အိမ်ကပစ္စည်းတွေကို ဘယ်လောက်ဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတော့
မီးဖိုချောင်ရဲ့ထောင့်တွေ
ကြမ်းတိုက်သန့်စင်ထားလို့ ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာ နှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့အညစ်အကြေးတွေက ရောဂါပိုးမွှားနဲ့ မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလို ဖြစ်စေပါလိမ့်မယ်။ မမြင်သာတဲ့ ဒီလိုနေရာတွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးပါ။
ပန်းကန်ဆေးတဲ့နေရာ/ဘေစင်
ကိုယ်စားမယ့်ပန်းကန်ခွက်ယောက်တွေနဲ့အိုးတွေကိုဆေးကြောမယ့်နေရာကို အမြဲသန့်စင်ထားရပါမယ်။ ဒါကိုပုံမှန်သန့်ရှင်းမှုမရှိရင် အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေးအကျန်လေးတွေစုပြီးကပ်ကျန်နေတာက ဘက်တီးရီးယားအသိုက်အမြုံဖြစ်စေနိုင်တယ်။ ရောဂါပိုးတွေက အဲဒီကနေ ပန်းကန်တွေကို ကပ်ငြိပြီး ဗိုက်ထဲရောက်လာပါလိမ့်မယ်။
လေအေးပေးစက်
အလားတူပဲ အဲကွန်းတွေကို ပုံမှန် servicing လုပ်ပေးဖို့လိုတဲ့အပြင် အတွင်းက air filerလေးတွေ ထုတ်ပြီး ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်လတစ်ကြိမ် လောက်ပေါ့။
မီးဖို
ဘာမီးဖိုပဲသုံးသုံး မီးပိတ်ထား၊ မချက်ပြုတ်ဘဲ ထားတဲ့ အချိန်မျိုးမှာ မကြာခဏသန့်စင် ပေးသင့်ပါတယ်။ အစားအသောက် ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ အဝတ်စကို စိုတယ်ဆိုရုံလေး ရေဆွတ်ပြီး ဘေးတဝိုက် ချေးညှော်ပေကျံတဲ့ နေရာ သုတ်ပေးပါ။