မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး
ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင် အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။

သွေးတိုးဆိုတာ
သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။
မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး
Chronic hypertension with superimposed preeclampsia – ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ပိုဆိုးလာတဲ့အခြေအနေ
ကိုယ်ဝန်ဆောင်သွေးတိုး – ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာမှသွေးပေါင်ချိန်မြင့်တက်လာတဲ့ အခြေအနေမျိုးဖြစ်ပြီး အရင်ကသွေးတိုးလက္ခဏာတစ်စုံတရာ ခံစားရဖူးခြင်းမရှိတဲ့ အခြေအနေ
ကိုယ်ဝန်သွေးဆိပ်တက်ခြင်း – ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ခံစားရတဲ့ အခြေအနေတစ်ခုပါ။သွေးတိုးတာရဲ့နောက်ဆက်တွဲအနေနဲ့ခံစားရတာပါ။သွေးထဲမှာ ပရိုတင်းများနေတာ။ခြေလက်တွေဖောရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်မိစေနိုင်ပြီး မိခင်ရော ကလေးကို ပါထိခိုက်စေနိုင်တဲ့အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားပါသေးတယ်။
ကိုယ်ဝန်ဆောင်သွေးတိုး ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ
အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်သွေးတိုးမခံစားရနိုင်ပေမယ့် ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ပါတယ်။ အခုပြောပြမယ့်မေမေတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုး ခံစားရနိုင်ခြေပိုများသူတွေပေါ့။
- အသက် ၂၀အောက်မေမေတွေ
- အသက် ၄၀ အထက်မေမေတွေ
- သွေးတိုးရောဂါအခံရှိတဲ့မေမေတွေ
- ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့မေမေတွေ
- ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့မေမေတွေ
- အဝလွန်ေနတဲ့မေမေတွေ
- ကိုယ်ခံအားြပဿနာရှိတဲ့မေမေတွေ
- ကျောက်ကပ်ရောဂါရှိတဲ့မေမေတွေ
- အမြွှာကိုယ်ဝန်ေဆာင်ထားရတဲ့မေမေတွေ
- ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့မေမေတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများကြပါတယ်။
ကိုယ်ဝန်ဆောင်သွေးတိုးကြောင့် ဘာတွေဖြစ်နိုင်လဲ
ဘယ်လိုကာကွယ်မလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးရော၊မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။
ဆားလျှော့စားပါ
ငှက်ပျောသီးစားပေးပါ
စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှုကလည်းသွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီးသွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။
ကဖင်းရှောင်ပါ
သရေစာတွေရှောင်ပါ
အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကိုလျော့ကျစေနိုင်မှာပါ။