အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဒိန်ချဉ်လေးနဲ့ ဆံပင်အမြန်ပေါင်းတင်နည်း မှတ်စု

ဆံပင်ကျွတ်လို့၊ ဆံပင်ပါးနေလို့၊ ဆံပင် ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာနေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင်မြည်နေဦးမယ်။ ကိုယ်တွေ စားနေကျ အစားအသောက်တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ပေါင်းတင်ကြည့်ရုံပဲ။ ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ - ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်ဗောက်ပျောက်စေတယ် ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ် ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်) အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ် အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာပြဿနာရှိနေရင်တောင် သက်သာစေတယ် ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် […]


အခြားအရေပြားပြဿနာများ

မလှမပတက်တူးတွေ မဖြစ်ရလေအောင်

တက်တူးကို အရေပြားပေါ်ကအနုပညာတစ်ခုလို့တင်စားပါရစေ။ အခုနောက်ပိုင်းမှာ အမျိုးသားတွေတင်မဟုတ်ဘဲ အမျိုးသမီးတွေပါ တက်တူးသေးသေးလှလှလေးတွေကို အရေပြားပေါ်မှာ အလှဆင်တဲ့အနေနဲ့ဖြစ်ဖြစ် အမှတ်တရတစ်ခုအနေနဲ့ဖြစ်ဖြစ် ထိုးလာနေကြပါပြီ။ မှတ်မှတ်ရရ လှလှပပလေးလိုချင်ပါတယ်ဆိုမှ မလှမပတက်တူးတွေဖြစ်လာမယ်ဆိုရင်တော်တော်လေးစိတ်ပျက်စရာကောင်းမှာနော်။ ထိုးလိုက်တဲ့ တက်တူးတိုင်းလှစေဖို့ လိုက်နာရမယ့်အချက်လေးတွေရှိနေပါတယ်။ တက်တူးလှလှလေးဖြစ်ချင်သူတွေ ဖတ်ကြည့်နော်။ တက်တူးလှလှပပဖြစ်စေဖို့ ဒီအချက်လေးတွေသတိထားပေးပါ တက်တူးထိုးပြီးတဲ့အခါ အနည်းဆုံး တစ်နာရီလောက် ပတ်တီးခပ်ပါးပါးလေးစည်းထားပေးပါ တက်တူးထိုးပြီးတဲ့အခါ တက်တူးထိုးထားတဲ့နေရာကို အနည်းဆုံးတစ်နာရီလောက် ပတ်တီးစခပ်ပါးပါးလေးနဲ့ စည်းထားပေးပါ။ အရမ်းတင်းတင်းကျပ်ကျပ်ကြီးတော့ မစည်းပါနဲ့။ တက်တူးထဲကိုပြင်ပကဖုန်မှုန့်တွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်စေဖို့အတွက်ပါ။ ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ တစ်နာရီလောက်ပတ်တီးနဲ့စည်းပြီးသွားပြီဆိုရင်တော့ရေနွေးနွေးလေးနဲ့ အနံ့မပါတဲ့ဆပ်ပြာရည်ခပ်ပျော့ပျော့လေးနဲ့ တက်တူးနေရာကိုဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာအပြင်းစားတွေမသုံးပါနဲ့၊ အရေပြားယားယံတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ တဘက်စသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပေးပါ တက်တူးထိုးထားတဲ့နေရာကိုဆေးကြောသန့်စင်ပြီးတဲ့အခါမှာတော့ တဘက်စသန့်သန့်လေးကို သုံးပြီး ခပ်ဖွဖွလေးသုတ်ပေးပါ။လေတိုက်ခံပြီး အခြောက်ခံလို့လည်းရပါတယ်။ Antibacterial Cream လိမ်းပေးပါ တက်တူးထိုးထားတဲ့နေရာကို တစ်နေ့ကို နှစ်ကြိမ်Antibacterial Cream လူးပေးပြီး ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုးမရှိအောင် ကာကွယ်ပေးပါ။ တက်တူးပိုးဝင်သွားတဲ့အခါ အနာရောင်ရမ်းပြီး မလှမပတက်တူးတွေဖြစ်သွားနိုင်တာကြောင့်ပါ။ အဝတ်အစားခပ်ကျပ်ကျပ်တွေမဝတ်ပါနဲ့ တက်တူးထိုးထားတယ်ဆိုရင် ချည်သားခပ်ပွပွတွေဝတ်ဆင်တာကအဆင်အပြေဆုံးပါ။ တက်တူးအနာမကျက်မချင်း အဝတ်အစားခပ်ကျပ်ကျပ်တွေမဝတ်ဖို့ သတိထားပါ။ ရေမကူးပါနဲ့ တက်တူးထိုးထားတဲ့အချိန်မှာ […]


အရေပြားရောင်ရမ်းခြင်းများ

Lyell's syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက် Lyell’s syndrome ဆိုတာဘာလဲ။ ဓါတ်မတည့်တဲ့ရောဂါတွေက ခန္ဓါကိုယ်အပေါ် ဆိုးကျိုးသက်ရောက်မှု အမျိုးမျိုးနဲ့အတူ နောက်ဆက်တွဲတွေပါ ဖြစ်စေပါတယ်။ အဆိုးဝါးဆုံး ဆိုးကျိုးကတော့ Lyell’s syndrome ပါပဲ။ ဒီအခြေအနေက အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး အရေပြားအပေါ်လွှာမှာ အသားပုပ်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာစေပါတယ်။ နောက်ပိုင်းမှာ ကွာကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ နက်ခရိုးစစ်ခေါ် အသားပုပ်တဲ့ အခြေအနေဆိုတာ ဓါတ်မတည့်တာနဲ့ထိမိတဲ့အခါ ခန္ဓါကိုယ်အပေါ် အဆိပ်အာနိသင်ဖြစ်စေပြီး ရောဂါရဲ့လက္ခဏာတွေ ပေါ်လာတာမျိုး ဖြစ်ပါတယ်။   Lyell’s syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများ Lyell’s syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပြင်ပပစ္စည်းတစ်ခုနဲ့ ထိတွေ့မိတဲ့အခါ ဖြစ်လာတတ်တဲ့ဓါတ်ပြုမှုတွေက Lyell’s syndrome မှာ အရမ်းကိုမြန်ပါတယ်။ ရက်အနည်းငယ်အတွင်း ဖြစ်လာတာမျိုးပါ။ ရုတ်တရတ် ကိုယ်အပူချိန်တိုးလာပြီးနောက် ခန္ဓါကိုယ်အနှံ့မှာ အဖုအပိန့်အကွက်တွေထလာပါလိမ့်မယ်။ နောက်ရက်အနည်းငယ်အကြာမှာ အရည်ကြည်ဖုတွေ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရမ်းကျွတ်နေပြီလား။ မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ

ဆံပင်ကျွတ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဆိုပေမယ့် ပမာဏများများကျွတ်နေပြီဆိုရင်တော့ စိုးရိမ်စရာဖြစ်လာပါပြီ။ သဘာဝကြောင့် အသက်ကြီးလာတဲ့အခါမှာ ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။ ဘာကြောင့် ဆံပင်တအားကျွတ်လာတာလဲ။ စိတ်ဖိစီးမှုများတဲ့အခါမှာ ဖြစ်တတ်ပြီး ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ Alopecia areata လို့ ခေါ်တဲ့ အမွှေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာ ဦးရေပြားကနေ ဆံပင်တွေကျွတ်လာတယ်။ တချို့လူတွေဆိုရင် မျက်ခုံးမွေးတွေ၊ မျက်တောင်တွေအပြင် ခန္ဓါကိုယ်အနှံ့က တခြားအမွေးအမျှင်တွေ ကျွတ်လာပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားတွေလည်း ကိုယ့်ရဲ့ မျက်နှာအသားအရေကို အရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။ ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ ၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကို ရှောင်ပါ။ မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ၊ တစ်နေ့ကို ပုံမှန် ၂ကြိမ်သစ်ပေးရင် လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး […]


အခြားအရေပြားပြဿနာများ

ဒေါက်ဖိနပ်လေးတစ်ရံရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု။

ဖက်ရှင်ကျသူ တစ်ယောက်လို့ဆိုလိုက်ရင် ခေါင်းအစ ခြေအဆုံးအကုန် ဖက်ရှင်ကျနေသူ ဖြစ်ရပါမယ်။ ခေါင်းအစ ခြေအဆုံးဆိုတော့ ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကလည်း ဖက်ရှင်ကျသူတွေအတွက် မပါမဖြစ်ပေါ့။ လှပတဲ့ ဒေါက်ဖိနပ် လေးတစ်ရံကို ဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသွားတဲ့ အပြင် ဆွဲဆောင်မှု လည်းပိုရှိသွားတယ်လို့ ထင်တတ်ကြတာ မိန်းကလေးတိုင်းပဲ။ ဒေါက်ဖိနပ် လှလှလေးတစ်ရံကအရပ်ရှည်တဲ့သူတွေကို ပိုစတိုင်ကျ လှပစေရုံသာမက ပုနေတဲ့ မိန်းကလေးတွေအတွက်ဆို မရှိမဖြစ် အကူပစ္စည်းလေးတစ်ခုပေါ့။ ပွဲတွေတက်ပြီဆိုရင်လည်း ဒေါက်ဖိနပ်လေးနဲ့မှ ပွဲမတက်ရရင် ပွဲကိုမစည်တော့ဘူး။ မိန်းကလေးတွေရဲ့ အသည်းစွဲ ဒေါက်လှလှလေး တစ်ရံကနေ ကောင်းတဲ့ဘက်ကတွေးရင်တော့လှပမှုကို ယူဆောင်ပေးတယ်ပေါ့။ မကောင်းတဲ့ ဘက်ကတွေးရင်ရော ကိုယ်ခန္ဓါ အတွက် ဘယ်လိုဆိုးကျိုးတွေရှိ လဲ ကြည့်ရအောင်။ ပင်မကျောရိုးကို ထိခိုက်ပြီး ခါးနာစေတယ်။ ဒေါက်ဖိနပ်ြမင့်မြင့်လေးတစ်ရံဝတ်ပြီး လမ်လျှောက်တဲ့ အခါ ခြေလှမ်းမှန်ပြီးချော်မလဲအောင် ခြေထောက်လေးတွေကထိန်းထားရတဲ့ အပြင် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာ အသားအရေအတွက် သံပရာရည်ကို သုံးတော့မယ်ဆိုရင်

ဗီတာမင် C ကြွယ်ဝတဲ့ သံပရာသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ လူတိုင်း သိထားပြီးဖြစ်မှာပါ။ သံပရာရည်ကို ကိုယ်တွင်းက အဆီတွေနဲ့အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ဆိုပြီးသောက်ကြတယ်လေ။ သံပရာသီးရဲ့ အာနိသင်ကို အသုံးပြုမှုက ဒီလောက်နဲ့ပဲပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ သံပရာရည်ကို အသားအရေ အလှအပအတွက်လည်သုံးပါသေးတယ်။ ဒီတစ်ခေါက်တော့ အသားအရေအတွက် သံပရာရည်အသုံးပြုမှုနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ အသားအရေအတွက် သံပရာရည်ကို ဘာအတွက်အသုံးများလဲ..... အသားအရေအတွက် သံပရာရည်ကို အရေပြားက အဆိပ်အတောက်တွေဖယ်ရှားဖို့ အသားအရေကြည်လင်စေဖို့ ဝက်ခြံကင်းစေဖို့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေကို ဖယ်ရှားဖို့အတွက် သံပရာရည်ကို အသုံးပြုကြပါတယ်။ အသားအရေအတွက် သံပရာရည်က တကယ်ပဲကောင်းတာလား....... သံပရာရည်က သဘာဝအက်ဆစ်တစ်မျိုးပါ။ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် သံပရာရည်သောက်သုံးမှုက အသားအရေကို ကြည်လင်စေမယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒါဆိုအသားအရေပေါ်ကို တိုက်ရိုက်သုံးရင်ရော ပိုကောင်းမသွားဘူးလားလို့မေးစရာရှိနေနိုင်ပါတယ်။ သုံးလို့မရဘူးလားဆိုတော့ သုံးလို့ရပါတယ်။ သံပရာရည်ကို အသားအရေအတွက် အသုံးပြုပေးမယ်ဆိုရင် အရေပြားအပေါ်ယံလွှာက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မုတ်သုံရာသီမှာ ဆံပင်လေးတွေ ပုံကျလှပစေချင်တယ်ဆိုရင်

မိုးတွေရွာရင် ပျော်စရာကောင်းတယ်နော်။ မိုးရာသီက စိုက်ပျိုးရေးကို အားထားရတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ရာသီတစ်ခုပေါ့။ မုတ်သုံစဝင်ရင် အရင်ဆုံးခံစားမိတာတစ်ခုက နွေရာသီတလျှောက် ပူပြင်းခဲ့သမျှ အပူဒဏ် သိသိသာသာ လျော့ကျသွားတာပါ။ မိုးရာသီက အနုပညာသမားတွေအတွက်တော့ တွေးလို့ကောင်း၊ ဆွေးလို့ကောင်းတဲ့အချိန်ပေါ့။ စိတ်ကူးယဉ်ဆန်တဲ့ လေဒီတို့အတွက်လည်း ပျော်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒါပေမယ့် တိုးတက်လာမှုနဲ့အတူ ကပ်ပါလာတဲ့ လေထုညစ်ညမ်းမှုတွေကြောင့် မိုးရေတွေရဲ့ သန့်စင်မှု ကလည်း အားနည်းသွားခဲ့ပါပြီ။ ဒါကြောင့် မိုးရာသီမှာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ မိုးရေထဲ ထီးမဆောင်း ဘာမဆောင်းနဲ့ လျှောက်မသွားဖို့ ပြောပါရစေ။ မိုးရေထဲမှာပါလာတဲ့ ဓာတ်အချို့က ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါ။ခေါင်းကို မိုးရေစိုရင် ချက်ချင်းဖြစ်လာနိုင်မယ့် အကျိုးဆက်က ဆံပင်ကျွတ်တာပါ။ မိုးရေတွေ ဦးရေပြားကို ထိတွေ့တဲ့အခါ ဦးရေပြားကိုခြောက်သွေ့မှုဖြစ်စေပြီး ဆံပင်ကျွတ်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလိုမျိုး မိုးတွေရွာနေတဲ့ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေစားရမလဲ

ခြေသည်းလက်သည်းလေးတွေက ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်စေ့တစောင်းဖော်ပြပေးနေတဲ့အရာလေးတွေပါ။ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပတာကလည်း အလှတိုးစေတဲ့အချက်တစ်ခုပါပဲ။ မျက်နှာေလးလှဖို့ လိုသလိုခြေသည်းလက်သည်းလေးတွေ သန့်ရှင်းကျန်းမာနေဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုပ်ဆောင်မှုတွေမှာ မဖြစ်မနေပါဝင်လုပ်ဆောင်နေရတဲ့ လက်လေးတွေမှာနေရာယူထားတဲ့ လက်သည်းလေးတွေလှပနေတာကလည်း ဆွဲဆောင်မှုတိုးစေနိုင်မယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ကျန်းမာလှပတဲ့ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘာတွေစားသုံးပေးသင့်လဲဆိုတာကိုပြောပြပေးပါရစေ။ ခြေသည်းလက်သည်းလေးတွေကျန်းမာလှပစေဖို့ လက်သည်းတွေ ကျိုးလွယ် အက်လွယ်ဖြစ်နေတယ်၊ အရောင်ပြောင်းနေတယ်။ လက်သည်းမှာ အစင်းကြောင်းတွေပေါ်နေတယ်ဆိုတာက ခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရမပြည့်ဝဘူးဆိုတာကိုဖော်ပြနေသလိုရောဂါတစ်ခုခုခံစားနေရတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့်ခြေသည်းလက်သည်းလေးတွေကိုလည်း မပြတ်ဂရုစိုက်ပေးသင့်ပါတယ်။ ငါး - ငါးကခြေသည်းလက်သည်းလေးတွေနဲ့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးကခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆယ်လ်မွန်ငါး၊တူနာငါး၊ ပုဇွန်၊ ဂဏန်းလိုမျိုး ပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။ ဥအမျိုးမျိုး - ဥအမျိုးမျိုးမှာ အရိုး နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓါတ်တွေနဲ့ ဗီတာမင်တို့ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျန်းမာလှပတဲ့ ဆံကေသာပိုင်ဆိုင်လိုသူများအတွက်

အား...... ဆံပင်တွေကျွတ်ပြန်ပြီ။ စိတ်ညစ်လိုက်တာ။ ဆံပင်လေးတွေလှတာမြင်ရင်လိုက်ငေးမိနေပေမယ့် ကိုယ်တိုင်ကျ ဆံပင်ပါးလို့ ဆံသားမကျန်းလို့ဆိုပြီး စိတ်ညစ်နေလား၊လေဒီ...."ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး" ဆိုတဲ့အတိုင်း လှပပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံသားပိုင်ရှင်လေဒီလေးြဖစ်ချင်နေတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ပြောပါရစေ။ ကျန်းမာတောက်ပြောင်တဲ့ဆံသားလေးတွေပိုင်ဆိုင်ဖို့ အစားအသောက်လေးတွေစားသုံးပေးလို့ရပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေကို အာဟာရမျှတအောင်စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ကျန်းမာပြီးတောက်ပြောင်ကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဆံသားကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ ဆံပင်ကျွတ်ခြင်းကင်းဝေးပြီး သန်စွမ်းတောက်ပြောင်တဲ့ ပိတုန်းရောင်ဆံကေသာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို ပုံမှန်စားသုံးပေးပါ။ သရက်သီး - သရက်သီးက အရသာတင်ရှိတာမဟုတ်ပါဘူး။ သရက်သီးမှာပါတဲ့ ဆီလီကာ(Silica)၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဖောလိတ်တို့က ဆံသားတွေသန်စွမ်းအောင်အားဖြည့်ပေးသလို ဆံပင်ပိုသန်လာအောင်လည်း အားဖြည့်ပေးပါသတဲ့။ တစ်နေ့ကို သရက်သီး နှစ်စိတ်လောက်တော့စားပေးပါ။ ပဲပိစပ် - သံဓါတ်၊အိုမီဂါ-3၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့က ခန္ဓါကိုယ်တွင်းကဟော်မုန်းတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း