သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပျားဝတ်မှုန်၏ ကောင်းကျိုးများ

ပျားတစ်ကောင်ဟာ ဝတ်ရည်ကို စုစည်းချိန်မှာ ပန်းတွေက ဝတ်မှုန်အချို့ဟာ သူတို့နဲ့ ပါလာတတ်ပါတယ်။ ဒီဝတ်မှုန်တွေဟာ ချိုမြိန်တဲ့ အရသာရှိတဲ့ ရွှေရောင် အမှုန့်လေးတွေပုံစံနဲ့ လာတတ်ပါတယ်။ ပျားဝတ်မှုန်ဟာ သွေးမဆုံးခင်ဖြစ်တတ်တဲ့ ရောဂါ (PMS)၊ ဆီးကျိတ်ကြီးခြင်းနဲ့ အခြားအရေပြား ထုတ်ကုန်တွေမှာ သူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်ပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ပျားဝတ်မှုန်ကို သင့်နေ့စဉ်အစားအေသာက်ထဲထည့်သွင်းသင့်တဲ့ အဓိက အချက်တွေဖြစ်ပါတယ်။ ၁။ ပရိုတင်း၊ ဗီတာမင်နဲ့ antioxidants တွေ ပါဝင်ပါတယ်။ ပျားတွေဟာ ပျားငယ်လေးတွေကို ပျားဝတ်မှုန်တိုက်ကျွေးတယ်ဆိုတာ သင်သိပါသလား။ ပျားဝတ်မှုန်ရဲ့ ၄၀% ဟာ ပရိုတင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လူတွေ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါဝင်ပါတယ်။ ပျားဝတ်မှုန်မှာ ပါဝင်တဲ့ ပရိုတင်းဟာ စားပြီးပြီးချင်း အသုံးပြုနိုင်တဲ့ amino […]


သဘာဝဆေးဖက်ဝင်

သင့်ရဲ့ စွမ်းအင်တွေကို အမြန်ဆုံး မြှင့်တင်ပေးနိုင်မယ့် အချက်ခြောက်ချက်

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြည့်ပြည့်ဝဝ အိပ်ထားပေမယ့် မနက်အိပ်ယာနိုးတဲ့အခါ နွမ်းနယ်နေသလိုမျိုးခံစားရပါသလား။ မနက်တိုင်း လေးလံထိုင်းမှိုင်းနေပြီး ညအိပ်ယာဝင်ချိန်မှာလည်း စိတ်ရောကိုယ်ပါ နုံးချိပင်ပန်းနေတယ်လို့ ခံစားနေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို စွမ်းအင်တွေ အမြန်ဆုံးမြှင့်တင်ပေးပြီး အောင်မြင်ပျော်ရွှင်တဲ့ နေ့သစ်တွေဆီ အရောက်ပို့ပေးနိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ အကြောလျှော့ပါ မနက်အိပ်ယာထတဲ့အခါ ကုတင်ဘေးမှာ ဒါမှမဟုတ် တံခါးနားမှာ ခြေဖျားထောက်ပြီး ရပ်ပါ။ လက်နှစ်ဖက်ကို ဘေးဆန့်ပါ။ ပြီးရင် သင့်ရင်ဘတ်နဲ့ ကျောမှာ ကောင်းကောင်းကြီးပြေလျော့သွားပြီလို့ ခံစားရတဲ့အထိ ရင်ကိုကော့ပေးပါ။ ပြီးရင် အဲ့ဒီအနေအထားအတိုင်း မိနစ်ဝက်လောက်နေပေးပါ။ ဒီလိုလုပ်ပေးခြင်းဟာ သင့်အာရုံကြောတွေအတွက် အထောက်အကူဖြစ်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေတယ်လို့ ဝါရင့် ယောဂနည်းပြဆရာတဦးက ဆိုပါတယ်။ နားချိန်တိုလေးတွေ မကြာခဏယူပါ ဒီလိုလုပ်ပေးခြင်းဟာလည်း သင့်ကို ပင်ပန်းနွမ်းနယ်မှုတွေကနေ အဝေးဆီ ဆွဲခေါ်သွားနိုင်ပါတယ်။Louisiana State တက္ကသိုလ်က သုတေသီတွေရဲ့အလိုအရ […]


သဘာဝဆေးဖက်ဝင်

ခံတွင်းအနံ့ဆိုးခြင်းကိုဘယ်လိုကုသမလဲ။

အိပ်ပျော်သွားချိန်မှာ ဘက်တီးရီးယားပိုးမွှားများ ခံတွင်းအတွင်းပေါက်ပွားခြင်းကြောင့် အိပ်ရာနိုးလာတဲ့အချိန် ခံတွင်းအနံ့ဆိုးတတ်ပါတယ်။ မြောက်များစွာသောအကြောင်းအရာများ (ဥပမာ-အကျင့်ဆိုး (သို့) အစားအသောက်) ဟာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ သို့ပေမယ့် ဒီခံတွင်းအနံ့ဆိုးခြင်းကို ပျောက်ကင်းဖို့နဲ့ ထပ်မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းအသွယ်သွယ် ရှိပါတယ်။ ယေဘုယျအားဖြင့် ခံတွင်းသန့်ရှင်းခြင်းဟာ ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဆောင်တာတွေထဲမှာ သွားကြားများကို သွားပွတ်ကြိုး နဲ့သန့်ရှင်းရေးလုပ်သင့်ပါတယ်။ သွားများနှင့် သွားဖုံးကို တိုက်ချွတ်ပါ။ လျှာကိုလည်း သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။ မှန်ကန်သော သွားတိုက်နည်းပုံစံ ပျော့ပျောင်းတဲ့ဲ့သွားပွတ်တံကို အသုံးပြုပြီး တစ်နေ့ (၂) ကြိမ်သွားတိုက်ပါ။ သွားပွတ်တံရဲ့ အရွယ်အစားကို မိမိခံတွင်းနှင့် ကိုက်ညီပြီး ခံတွင်းနေရာအစုံကို ရောက်နိုင်တဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။ သွားပွတ်တံ အမွေးလေးတွေ ဖွာနေပြီဆိုရင်တော့ အသစ်တစ်ချောင်းကို လဲလှယ်ပါ။ ဒါမှမဟုတ် ၃လ […]


သဘာဝဆေးဖက်ဝင်

သွားပွတ်တံရွေးချယ်ခြင်း ။ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

မိမိခံတွင်းကို သန့်ရှင်းစင်ကြယ်စွာထားရှိခြင်းဟာ မိမိရဲ့ခန္ဓါကိုယ်နှင့် စိတ်နှလုံးကျန်းမာရေးကို ကျန်းမာအောင်စောင့်ရှောက်ခြင်းလိုပဲ အရေးကြီးပါတယ်။ ခံတွင်းနှင့်သွားကျန်းမာကြံ့ခိုင်စေရန် အထိရောက်ဆုံးသောနည်းလမ်းကတော့ နေ့စဉ်အချိန်မှန်မှန်သွားတိုက်ဖို့ပဲဖစ်ပါတယ်။ ဒါကြောင့် စားကြွင်းစားကျန်များကို ဖယ်ရှားခြင်းနှင့်သွားနှင့်ခံတွင်း ထိခိုက်ပျက်စီးခြင်းမှကာကွယ်နိုင်ရန် သင့်တော်တဲ့သွားပွတ်တံကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် သွားပွတ်တံတွေမှာ လျှပ်စစ်သွားပွတ်တံနှင့် ရိုးရိုးသွားပွတ်တံ (လျှပ်စစ်ဓါတ်နှင့်မဟုတ်ဘဲ မိမိကိုယ်တိုင် တိုက်ရသောသွားပွတ်တံ)ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ သွားပွတ်တံရွေးချယ်ခြင်းအတွက်ယေဘူယျအချက်များ လျှပ်စစ်သွားပွတ်တံပဲဖြစ်ဖြစ် ရိုးရိုးသုံးသွားပွတ်တံပဲjဖစ်ဖြစ် ဘယ်လိုသွားပွတ်တံအမျိုးအစားကိုရွေးချယ် သင့်တယ်ဆိုတဲ့ယေဘူယျအချက်အလက်တွေရှိပါတယ်။ အရွယ်အစား သွားပွတ်တံဟာသွားများရဲ့ မျက်နှာပြင်ကို အလွယ်တကူတိုက်ချွတ်နိုင်ရပြီး သွားဖုံးတွေကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရမှာဖြစ်ပါတယ်။ သွားပွတ်တံခေါင်းသေးလေးဟာဆိုရင် သင့်သွားနောက်ဘက်ရှိ ချောင်ကြိုချောင်ကြားနေရာတွေထိ ရောက်ရှိနိုင်ပါတယ်။ သွားပွတ်တံလက်ကိုင်ဟာလည်း သင့်လက်ထဲမှာ သက်တောင့်သက်သာကိုင်နိုင်စေလောက်တဲ့ အရှည်ရှိရမှာဖြစ်ပါတယ်။ သွားပွတ်တံအမွေးမျိုးအစားများ လျှပ်စစ်သွားပွတ်တံနှင့်ဆိုလျှင် သွားပွတ်တံအမွေးများကို လဲလှယ်နိုင်ပါတယ်။ ထုတ်လုပ်သော သွားပွတ်တံအမွေးအမျိုးအစားအလိုက် သွားပွတ်တံဟာအပျော့ အမာအလယ်အလတ် ဆိုပြီး အမျိုးအစားကွဲပြားမှုရှိပါတယ်။ အများစုကတော့ သွားပွတ်တံအပျော့ကို ရွေးချယ်ခြင်းဟာ သင့်သွားများကိုအားပါးတရတိုက်ဖို့အတွက် စိတ်အချရဆုံးဖြစ်ပါ တယ်။ သွားပွတ်တံအမွေးအမာများကို […]


သဘာဝဆေးဖက်ဝင်

သွားပွတ်တံအကြောင်း သိကောင်းစရာ

တစ်ရက်ကို သွားနှစ်ကြိမ်တိုက်ခြင်းသည် ကျွန်ုပ်တို့ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ သွားကို မနက်အိပ်ရာထပြီးနှင့် ညအိပ်ရာ မဝင်မီ အနည်းဆုံး (၃)မိနစ် တိုက်သင့်သည့်။ သင့်သွားနှင့် သင့်လျော်သော သွားပွတ်တံကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။ သွားပွတ်တံကို မည်သည့်အချိန်တွင် အသစ်ဝယ်ရန်နှင့် မည်သို့ထိန်းသိမ်းသင့်သည်ကို အောက်တွင် ဖော်ပြထားပါသည်။ မည်သို့သောသွားပွတ်တံသည် သင့်အတွက် အကောင်းဆုံးဖြစ်မလဲ သွားပွတ်တံအမာသည် သွားရှိစားကြွင်းစားကျန်များကို ဖယ်ရှားရာတွင် အသုံးဝင် သည်ဟု လူအများက ယူဆကြသည်။ သွားတိုက်ရာတွင် အားများများသုံးပြီးတိုက်ခြင်းထက် သွား တိုက်ခြင်းနည်းလမ်းသည် ပိုအရေးပါသောကြောင့် သွားပွတ်တံအပျော့သုံး ခြင်းက သင့်ကို အထောက်အကူပြုပါလိမ့်မည်။ သွားကို အားဖြင့်တိုက်ခြင်း သည် သွားဖုံးနှင့် ကြွေလွှာကို ထိခိုက်စေနိုင်ပါသည်။ လျှပ်စစ်သွားပွတ်တံသည် ပို၍ကောင်းသည်ဟု ဆိုကြသည်။ ခံတွင်းအရွယ်အစားနှင့် သင့်လျော်သောသွားပွတ်တံကို ရွေးချယ်ပါ။ သွားပွတ် တံအသေးကို ကလေး၊ သွားပွတ်တံအကြီးကို လူကြီးများအတွက် ရွေးချယ်ပါ။ အချိန် သွားတိုက်ရာတွင် […]


သဘာဝဆေးဖက်ဝင်

မှတ်ဉာဏ်ကောင်းမွန်စေသော အစားအစာများ

အလုပ်လုပ်စဉ် (သို့) စာဖတ်စဉ်မှာအာရုံစိုက်ဖို့ခက်ခဲတယ်လို့ ခံစားရဖူးပါသလား။ တကယ်လို့ ခံစားရဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာသင့်အတွက်အကျိုးရှိမှာပါ။ အခြေခံအားဖြင့် သင်စားသောက်သမျှဟာသင့်ရဲ့ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုအကျိုးသက်ရောက်တာကြောင့် အာရုံစူးစိုက်မှု မရရှိခြင်းဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာသင့်မှတ်ဉာဏ်ကိုကူညီပေးမယ့် အစားအသောက်တွေအကြောင်းဖေါ်ပြသွားမှာဖြစ်ပါတယ်။   ထောပတ်သီး အချို့လူတွေဟာအဆီပါဝင်မှုများတယ်ဆိုပြီးထောပတ်သီးကိုမကြိုက်ကြပါဘူး။ တကယ်တော့ သူ့မှာပါဝင်တဲ့အဆီဟာ mono-saturated fat လို့ ခေါ်တဲ့ ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ အဆီပဲဖြစ်ပါတယ်။ ထောပတ်သီးဟာအသားအရည်ကို နူးညံ့ကောင်းမွန်စေပြီးဆံပင်နဲ့ လက်သည်းကျန်းမာရေးကိုအားပေးတဲ့ ကော်လဂျင်လိ ခေါ်တဲ့ ဓါတ်တစ်မျိုးကို ခန္ဓါကိုယ်အတွင်းမှာပိုထွက်စေပါတယ်။ နောက်ပြီးသွေးထဲရှိသကြားဓါတ်ကိုလည်းထိန်းညှိပေးပါတယ်။   ဘလူးဘယ်ရီသီး ဘလူးဘယ်ရီသီးဟာအရသာကောင်းမွန်ရုံတင်သာမကဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါ ပိုင်ဆိုင်ပါတယ်။ သူ့မှာဗီတာမင် စီ၊ ကေနဲ့ အမျှင်ဓါတ်များလည်းပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို Gallic Acid နဲ့ ထုတ်ပိုးထားတာပါ။ ဒီအသီးဟာအာရုံစူးစိုက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုနဲ့ အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ ဦးနှောက်ယိုယွင်းပျက်စီးခြင်းကနေကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီကိုပုံစံအမျိုးမျိုးနဲ့ စားနိုင်ပါတယ်။ မုန့်အဖြစ်သော်လည်းကောင်း၊ ဒိန်ချိန်နဲ့ ရောစားခြင်းဖြင့်သော်လည်းကောင်း၊ မနက်စာမှာထည့်သွင်းစားသောက်ခြင်းဖြင့်သော်လည်းကောင်းစားနိုင်ပါတယ်။   အစိမ်းရောင် […]


သဘာဝဆေးဖက်ဝင်

နီကိုတင်း အစားထိုးကုထုံး အမေးအဖြေများ

နီကိုတင်းစွဲလမ်းခြင်းဆိုတာဘာလဲ။ နီကိုတင်းစွဲလမ်းခြင်း ဆိုတာက အထူးသဖြင့် ဆေးလိပ်သောက်သုံးသူတွေမှာ နီကိုတင်းအပေါ် မှီခိုနေမှုကိုဆိုလိုပါတယ်။ နီကိုတင်းက လူတွေရဲ့ စိတ်ချမ်းမြေ့မှုကို ထိန်းချုပ်ပေးတဲ့တာဝန်ကို လုပ်ဆောင်ပေးတဲ့ neurotransmitter (အာရုံကြော တစ်ခုမှတစ်ခုသို့ ကူးစက်လှုံဆော်မှုကို ဆောင်ရွက်ပေးတဲ့ ဓါတုဆက်သား) တစ်ခုဖြစ်တဲ့ ဒိုပါမင်းပမာဏကို တိုးစေခြင်းအားဖြင့် ဦးနှောက်ကိုထိခိုက်စေပါတယ်။ ဒိုပါမင်း (dopamine) ပမာဏများလာခြင်းက စိတ်ကျေနပ်မှုကို ပိုမိုရရှိစေပါတယ်။ မကြာခဏ နီကိုတင်းကို ထိတွေ့မိတာက နီကိုတင်း စွဲလမ်းမှုကိုဖြစ်ပေါ် စေပါတယ်။ ဆေးလိပ်ကို ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ဆေးလိပ်ထပ်ခါထပ်ခါ သောက်ချင်စိတ်ကို ဖြစ်စေတဲ့ နီကိုတင်းတောင့်တမှု အပါအဝင် ဆေးဖြတ်တဲ့ လက္ခဏာတွေကို ခံရစေပါတယ်။   နီကိုတင်းအစားထိုးကုထုံးဆိုတာဘာလဲ။ နီကိုတင်းအစားထိုးကုထုံး (NRT) ဆိုတာက ဆေးလိပ်ဖြတ်ဖို့နည်းလမ်းတစ်ရပ်အနေနဲ့ နီကိုတင်းပါဝင်မှုနည်းတဲ့အခြားပစ္စည်းတွေကို အသုံးပြုတာဖြစ်ပါတယ်။ ဆေးလိပ်မှာ အန္တရာယ်ရှိတဲ့ဓါတုပစ္စည်း အမျိုးအစား ၄၀၀ ကျော်ပါဝင်ပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့်ခံစားရတဲ့ နောက်ဆက်တွဲဝေဒနာတွေက […]


သဘာဝဆေးဖက်ဝင်

ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ

ဗောက်ပျောက်ရန် အိမ်မှာ အလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ ကျွန်တော်တို့တစ်ခုလောက် စိတ်ကူးကြည့်လိုက်ရအောင်။ သင်က stage စင်ကြီးပေါ်မှာ သရုပ်ပြနေတာကို လူတွေအများကြီးက ကြည့်နေတယ်။ အဲ့ဒီအချိန်မှာပဲ သင်ခေါင်းကုတ်ချင်စိတ်တွေ တဖြည်းဖြည်းဖြစ်လာမယ်။ ပြီးတော့ သင့်ရှေ့မှာ ဗောက်တွေ အဖတ်လိုက် ကွာကျလာမယ်။ အဖတ်အကြီးကြီးတွေနော်။ သင်စပြီး အလန့်တကြားဖြစ်လာပြီး ဘယ်သူမှမမြင်အောင်လို့စင်နောက်ကိုပြန်ဝင်ပြီး နေနေလိုက်မယ်ဆိုပါစို့။ သင့်ခေါင်းကိုထပ်ကုတ်လိုက်ပြန်ပြီဆို ဗောက်တွေ အဖတ်လိုက်ထပ်ကျလာပြီး ပိုပြီးတော့လည်း ထင်သာမြင်သာရှိလာမယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ဖြတ်လာရင်းတွေ့သွားပြီး သင့်ကို “ မင်းမှာဗောက်တွေအတော်ဆိုးဆိုးရှိနေတာပဲ သူငယ်ချင်း”လို ပြောသွားမယ်ဆိုရင် ……….. ဗောက်ဆိုတာ ဦးခေါင်းပေါ်မှာရှိတဲ့ အရည်ပြား အခြေအနေတစ်ခုပါ။ ဗောက်တွေဟာ ဦးရေပြားပေါ်က အရည်ခွံတွေ ဖြစ်သင့်တာထက် ပိုပြီးမြန်မြန် ကွာကျလာတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဆဲလ်အဟောင်းတွေဟာ ဆဲလ်အသစ်တွေကိုေ နရာပေးဖို့သေဆုံးပေးကြရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကြီးက ပိုပြီးမြန်ဆန်လာမယ်ဆိုရင် သင့်ခေါင်းကနေ […]


သဘာဝဆေးဖက်ဝင်

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ကဘာလဲ။ Poison ivy သည် အဆိပ်ရှိနွယ်ပင် တစ်မျိုးဖြစ်ပြီး အရေပြားယားယံကျိန်းစပ်ခြင်းကို ဖြစ်စေသည်။ အရေပြားကို နီရဲယောင်ရမ်းနာကျင်စေသည်။ ထိုဓါတ်မတည့်ခြင်းသည် အရွက်၊ ပင်စည်နှင့် အမြစ်တွင် ပါဝင်သော urushiol ဟုခေါ်သော ယောင်ရမ်းစေသော ဓါတ်တစ်မျိုးကြောင့်ဖြစ်သည်။ အပင်ကို မီးရှို့လျင် ထွက်လာသော မီးခိုးငွေ့သည်လည်း သင်၏ အဆုတ်ကို ထိခိုက်စေနိုင်သည်။ Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) က ဘယ်လောက်အဖြစ်များသလဲ အဆိပ်ရှိသော အပင်နှင့် ထိတွေ့မိသော သူများ သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါရှိသော သူများ၏ အရေပြားတွင် ရှိသော အဆိပ်နှင့် ထိတွေ့မိသောသူများတွင် ထိုဓါတ်မတည့်ခြင်းများဖြစ်နိုင်သည်။ ထပ်မံသိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများPoison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) […]


သဘာဝဆေးဖက်ဝင်

ပင်စိမ်း(Basil)

အသုံးပြုပုံများပင်စိမ်း ကို ဘာအတွက်အသုံးပြုကြသလဲ ပင်စိမ်း ဟာ မြေကြီးပေါ်မှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးအဖြစ်အသုံးပြုကြပါတယ်။ လူအချို့က သူ့ကို အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုကြပါတယ်။ ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ လေထခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ အရည်ကိုယ်ခန္ဓါအတွင်းများခြင်း၊ ခေါင်းအအေးမိခြင်း၊ ကြွက်နို့များ၊ သန်ကောင် ထခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ မြွေနဲ့ အင်းဆက်ကိုက်ခြင်းတွေကို ကုသဖို့လည်း အသုံးပြုကြပါတယ်။ အမျိုးသမီးအချို့ဟာ ကလေးမမွေးမီနဲ့ မွေးအပြီးမှာ သွေးစီးဆင်းမှုကို မြှင့်တင်ဖို့နဲ့ နို့ထွက်ခြင်း အစပြုစေဖို့ အသုံးပြုကြပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ ၎င်း ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှု အချို့က ပင်စိမ်းမှာ ဗီတာမင် စီ၊ calcium၊ magnesium၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း