ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား

ရေဟာ သက်ရှိတို့အတွက် အရေးကြီးတဲ့ ဇီဝဓာတ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့ ရေကိုလိုအပ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ လုံလောက်တဲ့ ရေပမာဏကို မရရှိဘဲ ဇီဝဖြစ်ပျက်မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။ အစာအာဟာရများ သယ်ဆောင်ပေးခြင်း၊ ကိုယ်ခန္ဓာအပူချိန် ထိန်းညှိပေးခြင်း၊ အဆစ်အမြစ်များနှင့် ကိုယ်ခန္ဓာစနစ်များအတွင်း ချောဆီရည်အဖြစ် လုပ်ဆောင်ပေးခြင်း၊ ကိုယ်တွင်းကလီစာများ အစိတ်အပိုင်းများကို ထိခိုက်မှုနည်းစေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။ တနေ့တာအတွင်းမှာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကြောင့် ရေဓာတ်ကို ပုံမှန်ဆုံးရှုံးလျက်ရှိပါတယ်။ အဆိုပါ ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ရေကို လုံလောက်စွာ မရရှိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပိုင်းလူကြိုက်များလာတဲ့ ပုံစံကတော့ မနက်အိပ်ရာနိုးပြီး ဘာမှမလုပ်ခင် ရေသောက်ဖို့ပါပဲ။ ဒီဆောင်းပါးမှာ ရေကိုမနက်ပိုင်းမှာ သောက်သင့်မသောက်သင့်ဆိုတာနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမယ်။ ၁။ အိပ်ရာနိုးနိုးချင်းရေသောက်ခြင်းဟာ သင့်ကို ရေဓာတ်ပြည့်ဝစေပါတယ်။ မနက်အိပ်ရာထထချင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

နာနတ်သီးဖျော်ရည်ဟာ လူကြိုက်များတဲ့ အဖျော်ယမကာစာရင်းဝင်ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ ပိုမိုရရှိနိုင်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေမှာ သောက်သုံးမှု ပိုမိုများပြားပါတယ်။ သာမန်အသီးဖျော်ရည်အနေနဲ့ မဟုတ်ဘဲ ဆေးဖက်ဝင်တဲ့ သဘောနဲ့ပါ သုံးစွဲတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လက်ရှိသုတေသနတွေအရ နာနတ်သီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျသုတေသနပြုလုပ်ရာကနေ တွေ့ရှိထားတဲ့ နာနတ်သီးဖျော်ရည်တွေရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ် ကြွယ်ဝခြင်း နာနတ်သီးဖျော်ရည်မှာ အာဟာရဓာတ်မျိုးစုံ ပါဝင်နေပါတယ်။ ဖျော်ရည်တခွက် (၂၄၀ မီလီလီတာခန့်) မှာ • ကယ်လိုရီ။ ၁၃၂ • ပရိုတိန်း။ ၁ ဂရမ်လျော့လျော့ • […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတွင်းဆိုဒီယမ်နည်းပါးခြင်းအကြောင်း

ဆိုဒီယမ်ဟာ လူသားတို့ရဲ့ဆဲလ်အတွင်းပိုင်းနဲ့ ဆဲလ်ပတ်လည်မှာရှိတဲ့ ရေများကို ဟန်ချက်ညီမျှတအောင် ထိန်းသိမ်းပေးရာမှာ မရှိမဖြစ်အရေးကြီးတဲ့ ဓာတ်ဆားတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်များ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းသိမ်းပေးပါတယ်။ သွေးထဲမှာ ဆိုဒီယမ်လုံလောက်မှုမရှိတဲ့ အခြေအနေကို ဆေးပညာမှာ hyponatremia လို့ ခေါ်ပါတယ်။ ရေနဲ့ဆိုဒီယမ် ဟန်ချက်မညီရင် ဖြစ်တတ်ပါတယ်။ တနည်းပြောရရင် သွေးထဲမှာ ရေအရမ်းများပြီး ဆိုဒီယမ် နည်းပါးနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးတွင်းဆိုဒီယမ်ပမာဏဟာ ၁၃၅ မှ ၁၄၅ mEq/L အတွင်း ရှိသင့်ပါတယ်။ ဆိုဒီယမ်ပမာဏ ၁၃၅ mEq/L ထက်လျော့ရင် ဆိုဒီယမ်နည်းပါးတယ်လို့ သတ်မှတ်ပါတယ်။ သွေးတွင်းဆိုဒီယမ်နည်းပါးခြင်း၏ လက္ခဏာများ တဦးနဲ့တဦး ကွာခြားပါတယ်။ ဆိုဒီယမ်ဟာ တဖြည်းဖြည်းချင်း လျော့နည်းလာမယ်ဆိုရင် ဘာလက္ခဏာမှ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ လျင်မြန်စွာကျဆင်းသွားရင်တော့ ဆိုးရွားတဲ့ အခြေအနေတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွား နဲ့ သွားဖုံး ပြဿနာကင်းစေတယ် ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။ ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး

နာနတ်သီးဆိုတာ အပူပိုင်းဒေသတွေနဲ့ ကမ်းခြေ အများစုမှာ အဓိက စားသုံးတဲ့ ဒေသ အစားအစာပါ။ အသီးအနေနဲ့ရော၊ ဟင်းချက်တဲ့ အခါ၊ ဖျော်ရည် အဖြစ် မျိုးစုံ စားသုံးနိုင်ပါတယ်။ သူ့ရဲ့ အရသာက ချဉ်ချဉ်လေးမို့ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေတယ်။ ခံတွင်းရှင်းစေတယ်။ အစားအစာမှာ ထည့်ချက်ရင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့တာမို့ ကလေးတွေလည်း ကြိုက်ကြတယ်နော်။ ခုဆောင်းပါးကတော့ သဘာဝအတိုင်း ကြိတ်ထားတဲ့ နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးမှာဖြစ်လို့ နာနတ်သီး ချစ်သူတွေလည်း စိတ်ဝင်စားနေမယ်လို့ မျှော်လင့်မိပါတယ်။ ၁။ အာဟာရတန်ဖိုး ပေါကြွယ်ဝတယ်။ တခြားသော အရည်ရွှမ်းပြီး အချဉ်ဓာတ် အရသာရှိတဲ့ အသီးတွေလိုပဲ၊ နာနတ်သီးကို ကြိတ်ပြီး ဖျော်ရည်သောက်လို့ အာဟာရဓာတ်တွေ အများအပြား ရနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ဘီ စစ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

နွားနို့သည် အာဟာရဓာတ် အကြွယ်ဝဆုံး ဖျော်ရည်စာရင်းထဲ ပါဝင်တယ်လို့  ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့်လည်း ကလေးက စလို့ ဘိုးဘွား အရွယ်ထိ နွားနို့ကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်ပေးကြတာပေါ့။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဈေးထဲမှာ လှည်းလေးနဲ့ မလိုင်နို့ဆိုပြီး ရောင်းကြတယ်၊ အိမ်ရောက်တာနဲ့ နွားနို့ကို ကြိုပြီး ပူပူလေး သောက်၊ သိပ် ပြဿနာမရှိဘူးလေ။ အခုကျတော့ ကျန်းမာရေးအခြေအနေနဲ့ လူ့အကြိုက်ပေါ် မူတည်ပြီး နွားနို့တွေကို • မလိုင်ပြည့် (Full Cream Milk) • မလိုင်ဖယ် (Skim Milk) • အဆီလျှော့ (Low Fat Milk) ဆိုပြီး ၃ မျိုး ထုတ်လုပ်လာကြပါတယ်။ ဒီအမျိုးအစား ၃ မျိုးက ဘာကွာခြားမှုရှိလဲ။ ကိုယ်က အားကစားလုပ်တဲ့သူ မဟုတ်ဘူး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညမအိပ်ခင် နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါ

နွားနို့ကို ကလေး၊ လူကြီး မရွေး တော်တော်များများ ကြိုက်ကြပါတယ်။ အရသာလည်း ရှိသလို အားလည်း ဖြစ်တယ်။ လူတစ်ယောက်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြား ပါဝင်တယ်။ ကလေးတွေဆိုရင်လည်း ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။ နွားနို့ကတော့ လူကြိုက် အများဆုံးဖြစ်ပြီး ဆိတ်နို့၊ သိုးနို့ အပြင် ပဲနို့တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ နွားနို့ရဲ့ ကောင်းကျိုး အဖြာဖြာက ဘာတွေလဲ။ ၁။ အာဟာရဓာတ် ကြွယ်ဝတယ်။ နွားနို့မှာ ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် B12 ၊ ဗီတာမင် အေ၊ ဒီ၊ အီး၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ Omega-3 fatty acid အပြင် ပိုတက်စီယမ်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ၂။ ရောဂါတစ်ချို့ကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓာကိုယ်ရဲ့ ပင်မခွန်အား အရင်းအမြစ် ဖြစ်ပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေနဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ သင့်တော်မယ့် ရွေးချယ်စားသုံးနည်းကို အကြံပြုပေးချင်ပါတယ်။ ကာဗို ဘယ်နှမျိုး ရှိလဲ ကာဗိုဟိုက်ဒရိတ် အဓိကအမျိုးအစား(၃) မျိုးက သကြားဓာတ်၊ ကစီဓာတ်နဲ့ အမျှင်ဓာတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓာတုဖွဲ့စည်းမှုနဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေက ချေဖျက်ရလွယ်ကူတဲ့ အခြေခံသကြားဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့ သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓာတ်တချို့က အသီးတွေနဲ့ နို့တွေမှာ သဘာဝအတိုင်း ပါဝင်နေတတ်ပါတယ်။ ဂျုံကြမ်း၊ ပဲနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သိပ္ပံနည်းကျ ဗိုက်ချကြမယ် သင့်ဗိုက်က အဆီတွေအများကြီး လျော့သွားအောင်လုပ်တယ်ဆိုတာ တကယ်တော့ စစ်ပွဲတစ်ခုကို တိုက်နေရသလောက်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့်လည်း ၀မ်းဗိုက်အဆီတွေဆိုတာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအပြင် တခြားနာတာရှည်ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်ပေးနေတဲ့အဓိကသော့ချက်ဖြစ်တဲ့အပြင် ဖောသွပ်သွပ်နဲ့ ကိုယ့်အသွင်အပြင်ကိုယ်လည်း စိတ်ပျက်အားလျော့စေတတ်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်မပျက်လိုက်ပါနဲ့ဦး။ သင့်ခါးဆိုဒ်ကို တကယ်ထိထိရောက်ရောက်ပြောင်းလဲလျော့သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်းတချို့ရှိပါတယ်။ သိပ္ပံနည်းကျ ဗိုက်ချကြမယ် သိပ္ပံနည်းကျ ဗိုက်ချကြမယ် ဆိုရင် ဒီအချက်လေးတွေက လိုက်နာဖို့ လိုပါမယ်။  (၁) ကယ်လိုရီတွေကို လျှော့ချပါ။ ဒါပေမယ့် လုံးလုံးကြီးဖြတ်လိုက်တာမျိုးတော့မလုပ်ပါနဲ့။ လူတိုင်းသိပြီးသားပါပဲ။ ကိုယ့်တနေ့တာ အစားအသောက်တွေကရတဲ့ ကယ်လိုရီကိုလျှော့ချရင် ဝိတ်ကျစေတယ်ဆိုတာ။ တစ်နေ့ကို ကယ်လိုရီ ငါးရာကနေ တစ်ထောင် လျှော့ချစားသုံးမယ်ဆိုရင် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်အထိကျစေပါတယ်။ ဒါပေမယ့် ကယ်လိုရီတွေအများကြီးလျှော့ချခြင်းဟာ ဘေးထွက်ဆိုးကျိူးတွေကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းကိုလျော့ကျစေပါတယ်။ အရင်လိုကယ်လိုရီအများကြီးပြန်စားရင်တောင် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းက ဆက်လက်နှေးကျန်နေခဲ့တတ်ပါတယ်။ဒါကြောင့် ကယ်လိုရီအများကြီးကို အကြာကြီးလျှော့ချတာဟာ သိပ်မကောင်းလှပါဘူး။  (၂) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စည်သွပ်ဗူးတွေစားတော့မယ်ဆိုရင်

စည်သွပ်ဗူးဆိုတာ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အစားအစာတွေပါ။ စည်သွပ်ဗူးတွေကိုစပြီး တီထွင်ချိန်တုန်းက စစ်သားတွေ၊ သင်္ဘောသားတွေအတွက် ကြာရှည်ခံစားသောက်နိုင်အောင် တီထွင်ခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်စားသုံးနေကြပါပြီ။ အခုဆောင်းပါးမှာ စည်သွပ်ဗူးတွေကို ဘယ်လိုထုတ်လုပ်သလဲ၊ တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ပြီး စားသုံးဖို့ သင့်တော်ရဲ့လား စတဲ့စည်သွပ်ဗူးတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ရှင်းလင်းသွားအောင် ပြောပြပေးပါ့မယ်။ စည်သွပ်ဗူးလုပ်တယ်ဆိုတာ အစားအစာတွေကို အချိန်အကြာကြီးသိုလှောင်ထားပြီး စားသုံးနိုင်အောင် လေလုံဗူးထဲထည့်သွပ်ပြီး ထုတ်လုပ်တာပဲဖြစ်ပါတယ်။ စည်သွပ်ဗူးထုတ်လုပ်တိုင်းမှာ စည်သွပ်မဲ့ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ခြင်း၊ ဗူးထဲထည့်အလုံပိတ်ခြင်းနဲ့ ဗူးထဲကပိုးမွှားတွေသေအောင်အပူပေးခြင်း ဆိုတဲ့အဆင့် ၃ ဆင့်ကိုဖြတ်သန်းရပါတယ်။ ယနေ့ခေတ်မှာတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသင့်စားဟင်းချို၊ အသင့်စားဟင်းလျာအမျိုးမျိုးကို စည်သွပ်ဗူးပုံစံ နဲ့ရရှိစားသုံးနိုင်သလို သက်တမ်းအနေနဲ့လည်း အနည်းဆုံး ၁ နှစ်ကစလို့ ၁၀ နှစ်ကျော်ခံတဲ့ စည်သွပ်ဗူးတွေ ရှိနေပါပြီ။ စည်သွပ်ဗူးစားသုံးတော့မယ်ဆို လူအတော်များများ စိုးရိမ်တဲ့အချက်တစ်ချက်က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း