ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ ဆေးစွဲတာက ဘဝတိုးတက်မှုကိုတင် အဟန့်အတား ဖြစ်စေတာ မဟုတ်ဘဲ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။
ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ ဆေးစွဲတာက ဘဝတိုးတက်မှုကိုတင် အဟန့်အတား ဖြစ်စေတာ မဟုတ်ဘဲ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

ပေါင်းသင်းဆက်ဆံရေးရော အလုပ်ခွင်မှာပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အပျော်သဘောကနေ စလုပ်မိရာက စိတ်မထိန်းနိုင်ပဲ ဆေးစွဲသွားတဲ့အခါ ရေရှည်မှာ ဘယ်လို ဆိုးကျိုးတွေ ရလာနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဆေးစွဲတာက ကာလတိုမှာ အခုလို ပြဿနာလေးတွေ ရှိနိုင်ပါတယ်။
ဆေးစွဲတာက အပေါ်မှာ ပြောခဲ့တဲ့ ကာလတို ပြဿနာတွေအပြင် စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ ရန်လိုစိတ်တိုလွယ်တာတွေခံစားရနိုင်ပါတယ်။ ဒါ့ပြင် အခုလို ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကိုကင်းနဲ့ မက်သာဖတ်တမင်းတို့မှာပါတဲ့ စိတ်ကြွစေတတ်တဲ့ ဆေးတွေက နှလုံးနဲ့ နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေရှည်မှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဆေးဝါးတွေကို ရှူရှိုက်တာ၊ ဆေးလိပ်အနေနဲ့ သောက်သုံးတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကို ခံစားရနိုင်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အဆုတ်ပျက်စီးပြီး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။
ကျောက်ကပ် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ သတ္တုဓာတ်တွေနဲ့ အညစ်အကြေးတွေကို ဆီးကနေ တဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဘိန်း၊ ကက်တမင်းတို့လိုမျိုး မူးယစ်ဆေးတွေက ကျောက်ကပ်ကို ထိခိုက် ပျက်စီးစေပါတယ်။
ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျစေပြီး နောက်ဆုံးမှာ ကျောက်ကပ်က တာဝန်တွေကို မလုပ်ဆောင်နိုင်ဘဲ ပျက်စီးသည်အထိ ဖြစ်ရပါတယ်။
ဆေးဝါးတွေ နဲ့ အရက်တွေကို အလွန်အကျွံ သုံးတာက အသည်းက ဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဆေးတွေ သုံးစွဲတာက အသည်းရောင်တာ၊ အသည်းရွတ်နာ