လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ တစ်ခါတရံမှာတော့ ယောက်ျားလေးတွေရဲ့ လိင်တံဟာ ခရမ်း – နီရောင် ပြောင်းသွားနိုင်ပါတယ်။ များသောအားဖြင့် ဒီလို အရောင်ပြောင်းလဲသွားတာက အန္တရာယ်မရှိပါဘူး။ သွေးစီးဆင်းမှု များလာတဲ့ အခါ၊ လိင်တံတွင်း အကျိတ်တွေ ဖြစ်ပေါ်တဲ့အခါမှာ လိင်တံဟာ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ ဖြစ်စဉ်မျိုးဟာ အမျိုးသားတွေ လိင်စိတ်ထကြွတဲ့ အခါမျိုးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။
သို့ပေမဲ့ ဒီလို အရောင်ပြောင်းတဲ့ အပြင် နာကျင်ခြင်း၊ ယားယံခြင်းတို့ပါ ဖြစ်နေပြီဆိုရင်တော့ ခရမ်းရောင် ပြောင်းသွားခြင်းဟာ ကူးစက်ရောဂါ ခံစားရခြင်း၊ ဒဏ်ရာရခြင်း၊ သွေးလှည့်ပတ်ခြင်းပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား
လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့
လိင်တံ ပန်းရောင် ပြောင်းသွားခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များ။
- အမျိုးသား လိင်တံ ပန်းရောင် ပြောင်းသွားခြင်းနဲ့ ပတ်သတ်ပြီး အဖြစ်အများဆုံးဖြစ်စဉ်ကတော့ ဂလင်းများနဲ့ သွေးကြောများက လိင်စိတ်ပြင်းထန်ခြင်းကို တုံ့ပြန်ခြင်းသာ ဖြစ်ပါတယ်။
- လိင်မှုကိစ္စပုံမှန်ရှိနေတဲ့ လူတွေအနေနဲ့တော့ လိင်တံမှာ ခရမ်းရောင်၊ အနီရောင် အနာများရှိနေခြင်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါကြောင့် ဖြစ်ပါတယ်။
- လိင်တံ ပန်းရောင်ပြောင်းခြင်းကို ကုသလို့ရနိုင်ပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ (STD) တွေ ကူးစက်ခံရလို့ပဲ ဖြစ်ဖြစ်၊ ဒဏ်ရာ ရတာကြောင့်ပဲ ဖြစ်ဖြစ် လိင်တံခရမ်းရောင်ပြောင်းသွားနိုင်ပါတယ်။ လိင်စိတ်ထကြွတဲ့ အချိန်မှာ လိင်တံအရောင်ပြောင်းသွားတာ စိုးရိမ်စရာမဟုတ်ပါဘူး။ လိင်စိတ်ပြင်းပြတဲ့ အချိန်မှာ လိင်တံအတွင်း သွေးအပို စီးဆင်းတဲ့အတွက်ကြောင့် အခုလို အရောင်ပြောင်းတာ ဖြစ်ပါတယ်။ တခြားအချိန်တွေမှာ တော့ လိင်တံတစ်နေရာပဲဖြစ်ဖြစ်၊ တစ်ခုလုံးပဲ ဖြစ်ဖြစ် ခရမ်းရောင်ပြောင်းသွားတယ်ဆိုရင် ဒါက စိုးရိမ်စရာဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက ကူးစက်ရောဂါ ခံစားနေရခြင်း၊ နာကျင်ခြင်းတို့ကြောင့် အရောင်ပြောင်းတာ ဖြစ်နိုင်လို့ပါ။ လိင်စိတ်ပြင်းပြလို့ လိင်တံ ခရမ်းရောင်ပြောင်းသွားတဲ့ ဖြစ်စဉ်ကို ဖယ်ထားလိုက်ရင် လိင်တံကို ခရမ်းရောင်ပြောင်းစေနိုင်တဲ့ တစ်ခြား ဖြစ်စဉ်တွေကတော့
လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါများ (STD)
လိင်အင်္ဂါရေယုန်တွေနဲ့ ဆစ်ဖလစ်လို ရောဂါမျိုးက ခရမ်းရောင် အနာတွေကို ပေါက်စေနိုင်ပါတယ်။ ဒါ့အပြင့် လိင်အင်္ဂါရေယုန်တွေနဲ့ ဆစ်ဖလစ်ရောဂါ ကူးစက်ခံရရင် ခံစားရမယ့် ဝေဒနာတွေကတော့
- ယားယံခြင်း။
- နာကျင်ခြင်း။
- ဖျားနာခြင်း။
- မောပန်းလွယ်ခြင်း။
- လိင်တံများပူလောင်ခြင်း တို့ဖြစ်ပါတယ်။
ဒီလို လိင်မှတစ်ဆင့်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အတွက်ကတော့ အန္တရာယ်ကင်းတဲ့ လိင်မှုကိစ္စကို ကျင့်သုံးဖို့ပါပဲ။ ဒါ့အပြင် ကိုယ့်အဖော်ဖြစ်သူရဲ့ လိင်မှုကျန်းမာရေးကို သိရှိခြင်းကလည်း လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STD ) တွေကို ကာကွယ်ပေးနိုင်ပါတယ်။
ပွန်းပဲ့ဒဏ်ရာများ။
ခန္ဓာကိုယ်တွင်းသွေးကြောများ ပေါက်ပြဲသွားတဲ့ အခါ အရေပြားအောက် သွေးများ ထွက်လာပါတော့တယ်။ ဒီလို သွေးများလာတဲ့အခါ အသားရောင်က ခရမ်းရောင်ပြောင်းလာပါတယ်။ ဒီလို ဖြစ်စဉ်မျိုးဟာ လိင်တံအပြင်တစ်ခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီလို ဒဏ်ရာအသေးစားလေးတွေက ထွေထွေထူးထူး ကုသစရာမလိုပါဘူး။ လိင်တံမှာ ဒီလို ဒဏ်ရာရခြင်းဟာ အောက်ပါ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
- တစ်ကိုယ်ရည်အာသာဖြည်ခြင်း။
- ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း။
- ဘောင်းဘီဇစ်ညှပ်မိခြင်း။
ဒီလို ဒဏ်ရာသေးတွေဟာ နာကျင်ပြီး အထိမခံနိုင်လောက်အောင် ဖြစ်တတ်ပါတယ်။ ပျောက်ကင်းသွားတာနဲ့ အမျှ အရောင်ပြန်လျော့သွားနိုင်ပါတယ်။ တကယ်လို ဒဏ်ရာသေးက သူ့ဘာသာ မပျောက်ကင်းဘဲ ပိုပြီးကြီးလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
Purpura (ပန်းရောင်အမှတ်များဖြစ်ပေါ်ခြင်း)။
Purpura ဆိုတာ သွေးများ အလွန်အကျွံထွက်ခြင်းကြောင့် အရေပြားပေါ်မှာ ပန်းရောင် အကွက်တွေ ထင်ထင်ရှားရှားပေါ်လာခြင်းကို ပြောတာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပန်းရောင် အကွက်တွေဟာ အန္တရာယ်မရှိပေမဲ့ ဒါတစ်ခါတစ်ရံ ဒီလို ပန်းရောင် အကွက်များပေါ်ခြင်းဟာ သွေးခဲခြင်း ဝေဒနာကို ခံစားနေကြောင်းသက်သေပြနေတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ platelet လို့ခေါ်တဲ့ သွေးထွက်တဲ့အခါခဲစေတဲ့ ပန်းကန်ပြားပုံ ကလာပ်စည်း ပမာဏနည်းနေတဲ့ အခါ သွေးအလွန်အကျွံထွက်နိုင်ပါတယ်။ ဒီလို ပန်းရောင် အမှတ်များရဲ့ အရွယ် အစားဟာ များသော အားဖြင့် ၃ မီလီမီတာနဲ့ ၁ စင်တီမီတာကြားမှာရှိနိုင်ပါတယ်။ တစ်ချို့သော ဆေးဝါးများနဲ့ အာဟာရဓာတ် ချို့တဲ့ တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ ပန်းရောင်ကွက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို ပန်းရောင်ကွက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့-
- သွေးထွက်လွန်ခြင်းနဲ့ သွေးခဲမှု ပြဿနာ ရှိနေခြင်း။
- အာဟာရဓာတ် ချို့ယွင်းခြင်း။
- ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ။
- သွေးကြောများ ရောင်ကိုင်းခြင်းတို့ ကြောင့် ဖြစ်နိုင်ပါတယ်။
သွေးစုခြင်း (Hematoma)။
သွေးစုခြင်းဆိုတာ ခန္ဓာကိုယ် အင်္ဂါတစ်ခုရဲ့ အတွင်းပိုင်း တစ်ရှူးတွေ မှာ ဒဏ်ရာ ဖြစ်ပေါ်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာလေးတွေကို ထိကြည့်ရင် နည်းနည်းဖုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို သွေးစုခြင်း ဖြစ်ပေါ်တဲ့ အခါ ဒဏ်ရာရနေတဲ့ တစ်ရှုးမှ သွေးများက အရည်ပြားအောက်မှာ လာစုနေတတ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေမှာ သွေးစုခြင်းကို အခြေခံပြီး သွေးစုခြင်းကို ပုံစံအမျိုးမျိုး ခွဲခြားလို့ရပါတယ်။ ဒီလို သွေးစုခြင်းဟာ သွေးပမာဏကို နည်းပါးသွားစေပြီး သွေးထွက်လွန်စေနိုင်ပါတယ်။ တကယ်လို့ လိင်တံမှာ သွေးစုနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
အဖြူကွက်များ ဖြစ်ပေါ်ခြင်း (Lichen sclerosus) ။
Lichen sclerosus ဆိုတာ အရေပြားပေါ်မှာ အဖြူရောင် အကွက်များကို ဖြစ်ပေါ်စေတဲ့ ရောဂါဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ ဒီလို အဖြူရောင်ကွက်များ ဖြစ်ပေါ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေပြားတိုင်းမှာ ဖြစ်ပေါ်နိုင်ပေမဲ့ များသောအားဖြင့် အမျိုးသမီး အင်္ဂါနှုတ်ခမ်းဝ၊ အမျိုးသား လိင်တံထိပ်ငုံအရေပြားနဲ့ စအိုနားတစ်ဝိုက်က အရေပြားတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို အဖြူရောင် အကွက်တွေ အမျိုးသား လိင်တံထိပ်ငုံအရေပြားမှာ ဖြစ်ပေါ်ခြင်းက လိင်တံထိပ်ငုံအရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ ဒီလို အဖြူကွက်များ ဖြစ်ပေါ်တဲ့ ဝေဒနာကို မကုသဘဲထားရင် လိင်မှုကိစ္စဆိုင်ရာ ချို့ယွင်းမှုနဲ့ ပြင်းထန်တဲ့ အမာရွတ်များကို ဖြစ်ပေါ်စေပါတယ်။ စောစောစီးစီး သိပြီး ကုသမယ်ဆိုရင်တော့ အမာရွတ်ဖြစ်ပေါ်ခြင်းနဲ့ အကျိုးဆက်များကို တားဆီးနိုင်ပါတယ်။
ဓာတ်မတည့်ခြင်းဆိုတာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ရဲ့ တရားလွန် အလုပ်လုပ်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ သာမန်အားဖြင့် ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်တွေရန်မှ တိုက်ဖျက်ရန်အတွက် ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်း တွေကို ထုတ်လုပ်ပေးပါတယ်။ ဓာတ်မတည့်တဲ့ ဝေဒနာ ရှိတဲ့ လူတစ်ယောက်မှာဆိုရင် ဒီလူရဲ့ ခန္ဓာကိုယ်ခံအားစနစ်က သာမန်အားဖြင့် အန္တရာယ်မရှိတဲ့ ဖုန်မှုန့်တွေမှာ နေတဲ့ အကောင်လေးတွေ၊ ဝတ်မှုန်တွေ၊ ဆေးဝါးတွေ ကို တိုက်ခိုက်ဖို့အတွက် ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေကို ထုတ်လုပ်လိုက်ပါတယ်။ ဒီလို တရားလွန် အလုပ်လုပ်ခြင်းဟာ အနီကွက်ထခြင်း၊ မျက်လုံးယားခြင်း၊ နှာရည်ကျခြင်းနဲ့ အသက်ရူရခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
တချို့လူတွေကြတော့လည်း ဆေးဝါးတွေနဲ့ ဓါတ်မတည့်ကြပါဘူး။ ဒီလို ဆေးဝါးနဲ့ ပြင်းထန်စွာ ဓာတ်မတည့်တဲ့ ရောဂါကို Stevens-Johnson ရောဂါ လက္ခဏာလို့ခေါ်ပါတယ်။ Stevens-Johnson ရောဂါဟာ လိင်တံနဲ့ တစ်ခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခရမ်းရောင်နဲ့ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီအနီကွက်လေးတွေ ပိုဆိုးလာတာနဲ့ အရေခွံများ ကွာကျခြင်းနဲ့ အနာ များ ဖြစ်ပေါ်လာနိုင်ပြီး ဓါတ်မတည့်တဲ့ ပမာဏ ပြင်းထန်လာတာနဲ့ အမျှ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါ သစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။ Stevens-Johnson ရောဂါကို အရေးပေါ် ကုသဖို့လိုပြီး တချို့သော ဆေးဝါးတွေက Stevens-Johnson ရောဂါ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-
- ဆာလဖာ အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပဋိဇီဝဆေးများ ( sulfa-based antibiotics)
- အကိုက်အခဲပျောက်ဆေး ၊ Ibuprofen ။
- အကြောဆွဲခြင်းနဲ့ ဝက်ရူးပြန်ခြင်း လျော့ကျစေတဲ့ ဆေးများ။
- စိတ်ဝေဒနာကို ကုသပေးတဲ့ ဆေးများ။
- နာကျင်၊ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးများ။
- ပဋိဇီဝဆေး။
တခြားသော ဆေးဝါးများကြောင့်လည်း ဓာတ်မတည့်တဲ့ ဝေဒနာ Stevens-Johnson ရောဂါ ကို ခံစားရနိုင်ပါသေးတယ်။ ဒီလို အပြင်းအထန် ဓာတ်မတည့်တဲ့ ဝေဒနာကို ခံစားရနေပြီဆို ဆရာဝန်နဲ့ သွားရောက်ပြသပြီး ဆေးဆိုင်တွေက ဝယ်ယူထားတဲ့ ဆေးများအားလုံး သောက်သုံးနေခြင်းကို ရပ်တန့်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်သလဲ။
အမျိုးသားတစ်ယောက်ဟာ အကြောင်းရင်း မသိဘဲ လိင်တံ အရောင်ပြောင်းလာပြီး နာကျင်မှုကို ခံစားရတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပြီဆိုတာကို အချက်ပြနေတဲ့ ဝေဒနာတွေကတော့-
- လိင်တံ (သို့) ဝှေးစေ့များ ရောင်ကိုင်းလာခြင်း။
- ဝမ်းသွားရင် သွေးပါလာခြင်း။
- ဆီးသွားရင် နာကျင်ခြင်း။
- ဒဏ်ရာမရဘဲ သွေးစုကွက်များနဲ့ အနာများ ဖြစ်ပေါ်လာခြင်း။
- လိင်တံနဲ့ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အနာများပေါက်ခြင်း။
- နှာခေါင်းသွေးယိုခြင်း။
- လိင်ဆက်ဆံချိန်နာကျင်ခြင်း။
- ကျင်ငယ်တွင်း သွေးပါလာခြင်း။
- အရိုးအဆစ်များနဲ့ ဝမ်းဗိုက်နာကျင်ခြင်း တို့ဖြစ်ပါတယ်။
ဒီလို အချက်တွေ တွေ့လာလို့ ဆရာဝန်ထံသွားရောက်ပြသမယ်ဆိုရင် ဆရာဝန်က လူနာရဲ့ ဆေးဝါးမှတ်တမ်းနဲ့ မေးခွန်းများကို မေးမှာ ဖြစ်ပြီး လိင်တံ အရောင်ပြောင်းရခြင်းအတွက် စစ်ဆေးမှု အချို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ လိင်တံမှာ အရောင်ပြောင်းခြင်းဟာ ကုသလို့ ရတဲ့ အတွက် အမျိုးသားတစ်ယောက်ဟာ လိင်တံမှာ အရောင်ပြောင်းလာတာကိုတွေ့တာနဲ့ ချက်ချင်း ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။