အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။ ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်မှုက အဆစ်တွေပျက်စီးသွားစေတဲ့အခြေအနေကိုခေါ်ပါတယ်။ အာရုံကြောကြောင့်အရိုးအဆစ်ပျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်။ ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း၊ ပျက်စီးခြင်းက ဆီးချိုသွေးချိုရှိသူတွေမှာ ဖြစ်လေ့ရှိတာပဲဖြစ်တယ်။ အဲ့ကနေ Charcot joint ဆိုတဲ့ အဆစ်ထိခိုက်ခြင်းကိုဖြစ်သွားစေတတ်ပါတယ်။ အာရုံကြောတွေ လုပ်ဆောင်ချက်အားနည်း၊ ယိုယွင်းလာတဲ့အခါ ထုံကျဉ်လာတယ် ထိုအခါ မသိလိုက်ဘဲ ခြေထောက်လိမ်ခြင်း၊ အရွတ်များဒဏ်ဖြစ်သွားခြင်းတွေဖြစ်တတ်တယ်။ ထိုအခါမှာ အဆစ်တွေပေါ် ဖိအားဖြစ်လာပြီး အဆစ်များထိခိုက်ပျက်စီးလာရပါတော့တယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေက ခြေထောက်နဲ့ တခြားအဆစ်တွေကို ထာဝရပျက်စီးခြင်းတောင်ဖြစ်စေနိုင်တယ်။ Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အာရုံကြောထိခိုက်နေတဲ့ ဆီးချိုသွေးချိုဝေဒနာရှင် ဝ.၈ မှ ၇.၅ ရာခိုင်နှုန်းထိ ဖြစ်တတ်ပြီး ထိုကဲ့သို့ရောဂါရှိသူတွေရဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Baker's Cyst (ဘေကာအရည်အိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Baker’s Cyst (ဘေကာအရည်အိတ်) ကဘာလဲ။ ဘေကာအရည်အိတ်ဆိုတာ ဒူးခေါင်းနောက်ဖက်မှာ ဖောင်းလာပြီး တင်းမာမှုကို ဖြစ်စေတဲ့ အရည်အိတ်ပဲ ဖြစ်ပါတယ်။ ဒူးအပြည့်အ၀ ကွေးချိန် ဆန့်ချိန်မှာ၊ လှုပ်ရှားချိန်မှာ နာကျင်မှုဟာ ပိုဆိုးတတ်ပါတယ်။ ဘေကာအရည်အိတ်ကို ဒူးခေါက်ခွက်အိတ်လို့လည်း ခေါ်ပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးနုစုတ်ပြဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခြေအနေ၂မျိုးစလုံးဟာ ဒူးဆစ်ကနေ အရည်တွေကို ထုတ်လုပ်စေပြီး ဘေကာအရည်အိတ်ကို ဖြစ်စေပါတယ်။ ဘေကာအရည်အိတ်ဟာ ရောင်ရမ်းပြီး မသက်မသာ ဖြစ်စေပေမယ့် နောက်ခံအကြောင်းအရင်းတွေကို ကုရင် သက်သာသွားနိုင်ပါတယ်။ Baker’s Cyst (ဘေကာအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBaker’s Cyst (ဘေကာအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ တခါတရံမှာ နာကျင်မှုကို ခံစားရပေမယ့် သတိမထားမိဘဲလည်း ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဒူးဆစ်နောက်ပိုင်း တခါတရံ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။ အရှေ့ဘက်ကြက်ခြေခတ်အရွတ်ဟာ ဒူးခေါင်းအလယ်မှာ တည်ရှိတဲ့အရွတ် ဖြစ်ပါတယ်။ အဲဒီအရွတ်ဟာ ညို့သကျည်းအရိုးကို ပေါင်ရိုးရှေ့ကို ချော်ထွက်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်းဟာ အလွန်အကျွံဆန့်ထုတ်ခြင်း အရွတ်စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုးရွားမှုနဲ့ လှုပ်ရှားနိုင်မှုပေါ် မူတည်ပြီး စုတ်ပြဲခြင်းဟာ တစိတ်တပိုင်း ဒါမှမဟုတ် တခုလုံးဖြစ်နိုင်ပါတယ်။ ဒဏ်ရာဟာ သာမန်အသေးအဖွဲ စုတ်ပြဲခြင်းကနေ တခုလုံး စုတ်ပြဲသွားခြင်း အရိုးကျိုးပဲ့ထွက်သွားခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။ ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘောလုံး၊ ဘက်စကတ်ဘော စတဲ့ အင်အား မြင့်မားစွာသုံးရတဲ့ အားကစားတွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။     လက္ခဏာများACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။ ဒဏ်ရာရချိန်တွင် ဖျိုးဖျိုးဖျစ်ဖျစ် အသံကြားရခြင်း ဆိုးဆိုးရွားရွား […]


အရိုးကျိုးခြင်း

Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ကဘာလဲ။ အရိုးကြေတယ် အက်တယ်ဆိုတာ အရိုးရဲ့မျက်နှာပြင်မှာ ဒဏ်ရာအသေးစားတစ်ခုရတာကြောင့်ဖြစ်ပါတယ်။ သွေးနဲ့ အခြားအရည်တွေ စုမိတဲ့အခါ အရောင်ပြောင်းတတ်ပါတယ်။ ကျိုးတာကတော့ အရိုးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ထိခိုက်မှုဖြစ်နိုင်ပါတယ်။   အရိုးထိခိုက်မှုဟာ အရိုးတိုင်းဖြစ်နိုင်ပေမယ့် အရေပြားနဲ့နီးတဲ့ အရိုးတွေမှာ ဖြစ်တာပိုများပါတယ်။ Bone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတတ်ပြီး လူတိုင်းတစ်ခါတော့ တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အရိုးတွေကတော့ ဒူးဆစ်နဲ့ ခြေဖနှောင့်တို့ဖြစ်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများBone bruise (အရိုးတွင် ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးအက်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ? အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့ – တောင့်တင်းခြင်း – အဆစ်နေရာမှာဖောင်းကြွနေခြင်း – နာကျင်မှုက ပုံ မှန်ထက်ပိုပြီး ကြာနေခြင်း – လှုပ်ရှားရခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။   ဒူးဆစ်မှာဖြစ်တဲ့ ဒဏ်ရာတွေက အရည်တွေစုလာစေတတ်ပြီး နာကျင်စေတတ်ပါတယ်။ ဖြစ်လာတဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ) ကဘာလဲ။ အာခိလိကြွက်သားအကြောဟာ ခြေသလုံးကြွက်သားနဲ့ ဖနောင့်အရိုးတို့ကို ဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ခြေချောင်းလေးများပေါ် အားယူထနိုင်ပြီး လမ်းလျှောက်ရာမှာ ပြေးရာမှာ စတင်တွန်းကန် ပေးပါတယ်။ အဓိကပြသနာ ၂ခုကတော့ အာခိလိကြွက်သားအကြောရောဂါဖြစ်ခြင်း။ အကြောအတွင်းနဲ့ အကြောပတ်လည် အသားထဲမှာ အသေးစား စုတ်ပြဲမှုလေးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစုတ်ပြဲခြင်းဟာ အလွန်အကျွံ အသုံးပြုလို့ ဖြစ်ခြင်း ဖြစ်ပါတယ်။ အာခိလိကြွက်သားအကြောရောင်ခြင်း လို့လည်း တခါတရံ ခေါ်တတ်ပါတယ်။ အာခိလိကြွက်သားအကြော စုတ်ပြဲခြင်း၊ ပြတ်တောက်ခြင်း။ တစိတ်တပိုင်းဖြစ်စေ၊ တခုလုံးဖြစ်စေ စုတ်ပြဲတတ်ပါတယ်။ တစိတ်တပိုင်း စုတ်ပြဲခြင်းဟာ တခါတရံ မသိသာပါဘူး။ အကြောတချောင်းလုံး စုတ်ပြဲရင်တော့ နာကျင်တဲ့အပြင် အားမပြုနိုင်တာ၊ လှုပ်ရှားလို့ မရတော့တာ ဖြစ်တတ်ပါတယ်။ အာခိလိကြွက်သားအကြောပြသနာများဟာ ရုတ်တရက် ဖြစ်တတ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် သူတို့ဟာ […]


အဆစ်ရောင်ရောဂါများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကဘာလဲ။ ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။ အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။ ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။ Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများKnee Osteoarthritis […]


အရိုးကျိုးခြင်း

Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကဘာလဲ။ ကျောရိုးမကြီးတလျှောက်မှ အရိုးတစ်ခုကျိုးခြင်းဖြစ်တယ်။ ကျောရိုးမကြီးဟာ ကျောရိုးဆစ်တွေတစ်ခုနဲ့တစ်ခုဆင့်ပြီး တည်ဆောင်ထားတာဖြစ်ပြီး တခြားအရိုးတွေလိုပဲ ကျိုးတတ်ပါတယ်။ ဒါပေမယ့် ထိုအရိုးများကျိုးပါက အာရုံကြောမကြီးကို ထိခိုက်နိုင်တာကြောင့် တခြားအရိုးတွေကျိုးတာထက် ပိုပြင်းထန်နိုင်ပါတယ်။ Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေရှိသောအချက်များကို ရှောင်ခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSpinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေက ထိခိုက်မှုတည်နေရာ၊ ဘယ်လောက်ပြင်းလဲပေါ်မှာမူတည်ပါတယ်။ လည်ပင်းနာခြင်း၊ ခါးနာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများအကြောဆွဲခြင်း၊ တောင့်ခြင်း၊ အားနည်းခြင်း၊ ဆီးဝမ်းသွားမှုပြောင်းလဲခြင်း၊ လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ခြေလက်များ လှုပ်၇ှားမရဘဲ လေဖြတ်သွားခြင်းဟာ အာရုံကြောမကြီးထိခိုက်မှုကို ဖော်ပြနေခြင်းဖြစ်နိုင်တယ်။ ကျောရိုးကျိုးမှုအားလုံးကတော့ အာရုံကြောမကြီးမထိခိုက်စေပါဘူး။ ဖော်ပြထားသောလက္ခဏာတွေအပြင်ရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်ဖော်ပြထားသောလက္ခဏာတွေခံစားရရင် သို့မဟုတ် သိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Stiff Neck (ဇက်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stiff Neck (ဇက်နာခြင်း) ကဘာလဲ။ ဇက်နာခြင်းဟာ လူတိုင်းဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ တွေ့ကြုံဖူးတဲ့ အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ အားကစားလုပ်စဉ်၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စဉ်၊ အလုပ်လုပ်စဉ် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လည်ပင်းကြွက်သားထိခိုက်နာကျင်ခြင်းဖြစ်တယ်။ တချို့သောကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဇက်နာနိုင်ပြီး ရောဂါကြီးတစ်ခုရဲ့လက္ခဏာအနေနဲ့ ဇက်နာတာမျိုးတော့ရှားပါတယ်။ Stiff Neck (ဇက်နာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်သောအခြေအနေတွေကို ရှောင်ရှားခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများStiff Neck (ဇက်နာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဇက်နာခြင်း – ကားမောင်းခြင်း၊ ကွန်ပျူတာဖြင့်အလုပ်လုပ်ခြင်းကဲ့သို့ ခေါင်းကိုတစ်နေရာထဲအချိန်ကြာထားပါက ပိုဆိုးတတ်ပါတယ်။ ကြွက်သားများတောင့်တင်းခြင်း ခေါင်းလှုပ်ရှားမှုခက်ခဲသွားခြင်း ခေါင်းကိုက်ခြင်း တခြားလက္ခဏာတွေလည်းဖြစ်နိုင်တာကြောင့် အသေးစိတ်အတွက် ဆရာဝန်ကိုမေးမြန်းတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့ နာကျင်မှုပြင်းထန်လာရင် ရက်ဆက်တိုက်မသက်သာဘဲနာကျင်နေလျှင် လက်၊ ခြေထောက်တို့ဆီသို့ ပျံ့သွားလျှင် ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ အားနည်းခြင်း တို့ဖြစ်လာလျှင် ဆရာဝန်ပြသင့်ပါတယ်။ အကြောင်းရင်းများStiff Neck (ဇက်နာခြင်း) ကိုဘာတွေကဖြစ်စေသလဲ ကြွက်သားများအားစိုက်ရခြင်း – ကွန်ပျူတာ၊ ဖုန်း စသည်တို့ကိုအချိန်ကြာငုံ့ကြည့်၊ ကုန်းကြည့်ခြင်း။ […]


အခြား အရိုးရောဂါများ

Rickets (အရိုးပျော့သူငယ်နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rickets (အရိုးပျော့သူငယ်နာ ) ကဘာလဲ။ အရိုးပျော့သူငယ်နာမှာ ကလေးများတွင် ဗီတာမင်ဒီ၊ ကယ်လ်စီယမ် သို့မဟုတ် ဖော့စ်စဖိတ်ဓါတ်များ အလွန်အမင်းချို့တဲ့ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် အရိုးများကို ပျော့စေပြီး အားနည်းစေ၏။ Rickets (အရိုးပျော့သူငယ်နာ ) က ဘယ်လောက်အဖြစ်များသလဲ အရိုးပျော့သူငယ်နာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖြစ်များသည်။ အသက် ၆ လနှင့် ၃၆ လကြားကလေးများတွင် အရိုးပျော့သူငယ်နာဖြစ်နိုင်ချေမြင့်မားသည်။ ထိုအရွယ်တွင် ကြီးထွားမှုအရှိန်မြှင့်နေခြင်းကြောင့်ဖြစ်သည်။ နေရောင်နည်းသောဒေသများတွင်နေထိုင်ခြင်း၊ သားသတ်လွတ်စားခြင်း သို့မဟုတ် နွားနို့ထုတ်ကုန်များ မသောက်ခြင်းတို့မှ ဖြစ်ပွားနိုင်ပါသည်။ လက္ခဏာများRickets (အရိုးပျော့သူငယ်နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးပျော့သူငယ်နာ ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ ကြီးထွားမှုနှေးခြင်း ကျောရိုး၊ တင်ပဆုံနှင့် ခြေထောက်များတွင် နာကျင်ခြင်း ကြွက်သားအားနည်းခြင်း အရိုးပျော့သူငယ်နာသည် အရိုးများကို အားနည်းစေခြင်းကြောင့် ကလေး၏ကြီးထွားမှုကို ထိခိုက်နိုင်ပါသည်။ ထိုမှ ပုံစံပျက်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ဥပမာ… ခြေခွင်ခြင်း သို့မဟုတ် ဒူးနှစ်ဖက်အတွင်းသို့ကွေးနေခြင်း လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Scleroderma (စကာလရိုဒါးမား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scleroderma (စကာလရိုဒါးမား) ကဘာလဲ။ စကာလရိုဒါးမားဆိုသည်မှာ ဆက်တွယ်တစ်ရှူးများနှင့် အရေပြားတစ်ရှူးများကို မာကြော တောင့်တင်းသွားစေသော ရောဂါများကိုစုခေါ်သည့် နာမည်တစ်ခုဖြစ်ပါသည်။ စကာလရိုဒါးမားလက္ခဏာများမှာ အရေပြား၌ထင်ရှားသော်လည်း လူများစွာတွင် သွေးကြော၊ ကလီစာများနှင့် အစာချေလမ်းကြောင်းတို့တွင်သာ ထိခိုက်မှုများ၏။ လက္ခဏာများမှာ မတူတတ်ပါ။ ရောဂါဖြစ်နေသော အင်္ဂါပေါ်တွင်မူတည်ကာ ပြောင်းလဲတတ်ပါသည်။   စကာလရိုဒါးမားအဓိကပုံစံနှစ်မျိုးရှိသည်- တစ်နေရာတည်းဖြစ်သော စကာလရိုဒါးမား နှင့် စနစ်အလိုက်ထိသော စကာလရိုဒါးမား တစ်နေရာတည်းဖြစ်သော အမျိုးအစားမှာ ခန္ဓါကိုယ်၏အစိတ်အပိုင်းတစ်ခုကိုသာ ထိသည်။ များသောအားဖြင့် အရေပြားတစ်ရှူး။ အဓိကအင်္ဂါကြီးများကို အန္တရာယ်ပေးလေ့မရှိပါ။ ဖြစ်ရပ်အများစုတွင် သူ့အလိုလိုပျောက်သွားပြီး ပြင်းထန်သောဖြစ်ရပ်များတွင်တော့ အရေပြားပျက်စီးနိုင်ပါသည်။ စနစ်အလိုက်ထိသောအမျိုးအစားမှာ တစ်ကိုယ်လုံးကိုထိခိုက်ခြင်းဖြစ်ပြီး အရေပြား၊ အရေပြားအောက်မှတစ်ရှူးများ၊ သွေးကြောများနှင့် အဓိကအင်္ဂါကြီးများကို ထိခိုက်လေ့ရှိသည်။ Scleroderma (စကာလရိုဒါးမား) က ဘယ်လောက်အဖြစ်များသလဲ စကာလရိုဒါးမားသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ များသောအားဖြင့် အသက် ၃၀ မှ ၅၀ အတွင်းဖြစ်လေ့ရှိသည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း