brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

Face Mask က အလှပြင်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့ ထုတ်ကုန်တွေကြားမှာတော့ တွင်တွင်ကျယ်ကျယ် နေရာယူထားပါတယ်။ Face Mask မှာလည်း မျက်နှာကနေ ခွာချရတဲ့ ကပ်ခွာလိုမျိုး ရှိသလို ပုံမှန်အတိုင်း မျက်နှာသစ်ပေးရတာတွေလည်း ရှိပါသေးတယ်။ Fase Mask အမျိုးအစားတွေမှာ ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အဆီပြန်လွယ်တဲ့ အသားအရေအတွက်၊ အသားခြောက်တဲ့သူတွေအပြင် အသားအရေ ကြည်လင်တောက်ပစေဖို့ဆိုပြီး အစရှိသလို ကွဲပြားပါတယ်။ တချို့ကျတော့လည်း ဆိုင်ကနေပဲ Face Mask ဝယ်ပြီး မျက်နှာမှာ ကပ်တာမျိုး ရှိပါတယ်။ ဆိုင်ကရောင်းတဲ့ Face Mask တွေကို မသုံးဘဲ အိမ်မှာတင် ကိုယ်တိုင်လုပ်ပြီး ပေါင်းတင်ချင်တဲ့သူတွေလည်း ရှိမှာပါ။ အိမ်မှာတင် သဘာဝပစ္စည်းတွေနဲ့ ကြေးကျွတ်ပြီး ကြည်လင်တောက်ပတဲ့ မျက်နှာလေးပိုင်ဆိုင်ရဖို့အတွက် နည်းလမ်းကောင်းလေး မျှဝေပေးမယ်နော်။

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

သံလွင်ဆီ

သံလွင်ဆီက အသားအရေ ကြည်လင်တောက်ပစေဖို့ အများကြီး စွမ်းဆောင်ပေးနိုင်တဲ့ အကျိုးပြု ဆီတစ်မျိုးပါ။ International Olive Council အရ သံလွင်ဆီမှာ ဗီတာမင် A၊ D၊ K နဲ့ E လည်း ပါဝင်တယ်လို့ သိရပါတယ်။ သံလွင်ဆီဟာ အသားအရေထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်ဖြစ်ပြီး စိုစွတ်မှုကိုလည်း ပေးစွမ်းနိုင်တဲ့အပြင် ချောမွေ့ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ပျားရည်

ပျားရည်ကတော့ အသားအရေကို ကြည်လင်စေတဲ့ အစွမ်းထက် သဘာဝပစ္စည်းတစ်မျိုးပါပဲ။ ပျားရည်က ချွေးပေါက်ပွင့်တွေထဲ အညစ်အကြေးတွေ ပိတ်ဆို့နေတာကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကနေ ရရှိတဲ့ အင်ဇိုင်းဓာတ်နဲ့ အာဟာရဓာတ်တွေဟာ အသားအရေကို အားဖြည့်ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါမှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး အသားအရေကို ကြည်လင်ရှင်းသန့်စေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အသားအရေတောက်ပဖို့လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Eaindray Kha မှ ရေးသားသည်။ · 13/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။