brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

သင့်မှာ ကိုယ်ဝန်ဆောင်နေတဲ့လက္ခဏာတွေအားလုံး ရှိနေပေမယ့် တကယ်တမ်း ကိုယ်ဝန်ရှိတာမဟုတ်တဲ့အဖြစ်တွေလည်း ရှိတတ်ပါတယ်

False pregnancy သို့မဟုတ် pseudocyesis (ကိုယ်ဝန်အတု) ဆိုတာ အမျိုးသမီးတစ်ယောက်က သူမကိုယ်ဝန်ဆောင်နေရတာလို့ ယုံကြည်လက်ခံသွားစေနိုင်လောက်တဲ့ အခြေအနေတစ်ခုပါ။ သူမမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ဆင်တူတဲ့ လက္ခဏာတွေရှိနေပေမယ့် တကယ်တမ်းမှာ ကိုယ်ဝန်ရှိနေတာမဟုတ်ပါဘူး။

သင့်မှာ ကိုယ်ဝန်ဆောင်နေတဲ့လက္ခဏာတွေအားလုံး ရှိနေပေမယ့် တကယ်တမ်း ကိုယ်ဝန်ရှိတာမဟုတ်တဲ့အဖြစ်တွေလည်း ရှိတတ်ပါတယ်

False pregnancy ဟာ ကိုယ်ဝန်ပျက်ကျတယ်လို့ အဓိပ္ပာယ်ကောက်လို့လည်းမရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်ကလေးက လုံးဝမရှိနေတာကြောင့်ပါ။ ဒါပေမယ့် လက္ခဏာတွေကတော့ သူမကိုရော သူမပတ်ဝန်းကျင်ကသူတွေကိုပါ သူမကိုယ်ဝန်ဆောင်နေတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ထိ ကြာမြင့်ပါတယ်။

ဘာက False Pregnancy ကိုဖြစ်စေတာလဲ။

အထူးကုတွေကတော့ pseudocyesis ဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့ စတင်ပြီး သံသယရှိလာကြပါပြီ။ ဖြစ်ရတဲ့ အကြောင်းရင်း အတိအကျကို မသိရသေးပေမယ့် ဆရာဝန်တွေကတော့ စိတ်ကအတွေးတွေဟာ ခန္ဓာကိုယ်ကို တကယ်ပဲကိုယ်ဝန်ရှိနေတယ်ဆိုပြီး လှည့်ဖျားခဲ့တာလို့ သံသယဝင်နေကြပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ရမှာကို အလွန်အမင်းကြောက်ရွံ့နေတဲ့အခါ သူမရဲ့ဦးနှောက်က ဒီအချက်ပြမှုတွေကို ကိုယ်ဝန်ဆောင်နေတယ်လို့ ဘာသာပြန်ယူဆလိုက်ပြီး အီစထရိုဂျင်နဲ့ ပရိုလက်တင် စတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတော့တယ်။

ဒီဟော်မုန်းတွေဟာ တကယ်တမ်း ကိုယ်ဝန်ဆောင်နေတဲ့အခါ ပြတတ်တဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေပါ။ အချို့သော လေ့လာသူတွေကတော့ အလွန်အမင်းဆင်းရဲခြင်း၊ ပညာမဲ့ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း သို့မဟုတ် အိမ်တွင်းရေးအဆင်မပြေဖြစ်ရခြင်းတွေဟာ False pregnancy ဖြစ်ရခြင်းရဲ့ အဓိကရင်းမြစ်တွေလို့လည်း ယူဆကြပါတယ်။

False pregnancy ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Pseudocyesis တွေဟာ ကလေးမရှိတာတစ်ခုကလွဲလို့ ကိုယ်ဝန်ဆောင်နေရတဲ့ လက္ခဏာတွေအားလုံးကို ပြသတတ်ပါတယ်။ ဒီရောဂါဖြစ်စဉ်တွေအားလုံးမှာ အမျိုးသမီးတွေဟာ သူတို့တကယ်ကိုယ်ဝန်ဆောင်နေကြတာလို့ လုံးဝကိုယုံကြည်နေကြတာပါ။

ရုပ်ပိုင်းဆိုင်ရာအရဆိုရင် အဖြစ်အများဆုံး လက္ခဏာကတော့ ဝမ်းဗိုက်ရောင်ရမ်းခြင်းပါ။ (ကလေးရှိနေတဲ့ပုံစံမျိုးနဲ့ အတော်ကိုတူပါတယ်။) ဒါကိုဖြစ်စေတာကတော့..

  • လေ
  • အဆီ
  • ဆီးတွေစုစည်းခြင်းကြောင့် ဖြစ်ရတာပါ။

ဒုတိယမြောက် လက္ခဏာကတော့ ရာသီမမှန်တာပါ။ အချို့သောအမျိုးသမီးတွေဟာ ကလေးလှုပ်ရှားနေတယ်လို့တောင် ခံစားရတယ်လို့ ပြောကြပါတယ်။ တကယ်တမ်းတော့ ဗိုက်ထဲမှာ ဘာကလေးမှ မရှိပါဘူ။

အခြားသော လက္ခဏာတွေကတော့ တကယ်တမ်းကိုယ်ဝန်ဆောင်ထားသူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ။

  • Morning sickness နဲ့ အော့အန်ခြင်း
  • ရင်သားနာကျင်ခြင်း
  • ရင်သားပြောင်းလဲခြင်း (အရွယ်အစားနဲ့ အရောင်တွေပြောင်းလဲခြင်း)
  • နို့ရည်
  • ဝလာခြင်း
  • ချက်စူခြင်း
  • အစားများခြင်း
  • သားအိမ်ကြီးလာခြင်း
  • သားအိမ်ခေါင်း ပျော့ပြောင်းလာခြင်း

ဒီလက္ခဏာတွေဟာ တကယ်တမ်းကိုယ်ဝန်ဆောင်ထားရတဲ့အမျိုးသမီးတွေနဲ့ အလွန်ကို ဆင်တူနေတာကြောင့် ဆရာဝန်တွေတောင်မှ တစ်ခါတစ်ရံမှာ လှည့်စားခံရတတ်ပါတယ်။

False pregnancy ဖြစ်နေကြောင်း စမ်းသပ်ချက်များ

ကိုယ်ဝန်က တကယ်လား အတုအယောင်လားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဆရာဝန်တွေဟာ သားအိမ်စစ်ဆေးခြင်းနဲ့ Ultrasound စစ်ဆေးမှုတွေကို သုံးပြီး လက္ခဏာတွေကို သေချာဆုံးဖြတ်ပါတယ်။

တစ်ခါတစ်လေမှာ တကယ့်ကိုယ်ဝန်အစစ်နဲ့ ဆင်တူတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတောင် ဆရာဝန်တွေက ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။ ဒါကြောင့်လည်း Ultrasound စစ်ဆေးမှုက မရှိမဖြစ်လိုတာပါ။ တကယ်လို့ ကိုယ်ဝန်တကယ်ရှိနေတာမဟုတ်ဘူးဆိုရင် Ultrasound ထဲမှာ ကလေးကိုမြင်နိုင်မှာမဟုတ်ပါဘူး။

ဒီအခြေအနေအတွက် ကုသမှုတွေရှိသလား။

တကယ်လို့ ကိုယ်ဝန်က လုံးဝမရှိဘူးဆိုရင် ဒါဟာစိတ်ပိုင်းဆိုင်ရာပြဿနာက အရင်းခံတာကြောင့်မို့ ဆေးဝါးတွေပေးခြင်းကတော့ ထိရောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်က ပုံမှန်မဟုတ်တဲ့ရာသီလာခြင်းတွေဖြစ်နေမယ်ဆိုရင်တော့ ဆေးဝါးတွေကို ညွှန်ကြားပေးနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Wathun Myat Chal မှ ရေးသားသည်။ · 05/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။