အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်ဟာ လူသားတို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ သိပ္ပံနည်းကျသုတေသနတွေအရ သိရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာဖြစ်စေ အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည် သုံးစွဲချိန်မှာ ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ဆိုတာကတော့ ပန်းသီးကို တစေးနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစေးဟာ ပန်းသီးထဲက သကြားဓာတ်ကို အယ်လ်ကိုဟောအသွင် ပြောင်းစေပါတယ်။ ပြီးရင် ဘက်တီးရီးယားတွေ ပေါင်းစပ်ပြီး အယ်လ်ကိုဟောကို အက်ဆီတစ်အက်ဆစ်အသွင် ပြောင်းလဲသွားစေပါတယ်။ ဒါဟာ ပန်းသီးရှာလကာရည် ဖြစ်ပေါ်လာပုံ အကြမ်းဖျဉ်း ဖြစ်ပါတယ်။ ၁။ အစာအိမ်မှ အစာခြေချိန်ကို နှေးစေခြင်း ပန်းသီးရှာလကာရည်ဟာ အစာအိမ်ကနေ ချေဖျက်ပြီးသား အစာတွေ အူလမ်းကြောင်းထဲ ရောက်စေတဲ့ နှုန်းထားကို လျှော့ချပြီး သွေးတွင်းသကြားဓာတ် ရုတ်ချည်းမြင့်တက်မှုကို တားဆီးပေးပါတယ်။ ဒါဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ

ဂရိတ်ဖရုဟာ အချဉ်ဓာတ်ကဲတဲ့ သံပုရာမျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အသီးတခုလုံးကို စားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ဂရိတ်ဖရုဟာ အသားအရေကို လှပစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ ယခုဆောင်းပါးမှာဖော်ပြမှာကတော့ ကျန်းမာရေးအပေါ် ဂရိတ်ဖရုရဲ့ အကျိုးပြုပုံနဲ့ သတိပြုရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ဂရိတ်ဖရုမှာ ကယ်လိုရီနည်းပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် A နဲ့ C များစွာ ပါဝင်ပါတယ်။ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဆီးချို ဂရိတ်ဖရုမှာ သကြားဓာတ်ညွှန်ကိန်း (glycemic index) နည်းပါတယ်။ အမျိုးအစား ၂ ဆီးချို ဖြစ်ပွားနိုင်ခြေကို နည်းပါးစေပါတယ်။ ဂရိတ်ဖရုမှာ naringin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပြီး အမျိုးအစား ၂ ဆီးချိုသမားတွေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုတယ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိုးနတ် စားသင့် မစားသင့်

ဒိုးနတ် (Doughnut/Donut) လို့ပြောလိုက်ရင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အရသာမျိုးပေးစွမ်းနိုင်တဲ့ ဂျုံမုန့်ဝိုင်းတစ်မျိုးကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒိုးနတ်တွေဟာ ဒီကနေ့ခေတ်မှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ မုန့်အချိုတစ်မျိုးအဖြစ်လည်း ညွှန်းဆိုခံရလေ့ရှိပါတယ်။ ၁၉ ရာစုအစောပိုင်းကာလတွေမှာ စတင်ပေါ်ထွက်လာတဲ့ ဒိုးနတ်တွေဟာ အမေရိကန်ယဉ်ကျေးမှုရဲ့ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ချိုချိုရဲရဲ ဝိုင်းဝိုင်းစက်စက် ဒီမုန့်တွေဟာ ပထမကမ္ဘာစစ်နဲ့အတူ ဥရောပမြေကို ခြေချလာခဲ့တာဖြစ်ပြီးတော့ ခုချိန်မှာတော့ ကမ္ဘာတစ်လွှား လူကြိုက်အများဆုံး အစားအစာတစ်မျိုးဖြစ်လို့နေပါပြီ။ ကမ္ဘာပေါ်မှာ ဒိုးနတ်ကို အကြိုက်ဆုံး တိုင်းပြည်ကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပေမယ့် နိုင်ငံအလိုက် အစားဆုံးတိုင်းပြည်ကတော့ ကနေဒါပါ။ ကော်ဖီ၊ နို့ စတာတွေနဲ့ တွဲဖက်သုံးဆောင်ကြတာဟာ ဒိုးနတ်စားသုံးမှုရဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီးတော့ ဒီမုန့်တွေဟာ သမားရိုးကျ ကိတ်မုန့်တွေကို ခွဲထွက်လာတဲ့ မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။ သကြားပါဝင်မှုများပြီး ချောကလက်၊ cinnamon ၊ sprinkles အမှုန်လေးတွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန္နဲသီး ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ချိုချိုလေးနဲ့ ဝါးလိုက်တိုင်း အရသာရှိတဲ့ ပိန္နဲသီး လေးက အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားလေးအတိုင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပေးနိုင်ပါသတဲ့။ ပိန္နဲသီး ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်များ စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ ကယ်လ်လိုရီ ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C Pyridoxine (ဗီတာမင် B6) Niacin (ဗီတာမင် B3) Riboflavin (ဗီတာမင် B2) Folic acid (ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ကြာစွယ်လေးကပေးတဲ့ ကျန်းမာရေး အာနိသင်

မာလာဟင်းထဲမှာဖြစ်ဖြစ်၊ မာလာရှမ်းကော ဒါမှမဟုတ် ဟော့ပေါ့ထဲမှာ ထည့်စားတတ်ကြတဲ့ ကြာစွယ်လေးက ခပ်ကြွပ်ကြွပ်လေးနဲ့ ဝါးစားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ကြာစွယ်ဆိုတာ ဘာလဲ……. ကြာပင်ရဲ့ အမြစ်ပါ။ ပင်စည်မှာ အပေါက်လေးတွေ ပါနေပြီး စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ အပြင်ခွံက အဝါရောင် ဒါမှမဟုတ် အညိုရော်င ခပ်ဖျော့ဖျော့ဆိုပေမယ့် အတွင်းသားကတော့ ဖြူပါတယ်။ ဟင်းတွေထဲမှာ ထည့်ချက်စားသုံးကြသလို ရှေးယခင် ကာလတွေတုန်းက တရုတ်လူမျိုးတွေက တိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြပါ သေးတယ်။ ဘယ်အာဟာရဓာတ်တွေ ပါဝင်နေလဲ………. စားလို့ ကောင်းတဲ့ ကြာစွယ်လေးကို စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီဓာတ် အမျှင်ဓာတ် ဗီတာမင် C ပိုတက်ဆီယမ် Riboflavin ဗီတာမင် B6 ကော့ပါး မဂ္ဂနိ့ သီရာမင်း ဖော့စဖရိတ် သံဓာတ် မဂ္ဂနီဆီယမ် ကယ်လ်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြာရိုးလေး ကပေးတဲ့ ကျန်းမာရေး

ဟင်းခါးလေးပဲချက်သောက်သောက်၊ ချဉ်ရည်ဟင်းပဲ ချက်ချက် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ကြာရိုးလေးကို ကြိုက်တဲ့ သူလေးတွေရှိလား။ လက်သုပ်စုံလေး လုပ်စားရင်း ကြာရိုးဟင်းခါး ပူပူလေးသောက်ရတာ တော်တော်လေး အရသာ ရှိပါတယ်။ ဒီလို စားကောင်းပြီး ခံတွင်းတွေ့တဲ့ ကြာရိုးလေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………. ကြာရိုးဆိုတာ ဘာလဲ………… ကြာရိုးဆိုတာ ကြာပန်းအောက်မှာပါတဲ့ အရိုးပွပွလေးပါ။ နီညိုရောင်လေးရှိပြီး ခပ်ပွပွရိုးတံလေးကို အရွယ်တော်လေးတွေ တုံးပြီး ဘေးနားက အမျှင်လေးတွေကို သင်ပြီး ချက်စားလို့ ရပါတယ်။ ဘယ်လို အာဟာရဓာတ်တွေပါနေလဲ………… ကြာရိုးမှာ ကယ်လ်ဆီယမ်၊ သံဓာတ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အရိုးသိပ်သည်းဆ မြင့်စေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ကနေရတဲ့ သံဓာတ် ဟီမိုဂလိုဘင်တိုးစေပြီး သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ

ပရိုတင်းလို့ဆိုလိုက်ရင် အသားတွေ ငါးတွေကနေပဲ ရမယ်လို့ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါကလည်း မမှားပါဘူး။ အသားဓာတ် လို့ဆိုတာကိုး။ အသားငါးတွေကနေပဲရမယ်လို့ ယူဆမှာပေါ့။ ဒီတော့ အသားမစားတဲ့သူတွေ အသားဓာတ် မရတော့ဘူးလားလို့ မေးစရာရှိနေနိုင်ပါတယ်။ အသားဓာတ်ရနိုင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါသေးတယ်။ ဘာ​တွေဖြစ်မလဲ ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်လိုက်ပါ။ ပရိုတင်း ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေက ဘာတွေများလဲ………….. အသားငါးတွေ မစားဘဲ ပရိုတင်း ကြွယ်ဝဖို့ဆိုရင်တော့ ဒါလေးတွေ စားပေးလို့ရပါတယ်။ ပဲနီလေး အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာသလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ ဂရမ် ပါဝင် ပါတယ်။ ကုလားပဲ စားရတာ အရသာရှိသလို အသားဓာတ်ပါဝင်မှုလည်း မြင့်ပါတယ်။ ကုလားပဲ တစ်ခွက်စာမှာ ပရိုတင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ လွဲလွဲလေးများ

ပရိုတင်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒီ အာဟာရဓာတ် ပြည့်မီမှ ခန္ဓာကိုယ် ကျန်းမာမှ မှန်ပေမယ့် နည်းစနစ်မှန်မှန်စားသုံးမှ ခန္ဓာကိုယ်ကျန်းမာစေမှာပါ။ ဒီတော့ ပရိုတင်းနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ ဘယ်လောက်မှန်လဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား………… ပရိုတင်းဆိုတာ ဘာလဲ………… ပရိုတင်းဆိုတာက အသားဓာတ်ပေါ့လို့ အလွယ်တကူပြောလို့ရပါတယ်။ ဒီအာဟာရဓာတ်က ကိုယ်ထဲကသွေးတွေကစလို့ အရိုး နဲ့ ကြွက်သား၊ အရိုးနု၊ အရေပြား၊ ဆံသား၊ ခြေသည်းလက်သည်း စတာတွေ အားလုံးကို ဖွဲ့စည်းပေးထားတာပါ။ ကိုယ်ခံအား ကောင်းဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။ ပရိုတင်းနဲ့ပတ်သက်လို့ သိထားတာတွေ ဘယ်လောက်မှန်လဲ……………. ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်…… Myth (1) – ပရိုတင်းကို အသား၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲ ရရှိနိုင်တယ်။ ပုံမှန်ကတော့ ဒီလိုပဲ ယူဆနိုင်ပါတယ်။ အသားဓာတ်လို့ ဆိုတာကိုး။ အသား၊ ငါး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှာ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်လို့ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားရင်လည်း တော်တော်လေး စားကောင်းပါတယ်။ ဒီတစ်ခေါက်တော့ အရသာရှိရှိ ချက်စားတတ်တဲ့ ပိန္နဲသီစိမ်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း ပြောပြပေးပါရစေ။ ပိန္နဲသီးစိမ်း ဆိုတာ အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ ပိန္နဲသီးစိမ်း မှာပါတဲ့ အာဟာရဓာတ်များ စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ ကယ်လ်လိုရီ ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရုံစေ့ ရဲ့ အသိသာဆုံး ကျန်းမာရေး အကျိုးကျေးဇူး (၆) ခု

ဖရုံစေ့ မှာ အပင် က ရရှိတဲ့ မပြည့်ဝဆီ (polyunsaturated fatty acids) တွေ၊ ဗီတာမင် B2 နဲ့ ဖောလိတ်ဓါတ် တို့လို အကျိုးပြုအာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကာရိုတီးနွိုက် နဲ့ ဗီတာမင် E တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုလည်း များပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းဆဲလ်တွေကို free radicals တွေရန်က ကာကွယ်ပေးပြီး ကင်ဆာတွေကိုကာကွယ်ပေးပါတယ်။ ဒီလို ပါဝင်မှု ပြည့်စုံလှတဲ့ ဖရုံစေ့ ဆိမ့်ဆိမ့်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ အသိသာဆုံး (၆) ခုကို ဥပမာ ကြည့်လိုက်ရအောင်… (၁) ဆီးကျိတ် နဲ့ ဆီးအိမ် ကျန်းမာရေး အတွက် ကောင်းတယ် ဖရုံစေ့က ဆီးကျိတ်ရောင်ခြင်း ကို လက္ခဏာတွေ လျော့ပါးသက်သာစေတယ် လို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း