ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ငရုတ်စပ်စပ်ကို နှစ်သက်သူတွေ နှလုံးရောဂါအန္တရာယ်နည်းပါး

ချဉ်စပ်လေးမှ၊ ရှူးရှဲလေးမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ဝမ်းသာစရာဖြစ်တော့မှာပဲ။ ငရုတ်သီးစပ်စပ်လေးကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေအန္တရာယ်ပိုနည်းစေနိုင်တယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။ စားကာစတော့ လျှာမှာပူပြီးထုံသွားမယ်၊ နှုတ်ခမ်းနဲ့ ခံတွင်းထဲမှာ ပူစပ်ပူစပ်ဖြစ်လာပြီးတဲ့နောက်တော့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့တုံ့ပြန်မှုတွေစလာပါတယ်။ချွေးတွေ၊ မျက်ရည်တွေ၊နှာရည်တွေ၊ တံတွေးတွေ အကုန်ပွင့်ထွက်လာပါရော။ ဒီတော့ ဘာအတွက်ကောင်းလဲပေါ့။ အစပ်မကြိုက်သူတွေကပြောတယ်။ ဘာအရသာများရှိလို့လဲ၊ ဘာအကျိုးကျေးဇူးရှိလဲဆိုတာမျိုး။ အကျိုးကျေးဇူးကရှိပါတယ်။ ဥပမာ ဖျားချင်ချင်ဖြစ်နေရင် ပူပူစပ်စပ်လေးစားပြီးချွေးထုတ်တာ၊ခေါင်းမကြည်လို့ချွေးထွက်အောင် စားလိုက်တာ၊ ထမင်းစားပျက်နေရင် အစပ်လေးပါတော့မြိန်သွားတာမျိုး။ အစာအိမ်ရောဂါရှိရင်တော့ သတိထားပေါ့။ အစပ်စားခြင်းက အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သုတေသနတစ်ခုကဖော်ပြဖူးပါတယ်။ အစပ်စားခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တယ်လို့ University Of Wyoming သုတေသီတွေကပြောပါတယ်။ အစပ်ကဲတဲ့အစားအစာတွေက ဘီယာနဲ့တွဲရင်တော့ အဆီကျစေတဲ့အကျိုးကျေးဇူးကိုလျော့ပါးစေနိုင်တယ်။ အမျိုးသား ၁၆၀၀၀ လေ့လာခဲ့တဲ့ ၂၀၁၇ ခုနှစ် University Of Vermont ရဲ့သုတေသနတစ်ခုအရ ငရုတ်သီးကြိုက်သူတွေဟာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းလျော့နည်းတယ်လို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေအတွက် မရှိမဖြစ် ဗီတာမင်အာဟာရ (၄) မျိုး

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ့်ရဲ့ အသားအရေကို အရင်ကထက် သေချာဂရုစိုက်ပြီး အလေးအနက်ထားလာကြပါတယ်။ ကိုယ်ခန္ဓာကျန်းမာစေဖို့ အာဟာရဓါတ်တွေ လိုအပ်သလို အသားအရေ လှပစေဖို့လည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရှိပါတယ်။ ဒီလိုအာဟာရဓာတ်တွေကို ပြီးပြည့်စုံအောင် ရရှိပါမှ ကိုယ့်အသားအရေက ကျန်းမာစိုပြေနေပြီး မြင်သူငေးရလောက်အောင် လှနေမှာပေါ့။ လူတွေတော်တော်များများ သိထားကြတာ နေရောင်ခြည်ဒဏ်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို တော်တော်လေး ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာပါပဲ။ တကယ်တော့ ဒီအချက်ဟာ လုံးဝမှန်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ အသားအရေကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ဗီတာမင် ဒီ ဓာတ်ဟာ အသားအရေကို စိုပြေဝင်းလက်စေဖို့ မရှိမဖြစ် ဗီတာမင် ၄မျိုးထဲမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ ရာသီပေါ်စာ ဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်း နွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည် လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကို အံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေး သောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။ ကြံရည် ဆိုတာ ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။

ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။ ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓါတ်တွေ ရနိုင်လဲ။ အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ ကြက်သားြဖစ်ပြီး ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ

သက်ရှိတိုင်းမှာ ခန္ဓါကိုယ်ဆိုတာရှိနေတော့ဝေဒနာကမကင်းဘူးလေ။ အသက်လေးရလာလေလေ ခန္ဓါကိုယ်မှာ ခံစားရတဲ့ဝေဒနာတွေက များလာလေလေပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လိုက်တဲ့အခြေအနေမျိုးမှာတော့ အကောင်းဆုံးခုခံရမှာပေါ့။ တိုက်စစ်မရရင်ခံစစ်နဲ့တော့ရအောင်ကစားရမှာပဲလေနော်။ ဒီတော့ရောဂါတွေကို အစားအစာတွေနဲ့ ခုခံရအောင်လား။ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာတွေက ဘာတွေများလဲ ရောဂါတွေကိုတိုက်ထုတ်ပေးမယ်ဆိုလို့ ဘယ်လိုအစားအစာတွေများလဲလို့ အကြီးကြီးတွေးနေပြီလား။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါနေတဲ့ စားအစာတွေပါပဲနော်။ ပန်းသီး ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်တစ်မျိုးဖြစ်တဲ့ pectin ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ အယမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိလျော့ကျစေနိုင်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။ ချင်း (ဂျင်း) မီးဖိုချောင်ထဲကဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပေါ့။ နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။သွေးကျဲစေနိုင်တယ်။သွေးကျဲဆေးေသာက်နေရသူတွေအတွက် သဘာဝဆေးလေးတစ်မျိုးပေါ့။ ရွှေဖရုံသီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။beta-carotene နဲ့ beta-cryptoxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ စားစရာတစ်ခုပါ။ ဘယ်ရီသီးတွေ ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့် ခန္ဓါကိုယ်မှာ နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။ နို့ထွက်ပစ္စည်းတွေ   ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ ပရိုတင်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့် အသား ကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင် Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။ ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့ Diet ပုံစံတွေ ကို မွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ […]


ကျန်းမာစွာ စားသောက်ခြင်း

အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း

ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ Trans Fat ဆိုတာ မြန်မာလိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။ ဘယ်လို အစားအစာတွေ မှာ Trans Fat တွေ ပါလဲ အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ အသင့်စား အစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက် ကော်ဖီမှုန့်၊ လက်ဖက်ရည်မှုန့်၊ Creamer ဆီကြော်အစားအစာများ၊ ထပ်ခါ ထပ်ခါ ကြော်ထားသော ဆီများ၊ အစားအစာ များ။ Trans Fat အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ် လာမလဲ ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူ ကို အံတုဖို့ ဒီအသီးတွေ စားပေးပါ။

မကြာခင် နွေရာသီကလည်း ရောက်တော့မယ်။ ရာသီဥတုက တဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာတဲ့အပြင် ဒီနှစ်ထဲ အယ်နီညိုကလည်းဖြစ်ဦးမယ်ဆိုတော့ ဒီနှစ်နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ပြင်ဆင်ရတော့မှာပေါ့။ နွေရာသီရဲ့ အဓိက ပြဿနာကတော့ နေပြင်းပြီး ချွေးထွက်များလို့ ရေဓာတ်ခမ်းခြောက်တာနဲ့ အသားအရေ နေလောင်တာပဲ ဖြစ်ပါတယ်။ ဒါတွေက အင်မတန်မှ စိတ်ညစ်စရာကောင်းတဲ့ နွေရောက်ရင် ဖြစ်နေကျ ပြဿနာတွေပါ။ နွေပူပူ ကို တွန်းလှန်နိုင်တဲ့ အသီးတွေရှိတယ်ဆိုရင် သင်စိတ်ဝင်စားမလား။ နွေပူပူ ကို အံတုဖို့ စားသင့်တဲ့ အသီးများ  စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ကီဝီသီး - ဗီတာမင် C ဓာတ် အပြည့်ပါတဲ့ ဒီအသီးတွေဟာ နွေရာသီမှာ အစားသင့်ဆုံးအသီးလို့ဆိုရင်တောင် မမှားပါဘူး။ ဗီတာမင် C ရဲ့ နေလောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ အစွမ်းကြောင့် ဆောင်းလက်ကျန် စတော်ဘယ်ရီသီးတွေက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာလူးများများစားရင် တင်ပါးပိုကြီးတယ်ဆိုတာ တကယ်လား

“နင် တင်ပါးကြီးချင်ရင် အာလူးများများစားလေ” ဆိုပြီး ကိုယ့်သူငယ်ချင်း အချင်းချင်း နောက်ပြောင်နေကြတာ ကြားဖူးမယ်ထင်ပါတယ်။ အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်တွေဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်က နေ့စဉ် အသုံးပြုဖို့ အားအင်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ မှန်ကန်တဲ့ နည်းစနစ်နဲ့ ချက်ပြုတ်တဲ့အခါမှာ ခန္ဓာကိုယ်အတွက်လည်း အာဟာရများစွာ ပေးစွမ်းနိုင်တဲ့ အစားအစာဆိုလည်း မမှားပါဘူး။ အာလူးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် B6 ၊ ဗီတာမင် C ၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနိစ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ဖော့စဖရပ်စ်ဓာတ်၊ဖောလစ်အက်ဆစ်၊ အမျှင်ဓာတ်၊ အသားဓာတ်နဲ့ ကစီဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်လို့ ဆီးချိုရောဂါသည်တွေ စားဖို့ သင့်တော်ပါတယ်။ အမျှင်ဓာတ်ပါဝင်လို့ အစာကြေလွယ်စေပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့နေ့စဉ်လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်၊ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

တိုးတက်လာတဲ့ လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်းမြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food)တွေ စားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိရဲ့လား။ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ပြုပြင်ထားတဲ့ အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သေပြနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင် ထည့်ထားတာတွေ၊ အရသာကောင်းအောင် ပြုပြင်ထားတာတွေ ပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတစ်လေကနေ အမြဲလိုလို စားနေမိနိုင်ပါတယ်နော်။ ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တော်တော်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊ အငန်ဓာတ်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း