဲ။ ဒါပေမယ့် အသားအရေမထိန်းသိမ်းလို့လားဆိုတော့လည်းနေ့တိုင်း မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Creamတော့လူးတာပဲလေ။ပြီးရင်တော့ အလုပ်ခွင်ဝင်ရတာဆိုတော့ မိတ်ကပ်ထပ်လူးပြီးပြင်ဆင်ခြယ်သတာတွေတော့လုပ်ရတာပေါ့။ သူငယ်ချင်းတွေဆုံတုန်းလေး Selfie ဆိုတော့ အသားအရေမလှတာက ပိုသိသာသွားရောပဲ။ ဒါနဲ့ အသားအရေလှတဲ့ သူငယ်ချင်း နီကိုမေးကြည့်မိတာပေါ့။ သူကအရင်ကတည်းက အသားအရေကောင်းတယ်ဆိုပေမယ့် ဇာခြည်နဲ့ သိပ်မကွာဘူးလေ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအဆီပြန်တဲ့အမျိုးသားတွေအတွက် နည်းလမ်းကောင်း ၉ ခု

မျက်နှာမှာ အဆီတွေပြန်နေတယ်၊ ခဏခဏမျက်နှာသစ်ပစ်တာလည်းမရဘူး၊ ဘာလုပ်ရမလဲလို့ယောကျာ်းလေးတွေတော်တော်များများ အဖြေရှာမိကြမှာပါ။ မိန်းကလေးတွေတင် မဟုတ်ပါဘူး။ယောကျာ်းလေးတွေမှာလည်း အသားအရေထိန်းသိမ်းမှုလိုအပ်ပါတယ်။ အသားအရေထိန်းပစ္စည်းတွေကိုလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီမယ့်အမျိုးအစားတွေကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ မကိုက်ညီတာ၊ မတည့်တာသုံးမိရင်ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တာကိုး။ ဒီတော့ အရင်ဆုံး ကိုယ်က ဘယ်အသားအရေအမျိုးအစားထဲမှာ ပါနေသလဲ အရင်ဆန်းစစ်ကြည့်မှဖြစ်မှာပေါ့။ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်နော် - ပုံမှန်အသားအရေပိုင်ရှင်ဆိုရင် အသားလည်းသိပ်မခြောက်ဘူး၊အဆီလည်းသိပ်မပြန်ဘူး။ မျက်နှာမှာ အပြစ်အနာအဆာလည်း နည်းတယ် ပြင်းထန်တဲ့ ဓါတ်မတည့်မှု လည်းမဖြစ်တတ်ဘူး အသားအရောင် ဝင်းတယ် ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုရင် ပေါင်းစပ်အသားအရေဆိုတာ မျက်နှာပေါ်ကT-zone ( နှာခေါင်း၊နဖူး၊မေးစေ့) လို ဧရိယာတွေမှာခြောက်သွေ့တဲ့နေရာခြောက်၊ အဆီပြန်တဲ့နေရာကပြန် ၊တချို့မှာ ပုံမှန်အနေအထားဖြစ်နေတာမျိုးကိုခေါ်ပါတယ်။ ပုံမှန်အားဖြင့် ချွေးပေါက်တွေပွင့်နေတတ်တာကြောင့် ပုံမှန်ထက် ချွေးပေါက်တွေပိုကျယ်သလိုတွေ့ရတတ်ပါတယ်။ ဆားဝက်ခြံတွေရှိတယ် အဆီနည်းနည်းပြန်တယ် ခြောက်သွေ့တဲ့အသားအရေရှိရင် သိသိသာသာ မမြင်ရနိုင်လောက်အောင်ချွေးပေါက်ကျဉ်းတယ်။ အသားအရေ ကြမ်းတယ်၊မွဲခြောက်တယ်။ အနီကွက်တွေဖြစ်တတ်တယ်။ အသားအရေ ကျုံ့ဆန့်နိုင်အားနည်းတယ်။ အရေးအကြောင်းပိုထင်ရှားတယ် အသားပတ်သလို […]


အသားအရေ ထိန်းသိမ်းခြင်း

အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့

မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အစက်အပြောက်ကင်းပြီး ဖြူစင်ဝင်းပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်ကြမှာပါ။ ကြည်လင်နေတဲ့ မျက်နှာအသားအရေလေးက လူအများကြားမှာ ထင်းခနဲလှပနေမှာလည်းဖြစ်ပါတယ်။ မျက်နှာအသားအရေဖြူစင်ဝင်းပအောင် အထောက်အကူပြုပေးနိုင်တဲ့ အရာတွေထဲကမှ အစွမ်းအထက်ဆုံးလို့ဆိုရမယ့် သဘာဝပစ္စည်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ ဒါကတော့ သံပရိုသီးပါ။ သံပရိုသီးမှာ အသားအရေကိုကြည်လင်ဝင်းပအောင်လုပ်ဆောင်ပေးနိုင်တဲ့ စွမ်းအားထက် ဓါတ်ပစ္စည်းတွေအများအပြား ပါဝင်နေပါတယ်။ အသားအရေအတွက် သံပုရာသီးကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိစေလဲ။ ဒီနေရာမှာ သံပရိုသီးက အသားအရေအတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးစွမ်းနိုင်လဲဆိုတာကိုပြောပြချင်ပါတယ်။ လတ်ဆတ်တဲ့ သံပရိုသီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဓါတ်တွေပါဝင်နေပါတယ်။ သံပရိုသီးရဲ့ အစွမ်းအထက်ဆုံးအာနိသင်တစ်ခုက အသားအရေကိုဖြူစင်ဝင်းပစေတာပါပဲ။ အရေပြားကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါတယ်။လေဒီတို့အနေနဲ့ ပန်းရောင်သွေးကြွယ်ပြီး အတွင်းပိုင်းအထိကြည်လင်ဝင်းမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပရိုသီးကိုမေ့ထားလို့မရပါဘူး။ သံပရိုသီးမှာ အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အရေပြားကင်ဆာ၊ခံတွင်းကင်ဆာ၊၊အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာတွေကိုတိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။ သံပရိုသီးမှာပါဝင်တဲ့ limonoidsဒြပ်ပေါင်းက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ အဝါရောင်လေးသန်းနေတဲ့ သံပရိုသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်နေပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကနေလည်းအကာအကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့တာ၊ညစ်ညမ်းတဲ့အရာတွေနဲ့ထိတွေ့တာနဲ့ဆေးလိပ်ငွေ့တွေက အသားအရေရဲ့ ဗီတာမင် စီပမာဏကိုကျဆင်းစေပါတယ်။ ဗီတာမင် စီက free […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအသားအရေဖြူစင်လှပမှုအတွက် ဘာတွေသိထားကြသလဲ

မျက်နှာအသားအရေဖြူစင်လှပမှုအတွက် သင်သိထားတဲ့အချက်တွေကိုဖြေဆိုပြီး L'Oreal ရဲ့ White Perfect Set ကို လက်ဆောင်အဖြစ်ရယူကြရအောင်။အောက်ကမေးခွန်းလေးတွေကိုဖြေကြည့်ပါ။ အဖြေမှန်အများဆုံး (၃)ဦးကို L'Oreal ရဲ့ White Perfect Set တစ်ခုစီ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ White Perfect Set တစ်ခုမှာဆိုရင် Facial Foam, Toner, Scrub, Day Cream and Night Cream ငါးမျိုးလုံးပါဝင်မှာဖြစ်တဲ့အတွက် အသားရေဖြူဝင်းလှပဖို့အတွက် အစအဆုံးပါဝင်ပြီးသားဖြစ်ပါတယ်။ အဖြေမှန်သူ သုံးဦးထက်ပိုပြီးများနေတယ်ဆိုရင်တော့ မဲနှိုက်ပြီးတော့ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အသားဖြူရင် လှတယ်လို့ အများစုလက်ခံထားကြတဲ့ အာရှမှာတော့ အသားအရေလှပချင်တဲ့သူတွေချည်းပါပဲ။ အသားမဖြူရင်တောင် အသားအရေကြည်လင်ပြီး စိုပြေဝင်းလက်တဲ့အနေအထားရှိရင် အပေါ်ယံ မိတ်ကပ် အပြင်အဆင်မပါလည်း လှနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသားဖြူချင်၊ အသားအရေလှပချင်တဲ့ ပျိုမဒီလေးတွေက အသားအရေထိန်းသိမ်းမှုတွေလုပ်ကြတာပေါ့။ ဒါပေမယ့် မျက်နှာအသားအရေဆိုတာ […]


အသားအရေ ထိန်းသိမ်းခြင်း

အရွယ်တင်နုပျိုစေဖို့အသားအရေထိန်းသိမ်းမှုကို ဘယ်အချိန်မှာစလုပ်သင့်လဲ

ဆယ်ကျော်သက်အရွယ်ကိုကျော်လို့ နှစ်ဆယ်ကျော်လာပြီဆို အရွယ်ရောက်ပြီလို့ပြောကြပါတယ်။ ဒီအရွယ်ကကျော်ဖြတ်လာချိန်တွေဟာ မိန်းကလေးတွေရဲ့နုပျိုလှပမှုအပြည့်နဲ့ကာလတွေအဖြစ် ခံယူထားကြပြီး ဒီထက်ပိုအသက်မကြီးရင်ကောင်းမှာပဲလို့တောင် စိတ်ထဲ တွေးမိနေလောက်ပါတယ်။ ဒါမှ အမြဲလှနေမှာပေါ့။ ဒါပေမယ့် လူဆိုတာ အသက်မကြီးတဲ့သူဆိုတာရှိမှမရှိဘဲလေ။ တစ်ခုရှိတာက အသက်ကြီးလာလည်း လူက နုပျိုလှပနေဆဲဆိုရင်တော့ ပျိုမဒီတို့အတွက် အတိုင်းထက်အလွန်ပေါ့။ နောက်ပြီး ပျိုမဒီတို့ အထင်မှားနေတာတစ်ခုက အသက် ၄၀၊ ၅၀ကျော်မှ အိုမင်းရင့်ရော်မှုကစတင်လာမယ်လို့ ထင်တတ်ကြတာပါပဲ။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီဆိုတဲ့ အသက်ကိုစွန်းလာတာနဲ့ ရင့်ရော်မှုက တပါတည်း ပါလာစမြဲပါ။ ရင့်ရော်မှုက အသက် ၂၅ နှစ်နောက်ပိုင်းမှာ စတင်လာပေမယ့်လက္ခဏာကတော့ ၃၀ကျော်မှ သိသာလာပါတယ်။ လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာကို အရင်ဆုံးပြလာတာက အရေပြားပါ။ အသားအရေမှာ ရင့်ရော်လာစေတာက အသက်အရွယ်ကြောင့်ဖြစ်နိုင်သလို အရွယ်မတိုင်မီရင့်ရော်စေတဲ့တခြားအကြောင်းရင်းတွေလည်းရှိပါတယ်(ဥပမာ - စိတ်ဖိစီးမှု၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊အအေးဒဏ်၊နေပူဒဏ်စတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းတွေ၊ အစားအသောက်နဲ့ ကိုယ်အလေးချိန်)။ ပြောရရင် […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ

လေဆာအရေပြားကုထုံးဆိုတာဘာလဲ နည်းပညာတိုးတက်မှုတွေကြောင့် အသားအရေအရွယ်တင်နုပျိုစေမယ့်နည်းလမ်းတွေများစွာရှိလာတဲ့အထဲမှာlaser skin resurfacing ကို လူကြိုက်များပါတယ်။Laser resurfacing ကအရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။ ဒီနည်းက အလင်းတန်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရေပြားအလွှာတွေကို ဖျက်ဆီးပေးပါတယ်။ အနာပြန်ကျက်တာနဲ့ လေဆာကုထုံးလုပ်ဆောင်နေစဉ်က ဖယ်ရှားပစ်လိုက်တဲ့ မကောင်းတဲ့အရေပြားနေရာမှာ အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ တချို့လေဆာကုထုံးတွေကတော့ အရေပြားကို မဖျက်ဆီးပစ်ဘဲအပူဓါတ်နဲ့တင်းရင်းအောင်သာလုပ်ပေးတာဖြစ်ပါတယ်။ Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။ Ablative laser ဟာ ဝက်ခြံတွေနဲ့ အခြားအမာရွတ်တွေ၊ အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အတွက် အရေပြား အလွှာပါးကို ဖယ်ထုတ်လိုက်ပါတယ်။ Non-ablative laser ကတော့ collagen ထုတ်လုပ်မှုကို အားပေးပြီး အောက်ခံအရေပြားကို တင်းရင်းစေပါတယ်။ ဒီနည်းလမ်းဟာ ablative […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အကောင်းဆုံး အောက်ခံမိတ်ကပ်ရွေးချယ်နည်း

မျက်နှာလေးကိုလှပအောင်ပြင်ဆင်ခြယ်သတာကလည်း အနုပညာတစ်ရပ်ပါ။ ပင်ကိုယ်ကသိပ်မလှရင်တောင်မှ ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် အလှကုန်ပစ္စည်းမျိုးကိုရွေးချယ်သုံးစွဲပေးမယ်ဆိုရင်လှပမှုကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ မိတ်ကပ်ကြိုက်တဲ့လေဒီတွေအနေနဲ့ လှပမှုကိုပိုင်ဆိုင်လိုတယ်ဆိုရင် သတိထားရမယ့် အချက် တစ်ခုကအောက်ခံဖောင်ဒေးရှင်းကိုမှန်ကန်စွာရွေးချယ်တတ်ဖို့ပါ။ အသားအရောင်နဲ့မလိုက်တာမျိုး အသားအရေ အမျိုးအစားနဲ့ မလိုက်တာမျိုးကိုရွေးမိမယ်ဆိုရင်တော့ လှပတယ်ဆိုတဲ့ခံစားမှုထက် စိတ်တိုင်းမကျဘူးဆိုတဲ့ ခံစားချက်ကိုပဲ ပိုမိုခံစားရပါလိမ့်မယ်။ မှန်ကန်တဲ့မိတ်ကပ်ဖောင်ဒေးရှင်းကိုလိမ်းခြယ်မှုက အသားအရေကိုချောမွေ့ပြေပြစ်အောင် အထောက်အပံ့ ပေးနိုင် ပါတယ်။အောက်ခံမိတ်ကပ်က မျက်နှာပေါ်မှာရှိတဲ့ အများကို မမြင်စေချင်တဲ့အနာအဆာတွေကို ဖုံးကွယ်ပေးတဲ့ ဇာတ်လိုက်ပါ။အောက်ခံမိတ်ကပ်ရွေးချယ်မှုကတော်တော်လေးအရေးပါပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က အသားအရေချင်း မတူတာကြောင့် အောက်ခံမိတ်ကပ်အရောင်လည်းမတူနိုင်ပါဘူး။ အဲဒါကြောင့်အခြားသူ တစ်ယောက် ရဲ့အောက်ခံမိတ်ကပ်ကို အလွယ်တကူယူလိမ်းတာမျိုးက ကိုယ့်အသားရေနဲ့ မကိုက်ညီဘဲ မလှမပကြီး ဖြစ်နေတတ် ပါတယ်။ ဒီတော့ အမျိုးသမီးတွေမှာ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့အောက်ခံမိတ်ကပ်ကိုရှာရတာက အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုဖြစ်နေရပါတယ်။ ကိုယ်နဲ့အကိုက်ညီဆုံးရှာမရတဲ့အခါ နှစ်မျိုးသုံးမျိုးစပ်ပြီးရောလိမ်းရတာတွေတောင် ရှိနေပါတယ်။ အောက်ခံမိတ်ကပ်တွေရဲ့ အရောင် အနု၊အရင့်၊ ထုတ်လုပ်ထားတဲ့စနစ်တွေကွာခြားမှုကိုလိုက်ပြီး အသားအရေကို အကျိုးပြုပုံချင်းမတူကြပါဘူး။ အချို့အောက်ခံမိတ်ကပ်တွေကခြောက်သွေ့တဲ့အသားအရေတွေအတွက် […]


အသားအရေ ထိန်းသိမ်းခြင်း

ခရီးကပြန်လာရင် အသားအရေဘယ်လိုပြန်ထိန်းသိမ်းမလဲ

ပိတ်ရက်ရှည်တွေလည်းဆက်လာပြီ၊အေးချမ်းတဲ့ခရီးသွားရာသီလည်းရောက်လာပြီဆိုတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အကြိုက်ပေါ့နော်။ အခုဆိုရင်မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်တွေ၊ ကမ်းခြေအပန်းဖြေခရီးစဉ်တွေတင်မကဘဲ ဘန်ကောက်၊မော်လဒိုက်တို့လို ပြည်ပခရီးစဉ်တွေကိုပါ စီစဉ်ပေးတာတွေရှိနေတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။ နေ့တိုင်းလိုလို အလုပ်တာဝန်တွေ၊ မိသားစုကိစ္စတွေနဲ့ မွန်းကြပ်နေရတဲ့ မြို့ပြလူနေမှုဘဝကနေ ခဏတာဝေးကွာရတဲ့ စိတ်လက်အပန်းပြေမှုကို ဘယ်သူက မနှစ်သက်ဘဲနေမလဲနော်။ အဲဒါကြောင့်ပဲမြို့ပြလူနေမှုဘဝမှာနေထိုင်နေကြရတဲ့သူတွေက ခရီးထွက်ဖို့ကို အရင်ကထက် စိတ်အားထက်သန်လာကြပါတယ်။ အရင်တစ်ခေါက်ပိတ်ရက်ရှည်တွေတုန်းကဆိုရင် အဝေးပြေးလမ်းတွေပြည့်ကျပ်ကုန်တာမျိုးတောင် ဖြစ်သွားခဲ့သေးတယ်လေ။ ရှုခင်းလှလှလေးတွေမှာ သာသာယာယာ ဓါတ်ပုံရိုက်မယ်၊ဒေသအစားအစာတွေလျှောက်စားမယ်၊ စိတ်ဖိစီးစရာတွေအားလုံးမေ့ထားပြီး အပန်းဖြေခရီးထွက်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာလေးတစ်ခုတော့ရှိနေတယ်။ ကိုယ့်အသားရေအတွက်ပါ။ ခရီးလမ်းတလျှောက်လေဒဏ်၊နေဒဏ် ခံခဲ့ရသလိုနေရာဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲကြောင့်လည်း အသားအရေမှာ အနည်းနဲ့အများထိခိုက်ပါတယ်။ အိမ်မှာနေသလိုတော့ ဘယ်တူပါ့မလဲ။ တကယ်တော့ ခရီးကိုမသွားခင်ကသာပြင်ဆင်တတ်ကြတာ ၊ သွားနေတုန်းလည်း လှအောင်ပြင်ကြပေမယ့်ပြန်လာတဲ့အခါ အသားအရေပြန်ထိန်းသိမ်းဖို့ကို မမေ့သင့်ပါဘူး။ အထူးသဖြင့်နေပူထဲမှာ နာရီပေါင်းများစွာရှိနေခဲ့သူ၊လေယာဉ်အကြာကြီးစီးခဲ့ရသူတွေအတွက်ဆို ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် ခရီးကပြန်လာပြီဆိုရင် ဒီအတောအတွင်း ပျက်စီးခဲ့ရတဲ့အသားအရေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း