သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

နုပျိုချင်ရင်၊ အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင် ကော်လာဂျင် လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ကော်လာဂျင်ဆိုတာဘာလဲ ။ ။ Collagen ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ အရွတ်၊ အရွတ်တွဲနဲ့ အဆီဆဲလ်တွေမှာ ပါဝင်ပြီး အရိုးတွေရဲ့ လှုပ်ရှားမှုပြေပြစ်စေဖို့နဲ့ အသားအရေ တွေ တင်းရင်းစေဖို့အတွက် သူက ကူညီပေးနိုင်ပါတယ်။ တင်းရင်းလှပတဲ့ အသားအရေတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်လဲ ။ ။ Elastin ဟာလည်း ကိုယ်တွင်းမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အဆုတ်နဲ့ သွေးကြောတို့လို ကျုံ့နိုင် ဆန့်နိုင်အားရှိတဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေမှာ အတွေ့များပါတယ်။ Elastin နဲ့ Collagen ပရိုတင်းနှစ်ခုလုံးကို အသားအရေမှာ ကြွယ်ဝစွာတွေ့ရပြီး အသားအရေတင်းရင်းဖို့၊ အရေးအကြောင်းကင်းစင်ဖို့ ကူညီပေးတဲ့အပြင် နုပျိုလှပအောင်လည်း သူတို့ကပဲ ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အသားအရေဖြစ်တဲ့ တင်းရင်းနုပျိုမှုတစ်ခုကို ပေးစွမ်းတဲ့ […]


သဘာဝဆေးဖက်ဝင်

တံတောင်ဆစ် တွေ မည်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

လူတော်တော်များများ ရေချိုးရင် တံတောင်ဆစ် ၊ ဒူးခေါင်းတွေကို သေချာတိုက်ချွတ်ဖို့ မေ့တတ်ကြပါတယ်။ နေရောင်ခြည်ထဲ မကြာခဏ နေရာင်ကာလိမ်းဆေး မပါဘဲ ထွက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ ပေါင်းလိုက်တော့ အဲ့ဒီနေရာတွေက ဆဲလ်အသေတွေ စုပြုံလာပြီး မည်းလာတော့တာပေါ့။ များသောအားဖြင့် တံတောင်ဆစ်မည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာ ကြီးကြီးမားမားရှိတာမျိုး မဟုတ်လို့ သိပ်တော့ စိတ်ပူဖို့ မလိုပါဘူး။ တံတောင်ဆစ် မည်းရခြင်း အကြောင်းရင်း ၁။ တံတောင်ဆစ် တစ်ဝိုက်မှာ ပျက်စီးသွားတဲ့ ဆဲလ်အသေတွေ စုပြုံလာတာ ၂။ ခရမ်းလွန်ရောင်ခြည်ဒဏ်ေကြာင့် နဂိုအသားအရောင် ပျောက်ပြီး အရောင်မှိန်လာတာ ၃။ သန္ဓေတားဆေးတွေ သောက်သုံးခြင်း ၄။ တင်းတိပ်၊ မှဲ့ခြောက်နဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အရေပြား အမည်းစက်လေးတွေ ၅။ ကိုယ်ဝန်အစောပိုင်းကာလ၊ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာခြင်း ၆။ အရေပြားဆဲလ်တွေ လျင်မြန်စွာဖြစ်တည်လာပြီး အကြေးခွံကဲ့သို့ ထလာတဲ့ အရေပြားရောဂါ […]


သဘာဝဆေးဖက်ဝင်

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ ။ ။

အဆစ်အမြစ်ေတွရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။ အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ Gluten ဓါတ်များတဲ့အစားအသောက်တွေ ။ ။ Gluten ဓါတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓါတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာအိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓါတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

ခြံစည်းရိုးပင်အနေနဲ့အစိုက်များကြတဲ့ ပန်းသေးသေးလေးတွေပွင့်ကြတဲ့ ပုဏ္ဏရိတ်ကို ငယ်ငယ်ကတည်းကမြင်ဖူးကြမှာပါ။ ခူးပြီးတော့ ပန်းကုံးလှလှလေးလုပ်ပြီးဆော့ခဲ့သေးတယ်ဟုတ်။ ပုဏ္ဏရိတ်သီးလေးတွေ စားဖူးတဲ့သူတောင်ရှိမှာပါနော်။ ဒီအပင်လေးကဆော့လို့ကောင်းရုံသက်သက်မဟုတ်သလို ကြည့်လို့လှတယ်ဆိုတာထက်လည်း ပိုပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုဏ္ဏရိတ်ပင်လေးတွေကဆေးဖက်ဝင်တာကြောင့်ပါ။ ပုဏ္ဏရိတ် ဆိုတာ ပန်းပွင့်နီနီလေးတွေ၊ ပန်းရောင်လေးတွေပွင့်တတ်တဲ့ အပင်ငယ်တစ်မျိုးပေါ့။ အစုလိုက်ပေါက်တတ်ကြပါတယ်။ ချုံပင်တစ်မျိုးဖြစ်ပြီး များသောအားဖြင့်ကတော့ခြံစည်းရိုးအနေနဲ့ ရွာဘက်တွေမှာစိုက်ကြတာများပါတယ်။ အရွက်ခပ်ထူထူလေးနဲ့ ကြည့်ရတာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အပူပိုင်းမှာတောင်ပေါက်ရောက်နိုင်ပါတယ်။ ပုဏ္ဏရိတ်ရဲ့ ကျန်းမာရေးအာနိသင် အလှစိုက်ထားလေ့ရှိတဲ့ ပုဏ္ဏရိတ်ပန်းလေးတွေက အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေပေးစွမ်းနိုင်ပါတယ်။ တီဘီရောဂါအတွက်အသုံးပြုနိုင်ပါတယ် တီဘီရောဂါဆိုတာက ကိုယ်တွင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးပါ။ချောင်းဆိုးလိုက်တဲ့အခါသွေးပါတာမျိုးတွေ့ရနိုင်ပါတယ်။ တီဘီရောဂါဖြစ်ပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့လိုပါတယ်နော်။ တီဘီရောဂါက မကုသဘဲထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ တီဘီရောဂါကလေထဲကနေတဆင့်ကူးစက်တာပါ။ တီဘီရောဂါကိုဆေးဝါးတွေနဲ့ကုသတာက အထိရောက်ဆုံးပါ။ ဒါပေမယ့် သဘာဝဆေးအနေနဲ့ကတော့ ပုဏ္ဏရိတ်ပင်ကို သုံးလို့ရပါတယ်နော်။ သွေးတိုးသက်သာစေနိုင်တယ် အသက်အရွယ်ရလာတဲ့ လူတော်တော်များများမှာတွေ့ရတဲ့ရောဂါတစ်ခုပေါ့။သွေးတိုးတာကြောင့်ခေါင်းကိုက်တြာဖစ်နိုင်သလို တစ်နေ့တာအလုပ်တွေကိ မလုပ်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။သွေးတိုးကရေရှည်မှာ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ ပုဏ္ဏရိတ်ရွက်ကို သုံးလို့ရပါတယ်နော်။ အနာကျက်စေနိုင်တယ် ပုဏ္ဏရိတ်အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပုဏ္ဏရိတ်ပင်ရဲ့ သဘာဝဓါတ်ပေါင်းတွေက အနာကိုမြန်မြန်ကျက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အနာအတွက် ပုဏ္ဏရိတ်ရွက်ကို […]


သဘာဝဆေးဖက်ဝင်

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

မြင်လိုက်တာနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ ပန်းလေးတစ်မျိုးပါ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်က အရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက် ပန်းလေးပါ။ တန်ခူးလမှာ ပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်နော်။ ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကို ဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့ အစေးပါမကျန် ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။ ပိတောက် က ဒီလိုဆေးဖက်ဝင်တာပါ နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက် က အခုလိုကျန်းမာရေးအာနိသင်ရှိပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေ အများကြီးစားချင်တာမျိုး၊ အမြဲလိုလို ရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ပူစပ်ပူလောင်ဖြစ်တာမျိုးတွေကို […]


သဘာဝဆေးဖက်ဝင်

စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

နေအိမ်တွေမှာဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် အလှဆင်တဲ့အနေနဲ့ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းလေးတွေကို စိုက်ထားတာမြင်ဖူးကြမှာပါနော်။ စက္ကူပန်းလေးတွေက လိုသလိုပုံသွင်းပြီး အလှဆင်လို့ကောင်းတဲ့ အရိပ်ရအပင်လေးတစ်မျိုးပေါ့။ နွေပူပူမှာတောင် အရိပ်ပေးနိုင်ပါတယ်။ စက္ကူပန်း က အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်အသွေးစုံနေရောပဲ။ အရောင်အသွေးစုံတဲ့ စက္ကူပန်း လေးတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံက စက္ကူပန်းလေးတွေကို အလှအတွက်ပဲစိုက်ထားတယ်ဆိုပေမယ့် အခုလို ဆေးဖက်ဝင်တာလေးကိုပါ သိထားမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။ ချောင်းဆိုးပျောက်စေတယ် စက္ကူပန်းက သလိပ်ပျော်စေနိုင်တာကြောင့် ချောင်းဆိုးနေတဲ့သူတွေအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ချွဲတွေကို ပျော်စေပြီး ချောင်းဆိုးသက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ လည်ချောင်းနာတာကို သက်သာစေနိုင်တယ် လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာကြောင့်ပါ။ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လည်ချောင်းနာရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အဆွက် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ စက္ကူပန်းလေးရှိပါတယ်နော်။ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးပြီး […]


သဘာဝဆေးဖက်ဝင်

သန်ကျဆေး သောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး

သန်ကောင်၊ တုတ်ကောင်တွေဆိုတာ ပုံသဏ္ဍာန်ကိုက အူယားစရာ၊ ရွံစရာကောင်းပါတယ်။ လူ့ခန္ဓာကိုယ် အတွင်းထဲမှာ ရှင်သန်ပွားများနေကြတာကို တွေးကြည့်ရင်ပဲ စိတ်ပျက်စရာပါ။ ဒါတင်မက သူတို့တွေက အူလမ်းကြောင်းမှာပဲ ရှိနေတာမဟုတ်ပါဘူး။ ဒီကပ်ပါးကောင်တွေက အဆုတ်၊ အစာလမ်းကြောင်း၊ နားလမ်းကြောင်း စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာထိအောင်  ပျံ့နှံ့ရောက်ရှိနေနိုင်ပါတယ်။ လူက စားလိုက်သမျှကို သူတို့ကစားသုံးတယ်၊ လူရဲ့သွေးကိုလည်း စားသုံးတယ်ဆိုတော့ ကြာလာရင် အရေးပါတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့လို အာဟာရဓာတ်တွေ ချို့တဲ့တာတွေဖြစ်လာစေတာပေါ့။ တုတ်ကောင်၊ သန်ကောင်တွေက သွေးကြောထဲ ဝင်ရောက်နိုင်တယ်၊ ခန္ဓာကိုယ်အနှံ့ကိုသွားလာနိုင်တယ်ဆိုတော့ အသည်း၊ အဆုတ်နဲ့ အစာအိမ်တို့လို ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ဆိုးကျိုးပေးနိုင်ပါတယ်။ ဥပမာ - အသည်းထဲကို သန်ကောင်ရောက်သွားရင် အသည်းခြောက်ခြင်းနဲ့ ပြည်တည်နာတွေဖြစ်လာစေနိုင်တယ်။ သူတို့ကို သန်ကောင်ရှိတဲ့ ဝက်သား၊ အခွံမာငါးနဲ့ မသန့်တဲ့ရေတို့ကနေ ကူးစက်ရရှိနိုင်တယ်။ ခြင် ဒါမှမဟုတ် […]


သဘာဝဆေးဖက်ဝင်

မျက်တောင်ထူထူလေးနဲ့ လှချင်လား

မိန်းကလေးတစ်ယောက်က မျက်ခုံး၊မျက်လုံး၊မျက်တောင်လေးလှမှ ကြည့်ရလှတာနော်။ မျက်ခုံးလေးနဲ့ မျက်တောင်လေးတွေကို သဘာဝအတိုင်းလျအောင်လုပ်ပေးလို့ရပါတယ်နော်။ အရုပ်မလေးလိုမျိုး မျက်တောင်ထူထူကော့ကော့လေးနဲ့ လှချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ဘာတွေကြောင့်မျက်တောင် ပါးရတာလဲ မျက်တောင်ပါးရတဲ့အကြောင်းအရင်း မျိုးရိုးလိုက်တာ အသက်အရွယ်ရလာတာ ဆေးဝါးတွေသောက်သုံးနေရတာ ဓါတုကုထုံးခံယူနေရတာ အာဟာရချို့တဲ့တာ မျက်လုံးမှာ ပိုးဝင်ကူးစက်ခံရတာ ဟော်မုန်းအပြောင်းအလဲဖြစ်တာတွေကြောင့် မျက်တောင်ပါးနိုင်ပါတယ်။ မျက်တောင်မကျွတ်အောင် ဒါတွေရှောင် မျက်တောင်ကျွတ်တာကနေ ကင်းဝေးပြီး မျက်တောင်ရှည်ရှည်ကော့ကော့လေးနဲ့လှပစေဖို့အတွက် လိုက်နာသင့်တဲ့ အချက်ကလေး ၆ ချက်ရှိပါတယ်နော်။ (၁) မျက်လုံးမပွတ်ပါနဲ့။ မျက်တောင်တွေကျွတ်စေနိုင်တာကြောင့်ပါ။ (၂) မျက်တောင်ကော့ကိရိယာသုံးတဲ့အခါ မျက်တောင်တွေကို မဆွဲပါနဲ့။ (၃) ညအိပ်ရာမဝင်ခင် မျက်တောင့်ကော့ဆေးတွေဖယ်ပါ။ (၄) မျက်တောင့်ကော့ဆေးတွေ မခြောက်ခင်မှာသုတ်ပါ။ ခြောက်သွားမှ သုတ်တာမျိုးမလုပ်ပါနဲ့။ (၅) မျက်တောင်ကော့ဆေးကို ၆ လထက်ပိုမသုံးပါနဲ့။ (၆) မျက်လုံးတဝိုက်မှာသုံးတဲ့ မိတ်ကပ်တွေကို သတိထားရွေးချယ်ပါ။ မျက်လုံးနီလာတာမျိုးဖြစ်ရင် ဆက်မသုံးပါနဲ့။ မျက်တောင်သန်စေတဲ့ သဘာဝပစ္စည်းတွေက ကြက်ဆူဆီ ကြက်ဆူဆီ ၂ စက်လောက်ကို လာဗင်ဒါဆီတစ်စက် ဒါမှမဟုတ် […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ သင်္ဘောမယ်ဇလီ

အတို့အမြှုပ်အဖြစ်နဲ့ဖြစ်ဖြစ်၊ ဘဲဥနဲ့ဖြစ်ဖြစ်ကြော်စားကြတယ်လေ။ စားလို့လည်းကောင်းတယ်နော်။ အရွက်တင်မဟုတ်ပါဘူး။ အဖူးအပွင့်လေးတွေကလည်း စားလို့ရပါတယ်နော်။ တစ်ပင်လုံးနီးပါးဆေးဖက်ဝင်တာပါ။ ဒီလိုဆေးဖက်ဝင်တဲ့စားစရာအပင်လေးက သင်္ဘောမယ်ဇလီပင်ပါနော်။ ဒီအပင်လေးကတော်တော်လေးဆေးဖက်ဝင်တာပါ။ သင်္ဘောမယ်ဇလီပင်က ဒီလိုဆေးဖက်ဝင်ပါတယ် အာရှတိုက်နေရာတော်တော်များများမှာပေါက်ရောက်တဲ့ သင်္ဘောမယ်ဇလီပင်ကနေရာတိုင်းလိုလိုမှာ တိုင်းရင်းဆေးအဖြစ် အသုံးပြုကြပါတယ်။ သဘာဝ ဝမ်းနုတ်ဆေးတစ်ခုဖြစ်သလိုပွေးနဲ့ဝဲလိုမျိုး အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။သွေးသန့်စေဖို့အတွက် စားသုံးပေးလို့ရသလို ဝမ်းချုပ်ေနသူတွေအနေနဲ့လည်း စားသုံးပေးလို့ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးနိုင်ပါသေးတယ်နော်။ အမျိုးသမီးတွေမှာဆိုရင်လည်း သင်္ဘောမယ်ဇလီက သားအိမ်ကိုကျန်းမာစေနိုင်ပါတယ်။ အသားအရောင် မညီတာအတွက်လည်း အသုံးပြုပေးလို့ရပါသေးတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ သင်္ဘောမယ်ဇလီပင်ရဲ့ အခေါက်ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာတွေအတွက်ကတော့ အရွက်ကို အခြောက်ခံအမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောလို့ အရေပြားပြဿနာခံစားနေရတဲ့နေရာမှာ လူးပေးလို့ရပါတယ်နော်။ ဝမ်းချုပ်နေမယ်ဆိုရင်တော့ သင်္ဘောမယ်ဇလီ အပွင့်ကို အုန်းနို့နဲ့ရောစပ်ပြီးသောက်သုံးပေးလို့ရပါတယ်။ အစာအိမ်ဝေဒနာရှိသူတွေအနေနဲ့လည်း အရွက်၊အပွင့်၊ အသီးခြောက်တို့ကို အခြေခံပြီးရေနွေးကြမ်းသောက်သလိုသောက်ပေးလို့ရပါတယ်နော်။ သင်္ဘောမယ်ဇလီ အစေ့ကတော့ သဘာဝ ဝမ်းနုတ်ဆေးပါ။ အရွက်ကို ဘဲဥနဲ့ […]


သဘာဝဆေးဖက်ဝင်

ယောက်ျားဆန်ဆန်အလှတရားကို ပိုင်ဆိုင်ချင်တဲ့ကိုကိုတို့အတွက်

ကိုရီးယားဆန်ဆန်လှချင်နေတဲ့ဒီခေတ်ထဲမှာ မုတ်ဆိတ်သပ်သပ်ရပ်ရပ်လေးထားပြီးယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ ကိုကိုတွေများရှိနေသေးလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ဒီဆောင်းပါးလေးထဲမှာ မုတ်ဆိတ်ထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့။ ဘာတွေဂရုစိုက်သင့်လဲဆိုတာကိုပြောပြပေးမယ်နော်။ မုတ်ဆိတ်ထွက်ချင်တဲ့ ကိုကိုတို့အတွက် အိမ်တွင်းကုထုံး ရို့စ်မယ်ရီအဆီနဲ့အုန်းဆီ ရို့စ်မယ်ရီအဆီနဲ့ အုန်းဆီကိုရောစပ်ထားတဲ့ အဆီကို ဦးရေပြားမှာလူးပေးမယ်ဆိုရင် ဆံပင်သန်စေနိုင်သလို မုတ်ဆိတ်မွှေးထွက်တဲ့နေရာမှာလိမ်းပးမယ်ဆိုရင် မုတ်ဆိတ်ကို သန်စေမှာပါ။ အသုံးပြုရမယ့်နည်းလမ်းကတော့ရို့စ်မယ်ရီအဆီ တစ်ဆကို အုန်းဆီ ၁၀ ဆနဲ့ရောပြီး မုတ်ဆိတ်ထွက်မယ့်နေရာမှာ လူးပေးရပါမယ်။ပြီးရင် ၁၅ မိနစ်ကနေ မိနစ် ၂၀လောက်ထားပေးပြီးရေအေးနဲ့ဆေးချလိုက်ပါ။ အရေပြားမှာ ဓါတ်မတည့်မှုတစ်စုံတရာဖြစ်မယ်ဆိုရင် မျက်နှာသစ်ဆေးသုံးပြီးဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် အသုံးပြုပေးနိုင်ပါတယ်။ အချိုးအစားမှန်ကန်ဖို့တော့ ဂရုစိုက်ပါနော်။ ဇီးဖြူသီးအဆီအနှစ်နဲ့မုန်ညှင်းရွက် မုန်းညှင်းဆီထုတ်တဲ့ မုန်းညှင်းစေ့ပင်ရဲ့ အရွက်ကို ဇီးဖြူသီးအဆီအနှစ်နဲ့ရောစပ်ပြီး မျက်နှာကို လူးပေးမယ်ဆိုရင်လည်း မုတ်ဆိတ်ထွက်စေမှာပါ။ မုတ်ဆိတတ်ထွက်တဲ့နေရာကိုပဲ လူးပေးဖို့လိုပါမယ်။ ဇီးဖြူသီးအဆီအနှစ် ခွက် ၄ ပုံတစ်ပုံစာကို မုန်ညှင်းစေ့ပင်အရွက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပြီး ကြိတ်ခြေပေးပါ။ ရလာတဲ့အနှစ်ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း