ဒါတွေက အရိုးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား

အငန်စားတာများလေ အရိုးပါးအရိုးပွလေပါပဲနော်။ Asia Pacific Journal of Clinical Nutritionမှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနအရ အငန်များတာတွေစားတဲ့သူတွေဟာ အရိုးပွရောဂါပိုအဖြစ်များတယ်လို့ သိရပါတယ်။ ပေါင်မုန့်၊ ချိစ်၊ အာလူးကြော်တို့မှာ အရသာမငန်လည်း အငန်ပါဝင်မှုများပါတယ်။
(၂) ရုပ်ရှင်အကြာကြီးကြည့်တာ
ကိုယ်လက်လှုပ်ရှားမှုက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထမ်းပိုးပြီးအရိုးနဲ့ကြွက်သားတွေက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး လှုပ်ရှားတာ အရိုးအတွက်ကောင်းပါတယ်။
(၄) အခန်းအောင်းနေတာ
အပြင်မထွက်ဘဲ အခန်းအောင်း၊ အိမ်တွင်းပုန်းလုပ်တာက ဗီတာမင်ဒီ လည်းမရနိုင်ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ ခဏထွက်ပေးရင်ပဲ နေရောင်ခြည်ထိတွေ့မှုရနိုင်ပါတယ်။ နေရောင်ခြည်ကို အလွန်အကျွံလည်းမခံယူသင့်ပါဘူး။ ဘာလို့ဆို အရေပြားအတွက် ခရမ်းလွန်ရောင်ခြည်ကိုလည်း ကြောက်ရသေးတယ်မဟုတ်လား။
မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် အလုပ်ကိစ္စဆုံကြပြီဆို တစ်ခွက်လောက်တော့သောက်လိုက်ကြတာပဲ။ သိပ်မများတော့လည်း ကျန်းမာရေးကိုမထိလောက်ဘူးထ င်မှာပေါ့။ ဒါပေမယ့်အရိုးကျန်းမာချင်ရင်တော့လျှော့သောက်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို အယ်လ်ကိုဟောက အနှောင့်အယှက်ပေးနိုင်ပါတယ်။
(၆) အချိုရည်အသောက်များတာ
တခြားသောက်စရာတွေမှာပါတဲ့ ကဖင်းနဲ့ ဖော့စဖရပ်စ်တွေက အရိုးဆုံးရှုံးမှုနဲ့ဆက်နွှယ်နေပါတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ကော်ဖီ၊လက်ဖက်ရည်အသောက်များလွန်းရင်လည်း အရိုးအတွက်ကယ်လ်စီယမ်ကို မရလိုက်နိုင်အောင် အနှောင့်အယှက်ပေးပါတယ်။
(၈) သောက်သုံးနေရတဲ့ ဆေးဝါး
ကိုယ့်ကျန်းမာရေးကြောင့် ဆရာဝန်ဆေးညွှန်းနဲ့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် အရိုးကို ဆိုးကျိုးထိစေနိုင်ပါတယ်။prednisone နဲ့ cortisone တို့လိုဆေးဝါးတွေက အရိုးဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။ လေးဖက်နာ၊ ပန်းနာရင်ကျပ်တို့လိုရောဂါရှိရင် အရောင်ကျဆေးတွေသောက်ရနိုင်ပါတယ်။