
စိတ်ဖိစီးတာဆိုးရွားတဲ့အဆင့်ကိုရောက်နေတဲ့အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊အပြုအမူလွန်ကခြင်းနဲ့ ဆေးစွဲခြင်းစတဲ့မကောင်းတဲ့
အကျင့်တွေဖြစ်သွားနိုင်ပါတယ်။
သတင်းကောင်းကတော့ လူ့ကိုယ်အပေါ်ဆိုးကျိုးဖြစ်စေတဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့နည်းလမ်းအများကြီးရှိတယ်ဆိုတာပါဘဲ။
လေ့ကျင့်ခန်းတွေက ကျန်းမာရေးတစ်ခုလုံးကိုကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောငးဆုံး စိတ်အချရဆုံးနဲ့ အကန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။
ကဖင်းဓါတ် သောက်သုံးမှုများခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ်ဝန်ပိစေတဲ့အတွက် ဖရိုဖရဲတွေဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးတတ်တဲ့ ရာသီလာချိန်မျိုူမှာ ကဖင်းသောက်သုံးခြင်းကို လျှော့ချပေးခြင်းက သင့်အက်ဒရီနယ်ဂလင်းကို အကျိုးပြုပါလိမ့်မယ်။
အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းက သင့်ကိုစိတ်ကျစေပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီထိရှိခြင်းက သင့်ကိုစိတ်ဖိစီးမှု တွေထိန်းချုပ်နိုင်သလို နောက်ထပ်စိတ်ဖိစီးမှုတွေကိုလည်း စီမံနိုင်ပါလိမ့်မယ်။
အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကိုပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကိုကျစေပါတယ်။ အောက်ဆီဂျင်ကိုမြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။
သင့်အကြိုက်အပေါ်မူတည်ပြီး တရားထိုင်တာ ဘုရားဝတ်ပုတာတွေလုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါလုပ်နိုင်ပါတယ်။
သင့်ကိုစိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကိုဖြေရှင်းလိုက်တာက သင့်ကိုစိတ်ဖိစီးမှုက လွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့အရာတွေဆို ဘယ်သူတွေဘာဘဲလာတောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင်လုပ်ပြီး စိတ်မဖိစီးအောင်လုပ်ပါ။
မကြာသေးခင်ကလေ့လာမှုတွေအရ အမျိုးသားတွေရဲ့စိတ်ဖိစီးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ဖြစ်ပြီးဒါက အမျိုးသမီးတွေထက် ၇ ဆ ပိုများတယ်လို့ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလောတကြီးမဖြစ်ရအောင်ကြိုထွက်တာမျိုးလုပ်ပါ။ ဈေးတွေမှာ လူမကြပ်တဲ့အချိန်မျိုးမှ ဈေးဝယ်ပါ။ သင့်ကိုဒေါသထွက်စေတဲ့သူတွေနဲ့လည်း ကြာကြာနေတာရှောင်ပါ။
သင့်ဘဝမှာ သင်ဘယ်လောက်ပဲကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေရှိပါတယ်။ ဥပမာ – မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို ကိုယ်လိုသလိုမပြောင်းနိုင်တာမျိုးပေါ့။ အဲဒီအစားသင်မပြောင်းလဲနိုင်တဲ့အရာတွေကို နှစ်သ်ကြည့်ဖို့ ကြိုးစားကြည့်ပါ။
ကျွန်တော်တို့က ကျွန်တော်တို့ိတ်ဖိစီးမှုတွေကို အလွန်အကျွ့လုပ်ခြင်းကြောင့် ကိုယ်တိုင်ဖြစ်စေနိုင်သလို သူဌေးကဘဖြစ်ဖြစ် သူငယ်ချင်းကဘဖြစ်ဖြစ် တောင်းဆိုတာတစ်ခုခုကို မငြင်းတတ်တဲ့အတွက် စိတ်ဖိစီးကြပါတယ်။ ကတိပေးမလွန်ပါနဲ့၊ သင်တတ်နိုင်မယ်ထင်သလောက်ဘဲ အာမခံပါ။
အရေးအကြီးဆုံးအလုပ်တွေကို အစောပိုင်းလုပ်ခြင်းက သင့်ကိုအာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါကကျန်ရှိနေတဲ့တစ်နေ့တာကို သင့်ကိုစိတ်ဖိစီးမှုကင်းစေပြီး တခြားလုပ်ရမ့်အရာတွေကို စာရင်းမှတ်ပြီးဆက်လုပ်ပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။