ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သားသားမီးမီးတို့ကို ကိုယ်အမူအရာ နှုတ်အမူအရာ ကောင်းမွန်စေချင်တဲ့ ဆန္ဒလေးက မိဘတိုင်းမှာ ရှိကြမှာပါ။ အထူးသဖြင့် မေမေတွေမှာပေါ့။ ဒီကဏ္ဍလေးမှာ သားသားမီးမီးတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘယ်ကျော် လေးတို့အကြောင်း

သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေ ရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင်အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေ ရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။ စဉ်းစားကြည့်ရင် ဘယ်သန်ကို ညာဘက်လက်နဲ့ သုံးခိုင်းတာဟာ၊ ညာသန်ကို ဘယ်လက်နဲ့ စာရေးခိုင်းသလိုပဲ အတော့်ကို ဒုက္ခများပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးလုပ်တာကို အားမပေးတော့ပါဘူး။ ဘယ်သန်ခြင်း၊ ညာသန်ခြင်းဆိုတာ ဘာနဲ့ဆိုင်လဲ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် ဘယ်ကျော် ဖြစ်ရတာလဲ။ လူ၁၀ယောက်မှာ ဘာကြောင့် ရှားရှားပါးပါး သူ့၁ယောက်မှာ ဘယ်သန်ဖြစ်ရတာလည်း ဆိုတာကိုတော့ ပညာရှင်တွေက […]

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အိပ်ဟောက်တတ်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်

အိပ်ဟောက်ခြင်းဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။ အမျိုးသားတွေနဲ့ အဝလွန်တဲ့သူတွေမှာ တွေ့ရတာများပေမယ့်လည်းပေါ့လေ။ သာမန်အားဖြင့်တော့ ဟောက်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုမဟုတ်ဘဲ သင်နဲ့အတူအိပ်စက်သူကိုသာ အများဆုံးအနှောက်အယှက်ပေးနိုင်တာပါ။ ဒါပေမဲ့ သင်က ဟောက်တာကို အကျင့်ဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် သင့်အနားမှာရှိသူတွေရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်တဲ့အပြင် သင့်ကိုလည်း အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ဟောက်ခြင်းဟာ အရွယ်ရလာလေ ပိုဆိုးလေပါပဲ။ ညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အိပ်ဟောက်တတ်သူတွေအဖို့ တစ်ခါတလေမှာ ဆေးဝါးအကူအညီတွေ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အိပ်ဟောက်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ အကျယ်ကြီးအိပ်ဟောက်တတ်တဲ့ မူကြိုအရွယ်ကလေးတွေမှာ အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုခဲ့ရင် တက်ကြွလွန်နေတာမျိုး၊ အာရုံစိုက်နိုင်စွမ်းပြဿနာတွေနဲ့ စိတ်ဓါတ်ကျခြင်းတွေပါ။ ကလေးအထူးကုတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာဆိုရင် အသက် ၂နှစ်မှ ၃နှစ်ကြား ကလေးငယ် ၂၄၉ယောက်ထဲက ၉%ဟာ တစ်ပတ်မှာ ၂ကြိမ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး အကျယ်ကြီး ဟောက်တတ်ကြပါတယ်။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင်ဖြစ်သော Reactive Attachment Disorder

ကလေးများကို စောင့်ရှောက်သူများက ကျွေးမွေးပြုစု ထိန်းကျောင်းသောအခါ သံယောဇဉ် ဖြစ်လာသည်။ ထိုသံ ယောဇဉ်ကြောင့်ပင် ကလေးများသည် အခြားလူများကို ဘယ်လိုယုံကြည်ရန်၊ ချစ်ခင်ရန် သိနားလည်လာသည်။ သို့သော်လည်း အချို့အခြေအနေများတွင် အရွယ်ရောက်ပြီး သူများ သည် ကလေးများအား လုံလောက်စွာ ဂရုမစိုက်ဘဲ သူတို့နှင့် ကလေးများကြားတွင် ဆက်ဆံရေး ပြဿနာများ ရှိလာမည်။ ထိုသို့ထပ်ခါထပ်ခါ ဖြစ်ပါက reactive attachment disorder (RAD) ဖြစ်လာနိုင်သည်။ ၎င်းသည် ကလေးများ၏ အနာဂတ်ဘဝတွင် အဟန့်အတား ဖြစ်လာ လိမ့်မည်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Reactive attachment disorder (RAD) ဆိုသည်မှာ ကလေးများသည် သူတို့မိဘများ သို့မဟုတ် စောင့်ရှောက်သူ များနှင့် အချိန်ကြာပြီး အဆင်ပြေသော ဆက်ဆံမှုမရှိခြင်း ဖြစ်သည်။ ရှုပ်ထွေးပြီး ပြင်းထန်သော်လည်း အဖြစ်နည်းသော […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးကြီးထွားမှုနှေးခြင်း

ကလေးကြီးထွားမှုနှေးခြင်း ဆိုတာဘာလဲ။ ကလေးကြီးထွားမှုနှေးခြင်းဆိုသည်မှာ ကလေးသည် သက်တူတန်းဖော် (အသက်တူ၊ လူမျိုးတူ၊ လိင်တူ) များ၏ ပျမ်းမျှအရပ်ကို မရောက်နိုင်ခြင်း ဖြစ်သည်။ ဤအခြေအနေ သည် ကျန်းမာရေး မကောင်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်နိုင်သည်။ ကြီးထွားမှုနှေးခြင်းသည် ကလေးများအပေါ် ဘယ်လိုသက် ရောက်နိုင်သလဲ။ ကလေး၏ ပထမ အသက်၅နှစ်တွင် အရပ်အလွန်ပုခြင်း သည် သေဆုံးနိုင်သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ပထမ ရက် ၁၀၀၀ တွင် အာဟာရ ချို့တဲ့ခြင်းသည် ကလေး၏ ပညာရေးကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ ညဏ် ရည်မကောင်းခြင်း၊ အလုပ်ရနိုင်ချေ နည်းခြင်း၊ ဝင်ငွေနည်းခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။ ရှာဖွေ တွေ့ရှိချက်များအရ ကြီးထွားမှုနှေးသော အမေများ၏ ကလေးများသည် အသက် ငယ်ရွယ်စဉ် သေဆုံးကြသည်။ ဘာအရာတွေက ကလေး၏ ကြီးထွားမှုကို […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေးသည် အလွန်ရွှင်ပျ ဖျတ်လတ်နေသလား

သင့်ကလေးသည် စွမ်းအင်ပြည့်ဝနေပုံ ပေါ်သည်။ တစ်နေ့လုံး ဆော့ကစားနေပြီး ရပ်ရန်ပြောသောအခါ အိမ် တွင် ငိုပြီး ဂျီကျနေသည်။ ကလေးများ အားလုံးသည် လှုပ်ရှား တက်ကြွသည်ဟု ထင်သောကြောင့် သင်သည် ၎င်းကို ပုံမှန်ဟု မြင်သည်။ သို့သော်လည်း အလွန်အမင်း ရွှင်ပျဖျတ်လတ်နေသော ကလေးသည် အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ ဖြစ်နေနိုင်သည်ကို သင်တွေးဖူးပါသလား။ အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ (AHDH) ဆိုတာဘာလဲ။ ၎င်းသည် ကလေးများနှင့် ဆယ်ကျော်သက်များ တွင် အဖြစ်များသော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ မကြာသေးမီက လေ့လာမှုတစ်ခုအရ AHDH သည် အသက် ၇နှစ်အရွယ် ကလေးများတွင် ဖြစ်လေ့ရှိပြီး မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုဖြစ် သည်။ အောက်ပါ အချက်သုံးချက်ရှိပါက သင့်ကလေး တွင် […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သောကလေးများကို ပြုစုစောင့်ရှောက်ခြင်း

ကလေးများဟာ နတ်သား နတ်သမီးလေးများ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနတ်သား နတ်သမီး လေးတွေဟာ အမြဲတမ်း ပြီးပြည့်စုံ နေတာတော့ မဟုတ်ပါဘူး။ တခါတရံ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြုံရပါတယ်။ ဒီဆောင်းပါးမှာ ဒီကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ဘာတွေကြုံနိုင်လဲဆိုတာ ဆွေးနွေးထားပါတယ်။ စိတ်ဖိစီးမှု စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိနေတဲ့ ကလေးတယောက်ကို ကိုင်တွယ်ရာမှာ အင်အားတွေ၊ ပြောင်းလွယ်ပြင်လွယ်မှုတွေ အများကြီးလိုပါတယ်။ ပုံမှန်ကလေးအတွက် လိုအပ်ချက်တွေသာမက အပိုဆောင်း ဂရုစိုက်ပေးရခြင်းတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်တဲ့ ကိစ္စတွေမှာ တာဝန်ယူရခြင်းဟာ ကြီးမားတဲ့ ဖိစီးမှုပါပဲ။ ဒီလိုအခြေအနေဟာ သင့်ကို ဖိစီးလွန်းလို့ အသက်ရှူ မဝနိုင်အောင် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ အားပေးကူညီမှု၊ စာနာမှုတွေဟာ အရေးကြီး လှပါတယ်။ စိတ်ပိုင်းဆိုင်ရာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ကဘာလဲ။ ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ သည် သန်းနှင့် ချီသော ကလေးငယ်များတွင် ဖြစ်သော နာတာရှည်ရောဂါဖြစ်ပြီး အသက်ကြီးသွားသည်အထိ နာတာရှည်သော ရောဂါဖြစ်ပါသည်။ ကလေးငယ်များသည် အကြောင်းအရာတစ်ခုကို အာရုံစိုက်ရန် ခက်ခဲခြင်း၊ တက်ကြွလွန်းခြင်း၊ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း စသည်တို့ ခံစားရပါသည်။ ထိုကလေးများသည် မိမိဘဝတန်ဖိုးများလျော့နည်းလာခြင်း၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းနှင့် ကျောင်းတွင် စာမလိုက်နိုင်ခြင်းများဖြစ်ပါသည်။ Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ထိုရောဂါကို နိုင်ငံအတော်များများရှိကလေးများတွင် တွေ့ရပြီး ဖွံ့ဖြိုးပြီးနိုင်ငံများရှိကလေးငယ်များတွင် အယောက် ၂၀ တွင် ၁၀ ယောက်ဖြစ်နေကြောင်း တွေ့ရပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။   လက္ခဏာများChildhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးက စကားနားမထောင်တဲ့အခါ ထိန်းသိမ်းဆုံးမနိုင်မယ့် နည်းလမ်း ၈ ခု

ကလေးဆိုတာ ဆိုးနွဲ့ချင်တဲ့အရွယ်၊ အလိုမကျရင် ငိုယိုဂျီကျတတ်တဲ့အရွယ်လေးတွေဖြစ်လို့ စကားမတတ်ခင်ကတည်းက အမူအရာနဲ့ စိတ်ကောက်ကြ၊ ငိုယိုဆန္ဒပြတတ်ကြပါတယ်။ မွေးကင်းစအရွယ်မှာ ချစ်စရာအမူအရာလေးတွေဖြစ်ခဲ့တဲ့ အပြုအမူတွေဟာ သိတတ်နားလည်လာတဲ့တစ်နှစ်၊နှစ်နှစ်ကျော်တဲ့အရွယ်မှာတော့ စည်းကမ်းတကျ ထိန်းသိမ်းသွန်သင်သင့်လာပါပြီ။ ကလေးရဲ့ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားလာတာအပြင် ဉာဏ်ရည်နဲ့ အသိပညာ၊ ယဉ်ကျေးလိမ္မာမှုတွေပါ ဖွံ့ဖြိုးလာဖို့ကိုပါ ဂရုစိုက်ပေးရမှာဖေဖေမေမေတို့ရဲ့တာဝန်ပါ။ ပွဲအခမ်းအနားတွေသွားတာမျိုး လူကြားထဲ သွားလာတဲ့အခါပြောမရတားမရဖြစ်ခဲ့ရင် အခက်ကြုံရမှာဆိုတာထက် ကလေးရဲ့အမူအကျင့်လေး မှန်ကန်မှ၊ မိဘကိုယုံကြည်မှုရှိမှ သူ့ရဲ့အနာဂတ်အတွက် ကိုယ်က လမ်းပြလို့ရမှာပေါ့။ မဟုတ်ရင် တဆိတ်ရှိခြေဆောင့်ငိုယိုတောင်းဆိုလိုက်ရင် ရမှာပဲ လို့ ကလေးရဲ့မှတ်ဉာဏ်မှာ အတွေးမဝင်စေချင်ပါ။ စကားနားမထောင်တဲ့ ကလေးတစ်ယောက်ကို ထိန်းသိမ်းဖို့ဆိုတာ အစတည်းကတတ်ကြတဲ့အရာတော့ မဟုတ်ပါဘူး။ သားသမီးရှိလာတဲ့အခါမှ အတွေ့အကြုံကသင်ပေးသွားတာပါ။ ဒါပေမယ့် ကလေးကိုထိန်းတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကိုစည်းရုံးပြီးသွန်သင်ထိန်းသိမ်းပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း

ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းသည် ကျန်းမာစွာရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အောက် နိမ့်နေပြီး စိတ်ခံစားမှုဆိုင်းရာ မဖွံဖြိုးသည့် လက္ခဏာများ မြင်ရခြင်းကို ဆိုလိုသည်။ ကလေးတွင် စံသတ်မှတ်ထားသည့် ကြီးထွားပုံသည် အသက်၊ လိင်နှင့် လူမျိုးအပေါ် မူတည်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း၏ အဓိကအကြောင်းရင်းသည် အာဟာရမလုံလောက်ခြင်းပင် ဖြစ်သည်။   ကလေး ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ မိသားစုသည် ကလေး၏လိုအပ်ချက်များကို လုံလောက်စွာ မထောက်ပံခြင်း သို့မဟုတ် နားလည်မှုလွဲခြင်း ဖြစ်နေလျှင် ကလေးအတွက်လိုအပ်သည် အာဟာရကို လုံလုံလောက်လောက်ရမည်မဟုတ်ပါ။ ထို့ကြောင့် ကလေးတွင်လည်း တသတ်မတ်တည်း ကြီးထွားဖွံ့ဖြိုးမှု မရှိတော့ပဲ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဖြစ်သွားပါသည်။ ကလေးတိုင်း၌ လက္ခဏာများ မတူနိုင်ပါ။ တစ်ချို့ကလေးများတွင် ပါတ်ဝန်းကျင်အား စိတ်မဝင်စားခြင်းနှင့် တခြားသူများနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ခြင်းတို့ တွေ့ရမည်။ တခြားကလေးများကို မတက်ကြွပဲ ပြုံးခြင်းရယ်ခြင်းမရှိသလို ခံစားချက်မဲ့နေနိုင်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျသောကလေးများတွင် မောပန်းလွယ်ပြီး ဇီဇာလဲကြောင်သည်။ ထို့အပြင် ကြီးထွားဖွံဖြိုးမှုမှတ်တိုင်များဖြစ်သည့် […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ

ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။ လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။   အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။ Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ရုပ်မြင်သံကြားကို ပိုကြည့်သော ကလေးများသည် လူမှုဆက်ဆံရေးမကောင်းသည့် အခြေအနေမျိုးပိုဖြစ်နိုင်သည်

ရုပ်မြင်သံကြားသည် ကလေးများကို ဖျော်ဖြေရေနှင့်ပညာရေး အတွက် အရင်းအမြစ်များစွာ ပေးနိုင်သည်။ သို့သော် ရုပ်မြင်သံကြားကို ကြာမြင့်စွာ ကြည့်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ထို့အပြင် လေ့လာမှုတစ်ခုတွင် ရုပ်မြင်သံကြားကြည့်ခြင်းသည် ကလေးများကိုလူမှုဆက်ဆံရေးတွင်ပြသနာဖြစ်စေနိုင်သည် ဟု အံ့သြဖွယ်ရာဖော်ပြထားသည်။ Sociopath သည်မည်သည်ကို ဆိုလိုပါသလဲ။ Sociopath သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေပဲ ကိုယ်ချင်းစာစိတ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဖြစ်သည်။ ထိုသို့သောလူများတွင် အမှန်အမှားကို ခွဲခြားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုသူများသည် အကြမ်းဖက်မှုများပြုလုပ်နိုင်ပြီး၊ လူများကို သူတို့ အလိုဆန္ဒအတွက် အသုံးချစရာပစ္စည်းများအဖြစ်သတ်မှတ်တတ်ကြသည်။ ထိုသူများသည် လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိသော သူများအဖြစ် သတ်မှတ်ထားကြသည်။ သင့်ကလေးသည် sociopath ဖြစ်နေနိုင်သည့် လက္ခဏာများ - ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်း - တိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်ခြင်း - အမှားပြုလုပ်သည့်အတွက် နောင်တမရတတ်ခြင်း - သူတစ်ပါးအား ခြိမ်းခြောက်ရန်၊ အပြစ်ပေးရန် မကြောက်ရွံ့ခြင်း မိဘများသည် မိမိ ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်စုံတစ်ရာဖြစ်လာလျင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း