တိုင်းရင်းဆေးဝါးများ

သင့်ရဲ့ အလုံးစုံကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါးတွေကလည်း တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တိုင်းရင်းဆေးဝါးများ

လူကြိုက်များတဲ့ ရိုးရာဆေးနည်း များ

အရင်က နေမကောင်းဖြစ်ရင် ရိုးရာဆေးနည်း တွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီထဲမှာ တိုင်းရင်းဆေးတွေ ပါမယ်။ အိမ်နားက အရွက်တွေ ထုထောင်းပြီးတိုက်တဲ့ ဆေးမြီးတိုတွေ ပါမယ်။ အပ်စိုက်ကုတွေ ပါမယ် အစုံပါပဲ။ နောက်ပိုင်းကျတော့ ဒါတွေက ခိုင်ခိုင်မာမာ သက်သေပြထားတာမရှိဘူးဆိုပြီး သိပ္ပံနည်းကျ ရှင်းပြနိုင်တဲ့ အနောက်တိုင်း ဆေးတွေနဲ့ ကုလာကြတယ်။ ခုတစ်ခါ ခေတ်ပြန်လည်လာပြန်တော့ အနောက်တိုင်းဆေးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုပြီး အရင်က ရိုးရာဆေးနည်းတွေကိုပါ ပူးတွဲသုံးတာ၊ အစားထိုးသုံးတာတွေ ရှိလာပါတယ်။ ရိုးရာဆေးနည်း ဆိုတာ ရိုးရာဆေးနည်း တွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လက်ရှိမှာ သိပ္ပံနည်းကျလေ့လာထားတဲ့ ကုသနည်း (တစ်နည်းအားဖြင့် အနောက်တိုင်း ဆေးနည်း)တွေကို အစားထိုးပြီး ဒါမှမဟုတ် ပူးတွဲပြီး သုံးတဲ့နည်းတွေကို ရိုးရာဆေးနည်းတွေလို့ပဲ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ လူကြိုက်များတဲ့ ရိုးရာဆေးနည်းများ ရိုးရာဆေးနည်း က […]

တိုင်းရင်းဆေးဝါးများ ကို ရှာဖွေမည်။

တိုင်းရင်းဆေးဝါးများ

သင့်ရဲ့ ဇနီးဟာ အဆီချေဖျက်ကုသမှု ခံယူပြီးနောက် သူမကို ဘယ်လိုပံ့ပိုးကူညီပေးရမလဲ။

အဆီချေဖျက်ကုသမှုခံယူပြီးတဲ့ ဇနီးသည်တွေကို အမျိုးသားများဘက်မှ ဂရုစိုက်စောင့်ရှောက်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ အဆီချေဖျက်ကုသခြင်းဟာ အဆီများစုပ်ထုတ်၍ ကုသခြင်းမျိုးနှင့် ပုံစံတူသော်လည်း ခွဲစိတ်မှုမဟုတ်သော ကုသနည်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် အဆီများစုပ်ထုတ် ကုသခြင်းရဲ့ အဓိက အန္တရာယ်တွေကို ရှောင်ရှားနိုင်ပါတယ်။ သို့သော် ဒီကုသမှုဟာလည်း အန္တရာယ်လုံးဝကင်းတဲ့ ကုသမှုလို့တော့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် အဆီချေဖျက် ကုသပြီးနောက်မှာလည်း ဆက်ပြီး ဂရုစိုက်ပေးဖို့ရာလည်း လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းအချို့ကတော့ ခင်ပွန်းသည်ဟာ မိမိရဲ့ ဇနီး ဆေးထိုးပြီး အဆီချေဖျက်ကုသပြီးတဲ့နောက် ပံ့ပိုးကူညီရမယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ သင့်ဇနီးရဲ့ သွေးခြေဥနေတဲ့နေရာတွေကို အေးအောင် ပြုလုပ်ပေးပါ။ ကုသမှု ခံယူပြီးတဲ့နောက်မှာ အဆီတွေဟာ အရည်ပျော်လာမှာ ဖြစ်တဲ့အတွက် အရေပြားယားခြင်း၊ နီခြင်း နှင့် ဖောင်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ရေခဲကပ်ပေးခြင်း […]


တိုင်းရင်းဆေးဝါးများ

ပိုမိုသွယ်လျတဲ့ မျက်နှာကို ပိုင်ဆိုင်ဖို့ နှိပ်နယ်နည်းများ

အခုအချိန်မှာတော့ အမျိုးသမီးအတော်များများဟာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှအပဆိုင်ရာ ဂရုစိုက်မှုကို စွဲမြဲယုံကြည်ကြတယ်ဆိုတာ သင်သိပြီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ဒါကိုတော့ သိအုံးမှာမဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့ရဲ့ ညနေဘက်တွေကို မျက်နှာကြွက်သားတွေကို တောင့်တင်းစေတဲ့၊ အရေပြားလျော့ရဲမှုတွေကို တင်းရင်းစေတဲ့၊ အသားအရေကို ဝင်းလက်စေတဲ့၊ နောက်ဆုံး မျက်နှာကိုတောင်သွယ်လျစေတဲ့ နှိပ်နယ်မှုတွေလုပ်ဆောင်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ မျက်နှာဟာ ဘာလို့ ဖေါင်းနေရတာလဲ။ မျက်နှာကို ကြီးသယောင် ထင်ရစေတတ်တဲ့ အစိတ်အပိုင်းတွေကတော့ နှဖူး၊ ပါးရိုး၊ မေးရိုးတွေပဲ ဖြစ်ပါတယ်။ သင့်မျက်နှာ ကြီးမကြီးဆိုတာကို လူတွေက ဒါကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိကြတာဖြစ်ပါတယ်။ လေးထောင့်ကျတဲ့ မေးရိုးရှိတဲ့သူတွေဟာ မျက်နှာပိုကြီးသယောင်ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အောက်မေးရိုးနံရံတွေကြားက နေရာဟာ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကြွက်သားရှိတဲ့ အသွင်အပြင်တစ်ခု ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ ဖောင်းလာပြီး မျက်နှာကို […]


တိုင်းရင်းဆေးဝါးများ

ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး

တနေကုန်အလုပ်ထဲမှာစိတ်ပန်းလူပန်းနဲ့အလုပ်လုပ်ပြီးလို့အိမ်ပြန်ရောက်တဲ့အခါသဘာဝပစ္စည်းလေးတွေ၊အဆီအနှစ်လေးတွေကိုသုံးပြီးရေနွေးပူပူလေးထဲစိမ်လိုက်ရတဲ့အရသာဟာတကယ်ပဲစိတ်ကျေနပ်စရာကောင်းလှပါတယ်။ အောက်မှာဖော်ပြထားတဲ့ပစ္စည်းလေးရှစ်မျိုးကိုပါသုံးမယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့။ Oatmeal Oatmeal မှာကျန်းမာရေးအတွက်ကောင်းမွန်အကျိုးရှိတဲ့အဆီဓါတ်တွေပါဝင်တာကြောင့်သင့်အသားအရေကိုအစက်အပြောက်တွေ၊နေလောင်ဒါဏ်တွေ၊ခြောက်သွေ့တာတွေကနေကာကွယ်ပျောက်ကင်းစေပါတယ်။Oatmeal ဟာမွေးညှင်းပေါက်တွေမှာရှိတဲ့အညစ်အကြေးတွေကိုလည်းတိုက်ချွတ်ဖယ်ရှားပေးပါသေးတယ်။Oatmealမှာပရိုတင်းဓါတ်တွေလည်းပါဝင်တာမို့အသားအရေကိုလည်းစိုပြေစေပါသေးတယ်။ ဘယ်လိုသုံးရမလဲ : Oatmeal အစိမ်း၁ခွက်၂ခွက်စာလောက်ကိုပန်းကန်လုံးထဲထည့်ပြီးရေနွေးနဲ့ရောပါ။ ပြီးရင်ပျားရည်နည်းနည်းထပ်ထည့်ပါ။Oatmeal နဲ့ပျားရည်အရောကို၅မိနစ်လောက်ထားပြီးရင်ရေချိုးဇလုံထဲလောင်းထည့်ပါ။   ပျားရည် ပျားရည်ဟာဒါဏ်ရာတွေကိုသက်သာစေတဲ့အာနိသင်ရှိတယ်လို့နာမည်ကြီးပါတယ်။ ဒါ့အပြင်ပျားရည်မှာပိုးကူးစက်တာတွေကိုကာကွယ်ပေးတဲ့ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေပါဝင်သလိုအရေပြားဒါဏ်ရာအသေးအဖွဲလေးတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်။ ပျားရည်မှာကိုယ်ခံအားကိုကောင်းစေပြီးအိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်တဲ့ antioxidant တွေလည်းပါဝင်ပါသေးတယ်။ ဘယ်လိုသုံးရမလဲ : ပျားရည်နှစ်ဇွန်းလောက်ကိုရေချိုးဇလုံထဲထည့်ပြီး၁၅မိနစ်လောက်စိမ်ပါ။ ပြီးတဲ့အခါရေဇလုံထဲကိုမုန့်ဖုတ်ဆိုဒါထပ်ထည့်ပြီးညင်သာစွာပွတ်တိုက်ဂျီးချွတ်ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင်တစုံတရာထိခိုက်နာကျင်မှုမရှိဘဲသင့်ခန္ဓါကိုယ်အရေပြားမှာကပ်ငြိနေတဲ့ဆဲလ်အသေတွေအားလုံးကိုဖယ်ရှားပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။   လာဗန်ဒါ စိတ်ဖြေလျှော့ပြီးအေးအေးဆေးဆေးရေစိမ်ဖို့အတွက်ဆိုလာဗန်ဒါကိုသုံးပါ။ ဘာလို့လဲဆိုတော့လာဗန်ဒါဟာသင့်စိတ်ကိုတည်ငြိမ်စေပြီးဖိအားတွေကိုလည်းလျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင်သူဟာအသားအရေကိုသန့်စင်စေ၊အဆိပ်အတောက်ကင်းစေတာမို့ဝက်ခြံကုသတာ၊ယားယံတာနဲ့အရေပြားနီရဲရောင်ရမ်းတာတွေအတွက်အကျိုးရှိပါတယ်။ လာဗန်ဒါကိုအဆီအနေနဲ့သုံးနိုင်သလိုအနံ့လေးရှုဖို့အတွက်လည်းသုံးနိုင်ပါတယ်။ ဘယ်လိုသုံးမလဲ : လာဗန်ဒါအဆီခြောက်စက်ကနေရှစ်စက်လောက်ကိုနွားနို့၊ဆားခါး (Epsom salt) တို့နဲ့ရောပြီးသူတို့အားလုံးသေချာစွာပျော်ဝင်ရောနှောသွားတဲ့အခါရေချိုးဇလုံထဲထည့်လို့ရပါပြီ။   Essential oils (ကောင်းကျိုးပေးတဲ့အဆီတွေ) ပူဒီနာ၊rosemary၊ထင်းရှူးစတဲ့ Essential oils (ကောင်းကျိုးပေးတဲ့အဆီတွေ)တွေကိုရေချိုးတဲ့အခါအသုံးပြုနိုင်ပါတယ်။ သူတို့ဟာစိတ်ဖိစီးမှုကိုလျော့ကျစေပြီးလန်းဆန်းတက်ကြွစေပါတယ်။Essential oils တခုချင်းဆီမှာဆိုင်ရာဂုဏ်သတ္တိတွေရှိပါတယ်။ ပူဒီနာကရောင်ရမ်းတာတွေကိုသက်သာစေနိုင်သလိုထင်းရှူးဆီကအဆစ်အမြစ်နာတာတွေနဲ့ချမ်းအေးတဲ့ရာသီဥတုဒါဏ်ကိုခံနိုင်ဖို့အသုံးဝင်ပါတယ်။ ဘယ်လိုသုံးမလဲ : လာဗန်ဒါဆီကိုသုံးတဲ့နည်းအတိုင်းပဲသုံးပါ။ တခုပဲရှိတာကကိုယ်နဲ့ဓါတ်မတည့်တဲ့အဆီကိုမရွေးမိဖို့ပါပဲ။   အုန်းဆီ အုန်းဆီမှာအသားအရေကိုချောမွေ့နူးညံ့တင်းရင်းစိုပြေကျန်းမာစေတဲ့ပရိုတင်းဓါတ်တွေပါဝင်သလိုအိုမင်းရင့်ရော်မှုကိုကာကွယ်ပေးတဲ့ဗီတာမင်စီလည်းပါဝင်ပါသေးတယ်။ ဘယ်လိုသုံးမလဲ : အုန်းဆီပါဝင်တဲ့ body wash ရေချိုးဆီကိုရှာဝယ်ပါ။ ဒါမှမဟုတ်အုန်းဆီနဲ့သကြားကိုဆတူရောပြီးရေချိုးဆီအဖြစ်သင်ကိုယ်တိုင်ဖန်တီးလို့ရပါသေးတယ်။   ဆားခါး (Espom salt) ဒီဆားမှာအသားအရေကိုနူးညံ့ပျော့ပျောင်းစေတဲ့မဂ္ဂနီဆီယမ်နဲ့ဆာလဖိတ်ဓါတ်တို့ပါဝင်ပါတယ်။ ဒါ့အပြင်ဆားခါးဟာကြွက်သားနာတာကိုသက်သာစေသလိုအကြောတွေကိုပြေလျော့စေပါသေးတယ်။ ဘယ်လိုသုံးမလဲ : ဆားခါးတခွက်နှစ်ခွက်လောက်ကိုရေနွေးထဲထည့်ပြီးလုံးဝပျော်သွားတဲ့ထိသေချာမွှေပါ။ ပြီးရင်ရေချိုးဇလုံထဲထည့်ပြီး၁၂မိနစ်လောက်စိမ်ပါ။ ဒါမျိုးကိုတပတ်သုံးခါလောက်လုပ်ပါ။ အကယ်၍သင့်အနေနဲ့အစိုဓါတ်ကိုထပ်ပြီးအားဖြည့်ပေးချင်တယ်ဆိုရင်အုန်းဆီဒါမှမဟုတ်သံလွင်ဆီအနည်းငယ်ကိုထပ်ထည့်နိုင်ပါသေးတယ်။   နှင်းဆီ နှင်းဆီမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဂုဏ်သတ္တိနဲ့ဘက်တီးရီးယားတွေကိုဆန့်ကျင်ပေးတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။ နှင်းဆီဟာအသားအရေကိုစိုပြည်လန်းဆန်းစေပြီးနီရဲတာတွေနဲ့ဝက်ခြံတွေကိုလည်းပျောက်ကင်းသက်သာစေပါတယ်။ ဘယ်လိုသုံးမလဲ […]


တိုင်းရင်းဆေးဝါးများ

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။ အုန်းဆီ ကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၁ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။ မိတ်ကပ်ဖျက်ဆေး အုန်းဆီ ဟာအသားအရည်အတွက်ကောင်းတာကြောင့် မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုတာက သင်ထင်ထားတာထက် ပိုပြီးကောင်းမွန်နေပါလိမ့်မယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် ပိုနည်းတဲ့ ပမာဏက သင့်မိတ်ကပ်တွေကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။ အုန်းဆီဟာ မျက်လုံးကိုထိခိုက်မှုလည်းမဖြစ်စေတာကြောင့် မျက်လုံးပေါ်ခြယ်သထားတဲ့ မိတ်ကပ်တွေကို စိတ်ချလက်ချဖျက်နိုင်မှာပါ။ နှုတ်ခမ်းလိမ်းဆေးအဆီ (lip balm) ခြောက်သွေ့နေတဲ့နှုတ်ခမ်းသားတွေက တကယ်ကို သက်တောင့်သက်သာမရှိစေတာပါ။ အလှကုန်တွေဖြစ်တဲ့ နှုတ်ခမ်းလိမ်းဆေး တွေကလည်း ဓါတုပစ္စည်းတွေသုံးပြီး လုပ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်း ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ သဘာဝနည်းကတော့ သေချာပေါက်ပိုကောင်းတာပေါ့။ အုန်းဆီ ကို သူ့ရဲ့ ကုစားပေးနိုင်တဲ့အစွမ်းကြောင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း