သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Cranberry (ခရမ်ဘယ်ရီသီး)

ခရမ်ဘယ်ရီသီးဆိုတာအမေရိကန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသမှာ ပေါက်ရောက် သီးပွင့်လေ့ရှိတဲ့ ခရမ်ဘယ်ရီသီးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ကာကွယ်ရေးနဲ့ကုသရေးမှာ အသုံးများကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဘယ်နေရာမှာအသုံးပြုသလဲခရမ်ဘယ်ရီကို ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိမ်ရောဂါ၊ ဆီးမထိန်းနိုင်သူတွေကို ဆီးနံ့ပျောက်စေဖို့၊ ဆီးပြွန်တွေမပိတ်ဆို့အောင်ကာကွယ်ဖို့၊ ဆီးကိုစွန့်ထုတ်နိုင်ဖို့ အစာအိမ်အတွင်း ခွဲစိတ်ထားရတဲ့အနာနဲ့တဝိုက် အရေပြားကို အနာကျပ်စေဖို့လည်း ခရမ်ဘယ်ရီကို သုံးကြပါတယ်။ ဆီးချိုအမျိုးအစား ၂၊ နာတာရှည်မောပန်းနွမ်းနယ်မှုရောဂါ(CFS)၊ ဆီးကျိတ်ကြီးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေး၊ နှလုံးရောဂါ၊ မှတ်ဉာဏ်၊ Helicobacter pylori(H. pylori) ပိုးကြောင့်ဖြစ်တဲအနာများ၊ အဆုတ်အမြှေးရောင်ရမ်းခြင်းနဲ့ ကင်ဆာတို့အတွက်လည်း တချို့က ခရမ်ဘယ်ရီကိုသုံးကြပါတယ်။ ဘယ်လိုပုံစံနဲ့ရနိုင်သလဲအစားအသောက်အနေနဲ့တော့ ခရမ်ဘယ်ရီကို ဖျော်ရည်၊ ကော့တေး၊ ဂျယ်လီနဲ့ ဆော့စ် ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ခရမ်ဘယ်ရီရဲ့ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခရမ်ဘယ်ရီက ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အကောင်းဆုံးဓါတ်စာလို့ သိကြပါတယ်။ အထူးသဖြင့် အကြိမ်ကြိမ်ပိုးဝင်လေ့ရှိသူတွေအတွက်ပေါ့။ ခရမ်ဘယ်ရီမှာပါတဲ့ proanthocyanidins (PACs) ပါဝင်မှုမြင့်မား […]


သဘာဝဆေးဖက်ဝင်

Soap Nut (ကင်ပွန်းသီး)

ကင်ပွန်းသီး (Soap Nut)ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီးပြန်လည်းအသုံးပြုလို့ရပါတယ်။ ကင်ပွန်းသီးကိုရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။ လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။ ကင်ပွန်းသီးကိုရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝဆံသားထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကင်ပွန်းပင်မှာ ဆံသားကိုနက်မှောင်သန်စွမ်းစေတဲ့ ဆာဖိုနင်ဓါတ်ပါဝင်နေပါတယ်။ ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်းရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။ ကင်ပွန်းပင်က မီတာ ၂၀လောက်အထိမြင့်တတ်ပြီး နှစ်စဉ် မိုးရေချိန် စင်တီမီတာ ၁၅၀ ကနေ စင်တီမီတာ ၂၀၀ အထိရရှိတဲ့ဒေသတွေမှာတွေ့ရှိရပါတယ်။ ရွှံ့စေးမြေတွေမှာသာပေါက်ရောက်လေ့ရှိပါတယ်။   အရေပြားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူးအရေပြားသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ။ ဆပ်ပြာအစားအသုံးပြုလို့ရပါတယ်။ အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။ အရေပြားကိုနူးညံ့စေပြီးခြောက်သွေ့မှုကင်းဝေးစေပါတယ်။ အသားအရေအရောင်ကိုတောက်ပစေခြင်း ကင်ပွန်းသီးကို ဆပ်ပြာအစားအသုံးပြုပေးမယ်ဆိုရင် အရေပြားကိုနူးညံ့စိုပြေစေမှာဖြစ်ပါတယ်။ ကင်ပွန်းသီးကို မျက်နှာအရေပြားပေါ်က ဝက်ခြံတွေနဲ့ […]


သဘာဝဆေးဖက်ဝင်

Tragacanth Gum Herb (ဆေးကုလားမ)

ဆေးကုလားမ(Tragacanth Gum Herb) ဆိုတာဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊အီရန် နဲ့ အနောက်အာရှဒေသတွေမှာပေါက်ရောက်တဲ့ ခုံျပင်တစ်မျိုးကနေရရှိတာဖြစ်ပါတယ်။ အဆိုပါချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေဆေးကုလားမကိုခြစ်ထုတ်ရယူရတာဖြစ်ပါတယ်။ ဆေးကုလားမကစေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရောအရသာပါမရှိပါဘူး။ သစ်ပင်အစေးကိုခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာဖြစ်ပါတယ်။ရေစိမ်လိုက်တဲ့အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဆေးကုလားကိုရှေးယခင်ကတည်းကချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေအတွက်လည်းသုံးသလိုဆေးတွေထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေရှိပါတယ်။ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့အကြောင်းအရာလေးအချို့ကိုမျှဝေပေးချင်ပါတယ်။ ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြဟ်ဖြစ်ဆေးတွေထုတ်လုပ်ရာမှာ binder အနေနဲ့ဖြစ်ဖြစ်ဆေးတွေခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်းဆေးကုလားမကိုအသုံးပြုကြပါတယ်။ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ – (၁)အပူရှပ်တာကို သက်သာစေခြင်း ဆေးကုလားမမှာ အပူဒဏ်ကိုသက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာကခန္ဓါကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုလျော့ ကျစေပြီး အေးမြအောင်လုပ်ဆောင်ပေးပါတယ်။ အပူရှပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။ဆေးကုလားမက […]


သဘာဝဆေးဖက်ဝင်

Yacon (ယာကွန်)

ယာကွန် (Yacon)ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။ ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။ ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။ ယာကွန် နဲ့ အာဟာရယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ သံဓါတ်၊ […]


သဘာဝဆေးဖက်ဝင်

Basil Seed (ပင်ပွား)

ပင်ပွား (Basil Seed)ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအနေနဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးနေတာကြောင့် ပင်ပွားကို သိပြီးဖြစ်နိုင်သလို နာမည်ကိုတောင်မကြားဖူးတာမျိုးလည်းရှိနိုင်ပါတယ်။ ပင်ပွားမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေသလို ပရိုတင်းဓါတ်၊ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အကျိုးပြု အဆီဓါတ်တွေပါဝင်နေပါတယ်။ ပင်ပွားမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်းကောင်းကျိုးပြုပါတယ်။ ပင်ပွားကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာအချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ပင်ပွား (Basil seed) ဆိုတာပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓါကိုယ်အကျိုးပြု ဓါတ်ပေါင်းတွေအများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့တွေထဲမှာ အမျှင်ဓါတ်၊ဗီတာမင်ကေ၊ ပရိုတင်း၊phytochemical၊polyphenolicဒြပ်ပေါင်းတွေ၊orientin၊ vicentin နဲ့အခြားအင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ ပင်ပွားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ၁. ကိုယ်အလေးချိန်ကျစေခြင်း ပင်ပွားစေ့မှာ […]


သဘာဝဆေးဖက်ဝင်

Papaya (သင်္ဘောသီး)

Papaya (သင်္ဘောသီး)သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများအကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓါကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီးသင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓါတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်းကလေးယူဖို့ ကြိုးစားနေသူတွေ (သို့) အစီအစဉ်ရှိသူတွေအနေနဲ့papain အင်ဇိုင်းကို […]


သဘာဝဆေးဖက်ဝင်

Senna (မယ်ဇလီ)

မယ်ဇလီ (Senna)မယ်ဇလီကဆေးဖက်ဝင်အပင်တစ်မျိုးပါ၊ အရွက်နဲ့အသီးဆေးဖော်ရာမှာအသုံးပြုပါတယ်။ မယ်ဇလီဟာ FDA ကခအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။ မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (irritable bowel syndrome)၊ လိပ်ခေါင်းရောဂါ (hemorrhoids) နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။ဆေးဖက်ဝင်တယ်ဆိုတဲ့အချက်ကြောင့် နှစ်ခြိုက်စွာစားသုံးနေကြတဲ့ မယ်ဇလီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုမျှဝေပေးလိုက်ပါတယ်။   မယ်ဇလီကနေဘာအကျိုးကျေးဇူးတွေရရှိနိုင်သလဲ၁. အရေပြားရောဂါတွေကိုသက်သာစေခြင်း မယ်ဇလီရဲ့ အဆီကအရေးပြားပေါ်မှာဖြစ်တတ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရွက်ကိုကြိတ်ခြေပြီး ရလာတဲ့အနှစ်ကိုပွေး၊အနာနဲ့အပူလောင်နာတွေအတွက်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားဆိုင်ရာရောဂါတွေ (သို့) အရေပြားပေါ်မှာဖြစ်တဲ့ အသေးစားကူးစက်ရောဂါတွေကိုကုသရာမှာ အထောက်အကူပြုပါတယ်။ မယ်ဇလီရွက် အနှစ်ကို ဝက်ခြံလိုမျိုး အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေနဲ့နှင်းခူလိုမျိုး အရေပြားပေါ်မှာဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကုသရာမှထြိရောက်စေပါတယ်။ မယ်ဇလီမှာပါတဲ့ acetone နဲ့ ethanol တို့က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို […]


သဘာဝဆေးဖက်ဝင်

Moringa (ဒန့်သလွန်)

ဒန့်သလွန်ဆိုတာဒန့်သလွန်ဆိုတာကတောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တေ်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီးကျွတ်ဆက်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓါတ်များစွာပါဝင်ပါတယ်။ ဒန့်သလွန်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိသလိုရောဂါပိုးတွေကိုလည်းတိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ရောင်ရမ်းမှု ကိုလျော့ပါးစေနိုင်စွမ်းလည်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ […]


သဘာဝဆေးဖက်ဝင်

နှင်းဆီပန်း (Rose)

နှင်းဆီပန်း (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့် နှင်းဆီပန်း အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။ နှင်းဆီက မျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။ နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။ သဘာဝ ကာမအားတိုးဆေးတစ်ရပ် – နှင်းဆီပန်းဟာ အချစ်သင်္ကေတ တစ်ရပ် ဖြစ်ရုံသာမက သဘာဝ ကာမအားတိုးဆေး တစ်ရပ်လည်း ဖြစ်ပါတယ်။ နှင်းဆီရဲ့ ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင် […]


သဘာဝဆေးဖက်ဝင်

Alum (ကျောက်ချဉ်)

Alum (ကျောက်ချဉ်)ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် မုတ်ဆိတ်ရိတ်တဲ့နေရာမှာသုံးတာလို့ပဲ အများစုကမြင်ပါလိမ့်မယ်။ ဒါပေမယ့်ကျောက်ချဉ်ကိုအသုံးပြုလို့ရတဲ့ အခြားအကြောင်းအရင်းတွေအများအပြားရှိပါတယ်။ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာဖြစ်ပါတယ်။ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာရေသန့်စင်ရာမှာနဲ့ အမျိုးသားတွေမုတ်ဆိတ်ရိတ်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ။ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့အသုံးပြုသလို ခံတွင်းနံ့ကောင်းစေဖို့လည်းအသုံးပြုနိုင်ပါတယ်။ကျောက်ချဉ်ကဈေးသက်သာသလိုရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်းအသုံးပြုပါတယ်။ ကျောက်ချဉ်ကဆေးဖက်ဝင်သလို ကျန်းမာရေးကိုအထောက်အကူပြုပေမယ့်လို့လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကိုစားသုံးတဲ့အခါ အတိုင်းအဆက ခန္ဓါကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့လိုအပ်ပါတယ်။ကျောက်ချဉ်ကို အများအပြားစားသုံးမမယ်ဆိုရင်ဘေးထါက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ကျောက်ချဉ်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ကျောက်ချဉ်ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ(၁)ခံတွင်းအနာတွေကိုသက်သာစေခြင်း ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့်နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ကျောက်ချဉ်အနည်းငယ်ကိုရောပြီးရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။   (၂) […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း