အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

အရေပြားလေးကျန်းမာနေရင်၊ ကိုယ့်ရဲ့ အသားအရေလေး ကြည်လင်လှပနေရင် သိသာထင်ရှားတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလို့ မှတ်ယူကြတယ်။ တကယ်လည်းဟုတ်တယ်လေ။ အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ အရေပြားလေး ကျန်းမာလှပနေရင် မြင်သူတိုင်း နှစ်လိုသဘောကျတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်ရတာပဲပေါ့။ လူတိုင်းရဲ့ အရေပြားဟာ ညီညွတ်မျှတတဲ့ ဟန်ချက်တစ်ခုရှိနေဖို့ လိုအပ်တယ်လို့ အလှအပရေးရာ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မျှတလုံလောက်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းထားနိုင်ဖို့ပေါ့။ ဒီလိုအာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေမှ ပြင်ပကနေလာမယ့် အန္တရာယ်တွေကနေ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကာကွယ်နိုင်စွမ်းနဲ့ ကြည်လင်လှပတဲ့ အသားအရည်ကိုပိုင်ဆိုင်နိုင်စွမ်းရှိနေမှာလေ။ ကြည်လင်လှပတဲ့ အသားအရေနဲ့ ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ မဖြစ်မနေ ဖြည့်တင်းပေးရမယ့် အာဟာရဓာတ်တွေရှိနေပါတယ်။ အရေပြားလှပကျန်းမာဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ Healthy Fats အဆီဆိုလို့ “ဟင်” ခနဲ ဖြစ်မသွားပါနဲ့ဦး။ အဆီတိုင်းက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်

ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆံပင်ကျဲတာ၊ ထိပ်ပြောင်တာတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်စေဖို့ အမျိုးသားတိုင်း လိုက်နာဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း တွေကို ပြောပြပေးပါရစေ။ အမျိုးသားတိုင်း သိထားဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန် ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် သဘာဝ ခေါင်းလျှော်ရည်ကို သုံးပါ ဆံသား ကျန်းမာရေးအတွက် အရေးပါတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ ဆံသား နဲ့ ဦးရေပြားကို ထိခိုက်မှု ကင်းကင်းနဲ့ အကောင်းဆုံး သန့်စင်ပေးမယ့် […]


အခြားအရေပြားပြဿနာများ

Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ

အသားအရေ လေး လှချင်လို့ စကင်လေးကဲပါတယ်။ ဆဲလ်သေတွေ ဖယ်ရှားရမယ်၊ ချွေးပေါက် ပွင့်ရမယ် ဆိုလို့ Scrub တွေ သုံးမိတာပေါ့။ ဒါပေမယ့် တစ်ပတ် ကို တစ်ကြိမ်၊ အလွန်ဆုံး နှစ်ကြိမ်ပဲ သုံးသင့်တာပါ။ တန်ဆေး၊ လွန်ဘေး ပါနော်။ ခဏခဏ Scrub လုပ်မိလို့ မျက်နှာအသားအရေ ထိခိုက်သွားရင် ဘယ်လိုလုပ်ပါ့မလဲ။ အသားအရေ ထိခိုက်လာတာ ဘယ်လိုလုပ် သိမလဲ Scrub လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။ ဒါပေမယ့် ချွေးပေါက်ပြန်ကျဉ်းအောင် Toner သုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Scrub ချည်း လုပ်နေမယ်ဆို ကြာလာရင် နဂိုအလှပါ ပျက်စေနိုင်ပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတော့ - အသား ပိုခြောက်လာမယ် […]


အခြားအရေပြားပြဿနာများ

Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး

အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ Exfoliate လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။ ဒါပေမယ့် ချွေးပေါက် ပြန်ကျဉ်းအောင် Toner သုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Exfoliate ချည်း လုပ်နေမယ်ဆို ကြာလာရင် အသားအရေ ထိခိုက်လာပြီး နဂိုအလှပါ ပျက်စေနိုင်ပါတယ်။ အသားအရေ ထိခိုက်လာတာ ဘယ်လို သိနိုင်မလဲ (၁) အသား ပိုခြောက်လာမယ် မျက်နှာ မှာ အသားအရေ တင်းတင်းကြီး ဖြစ်ပြီး အသားခြောက်လာမယ်။ ရယ်လိုက်ရင်တောင် အသားပပ်ထားသလို တင်းနေတာမျိုး ဖြစ်လာနိုင်ပါတယ်။ Exfoliateလုပ်ဖို့ Scrub သုံးတာ များပြီး ပြန်မထိန်းသိမ်းလို့ သဘာဝအဆီတွေ မရှိတော့တာကြောင့်ပါ။ (၂) အဆီ ပိုပြန်လာမယ် မျက်နှာ အဆီပြန်တာက အသားအရေ ခြောက်သွေ့တာကြောင့် ဖြစ်လာတာလို့ သိထားဖို့ လိုပါတယ်။ ရေဓာတ် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့် ဆံသား ကို ကိုယ်တိုင်ပျက်စီးမိစေတဲ့ အမူအကျင့်များ

ဆံပင်ဆိုတာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ကောင်းခြင်းလက္ခဏာတွေထဲမှာ တစ်ပါးအပါဝင်ဖြစ်နေတဲ့ အရာပါ။ ဆံနွယ်လှလှလေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုက ဆွဲဆောင်မှုတစ်မျိုးမဟုတ်လား။ ဒီလို အလှတရားတစ်ခုဖြစ်တဲ့ ဆံသား တွေကို ထိန်းသိမ်းရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင် မသိလိုက်ပဲ ပြုမူနေတဲ့ အပြုအမူမှားတွေကြောင့် ဆံပင်တွေ ပိုပိုပျက်စီးရတတ်တာကလည်း ရှိနေပါသေးတယ်။ ကဲ ဘယ်လိုအမှားတွေက ကိုယ့်ရဲ့ ဆံသားကိုပျက်စီးနေစေတာလဲဆိုတာကို ကြည့်ကြရအောင်။ ဆံသား ကို ပျက်စီးစေသော အလေ့အထများ ဆံပင်ဖြီးလွန်းတာ - သိုးဆောင်း စကားပုံတစ်ခုရှိတယ်။ တစ်နေ့ကို အခါ ၁၀၀ ဖြီးသင်ပါတဲ့။ တကယ်တော့ ဒီစကားက ယုံတမ်းတစ်ခုသက်သက်ပါ။ တစ်နေ့တစ်နေ့ ဆံပင်မကြာခဏဖြီးသင်နေတာဟာ ကိုယ့်ဆံသားကို ဆုံးရှုံးစေဖို့ ကိုယ်တိုင်ပြုလုပ်နေတာသာဖြစ်ပါတယ်။ လေတွေ အရမ်းမမှုတ်နဲ့ - Hair Dryer နဲ့ ခဏခဏ မှုတ်တာကလည်း ကောင်းလှတယ်တော့မဟုတ်ပါဘူး။ ခေါင်းလျှော်ပြီးရင် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားအောက်က လှုပ်စိလှုပ်စိ သန်ကောင်များ

သန်ကောင်လို့ ပြောရရင် အစာအိမ်နဲ့ အူထဲမှာပဲ ရှိတယ်လို့ သိထားကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း အရေပြားအောက်မှာ သန်ကောင်ရှိနေတာကို မျက်စိနဲ့ တွေ့ရလိမ့်မယ်လို့ တွေးတောင် တွေးဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတကယ်ရှိပါတယ်။ အရေပြားအောက်တွင်မက မျက်သားအဖြူမှာပါ အတိုင်းသားတွေ့ရတဲ့ သန်ကောင်တောင် ရှိသေးတယ်။ နည်းနည်းတော့ လန့်သွားပြီမလား။ ဒီနေ့ ဒီအကြောင်းလေးကို ဆွေးနွေးရအောင်။ အရေပြားအောက်က သန်ကောင်များ ဒါက သန်လုံးကောင် အမျိုးအစားဖြစ်ပြီး Gnathostoma spp.လို့ ခေါ်ပါတယ်။ သူ့ကြောင့် ဖြစ်တဲ့ ရောဂါကိုတော့  Gnathostomiasis လို့ ခေါ်တာပေါ့။ အာရှတိုက် အထူးသဖြင့် အရှေ့တောင်အာရှမှာ အဖြစ်များပါတယ်။ သူ့ကို အာရှတိုက်မှာဆိုရင် တို့တွေ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ ဂျပန်နဲ့ ရှားရှားပါးပါး သြဇီနဲ့ ယူကေဒါနိုင်ငံတွေအထိ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ […]


အခြားအရေပြားပြဿနာများ

Scar (အနာရွတ် သို့ အမာရွတ်) များအကြောင်း

လူအတော်များများမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမာရွတ် လေးတွေ ဖြစ်ဖူးကြမှာပါ။ အချို့တွေတော့ scar တွေကို ဒီတိုင်း အမှတ်တရ (သို့) ကိုယ့်ရဲ့ အမှတ်တစ်ခုခု အနေနဲ့ ရှိနေတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အများစုကတော့ scarsတွေကို အမြန်ပျောက်ကင်းချင်ကြပါတယ်။ Scarsတွေဟာ အနာတစ်ခုခု ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က အနာကျက်အောင်၊ ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ သဘာဝဖြစ်စဉ်ကြောင့် ဖြစ်လာရတဲ့ အရာလေးတွေပါ။ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ဒဏ်ရာဖြစ်တဲ့အခါ ပျက်စီးသွားတဲ့နေရာကို ပြုပြင်နိုင်ဖို့အတွက် သဘာ၀ ပရိုတင်းလေးတစ်မျိုးဖြစ်တဲ့ collagen fibre တွေကို ထုတ်လိုက်တာကြောင့် အမာရွတ်လေးတွေ ဖြစ်လာရတာပါ။ ဒဏ်ရာ အကြီးအသေး၊ အတိမ်အနက်နဲ့ ဖြစ်တဲ့နေရာ၊ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အပေါ်မူတည်ပြီး အမာရွတ်အခြေအနေ နဲ့ ပျောက်ကင်းနိုင်တဲ့ ပမာဏတွေ ကွာခြားပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ scars […]


အသားအရေ ထိန်းသိမ်းခြင်း

ရုပ်ပျို ကိုယ်နုစေဖို့ ကူညီပေးမယ့် အစားအသောက် လေးတွေ

နုပျို ချင်တယ်၊ အရွယ်တင်ချင်တယ် ဆိုရင် အရင်ဆုံး စကင်န်ကဲ မယ်၊ အဲဒီနောက် မျက်နှာကို ကြိုးထိုးမယ်၊ Filler ထိုးမယ်၊ ပေါင်းတင်မယ်၊ အလှပြုပြင်ခွဲစိတ်မယ် စတဲ့ နည်းလမ်းတွေကို စဉ်းစားတတ်ကြတယ်။ ဒါပေမယ့် မျက်နှာတင် မကဘဲ တစ်ကိုယ်လုံးရဲ့ အသားအရေ တင်းရင်း နုပျို စေဖို့၊ သဘာဝအတိုင်း အရွယ်တင်စေဖို့ ကူညီပေးမယ့် အာဟာရဓာတ်တွေကို မေ့မထားသင့်ပါဘူး။ ခန္ဓာကိုယ်မှာ မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေက အရေပြားကို အားဖြည့်ပေးနိုင်တာကို သတိရလိုက်ပါ။ ဘယ် အစားအစာ တွေက ကူညီပေးနိုင်မလဲ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအရွက်တွေ စားသုံးတာက အသားအရေ နုပျို စေတဲ့ အကြောင်းရင်းတစ်ချက် ဆိုတာ သုတေသနပညာရှင်တွေက ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ ရင့်ရော်မှုတွေနဲ့ ပတ်သက်တဲ့ ကုစားမှုရလဒ်ကောင်းတွေကို အသီးအရွက်တွေဆီကနေ ရရှိနိုင်ပါလိမ့်မယ်။ အရွယ်တင် နုပျို […]


အသားအရေ ထိန်းသိမ်းခြင်း

အရေးအကြောင်း တွေ ဖြစ်တာကို လျော့နည်းအောင် ဂရုစိုက်ကြမယ်

လူတွေဟာ အသက်ကြီးလာတဲ့အခါ အရေးအကြောင်း တွေ တဖြည်းဖြည်းဖြစ်လာပြီး အိုမင်းရင့်ရော်လာကြပါတယ်။ အဲဒီလို အရေးအကြောင်းတွေ ဖြစ်ရတာဟာ အဓိကအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ collagen လို့ခေါ်တဲ့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ ပရိုတင်းလေးတွေ ထုတ်တာနည်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းမှာ ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသက်အရွယ်ချင်းအတူတူတောင်မှ တချို့တွေက အရေးအကြောင်းတွေ သိပ်မရှိဘဲ ပိုပြီးနုပျိုကြတာကို တွေ့ဖူးကြမှာပါ။ ဒါက မျိုးရိုးဗီဇ နဲ့လည်း သက်ဆိုင်ပေမယ့် အခြား နေထိုင်မှုပုံစံတွေ၊ ဂရုစိုက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေ ပျောက်ကင်းအောင်၊ နုပျိုအောင် ဆေးဝါး (သို့) ခွဲစိတ်ခြင်း အစရှိတဲ့ ခေတ်မီ နည်းလမ်းတွေလည်း အများကြီးလည်း ရှိလာပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ဆေးဝါးနဲ့ ခွဲစိတ်ပြုပြင်နည်းတွေနဲ့ မဟုတ်ဘဲ အရေးအကြောင်းတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ပဲနို့ကပေးတဲ့ အလှအပ

မနက်ခင်းမှာ မနက်စာ အနေနဲ့ဖြစ်ဖြစ် နေ့လယ်ခင်းမှာ အဆာပြေ အနေနဲ့ဖြစ်ဖြစ် ပဲနို့ သောက်တတ်ကြလား။ ဒါဆိုရင်တော့ အရသာကို သဘောကျလို့ သောက်နေတဲ့ ပဲနို့လေးကနေ အခုလို အလှအပ အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။ ပဲနို့ကပေးတဲ့ အလှအပ တွေက ဘာတွေများ ဖြစ်မလဲ။ ပဲနို့ကပေးတဲ့ အလှအပ ပဲနို့ သောက်သုံးတာက ခန္ဓာကိုယ်မှာ အကျိုးများသလို အလှအပ အတွက်လည်း အခုလို ထောက်ပံ့ပေး ပါသေးတယ်။ အရွယ်တင်စေတယ် ပဲနို့မှာ ပဲကနေရတဲ့ အဆီအနှစ်တွေ ပြည့်ဝစွာ ပါဝင်နေပြီး အရွယ်တင် နုပျိုစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနို့ကို သောက်ပေးရင်လည်း အရွယ်တင်နုပျိုစေသလို ပဲနို့ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး အသားပေါ်မှာ လိမ်းပေးမယ် ဆိုရင်လည်း အရေးအကြောင်းတွေ လျော့ပါးစေပြီး အသားအရေကို တင်းရင်း လှပနေစေမှာပါ။ အသားမခြောက်အောင် ကာကွယ်ပေးတယ် ပဲနို့မှာ ရေဓာတ်ပြည့်ဝစွာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း